Wednesday, September 19, 2018

ခွင့်သာခိုက်မှမလိုက်ချင်လျှင်

,
သန်းရွှေဟာ..စိတ်ကြိုက်ကာချုပ်ကို ရွေးခန့်ပြီး..ထိုးကျွေးထားတာပါ။
ဖွတ်အသင်းကနေ ဖွတ်ပါတီ ထူထောင်ပြီး..သန်းရွှေဟာ..သူ့လူယုံ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့နောက်လိုက်အချို့ကို ထိုးကျွေးခဲ့ပါတယ်။

သူ..
ထိုးကျွေးမဲ့သူတွေကို...သူခိုးဇတ် အရင်သွင်းရပါတယ်။
အမျိုးဘာသာ သာသနာ ဂျင်းလေးထည့်ပြီး ကယ်တင်ရှင်ဂျင်းလေးလည်းထည့် ခဲ့ရပါတယ်။
ကိုယ်တပ်ပ ဂျင်းလေးလည်း ပါတာပေါ့။
…………
၂၀၀၈ ခြေဥကလည်း...ဖွတ်ပါတီ..၂၆ %လေးနိုင်တာနဲ့..လွှတ်တော်ထဲက တမတ်သားပေါင်းပြီး..အစိုးရဖွဲ့ရုံဘဲ။

ဘောင်းဘီလေးတွေချွတ်၊ ပုခုံးပေါ်ကအခွေလေးတွေဖြုတ်။
တိုက်ပုံနဲ့ ချိတ်တမီဝတ်ပြီး..
အာဏာကို ဆက်ချုပ်ကိုင်ထားမယ်။ သာသာယာယာဘဲပေါ့။
………
ပြည်ထဲရေး ဌာန၊ ကာကွယ်ရေးဌာန။ နယ်စပ်ရေးရာ ဌာနတွေကိုလည်း..စစ်တပ်ကဘဲ ချုပ်ကိုင်စီမံခွင့်ရအောင် ၂၀၀၈ နာဂစ် မှာ ထည့်ရေးပြီးလိမ်ညာ အတည်ပြုခဲ့ပါတယ်။
အပိုင်ပေါ့နော်။
ဗုဒ္ဓဘာသာများတော့..
ဘာသာရေးဂျင်းထည့်ရင်..
ဘာလိုသေးလဲ အချစ်လေးရယ်ဆိုပြီး..မဘသ လေးကလည်းဖွဲလိုက်တော့..အပီပေါ့။

ဒီလိုတွက်တာကိုး။
…………
ကျောက်ဆည်က ဆင်ငမိုက်သား သန်းရွှေ ဟာ..ပိုင်ပါတယ်ကွာဆိုပြီး ဒီမိုကရေစီ အရေ
ခြုံ ဖို့ ခြေလှမ်း စလှမ်းတယ်။

ပြည်သူ့ပါတီ NLD ဟာ..၂၀၁၀
ရွေးကောက်ပွဲမှာ..ဝင်မပြိုင်ဘဲ..
”ဟ” ပေးလိုက်ပါတယ်။
(NLD ဟာ..၁၉၉၀ လွန်ခဲ့တဲ့၂၈ နှစ်ထဲက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီ၊သန်းရွှေနဲ့ခင်ညွှန့်အပေါင်းပါတစုဟာ..အဲဒီ ရွေးကောက်ပွဲရလာဒ်ကို ဘလိုင်းကြီးဖျက်သိမ်းခဲ့တာ..ခုထိ)
၂၀၁၀ မှာ...
ဘောင်းဘီချွတ်အဘ ဖွတ်ပါတီနိုင်တယ်ပေါ့။
ဒါတောင် ကြိုတင်မဲတွေ ဘယ်ကမှန်း မသိဘဲ ရောက်လာပြီး..အနိုင်ယူခဲ့ပါတယ်။
ကျနော်တို့ ခက်ခက်ခဲခဲ အစိုးရဖြစ်လာရပါတယ် လို့ဖွင့်ဟတဲ့သူတွေရှိခဲ့တယ်နော်။
………

ဆင် ငမိုက်..နာဠာဂီရိရဲ့အမျိုး..သန်းရွှေဟာ...၂၀၁၀ကနေ..စပြီး ကျုံးထဲကို တဖြေးဖြေး ဆင်းသက်လာတာပါ။

ဘာကျုံးလဲ။

ဒီမိုကရေစီ အရေခြုံပြီး အပိုင် အာဏာကို ချုပ်ကိုင်ထားလို့ရပြီဆိုတော့..သူစိတ်အေးသွားရပါပြီ။ မီဒီယာတွေ ၊ဖေ့စဘွတ်တွေ..အကုန်ဖွင့်ပေးပြီး.လိုက်တာပါ။
သူဒါတွေကို ဖွင့်ပေးတာဟာ..အကြောင်းအရာ၂ချက်အပေါ် မူတည်ပြီးဖွင့်ပေးခဲ့တာ။
(၁) ဒီမိုကရေစီ အစိုးရလို့ ကမ္ဘာက ထင်မြင်ပြီး သူတို့အပေါင်းပါတစုအပေါ် ကမ္ဘာဖိအားတွေလျော့ကျပြီး ခိုးရာပါတွေနဲ့ သာသာယာယာ နေနိုင်ဖို့။

(၂) အရေခြုံ ဘောင်းဘီချွတ်ဖွတ်ပါတီ ၂၆% လေးနိုင်ဖို့ အတွက်..တိုင်းပြည်ကို မီဒီယာ၊ဖေ့စဘွတ်က တဆင့်
ဘာသာရေး လူမျိုးရေး..ဂျင်းထည့်ရန်။

သန်းရွှေ စိတ်ကူးက ဒါပါဘဲ။
………

ပါးနပ်လှတဲ့ တိုင်းသူပြည်သားတွေဟာလည်း...
ဒါကိုအသုံးချပြီး
တိုင်းပြည်ကို မျက်လုံးဖွင့်ပေးနိုင်ခဲ့တယ်။

တကယ်တော့..သန်းရွှေရဲ့..တွက်ကိန်းဟာ.မီဒီယာနဲ့..ဖေ့စဘွတ်ကို ဖွင့်ပေးလိုက်ရတဲ့ ကိစ္စဟာ..သူကိုယ်တိုင် ကျုံးထဲပြန်ဝင်သွားရမယ်ဆိုတာကို နားမလည်ခဲ့ဘူး။

နောက်တချက်က..ကမ္ဘာကြီးရဲ့.ခေတ်ကာလ ရေစီးကြောင်းကို နားမလည်ခဲ့ဘူး။

နောက်ပြီး မြန်မာနိုင်ငံသားတွေကို..စောက်ချဉ်တွေ ဆိုပြီး လျော့တွက်ခဲ့တယ်လေ။
……………
၂၀၁၅ မှာ
 ကျုံးထဲဝင်သွားပြီဖြစ်တဲ့ ဆင် ငမိုက်သားကို NLD ကမြင်လိုက်ပါပြီ။
အပ်တိုတချောင်းမရှိဘဲ လူထုနှလုံးသားကို အာကိုးတဲ့..NLD
၂၀၁၅ မှာ သန်းရွှေခြေဥအောက်ကနေ..ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ နိုင်ပါပြီ။
သန်းရွှေနဲ့ အပေါင်းပါတစု..ရှော့ ရသွားပါတယ်။
ဘာသာရေးဂျင်းလည်း ထည့်ထားရက်သားနဲ့။
လူမျိုးရေးဂျင်းလည်း ထည့်ထားရက်သားနဲ့။
မဲလက်မှတ်ကောက်တဲ့အဖွဲ့
ရွေးကောက်ပွဲကော်မရှင်ကိုလည်း..ဒုဗိုလ်ချုပ်ကြီးတယောက်ကိုင်ပြီး..မဲစာရင်းတွေကို အမျိုးမျိုးလုပ်၊ ၃၀%ဘဲမှန်မယ်ဆိုပြီး မဲပေးသူတွေကို ဒုက္ခပေးထားရက်သားနဲ့။

၂၆%လေး အမတ်ရတာနဲ့ အစိုးရဖွဲ့နိုင်ရဲ့သားနဲ့...
ဘာကြောင့် ခွက်ခွက်လန် ရှုံးခဲ့ရသလဲပေါ့။
…………
မီဒီယာကျုံး။ဖေ့စဘွတ်ကျုံး။
ခေတ်ရေစီးကြောင်းကျုံးထဲကို
သက်ဆင်းခဲ့ရတဲ့..သန်းရွှေဟာ..
မဘသ နဲ့မွှေဖို့ ကြံပါတယ်။
ပြည်သူ့အစိုးရက ကောင်းစွာထိမ်းချုပ်နိုင်ခဲ့တယ်။

ရခိုင်အရေးနဲ့ ဥပဒေမဲ့..လုပ်ရပ်တွေလုပ်ပြီး..အစိုးရခေါင်းပေါ်ပုံချရေး လုပ်ခဲ့ပါတယ်။
ဒါကလည်း..အတော်အတန် သက်ရောက်ပေမဲ့ ပါးပါးလေးပါ။
နောက်ဆုံးတော့ သန်းရွှေထိုးကျွေးထားသူတွေဟာ...
ထမီခြုံရတဲ့ ဘဝ ကိုရောက်ရပါတော့တယ်။
ပြည်သူ့အစိုးရကလည်း..
တိုင်းပြည်ကို တိုးတက်စေချင်တာဖြစ်လို့...
ထမီခြုံချင်ရင်..ဘာလုပ်ရမယ်ဆိုတဲ့...
Give and take ပြန်တောင်းဆိုမှာတော့ မလွဲပါဘူး။
(ဒါက ကျနော်အယူအဆပါ)
………
အခု ပြည်သူ့ချဉ်ဖတ်ဘဝနဲ့ တိုင်းပြည်တပ်မတော်ကို ဆက်လက်ထိမ်းချုပ်ပြီး သန်းရွှေကို ကာကွယ်မလား။

သန်းရွှေ ထိုးကျွေးထားတာကို သိပြီး..တိုင်းပြည်အတွက် မျက်နှာ မူမလား။
စားဖားဇတ်သွင်းခံထားရလို့..
ငါတို့ပြန်ဒုက္ခပေးခံရမလားဆိုတဲ့ အတွေးကို ဖယ်ပြီး..ပြည်သူ့အစိုးရနဲ့..အနီးကပ် ကူညီဖို့ အချိန်တန်ပါပြီ။
ဒါအကောင်းဆုံးထွက်ပေါက်ပါဘဲ။

ကျောက်ဆည်က ဆင်မိုက်ကတော့..သူ့အတွက် သူထိုးကျွေးထားသူတွေကို ကြပ်ပေးမှာဘဲ။

ဒေါ်အောင်ဆန်းစုကြည်ရှိစဉ်ကာလမှာ..မှန်ကန်တဲ့ထွက်ပေါက်ကို ရွေးချယ်နိုင်ဖို့လိုပါတယ်။
သြဇာ ရှိတဲ့ ဗိုလ်ချုပ်သမီးဟာ...
မေတ္တာ နိုင်ငံရေးနဲ့ သွားမယ်လို့
ရှင်းလင်းစွာပြောထားလို့ဘဲ။

ခွင့်သာခိုက်မှာ..မလိုက်ချင်ရင်။
ကာလ ဒေသ ကို ကောင်းစွာအသုံးမချတတ်ရင် သားရီးတို့သမိုင်းကိုယ်တိုင်ရေးပေတော့။

ကိုယ့်ဘဝ ကိုယ်သာတွေးကြပေတော့။

သားရီးတို့ မျိုးဆက်တွေ ခွေးဖြစ်ကြမှာစိုးလို့ပါ။

ဘဝက တိုတိုလေးရယ်။
အနိစ္စ အမြဲမရှိခြင်းဆိုတဲ့တရားကို နှလုံးသွင်း။
ဒါ..စင်္ကြဝဠာကြီးရဲ့ အမှန်တရားတခု ဆိုပြီး ဘုရားဟောခဲ့တာ။

အနိစ္စ။
ဘယ်လိုလဲ....အမြဲမရှိခြင်း။
ပြန်ပြောမယ်။ အမြဲ မရှိခြင်း။
ပေါက်လား သားရီးတို့။

သားရီးတို့က ဟောရင်းသာပျံလွန်တော်မူသွားမယ်။
နားလည်မဲ့ဟာတွေ မဟုတ်ဘူးလို့ လူထု အထင်သေးနေကြတယ်။
ရိုးသားပြလိုက်ပါ သားရီးတို့။
😁😁😁

AKT🇲🇲

🇹🇼မောင်မာ(မုံရွာသား)


https://m.facebook.com/groups/1126373157400471?view=permalink&id=1892955364075576

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခွင့်သာခိုက်မှမလိုက်ချင်လျှင်”

Post a Comment

Related Posts Plugin for WordPress, Blogger...