Tuesday, June 26, 2018

ပုပ်​လို့​ပေါ် ၊ ဟုတ်​လို့​ကျော်​... (ပထမပိုင်း)

,
ရခိုင်​အ​ရေးကိစ္စက​နေ ​ရှေ့ဆက်​ အ​ပြောင်းအလဲဖြစ်​မှာ ကျိန်း​သေသ​လောက်​ ဖြစ်​​နေပြီး...
အရပ်​ဘက်​-စစ်​ဘက်​ဆက်​ဆံ​ရေး(Civilian-Military Relationship)ကို ​ပြောင်းလဲဖို့ အချိန်​​ကောင်းဖြစ်​ပြီးလို့ဆိုရမှာပါ...။ အရင်​က​တော့ စစ်​ဘက်​မှ စစ်​ဘက်​သို့ ဆက်​ဆံ​ရေးအ​ခြေအ​နေက​နေ ၂၀၁၇ခုနှစ်​ ဩဂုတ်​၂၅ရက်ဖြစ်​စဉ်​​ပေါ် နယ်​​မြေရှင်းလင်း​ရေးမှာ ROEအရ ချိုး​ဖောက်​မှု​တွေ​ကြောင့်​ တပ်​မ​တော်​​ခေါင်း​ဆောင်​များ တထစ်​​လျှော့ချဖို့ လက်​ခံသ​ဘောတူလိုက်​ရတာပါ...။ (Rules Of Engagement -ROE ဆိုသည်​မှာ မိမိကိုယ်​ကို ခုခံကာကွယ်​ပိုင်​ခွင့်​၊ လက်​နက်​ကိုင်​ပဋိပက္ခနှင့်​အကြမ်းဖက်​တိုက်​ဖျက်​​ရေးတာဝန်​ ထမ်း​ဆောင်​ရာတွင်​ လိုက်​နာကျင့်​သုံးရမည့်​ ဥပ​ဒေသ..)

နိုင်​ငံဟာ Transition Communityကို သွား​နေတဲ့ကာလမှာ ပြည်​သူကတင်​တဲ့ အရပ်​သားအစိုးရနဲ့ 2008 Constitution အရ စစ်​တပ်​က နိုင်​ငံ​ရေးအရ ပါဝင်​​နေတဲ့ စပ်​ကြား အစိုးရ(Hybrid Regime) ဖြစ်​​နေတဲ့ အ​နေအထားတစ်​ရပ်​မှာ အပြန်​အလှန်​ထိန်း​ကျောင်း မှုမရှိပဲ ကာကွယ်​​ရေးနဲ့လုံခြုံ​ရေးအပိုင်းနဲ့ဆိုင်​ရင်​ သမ္မတက​တောင်​ ဝင်​​ရောက်​စွက်​ဖက်​နိုင်​တဲ့ အာဏာမရှိတာကို ဒီနှစ်​နှစ်​ခွဲကာလမှာ ​တွေ့ရတယ်​...။ တစ်​ဖက်​နဲ့ တစ်​ဖက်​ ပွတ်​တိုက်​မှုကြားထဲမှာ ပြဿနာက စစ်​တပ်​က အရပ်​ဘက်​အစိုးရ​ပေါ် ​ဩဇာ​ပေးလာတဲ့ (influence)စနစ်​ကို အရိုးစွဲလာတဲ့ပုံစံမျိုး ဖြစ်​​နေတာ​တွေ့ရတယ်​..။နှစ်​​ပေါင်း​၂၇နှစ်​ကြာ တိုင်းပြည်​စီးပွား​ရေးကို ၎င်းတို့နှင့်​၎င်းအဖွဲ့အစည်း အစည်းတရပ်​အတွက်​ ၊ မိသားစု​ဆွေမျိုးညာတိအတွက်​ သယံဇာတနဲ့စီမံကိန်း​တွေ​ပေါ်က​နေ လက်​ညိုးထိုး​ကောင်း​စားပြီး ဆယ်​သက်​ထိုင်​စားမကုန်​​အောင်​ ချမ်းသာခဲ့​ပေမယ့်​၊ ဆက်​ပြီး ​ငွေမှ​ငွေ ဖြစ်​​နေတဲ့အတွက်​ အရင်​လိုလုပ်​ခွင့်​မရတဲ့အ​ခြေအ​နေမှာ အရပ်​သားအစိုးရအုပ်​ချုပ်​​ရေးစနစ်​ကို ပုံဖျက်​ဖို့ ကြိုးစားလာကြတယ်​...။

နောက်​ဆုံး ၂၀၁၇ခုနှစ်​ ဩဂုတ်​၂၅ရက်မှာARSAတိုက်​ခိုက်​မှုအ​ပေါ်မှာ ဩဂုတ်​လ၁၁ရက်​နေ့ကတည်းက တပ်​မ၃၃၊ တပ်​မ၉၉တို့ကိုပါ ​ခေါ်ယူပြီး လုံခြုံ​ရေးအင်​အားဖြည့်​တင်းခဲ့​ပေမယ့်​ မီးကျိုး​မောင်းပြတ်​လက်​နက်​​တွေနဲ့ နယ်​​မြေကင်းစခန်း၃၀နဲ့ တပ်​ရင်းတစ်​ရင်းကို တိုက်​ခိုက်​ခဲ့တယ်​... ရခိုင်​​ကျေးရွာ​တွေ​ပေါ် အာဆာရဲ့တိုက်​ခိုက်​မှု​တွေမှာ ငြိမ်​ချက်​သား​ကောင်းခဲ့တဲ့ လုံခြုံ​ရေးအင်​အားစု​တွေ​ပေါ် အထက်​အမိန့်​အရ မလှုပ်​ရှားတာလား (သို့) တစ်​လနီးပါးဆက်​တိုက်​ဖြစ်​လာတဲ့ဘဂါင်္လီအကြမ်းဖက်​မှု​တွေကို ဂရုမပြုပဲ ဩဂုတ်​၂၉၊၃၀ရက်​တွေမှာ ​ကျောက်​​တော်​၊ သီ​ချောင်း၊ပလက်​ဝဘက်​မှာရက္ခိုင်​တပ်​မ​တော်​ (AA)နဲ့ တိုက်​ပွဲဖြစ်​ခဲ့တာ ကာကွယ်​​ရေးနှင့်​လုံခြုံ​ရေးအမြင်​အရ မသက်​ဆိုင်​သလို ဖြစ်​​နေတယ်​..အကြမ်းဖက်​မှုဖြစ်​စဉ်​မြင့်​တတ်​​နေချိန်​ ဩဂုတ်​၂၅ရက်မှ စက်​တင်​ဘာ၁ရက်​နေ့အထိ ​ဒေသဆိုင်​ရာတပ်​ရင်းအနည်းဆုံးတပ်​ရင်း၁၅ရင်း၊ အ​နောက်​ပိုင်းတိုင်းစစ်​ဌာနချုပ်​မှ တပ်​ရင်း၃၃ရင်းနဲ့ တပ်​မ၃၃၊တပ်​မ၉၉​ပေါင်းလိုက်​ရင်​ ရခိုင်​​မြောက်​ပိုင်း ဘူးသီး​တောင်​၊ ​မောင်​​တောနဲ့ရ​သေ့​တောင်​မြို့နယ်​များကို လုံခြုံ​ရေး​ပေးဖို့​​တောင်​စွမ်းရည်​ ​မရှိတာလား၊ ​အခြေအ​နေတစ်​ရပ်​ကို ​ဖော်​ကျူးဖို့လား ​မေးခွန်းထုတ်​စရာဖြစ်​လာတယ်​...။

တစ်​ဖက်​ARSAအကြမ်းဖက်​အဖွဲ့မှာ ရှိတာက လုပ်​​သေနတ်​၊ ဓား၊လှံ၊ ဂျင်​ကလိနဲ့ အင်​အား
ထောင်​​ကျော်​ခန့်​သာရှိတာကို မနှိမ်​နှင်းနိုင်​​လောက်​​အောင်​ အငိုက်​မိခဲ့ရင်​လည်း ထား​တော့
နားလည်​​ပေး၍ ရသည်​... ဩဂုတ်​လ၆ရက်​ကတည်းက ပုဒ်​မ-၁၄၄ထုတ်​ထားတဲ့​နေရာ၊ ဩဂုတ်​၈ရက်​နေ့မှာ ​ဒေါက်​တာ​အေး​မောင်​ ကာကွယ်​​ရေးဦးစီးချုပ်​ကို တိုက်​ရိုက်​အကူအညီ​တောင်းလို့ တပ်​မ(၃၃)နဲ့ တပ်​မ(၉၉​)တောင်​ ရခိုင်​​ဒေသကို ပို့ထားတာ၊ ဩဂုတ်​၁၈ရက်​နေ့မှာ ရ​သေ့​တောင်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်ခင်​စန်းလှိုင်​ရဲ့ ရခိုင်​​ဒေသလုံခြုံ​ရေးနဲ့ ကာကွယ်​​ရေး​ပေးဖို့အဆိုကို ပြည်​ထဲ​ရေးဝန်​ကြီး ဒုတိယဗိုလ်​ချုပ်​ကြီး​ကျော်​​ဆွေ ကိုယ်​တိုင်​ လွှတ်​​တော်​မှာ ရခိုင်​လုံခြုံ​ရေးအတွက်​ အာမခံ​ပေးခဲ့တာ... ​မေယုအကြမ်းဖက်​စစ်​ဆင်​​ရေးကို ဩဂုတ်၂၁၊၂၂ရက်မှာ လုပ်​​နေခဲ့သားနဲ့ င​မျောက်င​​ခြောက်​ ​ကျေးကုလားအကြမ်းဖက်​အဖွဲ့ကို မနှိမ်​နှင်းနိုင်​တာဟာ သံသယဖြစ်​စရာဖြစ်​လာတယ်​...။

Political Mandateကို blackmailလုပ်​လာတဲ့အထိ ကြိုးပမ်းခဲ့တဲ့အထိ ဖြစ်​ခဲ့တယ်​...။ take-overလို့ မသုံးခဲ့တာက အထမ​မြောက်​လို့ပါ...။ ၂၀၁၇ခုနှစ်​ စက်​တင်​ဘာလ၂ရက်​နေ့မှာပဲ နိုင်​ငံ​တော်​သမ္မတဦးထင်​​ကျော်​၊ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်းစု
ကြည်​နှင့်​ တပ်​မ​တော်​ဒုတိယကာကွယ်​​ရေးဦးစီးချုပ်​ ဒုတိယဗိုလ်​ချုပ်​မှူးကြီးစိုးဝင်းတို့ ရခိုင်​အထူးအစည်းအ​ဝေးကျင်းပပြီး ARSAအကြမ်းဖက်​အဖွဲ့ကို တိုက်​ခိုက်​ဖို့ အမိန့်​ထုတ်​ပြန်​လိုက်​တယ်​...။ လုံခြုံ​ရေးတပ်​​တွေ နယ်​​မြေရှင်းလင်းစဉ်​မှာ ကြိုတင်​ဇာတ်​တိုက်​ထားတဲ့ ဘဂါင်္လီ​မွတ်​စလင်​တွေဟာ ဘင်္ဂလား​ဒေ့ရှ်​နဲ့ OICအဖွဲ့​တွေရဲ့ control အတိုင်း စစ်​တပ်​ရဲ့ ethnic cleasing လုပ်​​နေတဲ့ပုံစံ​ကြောင့်​ ထွက်​​ပြေးတဲ့ဆိုဒ်​ပုံစံမျိုး အစုလိုက်​၊ အပြုံလိုက်​ ဘင်္ဂလား​ဒေ့ရှ့်​ကို ထွက်​​ပြေးပြခဲ့တယ်​... အယ်​လ်​ဂျာဇီယာလို အာရပ်​မီဒီယာကလည်း သနားစရာလုပ်​ရပ်​ဖြစ်​​အောင်​ ကမ္ဘာကို ငြီးငြူပြခဲ့တယ်​...။

ပြည်​ပကလည်း အစိုးရနဲ့တပ်​​ပေါင်းပြီး ဘဂါင်္လီ​တွေကို နှင်​ထုတ်​မှုလို့ စွပ်​စွဲခဲ့တယ်​... ဘဂါင်္လီမွတ်​စလင်​များ၏ Rallying Cryလုပ်​မှုကို အပြုံးတစ်​ချက်​မပျက်​ခဲ့...

ပြည်​တွင်းအတိုက်​အခံပါတီနဲ့ မိတ်​ဖက်​ပါတီ၊ မဘသ​တွေနဲ့ရခိုင်​အမျိုးသားပါတီကလည်း ကလည်း ​ဒေါ်စုအသုံးမကျလို့ ၊ နိုင်​ငံခြားသားကိုခေါ်လို့ ဒီလိုပြဿနာတတ်​ရပါတယ်​ဆိုပြီး
အသားထဲက​လောက်​ထွက်​ပြခဲ့တယ်​...

အားလုံးလက်​ညိုးထိုးခံရတာက ​ဒေါ်​အောင်​ဆန်းစုကြည်​... နှုတ်​ဆိတ်​သည့်​ quiet diplomacy ကို အသုံးပြုကာ အချိန်​တစ်​ခုထိ စိတ်​ရှည်​ရှည်​သည်းခံကာ ​စောင့်​ခဲ့သည်​...
ထိုအ​တောအတွင်း Amnesty international လို လူ့အခွင့်​အ​ရေးအဖွဲ့များက စစ်​တပ်​​ပေါ် လက်​ညိုးထိုး​နေသည်​ကို ကာကွယ်​​ပေးခဲ့သည်​... အရပ်​သားအစိုးရအား​ကောင်း ဖို့အတွက်​ တပ်​မ​တော်​ဘက်​မှ​နေ၍ ကြံ့ကြံ့ခံကာကွယ်​ကာ တာဝန်​ယူမှု၊ တာဝန်​ခံမှုအစိုးရတစ်​ရပ်​ကို performances ချပြနိုင်​ခဲ့သည်​...။ တပ်​မ​တော်​အ​ပေါ် အချိန်​တစ်​ခု​ပေးခဲ့သည်​...။ ရခိုင်​​မြောက်​ပိုင်းပြဿနာအ​ပေါ်တွင်​ စစ်​တပ်​ ကျူးလွန်​ခဲ့သည့်​ သူလိုချင်​သည့်​အစိုးရတစ်​ရပ်​ကို ခန့်​နိုင်​ရန်​ သူမကြိုက်​သည့်​အစိုးရတစ်​ရပ်​ကို ဖြုတ်​ချဖို့ လုပ်​​ဆောင်​ခဲ့သည်​...။ သည်​ပြဿနာ ​နောက်​ကွယ်​မှ အရှုပ်​​တော်​ပုံသည်​ ARSAကို ဘယ်​သူကပုံ​ဖော်​ခဲ့တာလဲဆိုတာပဲ ဖြစ်​သည်​...။

ARSAအကြမ်းဖက်​အဖွဲ့ကို အဓိက​ထောက်​ပံ့​နေသည်​မှာ Shine ​ဆောက်​လုပ်​​ရေးကုမ္ပဏီ
ပိုင်​ရှင်​ ​အောင်​​ဇော်​ဝင်း(ခ)​ဇော်​ကိရ်​အာမက်​ဖြစ်​သည်​... ၂၀၁၀ ​ရွေး​ကောက်​ပွဲတွင်​ ကြံ့ခိုင်​​ရေးပါတီမှ ဝင်​​ရောက်​အ​ရွေးခံရသည့်​ ဘဂါင်္လီအမတ်​သုံးဦးအနက်​မှတစ်​ဦးဖြစ်​သည်​...၂၀၁၈ခုနှစ်​ ​ဖေ​ဖော်​ဝါရီ၂၈ရက်တွင်​ ရန်​ကုန်​အပြည်ပြည်​ဆိုင်​ရာ​လေဆိပ်​၌ အဖမ်းခံခဲ့ရသည်​...​မောင်​​တောပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ဟောင်း ​အောင်​​ဇော်​ဝင်းသည်​၂၀၁၆ခုနှစ်​ ​အောက်​တိုဘာ ၉ရက်​​နေ့ နယ်​စပ်​ကင်းစခန်း ၃ခုအတိုက်​ခံရသည့်​ကိစ္စတွင်​ ပါဝင်​သည့်​ အကြမ်းဖက်​သမား၂ဦး၏ ထွက်​ဆိုချက်​အရ ငါးခူရနယ်​​မြေရဲစခန်းတွင်​ ရာဇသတ်​ကြီးပုဒ်​မ၃၀၂/၃၃၃/၃၀၇/၃၂၄/၃၄၊(ပ)၂၉/၂၀၁၆၊ ပြည်​သူပိုင်​ပစ္စည်းကာ
ကွယ်​​ရေး အက်​ဥပ​ဒေပုဒ်​မ-၆(၁)၊ (ပ)၃၀/၂၀၁၆ လက်​နက်​အက်​ဥပ​ဒေပုဒ်​မ၁၉(က)၊ ၃၈/၂၀၁၆ မတရားအသင်းအက်​ဥပ​ဒေပုဒ်​မ ၁၇(၁)ဖြင့်​ အမှုဖွင့်​ထားခြင်းခံရသည်​...

မောင်​​တော​ဒေသရှိ မွတ်​စလင်​၇သိန်း​ကျော်​အတွက်​ လိုအပ်​သည့်​ ကုန်​ပစ္စည်းများအားလုံး
ကို ရန်​ကုန်​မြို့မှ တိုက်​ရိုက်​​ပေးပို့ခြင်းဖြစ်​ပြီး၊ ​အောင်​​ဇော်​ဝင်းသည်​ ARSAနှင့်​တိုက်​ရိုက်​ဆက်​စပ်​​နေသည့်​ကို ထိုစဉ်​က အ​သေအချာမ​ပြောနိင်​​သော်​လည်း၊ ၂၀၁၆ တိုက်​ခိုက်​မှုဖြစ်​စဉ်​တွင်​ ဖမ်းဆီးခံရသည့်​အကြမ်းဖက်​သမား​ပြောကြားချက်​အရ ARSAအကြမ်းဖက်အဖွဲ့​ကို ​ငွေ​ကြေး​ထောက်​ပံ့​နေသည်​မှာ ​အောင်​​ဇော်​ဝင်းဖြစ်​​ကြောင်း ​ပေါ်လွင်​လာသည်​...။

ရွှေသမင်​ ဘယ်​ကထွက်​သလဲဆိုတာ​တော့ ရုပ်​လုံး​ပေါ်လာ​ပေပြီး...

၂၀၁၂ခုနှစ်​ကစပြီး ၆နှစ်​လုံးလုံးရှိခဲ့တဲ့ ဘဂါင်္လီ​တွေရဲ့ ​နေထိုင်​စား​သောက်​မှုဘဝ၊ ကုန်​သွယ်​မှုအားလုံးကို ရန်​ကုန်​မှ ထိန်းချုပ်​ထားပြီး၊ ဘယ်​သူ​တွေ ဦး​ဆောင်​​နေသလဲ၊ ဘယ်​​လောက်​ထိ ပါဝင်​ပတ်​သတ်​​နေသလဲဆိုတာ​တော့ အစိုးရတာဝန်​ရှိသူ​တွေ နက်​နက်​ရှိုင်းရှိုင်း
စုံစမ်းသင့်​တယ်​...

ယခု ၃လ ၁၇ရက်အချိန်​ထိ ​အောင်​​ဇော်​ဝင်းအမှုမှာ ရဲလုပ်​ငန်းစဉ်​များ စစ်​​ဆေးမှုမပြီး​သေးတာ​တော့... စွဲချက်​​တောင်​ မတင်​​တော့ဘူးလား ကို​ကျော်​​ဆွေ ခင်​ဗျား...

*********************************************

ရခိုင်​ပြည်​နယ်ပြဿနာသည်​ အဓိက​စောမည်းလက်​သစ်​များ​ကြောင့်​ ဘင်္ဂလီများ ​ခြေပုန်း
ခုတ်​ရာ​ဒေသဖြစ်​လာသည်​..။ နစကများ၊ ​ထောက်​ပို့တပ်​များ လာဘ်​စားရာ​ဒေသဖြစ်​လာသည်​...။ အ​ရှေ့​မြောက်​မှ မူးယစ်​​ဆေးဝါးများ ပြည်​ပသို့ ဖြန့်​ဖြူးရာလမ်း​ကြောင်း ဖြစ်​ခဲ့သည်​..။ အဆိုးဆုံးမှာ တ​ကျော့ပြန်​အာဏာရလို၍ ​ပေါက်​​ဖော်​၊ မာမူများဖြင့်​ ဘာသာ​ရေးအကြမ်းဖက်​ပုံစံဖြင့်​ ၂၀၁၂ခုနှစ်​အတိုင်း ကြိုးပမ်းခဲ့​သော်​လည်း အစိုးရသည်​ ထိုအ​ခြေအ​နေကို နိုင်​ငံ​ရေးပရိယာယ်​၊ သံတမန်​နည်းဗျူဟာဖြင့်​ ထိန်းနိုင်​ခဲ့သည်​.. ဖွဲ့စည်းပုံအရ ပုဒ်​မ-၄၁၇၊၄၁၈ ကြိုးပမ်းမှုများသည်​ မ​အောင်​မြင်​ပဲ လုံခြုံ​ရေးတပ်​များ၏ နယ်​​မြေရှင်း​လင်းမှုများက ကမ္ဘာ့မီဒီယာထက်​တွင်​ ​ဝေဖန်​ပြစ်​တင်​သံညံခဲ့သည်​... ထိုအ​ခြေအ​နေတွင်​ သတိမထားမိသည့်​အချက်​က လုံခြုံ​ရေးတပ်​များ၏ နယ်​မြေရှင်းလင်းမှုတွင်​ ဘင်္ဂလား​ဒေ့ရှ်​နှင့်​ OICတို့၏ မြန်​မာ့အစိုးရ​ပေါ်တွင်​ ထပ်​မံ ​ဘေးကျပ်​နံကျပ်​ဖြစ်​​စေရန်​ ရခိုင်​​ဒေသရှိ အ​ကြောင်းအမျိုးမျိုးနှင့်​ ​ရောက်​​နေ​သော ဘဂါင်္လီများကို တိုင်​ပင်​ကိုက်​အချက်​ပြပြီး ဘင်္ဂလား​ဒေ့ရှ်​ဘက်​သို့ အစုလိုက်​၊ အပြုံလိုက်​ ထွက်​လာနိုင်​ရန်​ ​ထောက်​ပံ့ကူညီ​ပေးမှုများ ရှိ​နေခြင်းပင်​ ဖြစ်​သည်​... ရှိတ်​ဟာဆီနာကို ထိုအချက်​ဖြင့်​ အလဲထိုးရမည်​...။

"​ကြောင်​နှင့်​​ညောင်​ကို သတိပြု၍ စုစုစည်းစည်းနှင့်​ သိပ်​သည်းတတ်​​စေ"...

သက္ကရာဇ်​၇၃၄ခုနှစ်​တွင်​ ရခိုင်​ဘုရင်​ မင်းဘီလူးနတ်​ရွာစံသဖြင့်​ ရခိုင်​သားတို့က ရခိုင်​ပြည်​ကို အုပ်​ချုပ်​ရန်​ ​တောင်းဆိုသဖြင့်​ အင်းဝဘုရင်​ မင်းကြီးစွာ​စော်​ကဲသည်​ ဦးရီး​တော်​​စောမွန်​ကို အုပ်​ချုပ်​ရန်​ ​စေလွှတ်​ရာ အသိဥာဏ်​ကြွယ်​ဝစွာဖြင့်​ အုပ်​ချုပ်​ခဲ့​သော​ကြောင့်​ သာယာဝ​ပြောခဲ့သည်​..ဦးရီး​တော်​​စောမွန်​ နတ်​ရွာစံသဖြင့်​ ၎င်း၏ ကျွန်​ယုံ​စောမည်းကို ​နေရာ​ပေးလို​သော​ကြောင့်​ အမတ်​ကြီးဘိုးရာဇာအစရှိ​သော မှူးမတ်​များနှင့်​ မတိုင်​ပင်​ပဲ လွှတ်​လိုက်​သည်​...။ ​စောမည်းသည်​ မိုက်​မဲသူဖြစ်​​သော​ကြောင့်​ မကြာခင်​ ရခိုင်​သားများ ထကြွလာကြသည်​... မင်းကြီးစွာ​စော်​ကဲသည်​ မှူးမတ်​များနှင့်​တိုင်​ပင်​ရာမှ အမတ်​ကြီးဘိုးရာဇာသည်​ အထက်​ပါ နိုင်​ငံ​ရေးပရိယာယ်​ပါ​သော စာလွှာကို ​စောမည်းထံ​ပေးပို့ လိုက်​သည်​...

စောမည်းသည်​ စာရသည့်​နှင့်​ ရှိသမျှ​ကြောင်​ကိုသတ်​၊ ​တွေ့သမျှ​ညောင်​ကို ခုတ်​ရာ ရခိုင်​ပြည်​နယ်​တွင်​ ​ကြောင်​နှင့်​​ညောင်​ပင်​မှာမျိုးတုန်းလုမတတ်​ဖြစ်​သွားသည်​..ရခိုင်​သားတို့ တိုး၍ မ​ကျေနပ်​ရာမှ ထကြွပုန်​ကန်​ရာ ရခိုင်​ပြည်​နယ်​ကို လက်​လွှတ်​ဆုံးရှုံးခဲ့ရသည်​...

အမှန်​​တော့ အုပ်​ချုပ်​ရာတွင်​ ​ကြောင်​ကဲ့သို့ လက်​သည်းဝှက်​ချိန်​ဝှက်​၊ ထုတ်​ချိန်​တန်​ထုတ်​ဖို့၊ ​ညောင်​ပင်​ကဲ့သို့ လူအများနားခိုနိုင်​သည့်​ အရိပ်​အာဝါသ​ကောင်းဖြစ်​​စေရန်​ စကားရိပ်​ဖြင့်​ ​ရေးသားခဲ့ခြင်း ဖြစ်​သည်​...
.
.
.

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​ ၂၀၁၈ခုနှစ်​ ဇွန်​လ၁၅ရက်တွင်
တီ​မောလက်​​စ်​တေ သမ္မတ​ဟောင်း နိုဘယ်​ဆုရှင်​ ဝါရင့်​ဝန်​ကြီး အမျိုးသားလုံခြုံ​ရေးဆိုင်​ရာ အကြံ​ပေးပုဂ္ဂိုလ်​ ဟို​ဆေးရာမိုစ့်​​မော်​တာ၊ တရုတ်​ပြည်​သူ့ သမ္မတနိုင်​ငံ နိုင်​ငံ​တော်​​ကောင်​စီဝင်​နှင့်​ ကာကွယ်​​ရေးဝန်​ကြီး ဗိုလ်​ချုပ်​ကြီး​ဝေဖန်​​ဟော်​(General. Wei Fenghe)၊ အ​မေရိကန်​ပြည်​​ထောင်​စု အိမ်​ဖြူ​တော်​ဆိုင်​ရာ အမျိုးသားလုံခြုံ​ရေး​ကောင်​စီ၊ အာရှ​ရေးရာအကြီးတန်းအရာရှိ ညွှန်​ကြား​ရေးမှူး မစ္စတာ မတ်​ပွန်​တီဂျာ (MR.Matt Pottinger)တို့ကို တစ်​ရက်​တည်း ​တွေ့ဆုံခဲ့သည်​...

ရခိုင်​​မြောက်​ပိုင်းပဋိပက္ခအတွက်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​သည်​ ဂန္တဝင်​​မြောက်​လှ​သော နိုင်​ငံ​ရေးကစားကွက်​ကို စတင်​​ဖော်​ညွှန်းလာ​ပေပြီး...။

ဟို​ဆေးရာမိုစ့်​​မော်​တာကို လွတ်​လပ်​​သောစုံစမ်းစစ်​​ဆေး​ရေး​ကော်​မရှင်​တွင်​ ဦး​ဆောင်​ရန်​အတွက်​ဆိုတာ​တော့ ကျိန်း​သေ​ပေါက်​ပင်​..အင်​ဒိုနီးရှားမှ ခွဲထွက်​ခဲ့​သောအ​ရှေ့တီ​မောသည်​ ရခိုင်​ပဋိပက္ခအတွက်​​ဖြေရှင်းဖို့ အ​တွေ့အကြုံများစွာရှိသည်​မှာ ​ပြောရန်​မလို...

တရုတ်​ကာကွယ်​​ရေးဝန်​ကြီးနှင့်​ အ​မေရိကန်​အိမ်​ဖြူ​တော်​ အာရှ​ရေးရာ ညွှန်​ကြား​ရေးမှူး တို့ကို ​တွေ့ဆုံခြင်းမှာ ကမ္ဘာ့ကုန်​သွယ်​​ရေးနှင့်​ ပထဝီနိုင်​ငံ​ရေးအတွက်​ အိန္ဒိယသမုဒ္ဒရာထွက်​​ပေါက်​စင်္ကြန်​ကို ဗဟိုချက်​မယူထားနိုင်​သည့်​ မြန်​မာနိုင်​ငံ၏ အ​နေအထားကို တစ်​ကမ္ဘာလုံးက အာရုံစိုက်​လာခြင်း​နောက်​ကွယ်​၌ ရခိုင်​ပဋိပက္ခ၏ ဇစ်​မြစ်​ကို ထင်​ထင်​ရှားရှား
ဖန်​တီးလို၍ ဖြစ်​သည်​.. ယခုချိန်​ထိ ပြည်​တွင်းအတိုက်​အခံများနှင့်​ စစ်​တပ်​အား​ပေး​ထောက်​ခံသူများ၊ စစ်​​လော်​ဘီများက​တော့ ကန့်​ကွက်​လို့​ကောင်း​နေဆဲ...

ပါးနပ်​၍ အကွက်​မြင်​လှ​သော တရုတ်​သည်​ လက်​ရှိအ​ခြေအ​နေတွင်​ မြန်​မာအစိုးရအ​ပေါ်
မက်​လုံး​ပေး၍ ပြည်​တွင်းငြိမ်းချမ်း​ရေးကို အားထည့်​လုပ်​​ဆောင်​ရုံမှတပါး အခြားမရှိ​တော့... ရှီကျင့်​ဖျင်​ အရမ်း​မျှော်​လင့်​​နေ​သော ပိုးခါးပတ်​စီမံကိန်း စုံးစုံးမြုပ်​သွား​ပေလိမ့်​မည်​... အ​မေရိကန်​အတွက်​​တော့ တရုတ်​တို့ အိန္ဒိယသမုဒ္ဒရာထွက်​​ပေါက်​ကို မည်​သည့်​နည်းဖြင့်​မျှ ​ပေးမည်​မဟုတ်​ပဲ၊ အိန္ဒိယ၏ BCIMဖြင့်​သာ တွဲလုပ်​ဖို့ တွန်းအား​ပေးလိမ့်​မည်​..ရခိုင်​အ​ရေးကို​တော့ အစိုးရ​ပေါ်ကူညီ​ဆောင်​ရွက်​​ပေးရန်​၊ မွတ်​စလင်​နိုင်​ငံများကို ထိန်း​ပေးရန်​ အာမခံ​ပေလိမ့်​မည်​...

ဆရာရဲထွဋ်​ရေ...

ဒီက​နေ့ ကမ္ဘာမှာ ​ဒေါ်​အောင်​ဆန်းစုကြည်​စကားကို နား​ထောင်​မယ့်​ ​ခေတ်​မဟုတ်​​တော့ဘူးဆို.....

ကျ​နော်​သာဆို ကိုယ့်​မျက်​နှာကို ဓားနဲ့ လှီးပစ်​လိုက်​ပြီးကွာ... ​တောင်းပန်​လိုက်​ အ​မေစုက ​မေတ္တာကြီးတယ်​ကွာ... မင်းအဘ​တွေ ICCမ​ရောက်​​ပေမယ့်​၊ ​ပေါက်​​ဖော်​ကြီးက​တော့ သူတို့ အကျိုးစီးပွားအတွက်​ မင်းအဘ​တွေကို လားပင်​စင်​​ပေးလိမ့်​မယ်​...ခံနိုင်​ရည်​ရှိ​အောင်​ ကြိုးစားပါလို့ပဲ... ရုရှား​တော့ သွားမကပ်​နဲ့ဆရာ..​မော်​စကိုဆိုတဲ့အဓိပ္ပာယ်​သိတယ်
မဟုတ်​လား...

..........ဒုတိယပိုင်း(ဇာတ်​သိမ်း) ဆက်​ရန်​...။

Written by:
A.M.H#(Irony)

Photo Credit #


https://m.facebook.com/story.php?story_fbid=143463123193379&id=100025890763048

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပုပ်​လို့​ပေါ် ၊ ဟုတ်​လို့​ကျော်​... (ပထမပိုင်း)”

Post a Comment

Related Posts Plugin for WordPress, Blogger...