Monday, January 29, 2018

ဒကာကြီး ဦးကိုနီ

,
၂၀၁၅ ခုနှစ် ဇွန်က ဒကာကြီး ဦးကိုနီ နော်ဝေ၊ ပြင်သစ်၊ ဂျာမဏီကို ရောက်ခဲ့ပါတယ်။ ဦးဇင်းနဲ့တွေ့တော့ သူက ရွှေတိဂုံ ဘုရားပုံတော်ကို ဦးဇင်းဆီ ဆက်ကပ်ပါတယ်။ ပြီးတော့ ဂျာမဏီနိုင်ငံ ဖရန့်ဖို့မြို့က ပုဂံ ဆူရှီ ဆိုင်မှာ မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ကြပါတယ်။ အဲဒီအချိန်က ၂၀၁၅ ရွေးကောက်ပွဲ မပြီးသေးတာမို့ မြန်မာနိုင်ငံကို ချစ်တဲ့ မြန်မာနိုင်ငံကို သံယောဇဉ်ရှိတဲ့ မြန်မာနိုင်ငံသားများ စိတ်ဝင်တစားနဲ့ ဆွေးနွေးမေးမြန်ကြပါတယ်။
======
တချို့ကမေးတယ် “ဦးကိုနီ ၁၉၉၀ တုန်းက ရွေးကောက်ပွဲလုပ်ခဲ့တယ်၊ အင်လယ်ဒီ အနိုင်ရတယ် စစ်တပ်က အာဏာ မလွှဲခဲ့ဘူး။ အားလုံးကို ထောင်ချပစ်တယ်။ ဒီတခါ နိုင်လို့ စစ်တပ်က အာဏာ မလွှဲဘူး ဆိုရင် NLD ဘာလုပ်မလဲ ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်မလဲ” တဲ့။

ဦးကိုနီရဲ့ အဖြေက “ စစ်တပ်က အာဏာမလွှဲရင် NLD ဘာလုပ်မလဲ မမေးနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ မမေးနဲ့။ ခင်ဗျား ဘာလုပ်မလဲ ကိုယ့်ဟာကို အရင်မေး။ ဘာလို့တုန်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာက သူ့အသက်နဲ့ ခန္ဓာကိုယ်ကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အပ်နှံပြီး နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်။ အဲသည်တော့ သူအသက်နဲ့ ခန္ဓာ ရှိနေသ၍ မြန်မာနိုင်ငံအတွက် လုပ်နေမှာပဲ။ ဒါကြောင့် စစ်တပ်က အာဏာမလွှဲရင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်း မမေးပါနဲ့။ ခင်ဗျားဘာလုပ်မလဲ ဆိုတာ၊ ကိုယ့်ဟာကို အရင်မေးပါ။ ပြီးတော့ ကိုယ့်ဟာကို ဖြေကြည့်ပေါ” တဲ့။

======
 ပြီးတော့ ဦးကိုနီကို “ ဒကာကြီး ၁၁ ရက်နေ့ ဥရောပ ပါလီမန်ရုံးချုပ်ကို သွားမယ်နော် ဦးဇင်း စီစဉ်ထားတယ်” ဆိုတော့ “ အရှင်ဘုရား အဆင်ပြေသလို စီစဉ်ပါ ဘုရားတဲ့။ တပည့်တော်ကတော့ အရှင် ဘုရားတို့ ခိုင်းတဲ့နေရာကို သွားဘို့ အဆင်သင့်ပါ ဘုရား”တဲ့။

မိမိနဲ့ ဦးကိုနီ ဥရောပ ပါလီမန်ရုံးချုပ်ကို ရောက်သွား ဝင်သွားတဲ့ချက်ချင်းမှာပဲ၊ ရုံးခန်းအတွင်းက အမျိုးသ္မီးက မိမိကို လက်ညိုးထိုးပြီး “  မင်းတို့ ဘုန်းကြီးတွေ လူနဲစုတွေကို အနိုင်ကျင့်နေတာ၊ နှိပ်စက်နေတာ ဘာလို့လဲ” ဆိုပြီး မေးတော့တာပါပဲ။ မိမိလဲ ပြုံးနေလိုက်ပါတယ်။ မိမိဖြေတာထက် ဦးကိုနီ ဖြေတာက ပိုအားပါမယ် ဆိုတာ ယုံကြည်လို့ပါ။ ဒါနဲ့ ဦးကိုနီက “ နိုး နိုး နိုး…. ဆိုပြီး I am one of the minority. ငါလဲ လူနည်းစုထဲက တယောက်ပါ။ ဘုန်းကြီးတိုင်းကို အဲလို စွပ်စွဲရင် မမှန်ပါဘူး။ ငါဒီကို ရောက်လာတယ် ဆိုတာ မင်းတို့နဲ့ တွေ့ခွင့်ရတယ် ဆိုတာ ဒီဘုန်းဘုန်းက စီစဉ်လို့ပါ။
======

ခင်ဗျားတို့ ပြောတဲ့ ပြဿနာက ဒို့နိုင်ငံမှာ တခုတည်းမဟုတ်ပါဘူး။ ငါတို့ နိုင်ငံအတွက် ဒီထက်ကြီးမားတဲ့ အရေးကြီးတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့က တခြားဟာတွေကို သိပ်မသိကြလို့ပါ “ ဆိုပြီး မြန်မာနိုင်ငံက ပြဿ နာပေါင်း သောင်းခြောက်ထောင် ရှိနေတဲ့အကြောင်း စိတ်ရှည်ရှည်ထားပြီး အပြုသဘောဘက်က ချဉ်းကပ်ပြီး အပြုသဘောနဲ့ မြန်မာပြည်ကို ကူညီကြဘို့ ပြောခဲ့တဲ့ ဦးကိုနီ…….ခုတော့ ခုတော့ဗျာ……

credit Myint Mo Oo

https://m.facebook.com/story.php?story_fbid=385799131865594&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဒကာကြီး ဦးကိုနီ”

Post a Comment

Related Posts Plugin for WordPress, Blogger...