Sunday, July 22, 2018

၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေ

,
ကျနော်တို့အများစုဟာ ပင်လုံခွဲထွက်ဆိုတာကို
နှုတ်ကတိအနေနဲ့ပဲသိကြတာများတယ်
ကျနော်တို့မသိတာက ပင်လုံခွဲထွက်ခွင့်ဟာ
၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတယ်ဆိုတာပဲ
အဲ့လိုဥပဒေနဲ့တိတိကျကျပါနေတော့
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲထွက်ခွင့်ဥပဒေ
အသက်ဝင်ခါနီး ၁၉၅၈မှာပဲ ဘုရားဒကာကြီးဦးနုက
နေဝင်းလက်ထဲအာဏာလွှဲလိုက်တော့တာပဲ

အဲ့လိုအာဏာလွှဲပြီးတဲ့နောက်မှာ နေဝင်းပထမဦးဆုံးလုပ်တာက
တိုင်းရင်းသားခေါင်းဆောင်တွေရဲ့လုပ်ပိုင်ခွင့်တွေကို
ရုပ်သိမ်းလိုက်တာပဲ အဲ့လိုအားလုံးလုပ်ပြီးကိုင်ပြီးချိန်ရောက်လို့
နောက်၆လအကြာမှာ
ရွေးကောက်ပွဲတခုပြန်လုပ်ပြီး ဦးနုလက်ထဲတိုင်းပြည်ပြန်အပ်တယ်
အဲ့ဒါကိုကြည့်ရင် တိုင်းရင်းသားတွေကိုခွဲထွက်ခွင့်မပေးချင်လို့
နေဝင်းနဲ့ဦးနုပေါင်းကြံတယ်လို့ပဲကောက်ချက်ချလို့ရတယ်
နိုင်ငံရေးမှာ ဘာသာရေးကိုစပြီးခေါ်သွင်းတာလည်းဦးနုပဲ
သူရွေးကောက်ပွဲနိုင်ရင် ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်
ပြထမ်းပေးမယ်ဆိုတဲ့စကားနဲ့ရွေးကောက်ပွဲဝင်ခဲ့တယ်
နိုင်လည်းနိုင်ခဲ့သလို သူပြောသလိုပဲ
ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်လုပ်ဆောင်ခဲ့တယ်
ဦးနုဟာ ဘုရားဒကာအရေခြုံတဲ့မြေခွေးသာသာပါ
မဟာဗမာဝါဒီလို့ကျနော်ကတော့မြင်တာပဲ

ဒါပေမယ့်ဦးနုမတွေးမိတာက သူ့မွှေးလိုက်တဲ့မီးဟာ
အာဏာဆိုတဲ့လောင်စာကိုကြိုက်နှစ်သက်သွားပြီဆိုတာပဲ
အဲ့လိုနဲ့၁၉၆၂မှာ အာဏာပြန်သိမ်းခံရတယ်
ဒီတခါတော့ အာဏာရဲ့အရသာတွေ့သွားတဲ့နေဝင်းက
သူ့သဘောနဲ့သူအပြီးအပိုင်သိမ်းလိုက်တော့တာပဲ
ဦးနုလည်းသူ့စိတ်ရင်းအတိုင်းအကျိုးပေးပြီး
သူမွှေးခဲ့တဲ့မီးကသူ့ပြန်လောင်တာကိုခံလိုက်ရတာပေါ့

မြန်မာနိုင်ငံကခေါင်းဆောင်များစုဟာ
သူတို့နေရာရရေးအတွက်ဆို ဘာမဆိုချနင်းဖို့ဝန်မလေးကြဘူး
အဲ့ဒါခေတ်အဆက်ဆက်နော်

အဲ ပင်လုံအကြောင်းပြောရင်မပါမဖြစ်ပါရတာကတော့
တောင်ကြီးသား အစ္စလာမ်ဘာသာဝင်ဦးဖေခင်အကြောင်းပဲ

ပင်လုံစာချုပ်အတွက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညှိနှိုင်းလို့မရတဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ပြန်တော့မယ့်ဦးအောင်ဆန်းကို
မပြန်သေးဖို့တားပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဝင်ရောက်ညှိနှိုင်းပေးခဲ့တဲ့သူပေါ့

တိုင်းရင်းသားတွေကပဲကံဆိုးချင်တာလားတော့မသိဘူး
ဦးဖေခင်ရဲ့ဝင်ရောက်ကူညီမှုကြောင့် ပင်လုံဟာအထမြောက်ခဲ့တယ်

ဦးဖေခင်ရဲ့ ဦးအောင်ဆန်းအပေါ်ယုံကြည်မှု
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟာ ဦးအောင်ဆန်းကျဆုံးသွားတာနဲ့အတူ တိုင်းရင်းသားတွေကို
ဒုတ္ခတွင်းထဲနှစ်လိုက်သလိုဖြစ်သွားတော့တယ်
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရဲ့အကျိုးဆက်တွေပေါ့

အဲ့ဒါကြောင့် တိုင်းရင်းသားတွေကိုဒုတ္ခတွင်းထဲထည့်ခဲ့တဲ့တရားခံတွေထဲမှာ
ဦးဖေခင်လည်းပါတယ် အဲ့ခေတ် အဲ့အခါအခြေအနေအရ
သူ့ရဲ့စေတနာနဲ့သူရဲ့ကြိုးစားမှုတွေဟာမှန်ကောင်းမှန်နိုင်ခဲ့ပေမယ့်
ဦးနုနဲ့နေဝင်းရဲ့ပေါင်းကြံမှုနဲ့အတူ တိုင်းရင်းသားတွေအတွက်ဝေဒနာတွေဖြစ်သွားတော့တယ်

အဲ့ဒါကတော့ ကျနော်လေ့လာမိသလောက်ပင်လုံအကြောင်းတွေပါ

ဖြေးဖြေးဆဲကြနော်သလား😁




https://m.facebook.com/story.php?story_fbid=507926009668557&id=100013534869579

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေ”

Post a Comment

Related Posts Plugin for WordPress, Blogger...