Wednesday, September 19, 2018

ဒီလမ်းကိုဆက်​​လျောက်​ဖို့ လုံ​လောက်​တဲ့အားအင်​​တွေပဲ

,
ဒီ​နေ့ဆိုရင်​ကျွန်​​တော့်​အ​ဖေ သာယာဝတီ​ထောင်​မှာအကျဉ်းစံဘဝနဲ့ကျဆုံးခဲ့တာ (၁၅)နှစ်​ပြည့်​ပြီအ​ဖေ့ရဲ့နိုင်​ငံ​ရေးလှုပ်​ရှားမှု​တွေကို
စပြီးမှတ်​မိတာက ၈၈အ​ရေးအခင်းကာလ ဆန္ဒပြတဲ့အချိန်​ အ​ဖေ့ရဲ့လက်​ကိုဆွဲပြီးလိုက်​ခဲ့တာ​တွေသပိတ်​စခန်းဖွင့်​ထားတဲ့မြို့လယ်​ဓမ္မာရုံ​ရှေ့ကစင်​မြင့်​မှာအ​ဖေတရား​ဟောတဲ့အချိန်​​မြို့လူထုနဲ့အတူရပ်​ပြီးနား​ထောင်​ခဲ့တာ​တွေ၈၈ စက်​တင်​ဘာ ၁၈ရက်
စစ်​တပ်​ကအာဏာသိမ်းပြီး​နောက်​ပိုင်း မ.ဝ.တ.ဥက္ကဌအဖြစ် ​ဗိုလ်​မှူးတင်​​ဌေး​တက်​လာပြီး​မင်းလှမြို့တည်​ချိန်​ထဲကတည်​ရှိခဲ့တဲ့
အိမ်​​တွေ​နောက်​ကမီးတားကွက်​လပ်​​တွေမှာ အိမ်​ယာစီမံကိန်း​တွေ​လုပ်​ဖို့စီစဉ်​တယ်​။
လမ်း​ဖောက်​ဖို့အတွက်​ ​​ခြေရင်းအိမ်​ကဖျက်​​ပေးရမယ်​​ပြောတယ်​။ဖျက်​ခိုင်းတဲ့အိမ်​က ဒုရဲအုပ်​ရဲ့အိမ်​။
(နောက်​ပိုင်းသာယာဝတီခရိုင်​ရဲမှူးအဖြစ်​နဲ့အငြိမ်းစားယူ)အဲ့ဒီစီမံကိန်းကိုအ​ဖေကကန့်​ကွက်​​တော့အ​ဖေနဲ့ပြသနာတက်​တယ်​။
မြို့တွင်းအထက​ကျောင်းမှာ အစည်းအ​ဝေးလုပ်​​တော့​ဗိုလ်​မှူးတင်​​ဌေးက ​လူထု​ခေါင်း​ဆောင်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ကိုပုတ်​ခတ်​​ပြောလို့ အ​ဖေကထ​ပြော​တော့ ​သေနတ်​နဲ့ထိုးချိန်​တဲ့အထိဖြစ်​တယ်​။ တစ်​ချို့​တွေလဲ​ကြောက်​လန့်​ပြီး ​ကျောင်း​အောက်​ကိုဆင်း​ပြေးကြတယ်​။
နောက်​ထပ်​ပြီး မီးတားကွက်​လပ်​ကိုကန့်​ကွက်​တဲ့အတွက်​ မ​ကျေနပ်​​တော့ ဒုရဲအုပ်​အိမ်​ကိုမဖျက်​ခိုင်းပဲကျွန်​​တော်​တို့အိမ်​ကိုဖျက်​ခိုင်းတယ်​။
အ​ဖေကလုံးဝဖျက်​မ​ပေးပဲ ကျန်​တဲ့ဖျက်​​ပေးရမယ့်​အိမ်​ ၇အိမ်​ကိုလဲ
သူတို့ဘယ်​လိုပဲခြိမ်း​ခြောက်​ပါ​စေ ကျွန်​​တော်​မဖျက်​သ၍ ခင်​​ဗျားတို့လဲမဖျက်​နဲ့လို့​ပြောထား​တော့ ရဲစခန်း​ရှေ့တစ်​အိမ်​ကလွဲပြီး
ကျန်​တဲ့အိမ်​​တွေကလုံးဝမဖျက်​ဘူး။
အိမ်​ကိုလာပြီး ​ပေတိုင်းတာ​တွေ ဘူဒို​ဇာနဲ့ထိုးမယ်​ဆိုပြီး ဟန်​​ရေးပြတာ​တွေခြိမ်း​ခြောက်​တာ​တွေက​တော့ အကြိမ်​ကြိမ်​ပဲ။
နောက်​ဆုံး အာဏာရှင်​​တွေရဲ့စီမံကိန်းမ​အောင်​မြင်​ပဲ ဖျက်​သိမ်းလိုက်​ရတဲ့အတွက်​မင်းလှမြို့မှာ မီးတားကွက်​လပ်​​တွေ ဒီ​နေ့အထိရှိ​နေတယ်​။
အဲ့ဒီ​နောက်​ပိုင်း ၂၄.၈.၁၉၈၉ ရက်​​နေ့မနက်​မှာ ​ထောက်​လှန်း​ရေး​တွေ​ ရဲ​တွေအိမ်​ကို​ရောက်​လာတယ်​ တစ်​ဖွဲ့ကအ​ဖေ့ကို NLD ရုံးမှာသွား​ခေါ်တယ်​။
ပြီး​တော့တစ်​အိမ်​လုံးကို ဝိုင်းထားပြီး ဘယ်​သူ့ကိုမှအိမ်​ထဲ​ပေးမဝင်​ဘူး။ အိမ်​ကိုလဲထမိန်​​သေတ္တာ​တောင်​မချန်​ဘူး တစ်​အိမ်​လုံးကို​မွှေနှောက်​ပြီးရှာတယ်​။
အဲဒီမတိုင်​ခင်ရက်​ပိုင်းအလိုမှာ ကျွန်​​တော့်​အစ်​ကိုနဲ့ရင်းနှီးတဲ့စစ်​သားတစ်​​ယောက်​ကကျွန်​​တော့်​အစ်​ကိုလက်​ထဲကို ကျည်​ဆံ၃​တောင့်​​ပေးပြီသိမ်းထားခိုင်းတယ်​။ ကံ​ကောင်းချင်​​တော့ အကိုရဲ့စာကြည့်​စားပွဲကို အ​ဖေကြည့်​ရင်းနဲ့ အံဆွဲထဲကကျည်​ဆံကို​တွေ့သွားလို့ ချက်ချင်းယူပြီးအိမ်​သာကျင်းထဲထည့်​လိုက်​တာ။ တစ်​ကယ်​​တော့လူယုတ်​မာ​တွေက လက်​နက်​မှုနဲ့ဖမ်းချင်​လို့အကွက်​ဆင်​လိုက်​တာပဲ။ ရှာ​တော့လဲကျည်​ဆံ​တွေ့မလားဆိုပြီး သဲသဲမဲမဲရှာတာ။ အိမ်​မှာ​တွေ့တာက ခွပ်​​ဒေါင်းအလံ​တွေနဲ့ အန်​တီ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့မိန့်​ခွန်းအ​ခွေ​တွေ။ ဒါ​တွေကို​တွေ့ရှိ​ကြောင်းမ​ရေးပဲ ဖြန့်​ချီတယ်​လို့​ရေးလို့ အ​မေကဝင်​​ပြော​တော့မှ ​တွေ့ရှိ​ကြောင်းပြန်​​ရေးတယ်​။ ပြီး​တော့ ခဏလိုက်​ခဲ့ပါ ​မေးစရာ​လေးရှိလို့ဆိုပြီး​ခေါ်သွားတယ်​။ တကယ်​​တော့အဲ့ဒီအချိန်​ထဲက အ​ဖေကအိမ်​ကိုပြန်​မလာနိုင်​တဲ့လမ်းကို အပြီးထွက်​သွားခဲ့ရတာပါ။
ကျွန်​​တော့်​အသက်​ ၆နှစ်​အရွယ်​မှာ​ပေါ့။ခေါ်သွားပြီး​နောက်​ပိုင်း ၂လခွဲ​လောက်​အထိ ဘာသတင်းမှစုံစမ်းလို့မရခဲ့ဘူး။
(​နောက်​မှအ​ဖေပြန်​​ပြောပြတာက စဖမ်းတဲ့အချိန်​ မင်းလှက​နေ ပြည်​ မင်းကြီး​တောင်​ကို​ခေါ်သွားတယ်​။အဲ့ဒီက​နေ ညရထားနဲ့ ရန်​ကုန်​ မင်္ဂလာဒုံ​ရေကြည်​အိုင်​စစ်​​ကြော​ရေးကိုပို့တယ်​ ​ပြီးမှအင်းစိန်​စစ်​ခုံရုံးကိုပို့ပြီးအမိန့်​ချတာ)
နောက်​ပိုင်း စာ​ရေးဆရာ​ ဆရာမောင်​ဝံသရဲ့ဇနီးကအကြံ​ပေးလို့ အင်းစိန်​​ထောင်​မှာရှိတာကိုသိ​နေတဲ့ပုံစံနဲ့
ထောင်​မှူးဆီကိုစာတင်​​တော့မှ ပစ္စည်းပို့ခွင့်​ရတယ်​ လူကို​တော့​တွေ့ခွင့်​မရဘူး။ တကယ်​​တော့
ပစ္စည်းပို့ခွင့်​ရတဲ့​နေ့က အ​ဖေ့ကိုအင်းစိန်​စစ်​ခုံရုံးကအမိန့်​ချလိုက်​တဲ့​နေ့ဖြစ်​​နေတယ်​။
၁၉၈၉ နိုဝင်​ဘာ ၆ရက်​​နေ့ ပထမအနှစ်(​၂၀)ချတယ်​။ အ​ဖေကသူတို့စွပ်​စွဲတဲ့ပုဒ်​မ​တွေကို
အ​ထောက်​အထားနဲ့ပြန်​​ချေပ​တော့ ​ဗိုလ်​မှူး၅​ယောက်​လုံးလိုက်​ကာ​နောက်​ထဲဝင်​သွားတယ်​။
ပြီး​တော့ပြန်​ထွက်​လာပြီး အထက်​အမိန့်​အရဆိုပြီး ပုဒ်​မ၅/ညနဲ့ ​ထောင်​(၁၀)နှစ်​ချလိုက်​တယ်​။
၉၀ေ​ရွး​ကောက်​ပွဲကာလမှာ ​ထောင်​ထဲမှာအ​ဖေ​ပြောတဲ့ဥပမာက ဒီ​နေ့အထိမှန်​​နေတယ်​။
ပဲခူး​ရေကြီးတာကိုဥပမာ​ပေးတာ။
(NLD မှာပါတီဝင်​​တွေ သန်းချီပြီးရှိတယ်​။ဒါ​ပေမယ့်​စစ်​မှန်​တဲ့အင်​အားမဟုတ်​​သေးဘူး။
ရေကြီးတဲ့အချိန်​ မြင့်​တဲ့အိမ်​အမိုး​ပေါ်ကို လူ​တွေ ကြက်​​တွေ ​ခွေး​တွေ တိရိစ္ဆာန်​​တွေစုပြုံတက်​ကြတယ်​။
ရေလဲကျ​ရောအားလုံးသူ့​နေရာကို သူပြန်​သွားကြတယ်။အခုက​ရေကြီးချိန်​​လေ)ဆိုတဲ့ဥပမာ
အရမ်းမှန်​တယ်​။၉၀​ရွေး​ကောက်​ပွဲ​နောက်​ပိုင်း
အဖမ်းအဆီးကြမ်းလာတဲ့အချိန်​မှာ အားလုံး​ပျောက်​ကုန်​ကြတယ်​။ အမာခံ​တွေကလက်​ချိုး​ရေလို့ရတယ်​။
အရင်​ကအိမ်​မဖျက်​ရဖို့ ကျွန်​​တော့်​အ​ဖေဆီကို ​နေ့စဉ်​​ချောင်း​ပေါက်​မတတ်​လာတဲ့သူ​တွေ
ကျွန်​​တော့်​အ​ဖေကို​လေးစားပါတယ်​ဆိုတဲ့အချို့သူ​တွေ အရမ်းရင်းနှီးပါတယ်​ဆိုတဲ့သူ​တွေ လမ်း​တွေ့ရင်​​တောင်​မ​ခေါ်ကြ​တော့ဘူး။မမြင်​ချင်​​ယောင်​​ဆောင်​သွားကြတယ်​။ပါတီထဲကအ​ဖေ့ရဲ့အမာခံရဲ​ဘော်​​တွေက​တော့ အား​ပေးကြတယ်​။
သူတို့နိုင်​တဲ့အပိုင်းကကူညီကြပါတယ်​။ကျောင်းတက်​​တော့ ​ခေါ်မယ့်​သူငယ်​ချင်းမရှိဘူး။
တခြားက​လေး​တွေ​ဆော့တဲ့အချိန်​ ကိုယ်​နဲ့​ဆော့မယ်​သူမရှိလို့ ထိုင်​​ကြည့်​​နေရတာ​တွေ။
တစ်​ချို့​ဆရာမ​တွေက ချိုချိုသာသာဆက်​ဆံ​ပေမယ့်​တစ်​ချို့​တွေက​တော့ အာဏာရှင်​အကြိုက်​ ​မောက်​မာပြီးခွဲခြားဆက်​ဆံတာခံရတယ်​။
မှတ်​မှတ်​ရရ ၂တန်းနှစ်​မှာ ​​နေမ​ကောင်းလို့ တစ်​လနီးပါး​ကျောင်းပျက်​တယ်​။ ဒါ​ပေမယ့်
လပတ်​စာ​မေးပွဲ​တွေ ပထမအစန်းစာ​မေးပွဲကအစ အားလုံး​အောင်​ပြီး အတန်းတင်​စာ​မေးပွဲမှာ ​ဖြေနိုင်​ရဲ့သားနဲ့ စာ​မေးပွဲချတာခံလိုက်​ရတယ်​။ အ​မေကအတန်းပိုင်​ကို​မေး​တော့ စာမ​ကျေမှာစိုးလို့ စာ​မေးပွဲချတာလို့​ပြောတယ်​။
ဒီကြားထဲ မဝတဥက္ကဌ​ဗိုလ်​မှူးတင်​​ဌေးက လမ်းမှာကျွန်​​တော့်​ကိုကားနဲ့တိုက်​ဖို့လုပ်​တာ အ​ပြေးမြန်​လို့ကပ်​ပြီးလွတ်​သွားတယ်​။
ကျွန်​​တော်​တို့အတွက်​အမှန်​တရားဆိုတာမရှိခဲ့ဘူး။နိုင်​ငံ​တော်​ကိုပုန်​ကန်​တဲ့သူရဲ့သားလို့​ပြောတာလဲခံရတာပဲ။
အဲ့ဒီအချိန်​မှာ ကိုယ့်​ကိုအ​ပေါင်းအသင်းလာဖွဲ့တဲ့သူ​တွေက ​ကျောင်းမှာဆိုး​ပေ​တေ​နေတဲ့က​လေးအများစုပဲ
မြို့​ပေါ်​နေတဲ့​ကျောင်းသားထဲက အ​ဖေ့ရဲ​ဘော်​တစ်​​ယောက်​ရဲ့ သား​နဲ့တူ​တွေ​လောက်​ပဲ စကား​ပြောတာရှိတယ်​။ အ​ဖေ​ထောင်​ကျပြီး​တော့ သား၊သမီး၃​ယောက်​နဲ့အ​မေက ​ဈေးမ​ရောင်းတတ်​​တော့ ဆိုင်​မှာရှိတဲ့ပစ္စည်း​တွေအရင်းပြုတ်​​ရော။
နောက်​ဆုံး ထမင်းပဲရှိပြီးဟင်းမရှိလို့ အိမ်​ကအပင်​ကမာလကာသီးအကျစ်​​တွေကိုခူးပြီး
ကိုက်​စားရတာ​တွေ အိမ်​ကအုန်းပင်​ကအုန်းသီးအ​ခြောက်​​တွေကို အုန်းဆီချက်​ ချက်​ပြီးစားရတာ​တွေ
ထမင်းကို​ရေစမ်းပြီး ကြက်​သွန်​ကိုက်​ပြီးစားရတာ​တွေကို ဘယ်​​တော့မှ​မေ့လို့မရဘူး။ အကိုဆိုရင်​လဲ ​ကျောင်းကအကြိမ်​ကြိမ်​ အပြစ်​ရှာပြီးထုတ်​ပစ်​တာခံရတာပဲ။ ၈တန်းမှာပဲ ၅နှစ်​​လောက်​မတက်​ပဲ​နေလိုက်​ရတယ်​။ ​နောက်​ပိုင်းမှာ စီးပွား​ရေးအစဉ်​မ​ပြေပဲ မိသားစု​တွေ တစ်​ကွဲစီဖြစ်​ခဲ့တယ်​။ ကျွန်​​တော်​က​တော့​ကျောင်းထွက်​ပြီးအလုပ်​လုပ်​ခဲ့တယ်​။ ​ကျောင်းကိုစိတ်​ပျက်​ပြီးတက်​ချင်​စိတ်​မရှိ​တော့ဘူး။
သောက်​​ရေအိုးဖိုး တံပျက်​စည်းဖိုး ဆိုပြီး အမျိုးမျိုးအ​ကြောင်းပြပြီးပိုက်​ဆံ​တောင်း အ​မေကအစဉ်​မ​ပြေလို့မ​ပေးနိုင်​​တော့ ​ဆရာမကရစရာမရှိ​အောင်​​ပြောတာခံရ အဲ့ဒါ​ကြောင့်​ ​ကျောင်းထွက်​မိတဲ့အတွက်​ ဒီ​နေ့အထိ​နောင်​တမရဘူး။ ​ကျောင်းဆင်းချိန်
တစ်​ခြား​ကျောင်းသား​တွေကိုမိဘ​တွေလာကြိုချိန်​မှာ ကျွန်​​တော့်​ကိုကြိုမယ့်​သူမရှိဘူး။
အ​ဖေရှိလျက်​နဲ့အ​ဖေမဲ့တဲ့ဘဝကို​ရောက်​ခဲ့ရတာ။ သူများမိသားစု​တွေကိုအားကျရုံကလွဲပြီး ဘာမှမတတ်​နိုင်​ခဲ့ဘူး။
ဒီကြားထဲ အစ်​ကို့ကို ညဘက်​၈နာရီ​လောက်​လမ်းမှာ​တွေ့တာကို အာဏာပိုင်​​တွေကဖမ်းပြီး ​မှောင်​ရိပ်​ခိုမှုနဲ့ ​ထောင်​တစ်​လချလိုက်​တယ်​။ တစ်​မြို့လုံးကို ၃/၄ရက်​​နေမှ ခဏ​လောက်​မီးကိုမြင်​ရတဲ့အချိန်​မှာ ​မှောင်​ရိပ်​ခိုတယ်​ဆို​တော့ ဘယ်​လို​ပြောရမလဲ။အာဏာရှင်​​တွေထင်​တိုင်းကျဲတဲ့အချိန်​​လေ။ အ​ဖေ့ကို​လဲထောင်​ဝင်​စာမှန်​မှန်​မ​တွေ့နိုင်​ခဲ့ဘူး။
တစ်​ခါတ​လေ၄/၅လ​လောက်​​နေမှ တစ်​ကြိမ်​ပဲသွား​တွေ့နိုင်​ခဲ့တယ်​။ အ​ဖေက​တော့ဘယ်​အချိန်​ပဲ​တွေ့​တွေ့
မျက်​နှာကအပြုံးမပျက်​ဘူး အမြဲအား​ပေးတယ်​။သူ့ရင်​ထဲကမိသားစုရဲ့အပူကိုဘယ်​သူမြင်​နိုင်​မှာလဲ။
ကျွန်​​တော်​ခြံထဲမှာအပင်​​တွေစိုက်​ထားတဲ့အ​ကြောင်း အ​ဖေ့ကို​ပြောပြ​တော့ အ​ဖေကဒါမှငါ့သားအ​ဖေနဲ့တူတယ်​လို့​ပြောတဲ့အချိန်​ ကျွန်​​တော်​အရမ်း​ပျော်​ခဲ့တာ။ပြန်​လာရင်​အတူတူစိုက်​ကြမယ်​ဆိုပြီး အ​ဖေကပြော​သေးတယ်​။
ဒီလိုနဲ့အ​ဖေ၁၀နှစ်​ပြည့်​ခဲ့တဲ့ ၁၉၉၉ နိုဝင်​ဘာ ၆ရက်​​နေ့မှာ အ​ဖေလွတ်​မယ်​ဆိုပြီး အ​မေတို့ သာယာဝတီ​ထောင်​ကိုကြိုဖို့သွားတယ်​။ အဲ့ဒီ​နေ့ကလွတ်​မယ့်​၆​ယောက်​မှာ ၅​ယောက်​လွတ်​ပြီး အ​ဖေတစ်​​ယောက်​ပဲကျန်​ခဲ့တယ်​။ ဘာ​ကြောင့်​ဆိုတာစုံစမ်းလို့မရသလို
ထောင်​ဝင်​စာလဲ​တွေ့ခွင့်​မရဘူး။
တစ်​လ​လောက်​ကြာမှ ICRC ကဝင်​​တော့မှ ​ထောင်​ဝင်​စာ​တွေ့ခွင့်​ရတဲ့အ​ကြောင်း ICRC က​သာယာဝတီထောင်​က​နေ
မင်းလှအိမ်​ကိုတန်းလာပြီး အ​ဖေ​ပေးလိုက်​တဲ့စာကိုလာ​ပေးတယ်​။
အဲ့ဒီ​တော့မှသိရတယ်​။အ​ဖေ့ကို ပုဒ်​မ ၁၀(က)​နဲ့ထပ်​စွဲထားတယ်​ဆိုတာ။ ​တွေ့ရင်​လဲသီးသန့်​​တွေ့ရတယ်​။ ပုဒ်​မ ၁၀(က)ကိုတစ်​နှစ်​တစ်​ကြိမ်​သက်​တမ်းတိုးတာ ​ကျဆုံးတဲ့အထိပဲ။
အမှန်​က​တော့အာဏာရှင်​လူယုတ်​မာ​တွေက မ​သေ ​သေ​အောင်​သတ်​ပစ်​လိုက်​တာ။ကုလို့ရတဲ့​ရောဂါကို ကုသခွင့်​မ​ပေးပဲအချိန်​ဆွဲပြီးသတ်​ပစ်​လိုက်​တာ။အချိန်​လွန်​မှ ရန်​ကုန်​​ဆေးရုံကြီးအ​ရေး​ပေါ်ကိုပို့တယ်​။ဒါ​ပေမယ့်​ခွဲခန်းဝင်​​တော့အရမ်း​နောက်​ကျသွားပြီ။
ခွဲခန်းကိုလက်​မ​ထောင်​ပြီး မိသားစုကို​အား​ပေးပြီးဝင်​သွားတဲ့အ​ဖေ ခွဲခန်းကပြန်​ထွက်​လာ​တော့ လုံးဝသတိပြန်​မရတာ ည​နေ၄နာရီ၁၀မိနစ်​ ကျဆုံးတဲ့အထိပဲ။ ကျွန်​​တော်​အရမ်းချစ်​တဲ့အ​ဖေ ကျွန်​​တော်​နဲ့စကား​ပြောခွင့်​မရပဲ ကျွန်​​တော့်​လက်​​ပေါ်မှာတင်​ကျဆုံးသွားတယ်​။ ကျွန်​​တော့်​ရဲ့​မျှော်​လင့်​ချက်​​တွေအားလုံးပျက်​စီးသွားတယ်​။ကျွန်​​တော်​​နေချင်​တဲ့ စုံလင်​တဲ့မိသားစုဘဝကိုစွန့်​လွှန်​လိုက်​ရတယ်​။
အဲ့ဒီအချိန်​ထဲကဆုံးဖြတ်​ခဲ့တယ်​။ အာဏာရှင်​ကိုဆက်​ပြီး​တော်​လှန်​ဖို့။အ​ဖေ့သားပီပီ အ​ဖေ့ရဲ့မပြီးဆုံး​သေးတဲ့တာဝန်​ကို ပခုံး​ပြောင်းယူဖို့။အရင်​ကနိုင်​ငံ​ရေးကိုစိတ်​မဝင်​စားဘူး။အ​ဖေ့ကို​တောင်​ဆက်​မလုပ်​ဖို့နဲ့အ​ဖေနဲ့အတူတူ​နေချင်​တဲ့အ​ကြောင်း ခဏခဏ​ပြောတယ်​။
အ​ဖေကျဆုံးပြီး​နောက်​ပိုင်းမှာနိုင်​ငံ​ရေးကိုစပြီး​လေ့လာတယ်​။၂၀၀၃မှာ NLD ပါတီလူငယ်​မှာ အတွင်း​ရေးမှူးတာဝန်​ကိုစပြီးယူတယ်​။ အ​ဖေ့ဆီကအ​မွေရလိုက်​တာက​တော့ ဦး​အောင်​​မေသုရဲ့သားဆိုတဲ့ဂုဏ်​နဲ့ ဆုံးမစကား​ဖြစ်​တဲ့ ဥပ​ဒေနဲ့မလွတ်​ကင်းတာဆိုရင်​ ဘာမှမလုပ်​နဲ့ အမှန်​တရားအတွက်​ဆိုရင်​​တော့ ဘယ်​လိုအ​ခြေအ​နေမျိုးမှာမဆို ရဲရဲရပ်​တည်​ ရဲရဲရင်​ဆိုင်​ဖို့၊ ဘယ်​အလုပ်​ပဲလုပ်​လုပ်​ ရိုးရိုးသားသားလုပ်​ ဖျာမခင်းနဲ့ဆိုတာနဲ့ ဘယ်​အလုပ်​မဆို မလုပ်​ခင်​စဉ်းစား ပြီးမှဆုံးဖြတ်​ ဆုံးဖြတ်​ပြီးရင်​​အောင်​မြင်​​အောင်​ဆက်​လုပ်​ ဘာအ​ကြောင်းနဲ့မှ​နောက်​မဆုတ်​နဲ့ဆိုတာက ကျွန်​​တော့်​ဘဝရပ်​တည်​မှုအတွက်​လုံ​လောက်​တယ်​။ ဒီစကား​ပြောတဲ့အချိန်​က ကျွန်​​တော်​ရန်​ကုန်​မှာအလုပ်​သွားပြီးလုပ်​မယ့်​အ​ကြောင်း​ပြောတဲ့အချိန်​ အ​ဖေမှာတဲ့အထဲက အဓိကအချက်​​တွေပဲ။
အ​ဖေ့ရဲ့ဈာပနကိုလိုက်​ပို့တဲ့အချိန်​မှာ အန်​တီ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့အား​ပေးစကား​တွေ အန်​တီ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ မင်းလှခရီးစဉ်​မှာ ကျွန်​​တော်​တို့ကို မြို့နယ်​NLDရုံးမှာ​ခေါ်​တွေ့ပြီးေ​ပြာတဲ့ မှာကြားချက်​​တွေကလဲ ကျွန်​​တော့်​အတွက်
ဒီလမ်းကိုဆက်​​လျောက်​ဖို့ လုံ​လောက်​တဲ့အားအင်​​တွေပဲ။
ဒါ​ပေမယ့်​ အ​ဖေ့ကိုဆုံးရှုံးရတဲ့ဆုံးရှုံးမှုက ဘာနဲ့မှအစားထိုးလို့မရဘူး။ ပြန်​စဉ်းစားတိုင်းငယ်​စဉ်​ဘဝကရခဲ့တဲ့စိတ်​ဒဏ်​ရာ​တွေက အသစ်​ဖြစ်​လာတယ်​။ ငရဲကျခဲ့သလိုပဲ။ဒီလိုဘဝမျိုး​တွေ ဒီလိုဒုက္ခမျိုး​တွေကို နိုင်​/ကျဉ်းမိသားစုတိုင်းခံခဲ့ရတာပဲ။
နိုင်​/ကျဉ်း​တွေရဲ့သား/သမီး​တွေနဲ့ဆုံရင်​ ကိုယ့်​မိသားစုအရင်းအချာ​တွေနဲ့ဆုံရသလို ဘဝတူ​တွေဆို​တော့ ​နွေး​ထွေးမှုရှိတယ်​။ အာဏာရှင်​မင်းဆိုးမင်းယုတ်​​တွေဖြစ်​တဲ့ ​ဗိုလ်​​နေဝင်းကစပြီး ​ဗိုလ်​သန်း​ရွှေ၊ ​ဗိုလ်​ခင်​ညွန့်​တို့အုပ်​စုကို​တော့ ဘယ်​​တော့မှခွင့်​မလွှတ်​နိုင်​ဘူး။
ဒါ​ပေမယ့်​ အဲ့ဒီလူယုတ်​မာ​တွေကို ကျွန်​​တော်​တို့နိုင်​တယ်​။ကျွန်​​တော့်​အ​ဖေက အသက်​နဲ့ရင်းပြီး သူ့ရဲ့ယုံကြည်​ချက်​ကိုစွဲကိုင်​သွားတယ်​။ အာဏာရှင်​ကိုဒူးမ​ထောက်​ခဲ့ဘူး။ပြီး​တော့မပြီးဆုံး​သေးတဲ့တာဝန်​ကိုဆက်​ထမ်းဖို့ သူ့ရဲ့မျိုးဆက်​ကိုထားခဲ့တယ်​။အဲ့ဒီအတွက်​နိုင်​တယ်​။အာဏာရှင်​ရဲ့သားသမီး​တွေ အများပြည်​သူရဲ့​ရှေ့မှာ ဘယ်​သူ့ရဲ့သား/သမီးပါလို့ ​ကြေငြာပြီး ဂုဏ်​ယူရဲ့တဲ့သတ္တိမရှိဘူး။ ​ကြေငြာခဲ့ရင်
ကြိမ်း​သေ​ပြောနိုင်​တာက ပြည်​သူကဝိုင်းပြီးဖိနပ်​နဲ့​ပေါက်​လိမ့်​မယ်​ဆိုတာ။ ကျွန်​​တော်​တို့အတွက်​က​တော့ ကြိုက်​တဲ့​နေရာကိုသွား ဦး​အောင်​​မေသုရဲ့သားဆိုပြ်ီး ရဲရဲဝံ့ဝံ့ဂုဏ်​ယူရဲတယ်​။ဒါကလူတစ်​​ယောက်​ရဲ့တန်​ဖိုးပဲ။
အ​ဖေ့ရဲ့သားတစ်​​ယောက်​အ​နေနဲ့ အ​ဖေ​လျောက်​ခဲ့တဲ့လမ်းကို ဆက်​​လျောက်​​နေတာကို အ​ဖေသိမြင်​ခဲ့မယ်​ဆိုရင်​ ဝမ်းသာ​ကျေနပ်​​နေလိမ့်မယ်လို့​​ ​မျှော်​လင့်​မိပါတယ်​...


https://m.facebook.com/story.php?story_fbid=492295744469540&id=100010673550003

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီလမ်းကိုဆက်​​လျောက်​ဖို့ လုံ​လောက်​တဲ့အားအင်​​တွေပဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...