Tuesday, February 6, 2018

ဖတ်ကြည့်လေ ဝတ္ထုတော့မဟုတ်ဘူး(၁)-ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ

,
ကျွန်တော်ငယ်ငယ်က ၈၈ အရေးတော်ပုံဖြစ်တယ်။ စစ်တပ်က မတရားပစ်သတ်ခဲ့တာ ကိုယ်တိုင်မြင်တွေ့ခဲ့တယ်။
ကျွန်တော့်ဘေးနားကသူငယ်ချင်းတွေ သေသူသေ ခြေပြတ်လက်ပြတ်ဖြစ်သွားသူတွေလည်းရှိသလို  စိတ်မခိုင်လို့ရူးသွပ်
ခဲ့သူတွေလည်းရှိတယ်။  စားစရာမရှိလို့ ကျွန်တော်နေတဲ့ရပ်ကွက်အနီးက စက်ရုံတွေကို လူတွေဖောက်ကြတယ်။စစ်တပ်
က လူတွေကို မှန်အောင်ပစ်တယ်။ လူတွေသေတယ်။ချောင်းတွေ  မြောင်းတွေ မြစ်တွေ  လမ်းမတွေ တက္ကသိုလ် နယ်
နမိတ်ဝန်းကျင်တွေမှာ ပြည်သူ ကျောင်းသား ရဟန်းသံဃာတွေအတုန်းအရုံးသေကြတယ်။ ကျောင်းသားခေါင်းဆောင်ဖုန်းမော်
သေတာလည်း ကျွန်တော့်မွေးဇာတိအနောက်ကြို့ကုန်းရပ်ကွက်သ/မ ဆိုင်ရှေ့ အဝိုင်းဘေးမှာ ကျွန်တော့်အရှေ့တင်ပစ်သတ်
လိုက်တာ တိတိကျကျပြောရရင် ၄၄ တပ်ရင်းက ဒုတပ်ကြပ်ဖြစ်ပါတယ်။  ပြောချင်တာက စစ်တပ်ကို ပြည်သူတွေမုန်းတီးတာ
စစ်တပ်ကို အုပ်ချူပ် ချယ်လှယ်နေတဲ့ အာဏာရှင် လက်တစ်ဆုပ်စာကြောင့်ဆိုတာသိစေချင်တာပါပဲ။

၁၉၉၁ ဇွန်လ ၁၉  အမေစု မွေးနေ့  အဲ့ဒီနေ့မှာ ကျွန်တော်တစ်ယောက်တည်း အိမ်ကထွက် ရင်ဘတ်မှာစာတမ်းတပ်
ဆွဲပြီး တက္ကသိုလ်ရိပ်သာလမ်းက  ခြံအမှတ် (၅၄)ရှိ အမေစု  အကျယ်ချူပ် အချခံထားရတဲ့ အိမ်ရှေ့က စအော်ပြီး
"လူထုခေါင်းဆောင် အမေစုကိုနေအိမ်အကျယ်ချူပ်ကချက်ချင်း အမြန်ပြန်လွှတ်ပေး "  ဆိုပြီး တစ်ကိုယ်တော် ဆန္ဒဖော်
ထုတ်ခဲ့တယ်။ တက္ကသိုလ် ရိပ်သာလမ်းကနေ ကျွန်တော်နေထိုင်တဲ့ အင်းစိန်  အနောက်ကြို့ကုန်းရပ်ကွက် RIT စက်မှု့
တက္ကသိုလ်ရှေ့အရောက်မှာ  ၄၄ တပ်ရင်းက စစ်ဗိုလ်တစ်ယောက်နဲ့ တပ်ကြပ်တစ်ယောက် စစ်သား လေးယောက်က
တွေ့တွေ့ချင်း ကျွန်တော့်ကို အမိန့်ပေးဒူးထောက်ခိုင်းတယ်။

"ငါဆိုတဲ့ကောင်က ဘယ်တော့မှ စစ်ဘီလူး လူစိတ်မရှိတဲ့မင်းတို့အရှေ့မှာ သေသည့်အထိ ဒူးမထောက်ဘူးကွ" လို့
ပြန်အော်ပြောလိုက်တာနဲ့  စစ်သားတစ်စုဟာ ကျွန်တော့်မျက်နှာ အပါအဝင် ခန္ဓာတစ်ကိုယ်လုံးကို စစ်ဖိနပ်နဲ့ ရစရာ
မရှိအောင်  သွေးအိုင်နေအောင် လှိမ့်ကန်  လှိမ့်ထိုးကြိတ်ပါတယ်။  အဲ့ဒီလို ဖြစ်နေချိန်မှာ ကျွန်တော့်အမေကို ရပ်ကွက်
ထဲက လူတွေသွားပြောလိုက်လို့ထင်ပါရဲ့ အမေဟာ အတင်းပြေးထွက်လာပြီး  သူ့သားအဖြစ်ကိုကြည့်ရင်း အမေ့ဟာ
အဲ့ဒီနေရာမှာပဲ ပွဲချင်းပီး နှလုံးသွေးရပ် လဲကျ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုယ့်အမေ သေတာတောင် မြေချ ကန်တော့ မသင်္ဂြီုလ်လိုက်ရတဲ့ သားတစ်ယောက်ဟာ အင်းစိန်ထောင် နဲ့ မကွေးထောင်
မှာ ၃ နှစ် ၆ လ နေလိုက်ရပါတယ်။

ဒီတော့ ကျွန်တော့်ကို နိုင်ငံရေးအကြောင်းလာမမေးနဲ့ ဒီထက်မက ပိုသိတယ်။ သိတာတွေရှိသလို ရင်ကွဲကြေလောက်အောင်
ရင်နဲ့မဆန့်အောင်ကိုခံစားမှုတွေရှိတယ်။ ပြီးတော့ စစ်တပ်ကို ဘာကြောင့် ဒီလောက်တောင်မုန်းတာလဲမမေးနဲ့ကျွန်တော့်
အမေအရင်းကို သေအောင်သတ်ခဲ့တဲ့ လူစိတ်ကင်းမဲ့တဲ့ကောင်တွေကို အခုအချိန်အထိ ချီးထက်ရွံတုန်းပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ထိရင် ဘာကြောင့်ဒီလောက် ဒီကောင်က နာနေရသလဲ မမေးနဲ့ ကျွန်တော့် အမေအရင်းရဲ့
အသက်နဲ့ကိုလဲပြီးချစ်ခဲ့တာ  တန်ဖိုးထားခဲ့တာ လေးစားခဲ့တာကြည်ညိုခဲ့တာ ဆိုရင် ရှင်းပါလိမ့်မယ်။

ပရဟိတတွေလုပ်ခဲ့တယ်။တစိုက်မတ်မတ်ကိုလုပ်ခဲ့တယ်။အဝေအဖန်ခံ အပြောခံ အဆိုခံပြီးတော့ကို အသင်းအဖွဲ့တွေ
ဖွဲ့စည်းထူထောင်ပေးတယ်။ ကျေးလက်စာကြည့်တိုက်တွေဖွင့်ပေးခဲ့တယ်။ယဉ်ကျေးလိမ်မာသင်တန်းတွေတတ်နိုင်သ
လောက်လုပ်ခဲ့ လှူဒါန်းပေးခဲ့တယ်။ မိဘမဲ့ကလေးတွေအမှန်တကယ်ဆင်းရဲနွမ်းပါးလို့ကျောင်းမနေနိုင်တဲ့ကလေးတွေကို
စာပေဟောပြောပွဲကရတဲ့ငွေတစ်ချို့ရယ် အများလှူတာတွေရယ်တတ်နိုင်သလောက် ပညာဒါနပြုခဲ့တယ်။

၂၀၁၂ မှာ  ဒေါက်တာမြင့်နိုင် အမတ်ဝင်အရွေးခံဖို့ ကျွန်တော့်ဆီ သူ့အတွက် လိုက်ဟောပြောစည်းရုံးပေးဖို့ရောက်လာတယ်။
ကျွန်တော် ချက်ချင်းခေါင်းညိတ်လိုက်ခဲ့တယ်။ ကန့်ဘလူ ကျွန်းလှ ရေဦး  တန့်ဆည် မြို့နယ် ၄ မြို့နယ်ကို ၂ လတိတိ
အိမ်မပြန်ပဲလုပ်ပေးခဲ့တယ်။  ကြံ့ဖွတ်က ငွေအထုတ်လိုက်မက်လုံးပေးလာခေါ်တာကို ခွေးမောင်းသလိုမောင်းထုတ်ပစ်ခဲ့တယ်။
ဒါကို တန့်ဆည်မြို့နယ် nld က လူတစ်ချို့က နေရာလုမယ်ထင်ပြီး သွားပုပ်လေလွင့်ပြောပြီး ယုတ်မာခဲ့သေးတယ်။
အဲ့ဒီလိုတွေ တစ်နေ့ထင်လာမှာစိုးလို့ အခုအချိန်အထိ ပါတီကိုဝင်မထားခဲ့တာပါပဲ။ ပါတီမဝင်ပဲနဲ့ကို အမေ့ကိုလေးစားတဲ့
စိတ်နဲ့ ၂၀၁၅ မှာလည်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မကွေးတိုင်းဖက်တွေအထိ လိုက်ပြီးဟောပြောစည်းရုံးဝန်းရံပေးခဲ့တယ်။

မိန်းမနဲ့ကွဲခဲ့တယ်။ ရန်ကုန်မှာ စာရေးပြီး နေရင်း "ဘယ်အာဏာရှင်မှလူစိတ်မရှိတာ
သမိုင်းကသက်သေပဲ"စာအုပ်တစ်အုပ်ထုတ်တယ်။ ညသန်းခေါင်မှာ သိန်းစိန်အစိုးရ က ခဏလိုက်ခဲ့ပါခေါ်ပြီး
ထောင် ၆ လချခဲ့ပြန်တယ်။

ဒီလိုနဲ့ ထောင်ကထွက် စာတွေပြန်ရေး  ဟောပြောပွဲတွေထွက်ရင်း မိသားစုက လိုက်ခေါ်လို့အခုပြန်ပေါင်းရင်း ဒီလိုပဲ မိသားစုနဲ့
အတူ  လက်ရှိအစိုးရကို  အထူးသဖြင့် အမေ့ ကို တတ်နိုင်တဲ့ဘက်က ဝန်းရံနေလာခဲ့တယ်။

ဒီလို လူတစ်ယောက်ကို လော်ဘီလို့ ပြောမှာလား။ ကဲပြောစမ်းပါ။

ဆက်ရေးသေးတာပေါ့
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
6"2"2018

https://m.facebook.com/story.php?story_fbid=383318672079520&id=100012041709179

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဖတ်ကြည့်လေ ဝတ္ထုတော့မဟုတ်ဘူး(၁)-ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ”

Post a Comment

Related Posts Plugin for WordPress, Blogger...