Wednesday, August 29, 2018

ရခိုင် အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲအကြောင်း တစေ့တစောင်း

,
ရခိုင် အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲမှာ ဥက္ကဌက အာဆာတိုက်ခိုက်မှုနောက်ပိုင်း အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါမှာ လူ့အခွင့်ရေးချိုးဖောက်မှု တွေကို စုံစမ်းသွားမှာဖြစ်ပြီး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ ဘယ်သူ အမိန့်ပေးသလဲဆိုတာကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်တယ် ဆိုပါတယ်။

ရခိုင် အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အောက်မှာ ICOE စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းသွားမှာဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို တောင်းဆိုပိုင်ခွင့် လိုအပ်ပါက ခေါ်ယူစစ်ဆေးပိုင်ခွင့်ရှိပါတယ်။ ဌာန ဆိုင်ရာတွေကို တွေ့ဆုံခွင့်ရှိပါတယ်။

သက်သေလာရောက်ထွက်ဆိုတဲ့သူတွေကို နှောက်ယှက်ခြင်း ခြိမ်းခြောက်ခြင်းမရှိအောင် အကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

မည်သူမဆို လွတ်လပ်စွာ လာရောက်ထွက်ဆိုခွင့်ရှိပါတယ်။

အရမ်းအရေးကြီးတဲ့နေရာတွေ အကြမ်းဖက်မှုဖြစ်ပွားတဲ့နေရာတွေကို သွားရောက်စုံစမ်းမှာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ အဖွဲ့စည်းအဖြစ် အာမခံတယ်။ ရခိုင်မှာ ဖြစ်တဲ့ကိစ္စကို ဘယ်လိုမျိုးတိုးတက်အောင်လုပ်မလဲ အဓိက အကြံပေး သွားမှာ ဖြစ်တယ်။

အစီရင်ခံစာကို မနေ့က ၁၅-၈-၂၀၁၈ အလုပ်စတင်ခဲ့ပြီး တစ်နှစ်အတွင်း အစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပဲ ရုံးစိုက်မှာ ဖြစ်ပါတယ်။

အာဆာနောက်ပိုင်းအကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးတဲ့အခါမှာ အာဆာတိုက်ခိုက်မှုနောက်ပိုင်း စွပ်စွဲနေတာက လုံခြုံရေးတပ်သားတွေက လူအခွင့်ရေး ချိုးဖောက်တယ်ပေါ့နော်။ လုံခြုံရေး တပ်သားတွေကို ခေါ်ယူမေးမြန်းပါမည်လား။ ဘယ်သူတွေ အဓိကထားမေးမြန်းမှာလဲ။ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့ စည်းတွေကို ဘယ်လိုစုံစမ်းစစ်ဆေးပါမည်လဲဆိုသည့် ဧရာဝတီသတင်းဌာန မေးခွန်းကို-

သူတို့ကို မေးမြန်းတာထက် သူတို့ကို ဘယ်အဆင့်မျိုးမဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဘယ်အဆင့်ရယ်လို့ မဟုတ်ပါဘူး။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုမှာပါ။ ပြသနာအရင်းမြစ်သိရအောင် သူတို့ကို request လုပ်မှာပါ။ သူတို့နဲ့ အဆင်ပြေတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားမှာပါ။ တစ်ဖက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ၀မ်းသာပါတယ် လို့ပဲ ဖြေကြားသွားပါတယ်။ (ချော့ခေါ်မယ်ပေါ့၊ မလာလဲနေ)

မြန်မာပြည်မလာခင် ဖေ့ဘုတ်ကရော၊ တစ်ခြားနေရာတွေကရော သတင်းမျိုးစုံကြားရကြောင်း သတင်းတွေ တော်တော်များများကြည့်ကြောင်း ဒါပေမဲ့ အဓိကအကြောင်းရင်း ဂဃနဏ မသိခဲ့ကြောင်း ဒါပေမဲ့ မြန်မာပြည်ရောက်တော့ state counselor နဲ့တွေ့တာရော တစ်ခြားအဖွဲ့စည်းတွေနဲ့ တွေ့တဲ့အခါ အတွင်းကျကျ သတင်းမှန် ကို သေခြာသိရကြောင်း သူတို့ ကော်မရှင်အနေနဲ့ ဘယ်လိုလုပ်မလဲဆိုတော့  ဒီသတင်းများကို analysis လုပ်မယ်။ recommendations များကို တင်သွားမယ်။ ပြီးရင်တော့ ရခိုင်မှာ ဖြစ်တဲ့ကိစ္စရပ်တွေကို ဘယ်လိုမျိုးဖွံဖြို့တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာ အဓိကအကြောင်းရင်းအနေနဲ့အကြံပြုချက်တွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

မျိုးချစ်တွေ ရခိုင်တွေ လက်မခံတဲ့ကိစ္စ ဘယ်လိုလုပ်မလဲ မေးရာမှာ
ဖိလစ်ပိုင်က မြန်မာကို အရှေ့တောင်အာရှမှာ အာဆီယံအဖွဲ့ထဲဝင်ရောက်ဖို့ အရင်ဆုံး လက်ခံခဲ့တဲ့နိုင်ငံဖြစ်ကြောင်း မြန်မာပြည်ရဲ့ အကျိုးစီးပွားတိုး တက်ရေးအတွက်သာ ကြည့်မှာ ဖြစ်ကြောင်း ဒီလောက်ဆို နားလည် နိုင်မယ်ယုံကြည်ကြောင်း ပြောသွားပါတယ်။ (မြန်မာဘက်က ဖုံးပေးမယ်ပေါ့)

ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာအသိုင်းဝိုင်းတွေ ကြေနပ်လောက်မဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အဖြစ် မိမိကိုယ်မိမိ ယုံကြည်မှု ရှိပါသလားလို့ ဂျပန်စုံစမ်းရေးမှူးကို ဂျပန်သတင်းထောက်က မေးမြန်းရာမှာ

နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ ပြဿနာဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်မှာဖြစ်ကြောင်း၊ မိမိဘာကြောင့်ပါဝင်ရလဲအကြောင်းရင်းကို စစ်ဆေးကြည့်တဲ့အခါ ဒီဒေသရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ချမ်းသာကြွယ်ဝ ရေးကို အပြည့်ဝ အကောင်ထည်ဖော်နိုင်ပြီး ရေရှည်တည်မြဲမည့် အဖြေ တစ်ရပ်ကို ရှာတွေ့နိုင်မည်ဖြစ်လို့ ယုံကြည်မှုအပြည့်ရှိပါကြောင်း ဖြေကြား သွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံကို အပစ်ရှာတဲ့ လုပ်ရပ်မျိုးမလုပ်ဖို့ အရေးကြီးကြောင်း သတိပေးချက်အတွက် စိန်ခေါ်ချက်ကို ဘယ်လို ကျော်လွှားမလဲမေးတာကို

ကော်မရှင်အနေနဲ့ မည်သူ့ကိုမှ အပစ်တင်ဖို့ စုံစမ်းခြင်းမဟုတ်ပဲ နယ်မြေ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်သာ စုံစမ်းစစ်ဆေးခြင်းဖြစ်ကြောင်း ဖြေကြားပါတယ်။ (Oိာန်!)

သတင်းစာရှင်းလင်းပွဲကို ညနေ ငါးနာရီမှာ ပြီးဆုံးခဲ့ပါတယ်။

အပြည့်စုံ-

https://www.facebook.com/theirrawaddyburmese/videos/218544952337657/?notif_id=1534412300653801&notif_t=live_video


https://m.facebook.com/story.php?story_fbid=161982631366341&id=100026638153679

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင် အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲအကြောင်း တစေ့တစောင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...