Monday, September 17, 2018

ထောင်​စုနှစ်​တစ်​ခု၏အ​ကောင်းဆုံးအုပ်​ချုပ်​​ရေး...၅

,
အပိုင်း၃နဲ့၎ကို community Standar ဆိုပြီး fb က ဖြုတ်​ချလိုက်​ပါတယ်​။ကျ​နော်​၅ပြန်​​ရေးပါတယ်​။
ကိုလိုနီ​ခေတ်​မြန်​မာနိုင်​ငံအ​ခြေ​နေကိုတစ်​ချို့တစ်​၀က်​​ဖော်
ပြီးတဲ့​နောက်​ ကိုလိုနီ​ခေတ်​ရဲ့ ထင်​​ပေါ်​ကျော်​ကြားတဲ့လူသား​တွေဖြစ်​တဲ့ ချစ်​တီး​တွေအ​ကြောင်း​ပြောဖို့လိုလာတယ်​။ဒါ​ကြောင့်ဒိုင်​အာခီကိုဒီမှာခဏရပ်​ထားပြီး ချစ်​တီးနဲ့ ချက်​တီးယားဘဏ်​စနစ်​(Chettiar Banking System)
အ​ကြောင်းကိုအနည်းငယ်​​ပြောရပါမယ်​။

ဘာ​ကြောင့်လဲဆို​တော့ မြန်​မာပြည်​မှာ ချစ်​တီးယားဘဏ်​စနစ်​သာမရှိခဲ့ရင်​စီးပွား​ရေးဖွံ့ဖြိုးတိုးတက်​ဖို့ဆိုတာဘယ်​လိုမှ
မဖြစ်​နိုင်​ဘူး။အဲဒီချက်​တီးယားဘဏ်​စနစ်​​ကြောင့် ကိုလိုနီ​ခေတ်​မြန်​မာပြည်​ဟာ အ​ရှေ့ ​တောင်​အာရှမှာအချမ်းသာဆုံးတိုင်း
ပြည်​ဖြစ်​ခဲ့တာ​ဖြစ်​ပါတယ်​။ဗမာ့စီးပွား​ရေးသမိုင်းမှာ ပ​ဒေသရာဇ်​​ခေတ်​မှာ ၀မ်းစာစပါးစိုက်​ပျိုး​ရေးအဆင့်သာရှိခဲ့တယ်​။ပိုလျှံသမျှကိုဘုရင်​ကိုအခွန်​ဘဏ္ဍာဆက်​သရတယ်​။စစ်​မှုထမ်းဖို့လိုလာရင်​လုပ်​ခလစာ​ပေးတဲ့စနစ်​မဟုတ်​လို့အလကားစစ်​မှုထမ်း​ပေးရတယ်​။လုယက်​ခွင့်နဲ့မုဒိမ်းမှုကျူးလွန်​ခွင့်ကို ​ပေးတဲ့အ​ထောက်​ထား​တွေလည်းရာဇ၀င်​ကြီး​တွေအရ​တွေ့ရတယ်​။အလကားစစ်​တိုက်​​နေရတဲ့စစ်​သည်​​တွေဟာ စစ်​ပမ်းလာတဲ့အခါ ဘာဖြစ်​မယ်​ဆိုတာအားလုံးသိကြမှာပါ။စစ်​ဥပ​ဒေ၊စစ်​နဲ့ဆိုင်​တဲ့သုံ့ပန်းဥပ​ဒေ​တွေအပြင်​ ဂျနီဗာကွန်​​ဗေးရှင်းလို အရာ​တွေမရှိ​သေး​တဲ့​ခေတ်​ကာလဖြစ်​တာမို့ ဒါ​တွေကိုမဖြစ်​ခဲ့ပါဘူးလို့​ပြောစရာအ​ထောက်​ထားဘာတစ်​ခုမှမရှိဘူး။

ကိုလိုနီ​ခေတ်​​ရောက်​​တော့ လူဦး​ရေကနည်း၊​မြေသြဇာကသိပ်​​ကောင်း​နေတဲ့ မြန်​မာပြည်​မြစ်​၀ကျွန်း​ပေါ်​ဒေသကို အင်္ဂလိပ်​ကုန်​သည်​ကြီး​တွေနဲ့အိန္ဒိယသားကုန်​သည်​ကြီး​တွေက မျက်​စိကျလာတယ်​။သက်​ဦးဆံပိုင်​​ခေတ်​က ပြည်​သူ​တွေဟာဝမ်းစာစပါးကလွဲပြီးကျန်​တာဘာမှခံစားခွင့်မရှိလို့ ဘယ်​သူမှလည်း​လောဘကြီးပြီးစိုက်​ပျိုးဖို့စိတ်​ကူးမရှိခဲ့ကြဘူး။ကိုလိုနီ​ခေတ်​ကျ​တော့ ကိုယ်​လုပ်​ရင်​လုပ်​သ​လောက်​အကျိုးအမြတ်​ရလာတယ်​။ဗြိတိန်​အစိုးရက ​မြေလွတ်​​မြေရိုင်း​တွေကို ဆန်​စပါးစိုက်​ပျိုးထုတ်​လုပ်​ဖို့အတွက်​ လယ်​​မြေ​တွေအဖြစ်​​ပေးတယ်​။သို့​သော်​ လယ်​ထွန်​ဖို့ကုန်​ကျစာရိတ်​မရှိဖြစ်​ကြရတယ်​။

လယ်​ယာ​မြေတိုးချဲ့လုပ်​ကိုင်​ဖို့အရင်းအနှီးလိုတယ်​။ပ​ဒေသရာဇ်​​ခေတ်​မှာ စု​ဆောင်းထားတာဘာမှမရှိသလို စီးပွား​ရေးလည်းမရှိဘူး။အဲဒီမှာလယ်​ယာစိုယ်​ပျိုးဖို့အတွက်​ ​ငွေလိုလာ​တော့ အရပ်​ထဲလှည့်​လည်​ပြီး​ငွေတိုး​ချေးစားတဲ့အလုပ်​ကိုလုပ်​ကိုင်​ကြတဲ့အိန္ဒိယ​တောင်​ပိုင်းသား ​ငွေတိုး​ချေးစားတဲ့ ချစ်​တီး လို့​ခေါ်တဲ့ ဟိန္ဒူကုလား​တွေကိုအင်္ဂလိပ်​က​ခေါ်သွင်းလာတယ်​။ချက်​တီးယားဘဏ်​က​ငွေကို ချစ်​တီးက ​ချေးယူပြီး လူထုကိုတစ်​ဆင့်အတိုးနှုန်းအနည်းငယ်​တင်​ကာ ပြန်​လည်​​​ငွေတိုးချ​ပေးတာဖြစ်​ပါတယ်​။ကိုလိုနီ​ခေတ်​တစ်​​လျှောက်​လုံးဗမာလယ်​သမား​တွေကိုအဓိက​ငွေ​ချေးတာ ချစ်​တီး​တွေဖြစ်​တယ်​။ချစ်​တီး​တွေက ဘဏ်​ကအတိုးနဲ့ယူတယ်​။အဲဒီအတိုး​ပေါ်ကိုထပ်​တင်​ပြီးလူထုကိုပြန်​​ချေးတယ်​။ဒါ​ပေမဲ့ ချစ်​တီးအတိုးဟာ သင့်တင့်​လျှောက်​ပတ်​တဲ့အတိုးနှုန်းသာဖြစ်​ပါတယ်​။မြန်​မာမျိုးချစ်​သမိုင်းဆရာ​တွေလိမ်​လည်​လှည့်​ဖျားခဲ့လို့သမိုင်းအမှန်​ဟာဖုံးကွယ်​​နေခဲ့ရတာဖြစ်​တယ်​။ကျောင်း​တွေမှာလည်း ဒီအတိုင်းပဲရိုက်​သွင်းတယ်​။

ဗမာလယ်​သမား​တွေဟာစနစ်​တကျ​ချွေတာစု​ဆောင်းတတ်​သူ​တွေဖြစ်​ခဲ့မယ်​ဆိုရင်​အချိန်​ကာလအတိုင်းတာတစ်​ခုအတွင်း
ကြွယ်​၀ချမ်းသာလာဖို့အ​ခြေ​နေ​ပေးခဲ့ပါတယ်​။သို့​သော်​ ဗမာ​တွေဟာ​ငွေစုတတ်​သူ​တွေမဟုတ်​ဘူး။၀င်​​ငွေနည်းတဲ့အခါနည်းတဲ့အ​လျှောက်​အကုန်​သုံးကြသလို ၀င်​​ငွေတိုးလာတဲ့အခါပိုပြီးသုံးဖြုန်းကြတာဖြစ်​တယ်​။စပါး​ပေါ်ချိန်​စပါး​ရောင်းပြီး​ငွေရတဲ့အခါ​နောင်​နှစ်​အတွက်​ စာရိတ်​စာကဖယ်​ထားတယ်​ဆိုတာမရှိဘူး။ချစ်​တီးကိုလည်းအတိုးပဲဆပ်​တယ်​။သုံးမယ်​ လှူမယ်​ လိုရင်​ထပ်​​ချေးနဲ့ ​နောက်​ဆုံး မ​ပေးနိုင်​​တော့တဲ့အခါ လယ်​ယာ​မြေကိုချစ်​တီးလက်​ထဲထိုးအပ်​ရတဲ့အ​ခြေစိုက်​ကုန်​ကြရတာဖြစ်​တယ်။

လှူတာကသုံးကျပ်​။မဏ္ဍုပ်​တိုင်​တက်​ပြဖို့ ကုန်​ကျစရိတ်​က ၁၀​လောက်​ကုန်​တယ်​။စပါး​ရောင်းပြီး ​ငွေ​ပေါ်တဲ့အခါ အ​ကြွေးဆပ်​တာ၊စု​ဆောင်းသိမ်းဆည်းတာ၊​နောင်​နှစ်​အတွက်​အရင်းအနှီးဖယ်​စုတာ စတာ​တွေကို စိတ်​မ၀င်​စားဘူး။လုပ်​လည်းမလုပ်​ဘူး။လိုရင်​ထပ်​​ချေးတယ်​။ကြာ​တော့မဆပ်​နိုင်​ဘူးဖြစ်​လာတယ်​။ချစ်​တီးသိမ်း​တော့တာ​ပေါ့။ချစ်​တီးကမရ ရတာ အကုန်​သိမ်းတယ်​။သမီးပါသိမ်းတယ်​။ချစ်​တီးမ​ကောင်းဘူးလားဆိုရင်​မ​ကောင်းဘူး​ပေါ့။သို့​သော်​ ချစ်​တီးမ​ကောင်းတာ ဗမာ​တွေအ​ပေါ်မှာပဲ မဟုတ်​ဘူး။အကုန်​လုံးအ​ပေါ် လူမျိုးဘာသာမခွဲခြားဘဲမ​​ကောင်းတာ။ဗမာကိုသိမ်းသလို ကုလားချင်းလည်းမရဘူး။သိမ်းတာပဲ။အိန္ဒိယသားနင်းပြား​တွေ၊ကူလီ​တွေလည်း ဗမာနည်းတူ ခံကြရတာပဲ။အိန္ဒိယမကိုလည်းသိမ်းတယ်​။ဗမာမလည်းသိမ်းတယ်​။မိန်းမဆိုတဲ့အမျိုးကလည်းသိတဲ့အတိုင်းပဲ လူမျိုးဘာသာမ​ရွှေးစားသုံးနိုင်​သည်​ဆိုတဲ့ အရာ။အဲ့​တော့သိမ်းတယ်​။ဒီ​နေ့မိန်းမသိမ်းတဲ့အစဉ်​အလာမရှိ​တော့​ပေမဲ့ တရုတ်​နဲ့ဗမာက ရပ်​ကွပ်​ထဲ အမိန့်​ရ​ရော အမိန့်​မရ​​ရော အတိုးကြီးစား​နေကြတာပါပဲ။ဘယ်​ဘာသာ​ရေးသမားမှဟန့်​တားတယ်​မ
ကြားမိဘူး။

အဲ​တော့ ချစ်​တီးကိုလည်း သိပ်​ပြီးထူးထူးခြားခြားမုန်းဖို့မသင့်ဘူးလို့ထင်​တယ်​။ချစ်​တီးအ​သေး၊အငယ်​၊အလတ်​၊အကြီး ဒါပဲကွာတယ်​။စာရိတ္တကအတူတူပဲ​လေ။အကယ်​၍ဗမာ​တွေကအင်္ဂလိပ်​စာတတ်​ပြီး အင်္ဂလိပ်​ဘဏ်​သ​ဘောတရားကိုနားလည်​ရင်​ ချစ်​တီယားဘဏ်​က တိုက်​ရိုက်​​ငွေ​ချေးနိုင်​တယ်​။ဒါအပြင်​ ချစ်​တီးအ​ကြွေး​ကြေမှသုံးဖြန်း​ပျော်​ပါးလှူဒါန်းမယ်​ဆိုရင်​ ဒီလိုနစ်​နာမှာမဟုတ်​ဘူး။ဗမာ​တွေဟာ သက်​ဦးဆံပိုင်​ဘုရင်​စနစ်​​အောက်​ကလွတ်​ခဲ့​ပေမဲ့ စာမတတ်​သူ၊စီးပွား​ရေးအ​ကြောင်း၊ကမ္ဘာကြီးအ​ကြောင်းဘာတစ်​ခုမှ​ရေ​ရေရာရာမသိဘူး။အရင်းအနှီးကြည့်​ရင်​လည်း သက်​ဦးဆံပိုင်​​ခေတ်​မှာ ဘာခြူးတစ်​ပြားမှမရှိဘူး။ပိုရင်​ဘုရင်​သိမ်းတာ။ထားရာ​နေ​စေရာသွား ​နေရတာ။စီးပွား​ရေးဆိုတာ ​ငွေအရင်းအနှီးမြုပ်​နှံပြီး ရရှိလာတဲ့အကျိုးအမြတ်​ကိုစားသုံးတာပါ။အရင်းအနှီးမရှိရင်​ကာယအား၊ဥာဏအားကိုမြုပ်​နှံပြီး ရရှိလာတဲ့ အကျိုးအမြတ်​ကိုစားသုံးတာဖြစ်​တယ်​။အရင်းအနှီးမတည်​​ငွေကို ဘယ်​သူမှမထိဘူး။အဲလိုစီးပွား​ရေးဆိုင်​ရာဘာသင်​ခန်းစာမှမသိနားမလည်​ဘဲ ကိုလိုနီ​ခေတ်​ချစ်​တီး​တွေနဲ့ဆုံစည်းကြရတာဖြစ်​တယ်​။

ဗမာလယ်​သမား​တွေအလွန်​အမင်းဂုတ်​​သွေးစုပ်​ခံရတယ်​ဆိုတာ တကယ်​​တော့မဟုတ်​ဘူး။မြန်​မာမျိုးချစ်​သမိုင်းဆရာ​တွေ တစ်​ပါးသူရက်​စက်​တယ်​ဆိုတာကိုပြချင်​လို့
သိမ်းကျုံး​ပြောတာပါ။နေ့ဖို့ညစာ၊ဘာတစ်​ခုမှမချန်​ဘဲ သုံးကြတဲ့ဓ​လေ့စရိုက်​ကိုထည့်မတွက်​ဘဲ တစ်​ပါးသူအ​ပေါ် မျက်​လုံးမှိတ်​ပြီး​ဝေဖန်​ခြင်းသက်​သက်​ပဲ။၁၉၃၀ စီးပွားပျက်​ကပ်
ဆိုက်​​တော့စပါး​ဈေးထိုးကျတယ်​။ချစ်​တီးအ​ကြွေးမဆပ်​နိုင်​​တော့ လယ်​သိမ်းယာသိမ်း​တွေဖြစ်​ကုန်​တယ်​။အဲဒီမှာ တင်း​နေတဲ့လယ်​သမားလူအုပ်​ကြီးကိုဆရာစံက​ခေါင်း​ဆောင်​လိုက်​တာပါပဲ။၁၉၃၀စီးပွားပျက်​ကပ်​မှာ လုပ်​ငန်းရှင်​ကြီး​တွေ၊ကုမ္ပဏီ
ကြီး​တွေပြိုလဲတဲ့အထိ အ​ခြေ​နေမယိုင်​ခဲ့ဘူး။မတ်​တပ်​စာ၊တုံးလုံးစာ စု​ဆောင်းမတတ်​တဲ့ဗမာလယ်​သမား​တွေသာ အကြီးအကျယ်​ဒုက္ခဆိုက်​တာပါ။ဈေးကွက်​ကိုအမြဲတမ်းချိန်​ဆ​နေတဲ့စီးပွား​ရေးပညာတတ်​ကျွမ်းသူက ထိလည်းသက်​သက်​သာသာပဲ။

အမြတ်​ကြီးစားအုပ်​စုထဲမှာ ဗမာလူမျိုးဆန်​ကုန်​သည်​ကအဆိုးဆုံးပဲ။သူတို့ကလယ်​သမား​တွေရဲ့ဆန်​စပါးကို
ဆန်​ကုန်​သည်​ကြီး​တွေ​ပေးတဲ့​ပေါက်​​ဈေးထက်​ များစွာ ​လျှော့ချပြီးဝယ်​ယူတယ်​။ဗမာအချင်းချင်းလည်း အထာမထားဘူး။ဒါ​ကြောင့်​ပြောတာမျိုးချစ်​ဆိုတာ လူယုတ်​မာ​တွေရဲ့ ကွန်းခိုးရာ အရိပ်​ပါလို့။ဒီအဆိုမှန်​မမှန်​ဆိုတာလည်း ဒီ​နေ့အထိ ရှင်​သန်း​နေဆဲပဲမို့ အထူးဖြစ်​ညှစ်​စဉ်းစား​နေစရာမလိုဘူး။အမျိုးသားဖက်​ဆစ်​ ​တွေ ခရိုနီ
တွေထက်​ ဘယ်​လူမျိုးခြားမှမဆိုးသွမ်းဘူး။ပ​ဒေသရာဇ်​​ခေတ်​က ဒီလိုခရိုနီ​တွေကို ​ခေတ်​စကားနဲ့ မြင်​​အောင်​​ပြောရရင်
လူနပ်​ ချမ်းသာ လို့​ပြောရမယ်​။ဒီ​နေ့အထိ ကိုယ့်
လူမျိုးအချင်းချင်းမလိမ့်တပတ်​နဲ့ညှင်​ပမ်းနှိပ်​စက်​၊ဂုတ်​​သွေးစုပ်​​နေကြဆဲပဲ။ချစ်​တီးအ​ကြွေးဆိုတာသတ်​မှတ်​နှုန်းထားနဲ့အတိုးယူတာဖြစ်​တယ်​။ချစ်​တီးနဲ့မပက်​သက်​ချင်​ရင်
သူ့ဆီက​ငွေမ​ချေးရုံပဲ။အကယ်​၍ ဗမာလယ်​သမားဟာ ​ငွေစုတတ်​ရင်​ ကိုယ်​ပိုင်​အရင်းအနှီးနဲ့လယ်​လုပ်​နိုင်​တယ်​။

၁၉၃၀စီးပွားပျက်​ကပ်​​ကြောင့်စပါး​ဈေး​တွေကျ​နေချိန်​မှာဗမာလူမျိုးဆန်​စပါးကုန်​သည်​​တွေကထုံးစံအတိုင်း မ​တော်
မတရား​ဈေးနှိမ်​၀ယ်​ယူပြီး နိုင်​ငံတကာဆန်​​ဈေးကွက်​က
နိုင်​ငံခြားကုန်​သည်​​တွေဆီမှာ​ပေါက်​​ဈေးနဲ့​ရောင်းချပြီး သူတို့အကျိုးအမြတ်​ရဖို့ ကြိုးစားကြတာ​ကြောင့် ဆရာစံ​တော်​လှန်​​ရေးဟာလည်းဖြစ်​လာရတာပါ။ဘာ​ကြောင့်လဲဆို​တော့
အမှန်​တကယ်​ဂုတ်​​သွေးစုပ်​​နေတဲ့ဗမာလူမျိုးဆန်​စပါးကုန်​သည်​​တွေအ​ပေါ် ဗမာလူမျိုးအချင်းချင်းဖြစ်​တယ်​ ဆိုတဲ့
မျက်​ကန်းမျိုးချစ်​ ၀ံသာနု​စိတ်​ဓာတ်​နဲ့ခွင့်လွတ်​ပြီး ဘာသာ
ခြား၊လူမျိုးခြား နယ်​ချဲ့အင်္ဂလိပ်​​တွေနဲ့ ချစ်​တီးကိုသာ ရန်​သူဖြစ်​တယ်​လို့သတ်​မှတ်​ကြတာ​ကြောင့်​တော်​လှန်​​ရေးဖြစ်
လာခဲ့တာပါ။အကျိုးဆက်​က ဆရာစံလည်းကြိုးစင်​နဲ့ကိစ္စ​ချောတယ်​။တောင်​သူလယ်​သမားများစွာလည်း​သေဆုံးကြရ
တာ​ကြောင့်အိန္ဒိယ​တောင်​ပိုင်းကလယ်​ကူလီနင်းပြား​တွေကို အင်္ဂလိပ်​က​ခေါ်သွင်းလာခဲ့ရပြန်​တယ်​။

၁၈၆၉မှာစူးအက်​စ်​တူး​မြောင်း(Suez Canal)ဖွင့်လိုက်​​တော့
ဗြိတိသျှကလက်​၀ါးကြီးအုပ်​တယ်​။စူးအက်​စ်​တူး​မြောင်းလုပ်​ငန်းမှာပြင်​သစ်​အင်​ဂျင်​​နေယာ​တွေက ဦး​ဆောင်​ပြီး
ဒေသခံအီဂျစ်​လူမျိုးအလုပ်​သမားများစွာအသက်​စွန့်​ပြီး
တူး​ဖော်​​ပေးခဲ့ကြတာပါ။ပြင်​သစ်​​တွေကတူး​မြောင်းက အခွင့်အ​ရေးကိုမခံစားကြရဘူး။ဗြိတိန်​က​နေမ၀င်​အင်​ပါယာ အရှင်​သခင်​ကြီးဖြစ်​လာ​တော့ဗြိတိသျှစီးပွား​ရေးဟာ တစ်​ကမ္ဘာလုံးကိုလွှမ်းခြုံတဲ့စီးပွား​ရေးဖြစ်​လာတယ်​။အ​ရှေ့တိုင်း
ကဆန်​စပါးကို ကမ္ဘာ့ အလယ်​ပိုင်းနဲ့အ​နောက်​ပိုင်းကို ပို့​ဆောင်​ရာမှာ စူးအက်​စ်​တူး​မြောင်းဟာ အချက်​အခြာဖြစ်​လာ
တယ်​။ယခင်​ ကဗမာ့ဆန်​ကို ဥ​ရောပကိုတင်​ပို့တဲ့အခါ ဂွတ်​ဟုတ်​အငူက​နေဖြတ်​သန်းရပြီးလမ်း​ကြောင်းကအလွန်​ရှည်
ပြီး အချိန်​လည်းအလွန်​ကြာတယ်​။လမ်းကလည်းကြမ်းတယ်​။ယခုစူးအက်​စ်​က​နေဖြတ်​ရင်​လမ်းခရီးကတစ်​၀က်​သာသာ​လောက်​အထိ သက်​သာသွားတယ်​။အချိန်​၊​ငွေ၊အားလုံးသက်​သာတယ်​။ဒီအခါ စီးပွား​ရေးရှု့​ထောင့်က
တွက်​​ခြေကိုက်​တယ်​။အဲဒီ​တော့ ဆန်​​ဈေးတက်​လာပြီး စပါးစိုက်​​ဒေသလည်းကျယ်​ပြန့်​လာတယ်​။၁၈၄၅ခုနှစ်​က​နေ ၁၉၀၀
ပြည့်​နှစ်​အထိ ၅၅နှစ်​အတွင်း စပါး​ဈေးဟာ ၈ရူပီက​နေ ၉၅ရူပီအထိ အဆင့်ဆင့်တက်​လာတယ်​။၁၈၄၅ခုနှစ်
က စပါးစိုက်​ဧကစုစု​ပေါင်း၃၅၄၀၀၀ သာရှိခဲ့ရာ ​နောက်​ထပ်​ ၁၅နှစ်​အကြာ ၁၈၆၀မှာ ၁၃၀၀၀၀ ဧကအထိမြင့်တက်​လာပြီး ၁၉၀၀ပြည့်​နှစ်​မှာ​တော့ ဧက ​၆သန်း၈သိန်း၃​သောင်း၂​ထောင်​ အထိတိုးတက်​လာတယ်​။စူးအက်​စ်​တူး​မြောင်းပြီးသွား​တော့ စီးပွား​ရေးအရ တိုးတက်​မှု​တွေပိုမိုဖြစ်​ထွန်းလာတယ်​။အ​ရှေ့ ​တောင်​အာရှနဲ့ဥ​ရောပဟာ အိမ်​​ရှေ့ နဲ့
နောက်​​ဖေးပမာ နီးကပ်​သွားတယ်​။

အဲဒီစီးပွား​ရေးမှာ ​ဗမာဆန်​ဟာ အ​ရေးပါတာ​ကြောင့်ချစ်​တီးယားဘဏ်​ကတိုးချဲ့မဲ့လယ်​ယာအတွက်​ ဗမာလယ်​သမား​တွေကို စိုက်​ပျိုးစရိတ်​ထုတ်​​ချေးဖို့​ရောက်​လာတယ်​။သူတို့က စာ​ပေမတတ်​တဲ့ ဗမာလယ်​သမား​တွေကို တိုက်​ရိုက်​ထုတ်​​ချေးဖို့ဆိုတာမဖြစ်​နိုင်​ဘူး။ဒါ​ကြောင့်အိန္ဒိယ​တောင်​ပိုင်းက ချစ်​တီးကုလားကိုပါတစ်​ပါတည်း​ခေါ်လာတယ်​။တကယ်​​တော့ ချစ်​တီးကုလားဟာ တရုတ်​​ပေသီးလို စရင်းဇယားသိပ်​ပိုင်​နိုင်​ကျွမ်းကျင်​သူ​တွေဖြစ်​တယ်​။ဗမာပြည်​​ရောက်​မှသူတို့လည်း လူမိုက်​၊လူယုတ်​မာဆိုတဲ့ ဘွဲ့​တွေတစ်​ပြုံ တစ်​မရကြတာပါ။

ဗြိတိန်​အစိုးရက ​အောက်​မြန်​မာပြည်​မှာလယ်​ယာလုပ်​ငန်း တိုးတက်​​စေဖို့အတွက်​ (The Burma Lad and Revenue Act of 1876)ကိုစတင်​ပြ​ဋ္ဌာန်းပြီး ​အောက်​မြန်​မာပြည်​လယ်​ယာကဏ္ဍတိုးတက်​​ရေးအတွက်​ ဗမာလယ်​သမား​တွေကို​မြေလွတ်​​မြေရိုင်း​တွေကိုယ့်စရိတ်​နဲ့ကိုယ်​ခုတ်
ထွင်​ရှင်းလင်းပြီးလုပ်​ကိုင်​ခွင့်​ပေးခဲ့ရာ ​အောက်​မြန်​မာပြည်​မှာလယ်​ယာလုပ်​ငန်းဖွံ့ဖြိုးတိုးတက်​လာပါ​တော့တယ်​။၁၈၈၅ တတိယစစ်​ပွဲအပြီးမှာ အထက်​မြန်​မာပြည်​အပါအ၀င်​ ဗမာတစ်​ပြည်​နယ်​လုံးအတွက်​(The Burma Land And Revenue Act)ကိုပြဋ္ဌာန်း​ပေးခဲ့တယ်​။အဲဒီဥပ​ဒေအရ မိမိစရိတ်​နဲ့ခုတ်​ထွင်​ရှင်းလင်းပြီးတဲ့​နောက်​၁၂နှစ်​တိတိ ဆက်​တိုက်​လယ်​လုပ်​ခဲ့ရင်​ ဒီလယ်​ကို ပိုင်​ဆိုင်
ခွင့်ရှိတယ်​။အစိုးရပိုင်​​မြေနဲ့အစဉ်​အဆက်​ပုဂ္ဂလိကပိုင်​​​မြေ
ကို ကျူး​ကျော်​သိမ်းပိုက်​ခွင့်မရှိဘူး။ဗြိတိန်​ကစသိမ်းကတည်းကမြန်​မာမှာ​မြေလွတ်​​မြေရိုင်း​တွေမနည်းမ​နှောရှိ​နေတာပါ။ပ​ဒေသရာဇ်​​ခေတ်​က ဘုရင်​အလိုရှိရင်​ အကုန်​သိမ်းလို့ရတယ်​။ဥပ​ဒေမရှိဘူး။ဘုရင့်နှုတ်​ထွက်​စကားဟာ ဥပ​ဒေပဲ။ဘုရင်​အကုန်​လုံးနီးပါးကလည်း စကြ၀ဋ္ဌာအလုံးကို အစိုးရ​တော်​မူ​သော ဆိုတဲ့ စိတ်​​ရောဂါရှင်​​တွေချည်းပဲ။ဆို​တော့စဉ်းစားကြည့်​​ပေါ့။ကိုလိုနီ​ခေတ်​မှာဥပ​ဒေမဲ့ ဘာမှလုပ်​ခွင့်မရှိဘူး။အရာရာကိုတည်​ဆဲဥပ​ဒေနဲ့ပဲဆုံးဖြတ်​တယ်​။အင်္ဂလိပ်​ဖြစ်​ဖြစ်​၊အိန္ဒိယသားဖြစ်​ဖြစ်​၊ကပြားဖြစ်​ဖြစ်​ အားလုံးတည်​ဆဲဥပ​ဒေနဲ့သာဆုံးဖြတ်​ခံရတယ်​။

စာရွက်​စာတမ်းနဲ့ ဗြိတိန်​က​ပေးအပ်​တာဖြစ်​တယ်​။ပိုင်​ဆိုင်​ခွင့်​​ပေးပြီးရင်​ ​ရောင်းချင်​​ရောင်း၊​ပေါင်​ချင်​​ပေါင်​၊အ​မွေ​ပေးချင်​​ပေးကြိုက်​တာလုပ်​ခွင့်ရှိတယ်​။အကယ်​၍ မ​ရောင်းဘဲ သားစဉ်​​မြေးဆက်​လုပ်​ကိုင်​ရင်​ ဒီအခွင့်အ​ရေးကို ဘိုးဘွားပိုင်​​မြေလို့ တရားဝင်​သတ်​မှတ်​​ပေးတယ်​။ဗြိတိသျှကျွန်​ဘ၀​ရောက်​မှ ဗမာ​တွေ လယ်​ယာပိုင်​ရှင်​ဖြစ်​လာတာပါ။ကုန်း​ဘောင်​​ခေတ်​တုန်းကလယ်သမား​တွေလယ်​ယာကိုလုပ်​ကိုင်​ကြ​ပေမဲ့ရလာတဲ့ ​ကောက်​ပဲသီးနှံအားလုံးကို ကိုယ်​မပိုင်​ဘူး။ဝမ်းစာအတွက်​ ယူခွင့်သာရှိပြီးပိုတာအားလုံးဘုရင့်ဘဏ္ဍအဖြစ်​​ပေးအပ်​လိုက်​ရတယ်​။J.S Furnivallက
.....ကုန်း​ဘောင်​​ခေတ်​ဘုရင်​များသည်​ ပြည်​သူလူထုကို မည်​သည့်​ပိုင်​ဆိုင်​မှုမျှမ​ပေးခဲ့​ပေ။လယ်​သမားများတွင်​ မည်​သည့်​ လယ်​ယာမျှမရှိဘဲ ဘုရင်​ပိုင်​​သောလယ်​ယာများတွင်​စိုက်​ပျိုးကြပြီးဝမ်းစာမျှသာယူပြီးကျန်​​သော​ကောက်​ပဲသီးနှံ
များ၊ဆန်​စပါးများ၊ကို ဗမာဘုရင့်နိုင်​ငံ​တော်​အတွက်​သိမ်းယူသည်​။လယ်​လုပ်​သူများလယ်​လုပ်​ခွင့်မရသည်​ကို စိတ်​ပျက်
ဖွယ်​​တွေ့ခဲ့ရသည်​။......လို့ ဆိုခဲ့တယ်​။Duty Commissioner For Rangoon District မင်း
ကြီး ကာနယ်​လ်​အာဒခ်​က ၁၈၆၂ခုနှစ်​မြစ်​၀ကျွန်း​ပေါ်​ဒေသအ​ခြေ​နေကို ရှင်းပြရာမှာ
........​ကျေးရွားသားများတွင်​ပိုင်​ဆိုင်​မှုဟူ၍ သူတို့​နေထိုင်​ရာ​တောရွာက​လေးအတွင်းမှ အိမ်​​လေးတစ်​လုံးမျှသာပိုင်​ဆိုင်​ပြီး လယ်​ယာများကိုပိုင်​ဆိုင်​ခွင့်မရှိကြ​ပေ။ထို​ကြောင့်တိုင်း
ပြည်​​အေးချမ်း​သောကာလတွင်​ လယ်​လုပ်​ခဲ့ကြ​သော်​လည်း
တိုင်းပြည်​အတွက်​စစ်​ပွဲများဖြစ်​လာ​သောအခါ လယ်​ယာ​မြေများကိုစွန့်​ပြီးထွက်​​ပြေးခဲ့ကြရ​သော​ကြောင့်လယ်​​မြေများ
သည်​​တောရိုင်းကြီးများဖြစ်​လာကြ​တော့သည်​.......လို့ဆိုတယ်​။

၁၈၂၆မှာ ဗြိတိန်​အုပ်​ချုပ်​​ရေးမြန်​မာပြည်​​ရောက်​လာခြင်းနဲ့အတူ ချက်​တီးယား​တွေ​ရောက်​လာတယ်​။တနသာင်္ရီတိုင်း
ကို အိန္ဒိယမဒရာဆီတပ်​(Indian Madrassi Troops)
နဲ့အလုပ်​သမား​တွေ​ရောက်​လာတယ်​။အဲဒီကစပြီး ​အောက်​မြန်​မာပြည်​ကိုချစ်​တီး​တွေက​ငွေစ​ချေးတယ်​။တနသာင်္ရီတိုင်းနဲ့ရာမညတိုင်းမှာ ဘာပြဿနာမှမရှိဘူး။ဘာ​ကြောင့်လဲ ဆို​တော့သမိုင်းတစ်​​လျှောက်​ မွန်​လူမျိုး​တွေဟာ ဗမာလူမျိုး
တွေရဲ့ အနိုင်​ကျင့်မှု​အောက်​မှာ ​နေလာခဲ့ရတာ​ကြောင့် ရန်​လိုစိတ်​၊မာန်​မာန​ထောင်​လွှားလိုစိတ်​၊၀ံသာနုစိတ်​ဓာတ်​​တွေ ပြင်းပြင်းထန်​ထန်​မရှိဘူး။မိမိတို့နဲ့ဆက်​ဆံ​ရေး​ကောင်းတဲ့
အင်္ဂလိပ်​နဲ့အိန္ဒိယသား​တွေကို ခင်​မင်​ရင်းနှီးစွာဆက်​ဆံ
ခဲ့တာ​ကြောင့်မွန်​တို့​ဒေသမှာ မျက်​ကန်းမျိုးချစ်​ ပြဿနာ
တွေ​ပေါ်​ပေါက်​ခြင်းမရှိဘူး။

ဗမာ​ဒေသမှာ​တော့ ချစ်​တီး​တွေကအတိုးစားတယ်​။ဗမာ​တွေက သမိုင်းတစ်​​လျှောက်​ ဘုရင်​နဲ့မင်းမှုထမ်းကိုပဲ​ကြောက်​ရတာပါ။တိုင်းရင်းသားလူမျိုး​တွေနဲ့ယှဉ်​ရင်​ ရှမ်းကိုလည်းနိုင်​တယ်​၊မွန်​ကိုလည်းနိုင်​တယ်​၊ရခိုင်​ကိုလည်းနိုင်​တယ်​။ဒါ့အပြင်​ယိုးဒယားကိုပါအကြိမ်​ကြိမ်​နိုင်​ခဲ့ပြီး မဏိပူရ၊ကသည်း စတာ​တွေကိုလည်းနိုင်​ခဲ့တာ​ကြောင့်ဇာတိ​သွေး ဇာတိမာန်​ လို့ ဒီ​နေရာမှာသုံးတဲ့ စစ်​စိတ်​စစ်​မာန်​ ဗိုလ်​ကျချင်​စိတ်​ လွန်​ကဲတက်​ကြွ​နေပါတယ်​။အင်္ဂလိပ်​ကိုစစ်​ရှုံးပြီးဒူး​ထောက်​ရတာ​ကြောင့်အင်္ဂလိပ်​နဲ့​နောက်​ပါအိန္ဒိယသားများကိုပါ မုန်းတီးပြီး ပြဿနာမျိုးစုံတက်​ခဲ့ကြရတာဖြစ်​တယ်​။၁၈၂၆မှာ ချစ်​တီးနဲချက်​တီးယားလုပ်​ငန်း​တွေမြန်​မာပြည်​စ​ရောက်​တယ်​။ချက်​တီးယားရုံးခန်းကို ၁၈၅၀ ​မော်​လမြိုင်​မှာစတင်​ဖွင့်လှစ်​တယ်​။အဲဒီအချိန်​ဟာ စူးအက်​စ်​တူး​မြောင်းဖွင့်ဖို့ ၁၉နှစ်​​တောင်​လိုပါ​သေးတယ်​။ဆို​တော့ ဆန်​စပါး​ရောင်းအားသိပ်​​ကောင်းမှာမဟုတ်​​သေးဘူး။ဈေးကွက်​သိပ်​မကျယ်​ပြန့်​​သေးချိန်​ဖြစ်​မှာပါ။ချက်​တီးယားလုပ်​ငန်းက ​​မော်​လမြိုင်​၀န်းကျင်​က မွန်​လူမျိုး​တွေကို​ငွေစ​ချေးချိန်​မှာ အင်္ဂလိပ်​က ​မြေယာဥပ​ဒေ(The Burma Land Act)​တောင်​ မထုတ်​ပြန်​ရ​သေးဘူး။

၁၉၃၀မှာ​တော့ ဗမာပြည်​မှာ ချက်​တီးယားရုံး(Chettiar Offices)၁၆၅၀အထိ ရှိလာတယ်​။ရန်​ကုန်​မြို့မှာ ချက်​တီးယားရုံးခွဲ၃၄၃ခုရှိပြီး ​အောက်​မြန်​မာပြည်​မွန်​တို့ဋ္ဌာ​နေမှာ ချက်​တီးယားရုံးခွဲအ​ရေအတွက်​ ၁၄၄၃ခုရှိပြီး ၈၇% ဖြစ်​တယ်​။အောက်​မြန်​မာပြည်​မှာ ရုံးခွဲများတာကိုကြည့်ခြင်းအားဖြင့်​အောက်​မြန်​မာပြည်​ရဲ့ စီးပွား​ရေးဖြစ်​ထွန်းမှုကိုခန့်​မှန်းနိုင်​ပါလိမ့်မယ်​။အထက်​ဗမာပြည်​ဆိုတာ အားလုံးအားလုံးသိတဲ့အတိုင်းပဲ မိုး​ခေါင်​​ရေရှား​ကောက်​ပဲသီးနှံ့မဖြစ်​ထွန်းဘူး။ယ​နေ့အထိ မိုး​ခေါင်​​ရေရှား​ဒေသဖြစ်​​နေဆဲပဲ။ဒါ​ကြောင့်ချက်​တီးယားရုံးခွဲနည်းတယ်​။ဝေလံ​ခေါင်​သီ​ကျေးရွာ​တွေက ချစ်​တီးကိုပဲအားကိုး
ကြရတယ်​။ဒါ​ကြောင့်ချစ်​တီးကုလားပြဿနာ၊အမှုအခင်း​တွေ​ဟာအထက်​ဗမာပြည်​မှာပဲဖြစ်​ပွားခဲ့တာ​တွေ့ရတယ်​။၁၉၃၀ ချက်​တီးယား​ချေး​ငွေဋ္ဌာနက ဗမာလယ်​သမား​တွေကိုထုတ်​​ချေးခဲ့တဲ့​ငွေပမာဏအတိုင်းအတာဟာ ရူပီသန်
း၆၅၀(650million)ရှိပြီး၁၉၃၀ခုနှစ်​ကာလ​နောက်​ပိုင်းသန်း​ပေါင်း၈၀၀​ကျော်​အထိ ထုတ်​​ချေးခဲ့တယ်​။ချက်​တီးယား​ငွေ​ချေးဋ္ဌာနက အများဆုံးထုတ်​​ချေး​တဲ့ အရပ်​​ဒေသဟာ ဟံသာဝတီ​ခေါ်မွန်​တို့​ဒေသဖြစ်​တယ်​။မွန်​တို့​ဒေသဆိုတာ ယ​နေ့ မွန်​ပြည်​နယ်​တစ်​ခုတည်းမဟုတ်​ဘူး။မုတ္တမ၊သထုံ၊​ပေါင်​၊ကျိုက်​ထို၊စစ်​​တောင်းအထိပါဝင်​ပြီး ​အောက်​ပိုင်းတနသာင်္ရီအထိပါဝင်​ပါတယ်​။မြစ်​၀ကျွန်း​ပေါ်​ဒေသတစ်​ခုလုံးကိုလည်းထုတ်​​ချေးတယ်​။

သာယာဝတီခရိုင်​မှာ ဗမာလယ်​သမား​တွေ​နေထိုင်ကြတယ်​။ငွေစု​ဆောင်းတတ်​ခြင်းမရှိ​တော့ ​ကြွေးမဆပ်​နိုင်​ဖြစ်​ပြီး ထပုန်​ကန်​တဲ့အ​ခြေ​နေ​ရောက်​သွားရတယ်​။ချက်​တီးယား​ချေး​ငွေဟာ ​အောက်​မြန်​မာပြည်​တိုင်းရင်းသား​ဒေသမှာ၉၅% ရှိပြီး အထက်​ဗမာပြည်​ ဗမာတို့​ဒေသမှာ၅%ပဲရှိပါတယ်​။ကိုလိုနီ​ခေတ်​မှာရန်​ကုန်​မြို့ကိုဗဟိုပြုပြီးတစ်​ဟုန်​ထိုးတိုးတက်​လာတဲ့စီးပွား​ရေးေ
ကြာင့်ဥ​ရောပဘဏ်​​တွေဟာ ချက်​တီးယား​တွေနဲ့အပြိုင်​အဆိုင်​လုပ်​ကိုင်​ဖို့ ကြိုးပမ်းလာတယ်​။အဲဒီအချိန်​ ဗမာကုန်​သည်​​တွေက နိုင်​ငံတကာကိုတိုးမ​ပေါက်​ဘူး။နိုင်​ငံတကာ​ဈေးကွက်​ကိုနားမလည်​ဘူး။အရည်​အ​သွေးမရှိဘူး။အဆက်​အသွယ်​လည်းမရှိဘူး။ဒါ​ကြောင့်ဗမာကုန်​သည်​​တွေဟာ ဥ​ရောပဘဏ်​​တွေက​နေအတိုးနှုန်းသက်​သက်​သာသာနဲ့​ငွေ​ချေးနိုင်​တဲ့အခွင့်အ​ရေးက​နေလက်​မဲ့ဖြစ်​ကြရတယ်​။ဒါ​ကြောင့်လည်း ဥ​ရောပဘဏ်​​တွေဟာချက်​တီးယားဘဏ်​​တွေကိုယှဉ်​လို့မရဘူးဖြစ်​​နေတယ်​။ဗမာကုန်​သည်​​တွေအဖို့မှာလည်း နိုင်​ငံတကာ​ဈေးကွက်​ကိုနားမလည်​တာ​ကြောင့်နိုင်​ငံတကာစီးပွား​ရေးလုပ်​ငန်းအတွက်
ကြားခံ(ပွဲစား)လိုအပ်​လာတယ်​။ချက်​တီးယားဟာ ပွဲစားဖြစ်​လာတယ်​။

နိုင်​ငံတကာဘဏ်​​ငွေလွဲစနစ်​နဲ့အ​ရောင်းအ၀ယ်​လုပ်​တဲ့ပုံစံကို မကြုံဖူး​သေးဘူး။အိန္ဒိယရူပီကိုပဲအားကိုးကြရတဲ့အချိန်​ဖြစ်​​နေတယ်​။ချက်​တီးယားဟာကမ္ဘာ့ ​ငွေ​ကြေးစနစ်​၊ဘဏ္ဍ​ရေးစနစ်​ထဲမှာ​အောင်​မြင်​တဲ့ဘဏ်​လုပ်​ငန်းရှင်​အသင်းဖြစ်​​နေတာ​ကြောင့် ဗမာ​ဈေးကွက်​ဟာသူတို့အတွက်​ အ​သေးအဖွဲဖြစ်​​နေတယ်​။ဥ​ရောပကလူသုံးကုန်​ပစ္စည်းကအစ အားလုံးကိုချက်​တီးယားကတစ်​ဆင့်သာဝယ်​ယူနိုင်​ကြတယ်​။ချစ်​တီး​တွေကိုအ​ကြောင်း
ပြု ပြီးဗမာ​တွေဟာ အိန္ဒိယသားအားလုံးကိုမုန်းတီးခဲ့ကြတယ်​။သို့​သော်​ ဒီ​နေရာမှာ ချစ်​တီးကုလားကတစ်​ဦးတည်းပါ။သူ့​ဘေးမှာဝန်းရံ​နေတဲ့ ဗမာလူဆိုးလူမိုက်​​တွေကအဓိကပါ။သခင်​အားရကျွန်​ပါးဝလုပ်​ပြကြတဲ့လူဆိုးလူမိုက်​​တွေဟာ လူမျိုးခြင်းအတူတူ ပြန်​ဒုက္ခ​ပေးကြတယ်​။အင်္ဂလိပ်​အစိုးရဟာ များ​သောအားဖြင့်ဘာသာ​ရေးနဲ့ကင်းကင်း​နေ​လေ့ရှိတယ်​။

အခုချစ်​တီးဆိုသူ​တွေဟာ ယ​နေ့ အိန္ဒိယနိုင်​ငံ တမီလ်​နာဒူး
ပြည်​နယ်​က လာကြသူ​တွေဖြစ်​တယ်​။သူတို့ကို Nattukottai Chettinad လို့လည်း​ခေါ်ကြတယ်​။၁၉၂၀သန်း​ခေါင်​စရင်းအရ ချက်​တီးယားဦး​ရေ ​လေး​သောင်း​ကျော်​ရှိတယ်​။အိန္ဒိယမှာ ဟိန္ဒူနဲ့မွစ်​စလင်​က အင်္ဂလိပ်​အစိုးရနဲ့သိပ်​မဆင်​မ​ပြေဘူး။မွစ်​စလင်​ကအဓိက အင်္ဂလိပ်​ကိုမကြိုက်​ဘူး။မြန်​မာပြည်​မှာ ဗမာကို အင်္ဂလိပ်​အစိုးရ ထိန်းရခက်​သလို အိန္ဒိယမှာမွစ်​စလင်​ကိုအင်္ဂလိပ်​အစိုးရ ထိန်းရခက်​တယ်​။ချစ်​တီး​တွေဟာ ​ခေတ်​အဆက်​ဆက်​ ဟိန္ဒူထဲကဘုရင်​တက်​တက်​၊မွစ်​စလင်​ထဲကဘုရင်​တက်​တက်​ သူတို့အတွက်​ဘာမှမထူးဘူး။ဒါ​ကြောင့်အင်္ဂလိပ်​သိမ်း​တော့လည်း ​အေး​ဆေးပဲ။သူတို့ကအင်္ဂလိပ်​အစိုးရနဲ့တည့်​အောင်​​ပေါင်းတယ်​။အင်္ဂလိပ်​စာ၊စကားကိုသင်​ပြီး စရင်းအင်​ပညာကိုပါ သင်​တယ်​။သူတို့အင်​အားကြီးလာတဲ့အခါ ဟိန္ဒူနဲ့မွစ်​စလင်​ပိုင်​ လယ်​ယာ​တွေကို​ငွေတိုး​ချေးစားရာက​နေသိမ်းယူတယ်​။၁၈ရာစုအကုန်​​လောက်​မှာသူတို့ဟာ အိန္ဒိယမှာ နယ်​ပယ်​ကျယ်​ပြန့်​စွာလှုပ်​ရှားနိုင်​ခဲ့ကြပါပြီး။ဗြိတိန်​က မ​လေးယားကျွန်းဆွယ်​ကိုနယ်​ချဲ့တဲ့အခါ ချစ်​တီး​တွေဟာ မ​လေး၊စင်္ကာပူနဲ့
မလက္ကာ​ရေလက်​ကြား​ဒေသမှာရှိတဲ့အချက်​အခြာ​ဒေသအားလုံးကို ၀င်​​ရောက်​ပြီး​ငွေတိုး​ချေးပြီးစီးပွား​ရေးလုပ်​ကိုင်​လာကြတယ်​။သူတို့ဟာဒတ်​ခ်ျ​ကိုလိုနီ အင်​ဒိုနီးရှားအထိ သွား​ရောက်​ပြီးဘဏ်​လုပ်​ငန်းကြီး​တွေကိုအကြီးအကျယ်​ လုပ်​ကိုင်
ကြတယ်​။ယိုးဒယားမှာလည်း​ချေး​ငွေနဲ့ဘဏ်​လုပ်
ငန်းလုပ်​ကိုင်​ခဲ့ကြတယ်​။ပြင်​သစ်​ကိုလိုနီ ကိုချင်​ချိုင်းနား
ဗီယက်​နမ်​၊လာအို၊က​မ္ဘောဒီးယားအထိ ​သွား​ရောက်​ပြီး​ငွေ​ချေးလုပ်​ငန်းနဲ့ဘဏ်​လုပ်​ငန်း​တွေကိုလုပ်​ကိုင်​ခဲ့ကြတယ်​။

ချစ်​တီး​တွေဟာ ဗမာလူမျိုးရှု့ ​ထောင့်ကကြည့်​ရင်​ကပ်​စီးနဲ​ကော်​တရာ​တွေဖြစ်​တယ်​။ဗမာက တစ်​မူးရှိရင်​တစ်​ပဲလှူ
တယ်​။ဘယ်​​သောအခါမှကြွယ်​၀ချမ်းသာတဲ့စရင်းမ၀င်​ဘူး။မရှိလို့ မလှူ မလှူလို့မရှိဆိုပြီး ဘယ်​သူဂျင်းထဲ့လိုက်​​တယ်​​တော့မသိဘူး။လှူ​ ​နေလည်းရှိမလာဘူး။A process of Money Creation ဆိုတဲ့ ​ငွေဖန်​တီးခြင်းအတတ်​ပညာ​တော့မတတ်​ဘူး။သုံး​တော့တတ်​တယ်​။ငွေဆပွားခြင်း(Money Multiplier)လည်းမတတ်​ဘူး။အရင်းအနှီးစု
ဆောင်းဖို့လည်းနားမလည်​ဘူး။မရှိလို့မလှူ မလှူလို့မရှိ ဆိုတဲ့ အဆိုသာမှန်​ရင်​ မြန်​မာ​တွေဆင်းရဲစရာဘာအ​ကြောင်း
မှမရှိဘူး။လောကမှာအ​ရေးအကြီးဆုံးဟာ​ငွေဖန်​တီးခြင်း
အတတ်​ပညာပဲ။အရင်းအနှီးရှိသူအတွက်​က သိပ်​​ပြော​နေစရာမလိုဘူး။အရင်း​အနှီးမရှိသူအတွက်​ကတစ်​ကျပ်​တစ်
ပြားကိုခွာ​နေရတယ်​။ချစ်​တီးက​ငွေရှာပြီးရင်းရှာတယ်​။ရလာတာကိုထပ်​ပြီးအရင်းအနှီးပြု ထဲ့ပြီး ​ငွေဆပွားတယ်​။အထက်​မြန်​မာပြည်​နဲ့​အောက်​မြန်​မာပြည်​မှာ​နေထိုင်​တဲ့သူ​တွေကြည့်​ရင်​လည်း အထက်​က ဗမာများတယ်​။အောက်​မှာ တိုင်းရင်းသားများတယ်​။စီးပွား​ရေးကလည်း​အောက်​မှာပဲ ဖြစ်​တယ်​။ဒါဟာဒီ​နေ့အထိပဲ။အထက်​ဗမာပြည်​ဟာ စီးပွား​ရေး၊ရာသီဥတုအကုန်​ညံ့​ပေမဲ့ ၀ံသာနု​ခေါ်​ခေါ် မျိုးချစ်​​ခေါ်​ခေါ် ရန်​လိုတဲ့စိတ်​ဓာတ်​ကလွှမ်းမိုးတဲ့အိုင်​ဒီယာအယူအဆ​တွေ ပိုပြင်းထန်​တယ်​။ဒါကသဘာဝပဲ။ငတ်​ပြတ်​​နေတဲ့​နေရာ​ဒေသက လူ​တွေဟာ သူတို့​ဒေါသကို မျိုးချစ်​တို့ ၀ံသာနုတို့ဆိုတဲ့ စကားလုံး​အောက်​ပစ်​သွင်းပြီး ပြ​ဿ     နာဖန်​တီး​လေ့ရှိတာ ယ​နေ့​မြင်​​နေရတဲ့သက်​​သေတစ်​ခုပါ။အောက်​မြန်​မာပြည်​က အဲဒီလိုမဟုတ်​ဘူး။ပုန်​ကန်​မှုဖြစ်​တိုင်း​အောက်​မြန်​မာပြည်​က အသံမကြားရတာကိုလိုနီ​ခေတ်​ကတည်းကဖြစ်​ပြီး ဘာဖြစ်​ဖြစ်​ အထက်​ဗမာပြည်​ကပဲဖြစ်​တတ်​တာဟာလည်း ယ​နေ့အထိပါပဲ။နှိုင်းယှဉ်​စဉ်းစားကြည့်ရင်​အ​ဖြေကို​တွေ့ရပါမယ်​။

ဆက်​ပါဦးမည်​။



https://m.facebook.com/story.php?story_fbid=325895164830493&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “​ထောင်​စုနှစ်​တစ်​ခု၏အ​ကောင်းဆုံးအုပ်​ချုပ်​​ရေး...၅ ”

Post a Comment

Related Posts Plugin for WordPress, Blogger...