Wednesday, February 28, 2018

မကြာခင် R2P လာပါတော့မည်

,
"R2P အသွင်နဲ့ UN တပ်တွေ မြန်မာမြေပေါ်ခြေချလာရင် ဘာတွေပြင်ထားပြီးပြီလဲ  ? ဒီကနေ့ မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းမှာရေပန်းအစားဆုံး စကားလုံးသည် R2P (Responsibility to Protect ဘဲဖြစ်ပါသည် လူမျိုးတုံးသတ်ဖြတ်ခြင်းလူမျိုးနွယ်စုတခုကို ရှင်းလင်းသုတ်သင်ခြင်း အကြမ်းဖက်ခေါင်းစဉ်ဖြင့် ဒေသတခုကို ချေမှုန်းခြင်း အစုလိုက်အပြုံ
လိုက် သတ်ဖြတ်ခြင်းတွေ လုပ်လာရင် အဲဒီခြိမ်းခြောက်ခံလူသားများအတွက် UN တပ်များက နိုင်ငံတစ်နိုင်ငံကို
အတားအဆီးအပိတ်အပင်မရှိ ဝင်ရောက်အာဏာသိမ်းခွင့်ရှိတဲ့ ပြဌာန်းချက်ဖြစ်ပါတယ် ကုလ လုံခြုံရေးကောင်စီမှာ
ဗီဒို အာဏာသုံးခွင့်ရှိတဲ့ နိုင်ငံတွေက သဘောမတူလည်းဝင်တိုက်ခွင့်အပြည့်ရှိတယ်လို့ ဆိုလိုထားပါတယ် ။
            ၂၀၁၆ ခုနှစ် စက်တင်ဘာ(၁၆)ရက်နေ့  R2Pကြေငြာစာတမ်းမှာ  " မြန်မာနိုင်ငံအတွင်း ခွဲခြားဆက်ဆံ
ဖိနှိပ်ခံနေရသော ရိုဟင်ဂျာများ၏ လူ့ အဖွဲ့ အစည်းကိုခြိမ်းခြောက်လာသော ပြဿနာများနှင့် လူ့ အခွင့်အရေး ချိုး
ဖောက်ခံနေရသော ရိုဟင်ဂျာတို့ ၏ လူသားဖြစ်တည်မှုအပေါ် ပြစ်မှုကျူးလွန်ခြင်းများ" လို့ ခေါင်းစဉ်တပ်ပြီး
မြန်မာနိုင်ငံ ဘင်္ဂလီအရေးကို ကြေငြာချက်ထုတ်ထားပါတယ်

 အလွန်သနားစရာကောင်းသော လူအဖွဲ့ အစည်းရဲ့အစိုးရိမ်ရဆုံးရေချိန်မှတ်ကိုကျော်လွန်နေပြီလို့ မျက်
ရည်ကျအောင်ဖွဲ့ နွဲ့ ရေးသားထားပါတယ်

ကုလ ကိုယ်စားလှယ် မစ္စယန်ဟီးလီက ရိုဟင်ဂျာတွေဟာ Selfidenti-fication လို့ ခေါ်တဲ့ မိမိကိုယ်မိမိအတည်ပြုဖော်ပြခွင့်ကို UN ကနိုင်ငံတကာကိုအတည်ပြုထားသော အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေး ဥပဒေအရ ဖော်ပြခံယူခွင့်ရှိ
သည်ဟု မှတ်ချက်ပေးထားပါတယ် ။
         ကုလအဖွဲ့ သည်ဒုတိယကမ္ဘာစစ်အလွန်ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖွဲ့ စည်းခဲ့ တာဖြစ်သော်လည်း အလှုရှင်
နိုင်ငံများစိတ်တိုင်းကျလိုက်လုပ်ပေးနေရသောအဖွဲ့ အဖြစ်ယခုအချိန်မှာဖြစ်တည်နေပါပြီ

 ရခိုင်ဒေသမှာ အကြမ်းဖက်သမားတွေကိုနှိပ်နင်းတဲ့ လုံခြုံရေး တပ်ဖွဲ့ တွေသည် လူမျိုးတုံးသတ်ဖြတ်သူတွေ မုဒိန်းသမားတွေအဖြစ်ပုံဖော်နေကြပါပြီ
လိုရာဆွဲပြောစွပ်စွဲခံနေရပါပြီ အဖြစ်မှန်ကို ချပြနိုင်တဲ့ မီဒီယာစွမ်းရည်လဲမရှိတဲ့ အတွက် U N ထုတ်ပြန်သမျှ
အမှန်ဖြစ်နေပါတယ် အစိုးရရပ်တည်ချက်ကတော့ ပွင့်လင်းမှုမရှိဘဲ UN နဲ့ ပူးပေါင်းပြီး အဆင်ပြေအောင်ညှိနှုင်းဖြေ
ရှင်းနေတယ် ဆိုပေမယ့် UN အလိုကျသာ ဖြစ်နေပါတယ် မူစလင်အများစုထောက်ခံထားတဲ့ အစိုးရဖြစ်လို့  မူစလင်
အသံကြားရင် မဆန့် ကျင်ရဲတာကိုတွေ့ ရပါတယ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ မူစလင်များပြည်ဝင်ခွင့်မပေး
တဲ့ မူဝါဒ အကောင်အထည်ဖော်ဆောင်ချိန်မှာ မြန်မာအစိုးရဟာ မူစလင် ဘင်္ဂလီများသာအဓိက ဖြစ်နေတာကိုတွေ့ ရှိ
နေရပါတယ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရမည်ဟူသော စကားလုံးကို ပြည်သူများကြားထိုးသွင်း အယုံ
သွင်းခဲ့ ပါတယ် ကိုဖီအာနန်ကို ကော်မရှင်ဖွဲ့ ပြီးနိုင်ငံတကာပြဿသနာမျိုးဖန်တီးခဲ့ တာ NLD အစိုးရပါ အဲဒီ ကော်မရှင်
ဟာ တဖြည်းဖြည်းရလေ လိုလေ အိုတစ္ဆေဖြစ်လာပြီးတောင်းဆိုချက်တွေကို လေ့လာကြည့်ပါက လက်အောက်ခံ
နိုင်ငံတခုလို UNက ပြုမူဆက်ဆံလာပါပြီ UN ရဲ့ ညွှန်ကြားချက်နဲ့ ဘင်္ဂလီ မိသားစု (၅၅)အိမ်ထောင်စုကို ကမန်လူမျိုး
လို့ လိမ်ပြီး မြန်မာပြည်ရန်ကုန်မြို့ အထိခေါ်လာခဲ့ ပါပြီ တရားဝင် အစိုးရထောက်ပံ့ ကြေး အိမ်ထောင်တစုကိုငွေငါးသိန်းစီထောက်ပံ့ ခဲ့ ပါတယ် နိုင်ငံသားကဒ်တွေရှိတဲ့ (ဘယ်တုန်းကလုပ်ထားလဲ မေးမရတဲ့ )ကမန် အယောင်
ဆောင်တွေဟာ နိုင်ငံသားမှန်လျင် မြန်မာနိုင်ငံအဝှမ်းမည်သည့်နေရာမှာမဆိုအခြေချနေထိုင်ခွင့်ရှိသည်ဆိုတဲ့  ဒေါ်စု
အစိုးရ ကြိုဖွင့်ခဲ့ တဲ့ လမ်းအတိုင်းသာသာဘဲဝင်လာခဲ့ ကြပါတယ်

 UN ရဲ့ လိုလားချက်က ၈၂ နိုင်ငံသားဥပဒေကိုပယ်ဖျက်ပေးဖို့ ပါဘဲ နိုင်ငံသားအဖြစ် ဘင်္ဂလီ( ရို င်ဟင်ဂျာတွေကို)
 အသိအမှတ်ပြုပေးရမည် လို့ ဆိုထားပါတယ် UN ကဖင်ကွဲမတတ်အော်နေတဲ့  ရိုဟင်ဂျာမရှိဘူးဆိုတာ
အင်္ဂလိပ်ပညာရှင်တွေပြုစုခဲ့ တဲ့  ၁၉၁၇ ဗမာပြည်လူမျိုးရေးရာစစ်တမ်းမှာ ဘာသာစကားစုအရ လူမျိုးစုကြီးပေါင်း
(၁၁)စုဘာသာစကားငယ်ပေါင်း ၁၃၁ မျိုးသာရှိတယ်လို့ ဖော်ပြထားပြီး ရိုဟင်ဂျာ မပါဝင်ပါဘူး RB Smart
Akyab District tteer မှာလည်း ရခိုင်မျိုးနွယ်စုများအဖြစ် တောင်သား ချောင်းသား ရမ်းဗြဲသား သက်
မြို ခမ္မီး ဒိုင်းနက် များလို့ တတိတိကျကျဖော်ပြထားပါတယ် ၁၉၉၃ သန်းခေါင်စာရင်းအရ ၁၃၅ မျိုးထဲမှာ ရိုဟင်
ဂျာ မပါဝင်ပါ ဒါကြောင့် UN ရဲ့ တဖက်သတ်သတ်မှတ်ချက်တွေကို လုံးဝလက်ခံ၍မရပါ ။

       ဤသည်တို့ ကိုမဖြစ်နိုင်ပါဘူး တွေးပူနေတာပါဆိုပြီးပေါ့ ပေါ့ ဆဆနေလို့ တော့မရနိုင်တော့ပါ ဟစ်တလာက
စစ်တိုက်မှာမဟုတ်ပါဘူးဟု ယုံကြည်ပြီး အမျိုးမျိုးလိုက်လျောခဲ့ တဲ့ ဗြိတိသျှဝန်ကြီးချုပ် ချိန်ဘာလိန်ကြောင့်ဒုတိယ
ကမ္ဘာစစ်အစမှာ ဗြိတိန်နိုင်ငံသင်ခန်းစာရသွားခဲ့ တာ သတိပြုပါ ဒါကြောင့် R2P မဝင်လာအောင် ကာကွယ်ရေးကြို
လုပ်သင့်ပါပြီ အခုထိ အမျိုးသားကာကွယ်ရေးနဲ့ လုံခြံရေးကောင်စီ(ကာလုံ)ကိုပီပီပြင်ပြင် သတ်သတ်မှတ်မှတ်မရှိသေးတာ ရင်လေးစရာပါ။

UN ကဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးလာတယ်--------
ယန်းဟီးလီလာတယ်------------
အချက်အလက်ကော်မရှင်ကဝင်ခွင့်တောင်းတယ်-----
R2P  ကြေငြာချက် ထုတ်တယ်----------
မြန်မာပြည်က မဘသ အမြစ်ပြတ်ချေမှုန်းရေးလုပ်တယ်------------
ရိုဟင်ဂျာ မရှိကြောင်း ဆန္ဒပြသူတွေကို နိုင်ငံတော်အကြည်ညိုပျက်မှုနဲ့ ဖမ်းတယ်---------
ခိုးဝင်ဘင်္ဂလီတွေရောက်နေကြောင်းတာဝန်ရှိသူတွေကို သတင်းပေးလိုက်ပြသူတွေကို တည်ငြိမ်မှုပျက်ပြားအောင်
ဆုပူကြံစည်လှုံ့ ဆော်တယ်ဆိုပြီးဖမ်းတယ် ။-----------

မကြာခင် ရခိုင်ဒေသ မှာအကြမ်းဖက်မှုတွေ UN ရဲ့ တိုက်တွန်းမှုနဲ့ ဘင်္ဂလီတွေ တစခန်းထတော့မယ် ဒါကို
လုံခြုံရေးတပ်ဖွဲ့ တွေက နှိမ်နင်းတာနဲ့ လူမျိုးတုံးသတ်ဖြတ်နေတာမှန်ကန်ပါတယ်ဆိုပြီး R2P စာတမ်းချက်ခြင်းတင်
လိုက်မယ် UN တပ်တွေ ဝင်လာမယ် ဘာနဲ့ တားမလဲ ဘာလုပ်ကြမလဲ ဆဲနေရုံနဲ့ တော့ပြီးမသွားပါ R2P က
တော့ မှန်မှန် ချီတက်လာနေပြီ ဒီတော့ ဝ ကွက်ထိုးအပ်လိုက်ကြမှာလား UN က အာဏာသိမ်းပြီး သူတို့ လိုခြင်
တဲ့ ကြိုးဆွဲရုပ်သေး အစိုးရ  တင်ပေးပြီး ရိုဟင်ဂျာကို တရားဝင်အသိအမှတ်ပြုပြည်နယ် State ခွဲပေးလိုက်တာ
အသာငြိမ်ခံကြမှာလားဆိုတာ သင်ကိုယ်တိုင်ရွေးပါ

အချိန်ပြည့်နေပါပြီ မကြာခင် R2P လာပါတော့မည် ။

သောင်းလွင်ဟိန်း - Bullet New Journal

#myat thu tun

https://m.facebook.com/story.php?story_fbid=534115953639030&id=100011218907504

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မကြာခင် R2P လာပါတော့မည်”

Post a Comment

Related Posts Plugin for WordPress, Blogger...