Friday, May 10, 2019

မြန်​မာ့ဒုတိယအင်​ပါယာ...၎

,
ရှေ့ မှာတင်​ပြခဲ့တဲ့​အေဒီ၁၅၄၀ ခုနှစ်​ မုတ္တမတိုက်​ပွဲ
ရဲ့ အ​ရေးပါပုံကိုတင်​ပြပြီးမုတ္တမစစ်​ပွဲကိုစစ်​ပွဲလိုမြင်​ပြီး
စစ်​ပုံသဏ္ဍန်​​ကောက်​ယူဆက်​စပ်​ပြခဲ့ပြီးပြီ။ဒါဟာ
မြန်​မာ့သမိုင်းရဲ့ အချို့အ​ကွေ့လို့​ပြောချင်​လို့အ​လေး
ထား​ပြောတာပါပဲ။ဒီစစ်​ပွဲကစတဲ့အကျိုးဆက်​ကဘာလဲ
ဆိုတာကြည့်ရ​အောင်​။

၁၈ရာစုနှစ်​ရဲ့ တတိယဆယ်​စုနှစ်​(Third Decade)
က​နေစတင်​ပြီး ​နောက်​နှစ်​​ပေါင်း၁၀၀ ခန့်​ကာလအတွင်း
ရာဇ၀င်​ကြီး၎​စောင်​မြန်​မာပြည်​မှာ​ပေါ်ထွက်​လာတယ်​။
ဦးကုလား၊တွင်းသင်း၊မှန်​နန်း၊မုံ​ရွေး အားလုံးဦးကုလား
မိတ္တူ​တွေပဲလို့​ပြောရင်​လည်းမလွန်​ပါဘူး။အနည်းငယ်
ကွဲလွဲတာ​တော့ရှိပါတယ်​။အဲဒီရာဇ၀င်​ကြီး၎​စောင်
စလုံးမှာပါတဲ့အချက်​အလက်​​တွေ​ပေါ်မှာအ​ခြေခံပြီး
ဒီတိုက်​ပွဲကိုသရုပ်​ပီပြင်​​အောင်​၁၆ရာစုအဆင့်အတန်း
သယ်​ယူပို့​ဆောင်​​ရေးစနစ်​နဲ့လက်​နက်​စွမ်းရည်​​တွေကို
အဲဒီ​ခေတ်​တုန်းကတကယ်​ရှိ​နေတဲ့ပထ၀ီအ​နေအထား
နဲ့သဘာဝပတ်​၀န်းကျင်​ထဲမှာအံဝင်​​အောင်​ထည့်ပြီး
တကယ်​ဖြစ်​နိုင်​​ချေ တွက်​ဆချက်​​တွေအပြင်​စစ်​ပွဲရဲ့ 
ခေတ်​ပြိုင်​သမိုင်း​တွေ၊ဖြစ်​ပျက်​ခဲ့ပုံ​တွေနဲ့ရုပ်​လုံးကြွ
လာ​အောင်​အနားသတ်​မျဉ်း​တွေထပ်​ထည့်​ပေးလိုက်​ပြီး
တင်​ပြတာကလွဲရင်​ ဆန္ဒစွဲတစ်​ခုခုနဲ့တန်​ဆာဆင်​​ပေး
တာတို့ ခြယ်​မှုန်းလိုက်​တာမျိုး​တွေတစ်​ခုမှမပါဘူး။

ဒီလိုလုပ်​တာဟာ စစ်​ကိုအမွှန်းတင်​ချင်​လို့၊တပင်​​ရွှေထီး
နဲ့သူ့ဗိုလ်​ချုပ်​​တွေကို အမျိုးသားသူရဲ​ကောင်း​တွေအဖြစ်
မြင်​လာ​အောင်​တွန်းပို့​ပေး​နေတာလည်းမဟုတ်​ဘူး။ခင်
ဗျားတို့ကျ​​နော်​တို့နဲ့မြန်​မာတစ်​မျိုးသားလုံးတင်​မက
ခေတ်​သမိုင်းဆရာ​တွေပါ အသလွတ်​ ​သောက်​မွှန်းတင်
မစားရ၀ခမန်းအရသာခံ​ပြော​နေတဲ့ ဒုတိယမြန်​မာ
နိုင်​ငံ​တော်​သစ်​တစ်​ခုဟာဘယ်​လိုနည်းနဲ့အစပြု ခဲ့ပြိး
ဧရာဝတီလွင်​ပြင်​နဲ့တကွဝန်းကျင်​အ​ပေါ်ဘယ်​လိုအကျိုး
သက်​​ရောက်​မှု​တွေနဲ့ ဒဏ်​ရာဒဏ်​ချက်​​တွေ​ပေးခဲ့တယ်
ဆိုတာကိုသတိပြုမိ​စေချင်​လို့ပဲ။ဒါမှသာ နိုင်​ငံ​တော်​ဟာ
ဘယ်​လိုနည်းနဲ့ဘယ်​အချိန်​တုန်းကအဆုံးသတ်​သွားပြီ
လို့အတည်​ပြု မှာလဲဆိုတာ​ဆွေး​နွေးတဲ့အခါဘာ​ကြောင့်
လဲဆိုတဲ့ ကိုယ်​ပိုင်​သမိုင်းရဲ့ လက်​​တွေ့သင်​ခန်းစာကို
ရှင်းရှင်းလင်းလင်းသိမြင်​နိုင်​မှာဖြစ်​တယ်​လို့​တော့
ယူဆတာပဲ။

တကယ်​​တော့စစ်​မှာအင်​အားကြီးပြီးနိုင်​ပွဲဆက်​​နေသူ​တွေ
ဘက်​ကနားသင့်ပြီ ဒီ​နေရာ​တော့ အ​လျှော့​ပေးလိုက်​ကြစို့
ဆိုတာရှိကိုမရှိဘူး။ငါတို့ဘက်​က နိုင်​ကိုနိုင်​မှာပဲဆိုတဲ့
ယုံကြည်​စိတ်​အပြည့်နဲ့ကြိုတင်​အချိန်​ယူပြင်​ဆင်​ပြီး
ရှေ့ ဆက်​သိမ်းပိုက်​နယ်​ချဲ့ဖို့သာစဉ်းစားမှာပါ။ဒါ​ပေမဲ့
တစ်​ခါတစ်​ရံ ရန်​သူလည်းကိုယ့်လိုပဲအချိန်​ယူပြင်​ဆင်
ထားရုံမက ကိုယ့်ဘက်​က​မျှော်​လင့်ထားတာထက်​ပိုပြီး
ပြည့်စုံတဲ့စီမံချက်​မျိုးနဲ့ဗျူဟာ​မြောက်​ရင်​ဆိုင်​ခုခံတာကို
လည်းကြုံ ရတတ်​တယ်​။လူ့သမိုင်းရဲ့ စစ်​သမိုင်းတစ်
လျှောက်​မှာထင်​ရှားတဲ့ဒီလိုသင်​ခန်းစာမျိုး ဥပမာမျိုး
တွေအများအပြားရှိခဲ့ပြီးသားဖြစ်​ပါတယ်​။ဝန်းကျင်​တစ်
ခွင်​မှာလူတကာက ​ကြောက်​ရွံ့ခန့်​ညား​နေရလို့မာန်​တက်
နေတဲ့စစ်​ဘုရင်​က​တော့ ဒီ​နေရာမျိုးမှာ​လျှော့​ပေးခွာ​ပေး
လေ့မရှိဘူး။မရရ​အောင်​အနိုင်​ယူသိမ်းပိုက်​ဖို့ကြံစည်​မှာပဲ။

စစ်​ဘီလူးဝင်​ပူး​နေတဲ့အဲဒီစစ်​​ရေးဆုံးဖြတ်​ချက်​ဟာ
ထက်​မြက်​တဲ့ဓားသွား၊လှံသွား​တွေအဖြစ်​​ပြောင်းလဲပြီး
ကိုယ့်တပ်​က စစ်​သည်​​တွေရဲ့ ​နောက်​​ကျောမှာဦးစွာ
ပထမ​ရောက်​ရှိ​နေရာယူမယ်​။ရှောင်​လွှဲလို့မရ​တော့တဲ့
ထိုးစစ်​တာဝန်​ကျတပ်​အသီးသီးလည်း ရန်​သူ့လှံသွား
မြားနဲ့ကျည်​​စေ့​တွေကိုမျက်​နှာမူပြီးဇွတ်​တိုး​ရှေ့ တက်​ရင်း
ဖုန်​မှုန့်​၊မီးခိုးနဲ့ယမ်း​ငွေ့ မြူတိမ်​ခိုး​တွေကြားမှာ သူတို့
ရဲ့ မနက်​ဖြန်​​တွေ​ပျောက်​လို​ပျောက်​ သူတို့မယား​တွေ
ခမျာ မုဆိုးမဘ၀​တွေနဲ့ညားသွားကြရတယ်​။အဲဒီစစ်​ဆိုတဲ့
ကာလ အခိုက်​အတန့်​​လေးတစ်​ခုအတွင်းမှာ​တော့လိုက်​နာ
စောင့်စည်းအပ်​တဲ့လူ့ကျင့်ဝတ်​တို့၊စာနာစိတ်​တို့၊သက်​ညှာ
ငဲ့ကွက်​မှုတို့ စသဖြင့်လူ့အသိုက်​အမြုံကို​ဖေးမပတ်​ရံထား
တဲ့ခြံစည်းရိုးကြီးတစ်​ခုလုံးကျိုးပျက်​​ကြေမွပြီပဲ။ဒါ
ကြောင့်လည်း စစ်​မှာမတရားတာမရှိဘူးလို့ဆိုရိုးထွက်
ခဲ့တာ​ပေါ့။ဒါဟာ တစ်​ခါတုန်းကတစ်​​နေရာရာမှာ
မထင်​မှတ်​ဘဲ ဖြစ်​ခဲ့ဖူးတဲ့ထူးခြားဖြစ်​စဉ်​တစ်​ရပ်​လို့
မထင်​လိုက်​နဲ့။ပြင်းထန်​စွာအသက်​လုယှဉ်​ပြိုင်​ရတဲ့
စစ်​​မြေပြင်​တိုင်းမှာ ဒီလိုရိုင်းစိုင်းယုတ်​ညံ့ပြီးလူစိတ်
ပျောက်​တဲ့ ဒုစရိုက်​အ​မှောက်​​လောကရဲ့ စံနမူနာပြယုဂ်
တွေချည်းပါပဲ။

အေဒီ၁၅၄၀မုတ္တမခံစစ်​ပျက်​တဲ့အခါ
........ရဲမက်​​တော်​ ​လှေတပ်​သားတို့လည်းမြို့ကိုချဉ်း၍
တူးဖြို​လေသည်​။မြို့ပြိုလျှင်​ ပြိုရာကရဲမက်​တို့ဝင်​၍
အိမ်​ယာ ​ကျောင်းကန်​တို့ကို မီးထင်းတိုက်​​လေသည်​။
ကြည်းတပ်​သားတို့သည်​ မြို့စီးပြစီးမရှိသည်​ကိုမြင်​လျှင်
မြို့ကိုတိုက်​​ဖောက်​၍ ဆင်​မြင်းဗိုလ်​ပါအားလုံးမြို့တွင်း
သို့ ၀င်​၍ လက်​​ခြေထူသမျှကိုသတ်​ဖြတ်​​လေ၏။ရဲမက်
တော်​တို့လည်း ​ရွှေ ​ငွေ ​ကြေး သံအ၀တ်​အစားတို့ကို
လုယက်​ဖျက်​ဆီး၍ ယူကုန်​၏........လို့ မှန်​နန်းရာဇ၀င်
ဒဿမတွဲမှာ​ရေးထားတာ ဒီအတိုင်းပဲ။
အဲ​တော့ အဲဒီ​ခေတ်​ကမြန်​မာစစ်​တပ်​ဟာ
၁။လူ​နေအိမ်​ယာနဲ့​ကျောင်းကန်​​တွေကိုမီးရှို့တယ်​။
၂။မြို့တွင်း​ရောက်​​တော့ပြို လဲ​နေပြီဖြစ်​လို့ မြင်​သမျှ
ရက်​ရက်​စက်​စက်​ လက်​ပမ်းကျတဲ့အထိသတ်​ဖြတ်​တယ်​။
၃။ရွှေ ​ငွေ ​ကြေး သံနဲ့အ၀တ်​အစား​တွေကို လုယက်​ပြီး
ဖြိုချပြီး သတ်​ဖြတ်​ပြီး ယူတယ်​လို့ မြန်​မာရာဇ၀င်​ကပဲ
မြန်​မာစစ်​တပ်​ရဲ့ ဂုဏ်​သိက္ခာကို​ဖော်​ပြသွားတာမဟုတ်
ဘူးလား။ဒါ၁၆ရာစုကပါကွာလို့​ပြောပြီးအာပတ်​လွတ်
အောင်​​ရှောင်​ဖို့ကြိုးစားမယ်​ဆိုရင်​ ကချင်​၊ချင်း၊
ကယား၊ရှမ်းနဲ့ရခိုင်​လူမျိုး​တွေကို​ခေါ်ပြီး​ ၂၁ရာစုမြန်​မာ
စစ်​တပ်​ကဘယ်​လိုလဲဆိုတာပါပဲ။သူတို့ခင်​ဗျားတို့ကို
၂၁ရာစုမြန်​မာစစ်​တပ်​ရဲ့ ကြီးကျယ်​​ပြီး ရဲရဲတက်
ရဲရဲတိုက်​ ရဲရဲ​ချေမှုန်း(ဒီစကားကိုအ​သေအချာဥာဏ်
နဲ့ဖတ်​ပါ)ပြီး ရဲရဲမုဒိမ်းကျင့် ရဲရဲတင်းတင်းပဲရွာလုံးကျွတ်
မီးတိုက်​ခဲ့တာ​တွေပါသိလာရလိမ့်မယ်​ထင်​တာပဲ။

စစ်​ဆိုတာ ဒီလိုအမျိုးအစားပဲ။ဒါ​တောင်​သင်္ကန်းကြီး
ခြုံပြီး ဗုဒ္ဓ​မေတ္တာအ​ကြောင်းကမ္ဘာပတ်​​ဟော​နေတဲ့မြန်​မာ့
သာသနာပြုကြီးက ​ကျေးကုလား​တွေကိုသတ်​တာ
အမျိုး ဘာသာ သာသနာကိုထိမ်းသိမ်း​စောင့်​ရှောက်​တာ
ဖြစ်​တယ်​လို့ မိန့်​ကြားခဲ့သဗျ။တပ်​နဲ့သံဃာ ဘယ်​သူခွဲခွဲ
တို့မကွဲ ဇတ်​ကားအတွက်​ ဇတ်​ညွှန်း​ရေးဖို့သီတဂူကတုံး
ကိုတာဝန်​​ပေးသင့်တယ်​ထင်​တာပဲ။မြန်​မာ​တွေရဲ့ ကတုံး
လောကကြီးတစ်​ခုလုံးဟာ အ​နော်​ရထာ​ခေတ်​က​နေ
ယ​နေ့အထိ အာဏာရှင်​​ပေးစားကမ်းစား စား​သောက်
ရှင်​သန်​ရတဲ့သမိုင်း​ကြောင်းနဲ့လာခဲ့တာပါ။အာဏာရှင်
ကိုကာကွယ်​တဲ့အုပ်​စု​တွေထဲမှာဒီကတုံး​တွေပါတဲ့သမိုင်း
လည်းရှိတယ်​။ဒါ​ကြောင့်ပဲ တပ်​နဲ့သံဃာ အတူလက်​၍
ပြည်​သူကို​ဆောင့်ကန်​ကြမယ်​လို့မ​ပြောရုံတမယ်​ပဲ။

တပင်​​ရွှေထီးမုတ္တမကို​အောင်​နိုင်​ပြီးတဲ့​နောက်​မှာ​တော့
ရှည်​လျှားလွန်းလှတဲ့ယဉ်​​ကျေးမှုနဲ့ကိုးကွယ်​ယုံကြည်​မှုသမိုင်း
အစပြုရာ ဘူမိနက်​သန်​ဖြစ်​တဲ့ ရာမညတိုင်းတစ်​ခွင်​လုံး
သူ့လက်​​အောက်​​ရောက်​သွားပါပြီ။ယ​နေ့​ခေတ်​ပြည်​​ထောင်
စုမြန်​မာနိုင်​ငံ​မြေပုံ​ပေါ်မှာ လွန်​ခဲ့တဲ့နှစ်​​ပေါင်း၅၀၀ခန့်
ကတည်းကလူ​နေအထူထပ်​ဆုံးရပ်​၀န်း​ဒေသဖြစ်​မယ်​လို့
ယူဆရပြီး ပထ၀ီအရ အ​ရေးပါဆုံးပင်​လယ်​ကမ်​ရိုးတန်း
ရှည်​ကြီးနဲ့တကွ အထွက်​အ​ကောင်းဆုံးစိုက်​ခင်းလွင်​ပြင်
တွေအပါအ၀င်​ စတုရန်းကီလိုမီတာ ၁၃၀၀၀၀ ​ကျော်
ကျယ်​၀န်းတဲ့ရာမညနိုင်​ငံ​တော်​ကြီးကို တပင်​​ရွှေထီး
သိမ်းပိုက်​လိုက်​တာပါ။ဒီလို​ပြောလို့ယ​နေ့​ခေတ်​မွန်​ပြည်
နယ်​​လောက်​ကို ရာမညတိုင်းလို့သိ​နေကြတဲ့သူ​တွေသတိ
ချပ်​ကြဖို့က တနသာင်္ရီတိုင်း၊ပဲခူးတိုင်း၊ရန်​ကုန်​တိုင်း၊
တောင်​ငူအထက်​​နေပြည်​​တော်​နားအထိ၊ဧရာဝတီ
တိုင်းကြီးတစ်​တိုင်းလုံးနဲ့ကရင်​ပြည်​နယ်​တစ်​ခုလုံးအပါ
အ၀င်​အားလုံးဟာ ၁၆ရာစုတုန်းက ရာမညတိုင်းပိုင်
နိုင်​ငံ​တော်​ပါ။ယ​​နေ့အထိရန်​ကုန်​တိုင်း၄၉မြို့နယ်​က
မြို့နာမည်​​တွေက ကျ​နော်​ ကျွန်​မ ဟာမွန်​အမည်
မွန်​သမိုင်း​တွေဖြစ်​​ကြောင်းသက်​​သေခံနိုင်​ပါ​သေးတယ်​။
စစ်​တိုက်​ပြီးတစ်​သက်​လုံးနယ်​ချဲ့လာပြီးအခုထိလည်​တိုင်း
ရင်းသား​တွေရဲ့လည်​ဂုတ်​​တွေကိုနင်းထားတဲ့မြန်​မာ(ဗမာ)
က အင်​အားကြီးပြီးယဉ်​​ကျေးမှုပါကြီးကျယ်​ပါတယ်​လို့
မဏ္ဍုပ်​တိုင်​တက်​ပြဖို့လိုတဲ့အတွက်​ရယ်​၊ငါတို့စာ​ပေနဲ့
ယဉ်​​ကျေးမှုဟာ မွန်​ဆီကယူတာမဟုတ်​ဘူးကွဆိုပြီး
အသံ​ကောင်းဟစ်​ချင်​တာရယ်​​ပေါင်းပြီး မွန်​နဲ့​ခေတ်​ပြိုင်
ပျူနဲ့တွဲချင်းချိတ်​ဖို့ကြိုးစား​နေတာ​ပေါ့။ဒါ​ကြောင့်
ပဲ ဘုန်းတင့်​ကျော်​ရဲ့ ပျူစစ်​လျှင်​ဗမာဆိုတဲ့စာတမ်း
တွေဖြစ်​လာတာ​ပါ။ပျူ  နဲ့ဗမာအတူတူဖြစ်​မှ ဗမာဟာ
ရှေးကတည်းကယဉ်​​ကျေးခဲ့တာ၊​တော်​ထက်​ခဲ့တာ၊ဗုဒ္ဓ
ဘာသာကိုဦးဆုံးကိုးကွယ်​ခဲ့တာစသဖြင့်ဘာအထင်​ကြီး
စရာမှမရှိတဲ့အရာ​တွေကိုပါးစပ်​အရသာခံ​ပြောလို့ရ
မှာဖြစ်​လို့ဒီဇတ်​ကွက်​ကိုခင်းတာပဲ။

မွန်​ဆီကစာ​ပေကအစယူခဲ့ရတာကိုသိပ်​အစာမ​ကြေ​နေ
ကြဘူး။၂၁ရာစုအထိ ချီးပါပြီးဖင်​မ​ဆေးတတ်​​သေးတဲ့
သေး​ပေါက်​ပြီးပုဆိုးနဲ့သုတ်​​နေတုန်းရှိ​သေးတဲ့လူ​တွေက
အစ္စလာမ်​ယဉ်​​ကျေးမှုကို စိန်​​ခေါ်​နေတာ အံ့သြစရာ
မြင်​​နေရတယ်​။မမြင်​ဖူး မသိဖူး မဖတ်​ဖူးလို့စိန်​ခေါ်ဝံ့
တယ်​ဆိုရင် တကယ်​လက်​​တွေ့ရင်ဆိုင်​ယှဉ်​ပြိုင်
ဖို့ နိုင်​ငံတကာတက္ကသိုလ်​တစ်​ခုခုမှာ ဒီဘိတ်​အခမ်းအနား
ခင်းကျင်းလိုက်​ရင်​ နှာနပ်​ယူရင်​​တောင်​ရမယ်​မထင်​ဘူး။
ညောင်​ရမ်းဆက်​မင်းရဲ​ကျော်​ထင်​လက်​ထက်​​ရောက်​ခါမှ
ပထမဆုံးစကား​ပြေလို့​ပြောရမယ့်ဦးကုလားစာ​ပေစတင်
ဖြစ်​​ပေါ်တာပါ။အချိန်​က ၁၈ရာစုထဲမှာပါ။ပုဂံ​ခေတ်​တုန်း
ကစာ​ရေးမတတ်​လို့​ကျောက်​ပြား​တွေ​ပေါ်မှာ လိုရင်း​ရေး
ခဲ့ကြရတာကို မသိရင်​ပုဂံတစ်​ပြည်​လုံးစာတတ်​သ​ယောင်
ယောင်​ မရှက်​မ​ကြောက်​​ပေါက်​လွတ်​ပဲစားဆိုဝံ့​သေးတဲ့
အထိ မိုက်​တွင်းက အ၀ီစိနဲ့နှိုင်းရ​လောက်​​အောင်​နက်​ကြ
တာပါ။

ရာမညတိုင်းဟာ သူရဲ့ ကိုးကွယ်​ယုံကြည်​မှုနဲ့စာ​ပေယဉ်
ကျေးမှု​တွေမြစ်​ဖျားခံရာ ဆရီလကာင်္ကျွန်းနိုင်​ငံထက်
၂ဆ​လောက်​ကျယ်​တယ်​။အိန္ဒိယမှာဗုဒ္ဓဘာသာကို
ဟိန္ဒူဘုရင်​​တွေကိုယ်​တိုင်​ဖျက်​ဆီးကြတဲ့အခါ အိန္ဒိယ
ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းက ထုတ်​ပိုးပြီးဆရီလကာင်္ကို
ထွက်​​ပြေးရတယ်​။တော်​​တော်​များများလည်းအသတ်
ခံလိုက်​ရတယ်​။အဲဒီဆရီလကာင်္က​နေမှတစ်​ပတ်​ပတ်​ပြီး
ဗုဒ္ဓဘာသာဟာမြန်​မာပြည်​ထဲကိုဝင်​လာခဲ့တာပါ။ဒါ
ကြောင့်အားလုံးသီဟိုဋ္ဌ်​မူ​တွေဖြစ်​​နေတာ​ပေါ့။ဗုဒ္ဓကို
ဒဿနဆရာလိုလိုပုံ​ဖော်​​နေကြတဲ့အုပ်​စု​တွေကို
ဘယ်​မလဲဗုဒ္ဓ​ဟောခဲ့ပါတယ်​လို့အတိကျ​ပြောနိုင်​တဲ့
ဓမ္မ။သုတ်​၊နိကာယ်​၊၀ိနည်းဆိုပြီး ဗုဒ္ဓ​ဟောခဲ့​ကြောင်း
ဘယ်​မလဲအ​ထောက်​ထား။အဲဒီအ​ထောက်​ထားအားလုံး
ရဲ့ အထက်​ကိုဆက်​တက်​ရင်​ ဗုဒ္ဓဆီ​ရောက်​​ကြောင်း
တစ်​ခု​လောက်​ပြကြည့်ပါလား။ဗုဒ္ဓ​ဟောခဲ့​ကြောင်း
အ​ထောက်​ထားမပြနိုင်​ဘဲဗုဒ္ဓ​ကျမ်းဆိုပြီးစွပ်​​ပြော​နေတာ
အံ့သြစရာပဲ။

အဲ​တော့​ပြော​နေတဲ့အ​ကြောင်းအရာကိုပြန်​ယူရရင်
မြန်​မာရာဇ၀င်​ကြီး​တွေရဲ့ မှတ်​တမ်းအရ​အေဒီ၁၁ရာစု
တစ်​၀က်​ကျိုးပြီးစ ကာလမှာသုဝဏ္ဏဘူမိကိုဗဟိုပြုတဲ့
မွန်​နိုင်​ငံကိုအ​နော်​ရထာသိမ်းလိုက်​ချိန်​ကစပြီး ရာမည
တိုင်းဟာပထမမြန်​မာနိုင်​ငံ​တော်​လို့အများသိတဲ့ပုဂံအင်​ပါ
ယာထဲ​ရောက်​သွားတယ်​။
(မှတ်​ချက်​။အ​နော်​ရထာသထုံကိုသိမ်းတာ ​အေဒီ၁၀၅၆
လို့​ယေဘုယျဆိုကြတယ်​။သို့​သော်​ Academically
Historically ​ပြောဖို့အ​ထောက်​ထားမရှိဘူး။
Secondary source ​တွေ​တောင်​မရှိဘူး။အေဒီ၁၄၇၀
ရှင်​​စောပုသားမက်​ ဘုန်းကြီးလူထွက်​ ဓမ္မ​စေတီမင်းဖြစ်
တော့မှ​ရေးထိုးတဲ့ ကလျာဏီ​ကျောက်​စာအရသိရတာပါ။
ခေတ်​ပြိုင်​မှတ်​တမ်း ​ခေတ်​ပြိုင်​​ကျောက်​စာမဟုတ်​လို့
အတည်​ယူလို့မရဘူး။V.C.Scott O'Connerက
သူကိုယ်​တိုင်​​ရေးတဲ့ Madalay and Other Cities
in the Whole Burmaမှာ ​ဖော်​ပြထားချက်​အရ သူလည်း
မြန်​မာရာဇ၀င်​လာအတိုင်းယူ​ဝေဖန်​ထားတာပဲရှိတယ်​။
သု​သေတနမလုပ်​ထားဘူး။တစ်​ချက်​စဉ်းစားစရာရှိ
တာက အို​ကော်​နာ​ပြောသလို အ​နော်​ရထာရဲ့ ရက်​ရက်
စက်​စက်​လုပ်​ပစ်​ခဲ့လို့ မွန်​တစ်​နိုင်​ငံလုံးရစရာမရှိ​အောင်
ပျက်​စီးသွားတာလားဆိုတာပါပဲ။အခုသထုံပြည်​မှာ
ပြစရာ ဘာမြို့ရိုးမှမ​တွေ့ရဘူး။သထုံပထ၀ီရဲ့ ​မြေသား
ဒုတိယအလွှာကို အနည်းဆုံးစတုရန်းမိုင်​၅မိုင်​ပတ်​လည်
လောက်​ က​လော်​ကြည့်လို့မြို့ရိုး​တွေ့ရင်​​တော့ ​ပြောနိုင်
ပါလိမ့်မယ်​ထင်​တာပဲ။)

၁၃ရာစုကုန်​ခါနီးမွန်​ဂိုတရုတ်​တပ်​​တော်​ကြီးက ပုဂံကို
တိုက်​တဲ့အခါ ပုဂံပျက်​သွားလို့ ရာမည​ဒေသကိုလွှမ်းခြုံ
ထားတဲ့ဗဟိုအာဏာပြိုကွဲသွားပြီး ရာမည​ဒေသလွတ်
လပ်​​ရေးရသွားတယ်​။အဲဒီ​နောက်​မှာ​တော့ တစ်​စည်း
တစ်​လုံးတည်းဖြစ်​လိုက်​၊အစုအဖွဲ့ဖြစ်​လိုက်​နဲ့ ဒယိမ်း
ဒယိုင်​နဲ့ပဲ ဒုတိယမြန်​မာနိုင်​ငံ​တော်​မ​ပေါ်ထွန်းခင်
နှစ်​​ပေါင်း၂၄၀​ခေတ်​ပျက်​ကြီးကိုကိုယ့်ဘာသာကိုယ်
ကြုံသလိုကျသလိုခရီးကြမ်းနှင်​ခဲ့တာဖြစ်​ပါတယ်​။အဲဒီ
ရာဇ၀င်​တစ်​ခန်းအဆုံး ​အေဒီ၁၅၄၀ မုတ္တမစစ်​​မြေပြင်​မှာ
ရေ​မြေ့ရှင်​​စောဗညားကိုယ်​တိုင်​သုံ့ပန်းဖြစ်​ရတဲ့အခါကျမှ
ရာမညတိုင်းကမွန်​ပြည်​​ထောင်​အသီးသီးဟာ တပင်​​ရွှေထီး
ကိုသစ္စာခံပြီးဟံသာဝတီနိုင်​ငံ​တော်​သစ်​မှာ အားမတန်​လို့
မာန်​​လျှော့ပြီး ပူး​ပေါင်းပါဝင်​လိုက်​ကြတာဖြစ်​ပါတယ်​။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=134347234374150&id=100033966230641













0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့ဒုတိယအင်​ပါယာ...၄”

Post a Comment

Related Posts Plugin for WordPress, Blogger...