Monday, February 5, 2018

ဒီစာကို ေရးသင့္ ၊ မေရးသင့္

,
ဒီစာကို ေရးသင့္ ၊ မေရးသင့္ မနက္ကတည္းက စဥ္းစားေနခဲ့တယ္။ ရခိုင္ျပည္နယ္ ၊ ေက်ာက္ျဖဴၿမိဳ႕နယ္ မွာရွိတဲ့ အ.လ.က (၄) သန္ပန္ေခ်ာင္းေက်ာင္းမွာ ဆရာကန္ေတာ့ပြဲလုပ္တယ္။ သန္ပန္ေခ်ာင္းေက်ာင္းကေလး ဟာ သန္ပန္ေခ်ာင္း ရပ္ကြက္မွာရွိတာပါ။ သန္ပန္ေခ်ာင္းရပ္ကြက္ဟာ ေက်ာက္ျဖဴ အမွတ္ (၁)ဆိပ္နားမွာရွိပါတယ္။ ကၽြန္မ ၈ တန္းတက္တဲ့ ႏွစ္မွာ ေက်ာက္ျဖဴကိုေျပာင္းရပါတယ္။ အဲ့ဒီႏွစ္မွာပဲ သန္ပန္ေခ်ာင္းေက်ာင္းဟာ မူလတန္းအဆင့္ကေန အလယ္တန္းအဆင့္ကို တိုးျမင့္ဖြင့္လွစ္တဲ့အတြက္ အိမ္နဲ႔နီးတဲ့ အဲ့ဒီေက်ာင္းကေလးမွာ တက္ျဖစ္ခဲ့တယ္။ သန္ပန္ေခ်ာင္းေက်ာင္းေလးရဲ့အေရွ႕မွာ အိမ္တန္းေလး ၊ ၿပီးရင္ ပင္လယ္ႀကီး။ အဲဒီအိမ္တန္းေလးမွာ ရခိုင္ေတြ ၊ ကမန္ေတြ ၊ မူစလင္ေတြ ၊ ဗုဒၵဘာသာေတြ အတူယွဥ္တြဲေနထိုင္တယ္။ ဗလီရွိတယ္။ ေစ်းနီးတယ္။ ဘာသာမတူၾကလဲ အတူေန ၊ အတူစား ၊ အတူကစား ၊ အတူႀကီးျပင္းလာခဲ့တယ္။ ဘာျပႆနာမွ ျဖစ္တယ္ မၾကားမိဘူး။ အစ္ေန႔မွာ မူစလင္သူငယ္ခ်င္းေတြ အိမ္မွာ မုန႔္အစ္ဆို မုန႔္စားတယ္။ အသားအစ္ဆို အမဲသားေနာ္လာ ခ်က္ထားတာ စားတယ္။ အိမ္ေတြမွာ ၿခံစည္းရိုးလဲ မရွိဘူး။ ဒိုးရိုေပါက္ ကူးသန္းသြားလာေနၾကတာပဲ။ အလယ္တန္းေက်ာင္းအဆင့္ ကို စတင္တိုးျမင့္တဲ့ႏွစ္မို႔ ဆရာေတြ ဆရာမေတြက သိပ္ေအာင္ခ်က္ေကာင္းေစခ်င္တယ္။ ရွစ္တန္းက အစိုးရစစ္မို႔ အားထည့္ၾကတာလဲပါတယ္။ ျပင္ပက်ဴရွင္ယူစရာမလိုပါဘူး။ အခ်ိန္ပိုသင္ေပးၾကတယ္။ အသားကုန္ ေမာင္းတယ္ လို႔ေျပာပါေတာ့။ အိမ္မွာေနတဲ့အခ်ိန္ထက္ေက်ာင္းမွာ ေနတဲ့အခ်ိန္က ပိုမ်ားပါတယ္။
ဗုဒၵဘာသာ ရခိုင္ေတြနဲ႔ ၊ မူစလင္ရယ္လို႔ မခြဲျခားပဲ ႀကီးျပင္းခဲ့ၾကတာမို႔ တခ်ိဳ႕ဆို နို႔စို႔ဖက္ေတြေတာင္ ျဖစ္ပါတယ္။
အဲ့ဒီအေျခအေနေတြကို လုံးဝကြဲျပားသြားေစတာ ၂၀၁၂ မွာျဖစ္ခဲ့တဲ့ လက္မည္းႀကီးမ်ားရဲ့စနက္ အၾကမ္းဖက္မွုပါ။ ေက်ာက္ျဖဴတစ္ၿမိဳ႕လုံးမွာ ရွိသမၽွ မူစလင္ေတြကို အကုန္ ၿမိဳ႕ျပင္ေမာင္းထုတ္ခဲ့တယ္။ ၿမိဳ႕ေပၚက တူတူေနထိုင္ႀကီးျပင္းလာခဲ့တဲ့ ရခိုင္ေတြက လုပ္တာမဟုတ္ဘူး။ ေတာေတြကေန ေငြကုန္ေၾကးက်ခံလူစုလာတဲ့ တုတ္ဓါးေတြကိုင္လာတဲ့ လူအုပ္ႀကီးက လုပ္တာပါ။ အဲ့လိုနဲ႔ ၿမိဳ႕ျပင္ေက်ာက္တစ္လုံးဘုရားနားက ဒုကၡသည္စခန္းမွာ ေနရာခ်ထားေပးခဲ့တယ္။ အဲ့မွာသြားေရာက္ေနထိုင္ၾကရတဲ့ မူစလင္ေတြမွာ သန္းေခါင္စာရင္း ၊ မွတ္ပုံတင္ အျပည့္အစုံရွိတဲ့ နိုင္ငံသားေတြ အမ်ားႀကီးပါ။ တူတူေနထိုင္ႀကီးျပင္းလာၾကတဲ့ သူေတြပါ။ အဲ့ဒီဒုကၡသည္စခန္းထဲမွာ အခုထိေနထိုင္ေနရဆဲပါ။ မွတ္ပုံတင္ရွိသူေတြကို တျခားကို ေျပာင္းေရႊ႕ခ်င္ရင္ ေျပာင္းေရႊ႕ပါ ထြက္သြားခြင့္ျပဳခဲ့ေပမယ့္ ေလယာဥ္နဲ႔သြားမွ ေဘးမသီရန္မခ ရခိုင္ျပည္က ထြက္နိုင္ပါမယ္။ တိုတိုေျပာရရင္ ေငြေၾကးတတ္နိုင္မွျဖစ္ပါမယ္။ အသက္ကို လုျပး ဒုကၡသည္စခန္းေရာက္ေအာင္ ေျပးလာသူမ်ားမို႔ ေငြေၾကးဥစၥာ အကုန္ဆုံးရွုံးခဲ့ရသူမ်ားဟာ ရခိုင္ျပည္ကေန ထြက္ခြာဖို႔ ဘယ္ကေငြရမွာလဲ။ ဘာအလုပ္အကိုင္ကို လုပ္ရမွာလဲ ။ ဒုကၡသည္စခန္းမွာ နိုင္ငံတကာ အလွူရွင္ေတြက ေထာက္ပံ့ေငြနဲ႔ ယေန႔အထိ မေသ႐ုံရွင္သန္ေနၾကဆဲပါ။
ဒီေန႔ သန္ပန္ေခ်ာင္းေက်ာင္းမွာ ဆရာကန္ေတာ့ပြဲလုပ္တယ္။ ကၽြန္မတို႔ကို သင္ခဲ့တဲ့ ဆရာ ၊ ဆရာမမ်ားထဲမွာ ရခိုင္ ၊ ဗမာ ၊ မူစလင္ အစုံပါပါတယ္။ အခု မူစလင္ကင္းမဲ့ဇုန္ျဖစ္သြားတဲ့ အဲ့ဒီေက်ာင္းကေလး မွာ ကၽြန္မတို႔ကို သင္ၾကားေပးခဲ့တဲ့ မူစလင္ ဆရာ ၊ ဆရာမမ်ားကို ဆရာကန္ေတာ့ပြဲမွာ မေတြ႕ရေတာ့ဘူး။ ကၽြန္မတို႔နဲ႔ အတူတူ စာသင္ဖက္ မူစလင္သူငယ္ခ်င္းေတြ ဒုကၡသည္စခန္းမွာ တခ်ိဳ႕နဲ႔ တခ်ိဳ႕လဲ ေသ ၊ တခ်ိဳ႕လဲ ရခိုင္ျပည္ကေန ထြက္ခြာခြင့္ရခဲ့တယ္။ အတူတူမရွိနိုင္ေတာ့ဘူး။
ကၽြန္မတို႔လို တစ္နယ္တစ္ေက်းမွာေရာက္ေနသူခ်င္းတူတ မူစလင္သူငယ္ခ်င္းေတြဟာ အဲ့လို ျပန္လည္ဆုံစည္းရတဲ့ ဆရာကန္ေတာ့ပြဲကို ျပန္လာခြင္   ၊ တက္ေရာက္ခြင့္ မရနိုင္ဘူး။
ဆရာကန္ေတာ့ပြဲ ဓတ္ပုံေတြကို ကၽြန္မက လြမ္းလြမ္းေဆြးေဆြးတင္ၿပီး ပြင့္ပြင့္လင္းလင္းသတိရေနစဥ္မွာ တိတ္တဆိတ္စိတ္ထိခိုက္ေနရွာမယ့္ သူငယ္ခ်င္းေတြ ရွိတယ္။
ျပန္လာခြင့္မရတဲ့ သူငယ္ခ်င္းေတြရွိတယ္။ ေငြပုံေပးရင္ေတာင္ ျပန္လာလို႔မရတဲ့ သူငယ္ခ်င္းေတြရွီတယ္။
ကၽြန္မ ဘာလို႔ သင့္ျမတ္ခ်စ္ၾကည္ေရးကို လုပ္ေနသလဲ သိလား။
ကၽြန္မ ဘာ လို႔ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ေရးကို လုပ္ေနသလဲ သိလား။
ကၽြန္မဘာလို႔ အမုန္းစကား ေတြကို တားဆီးဖို႔ ႀကိဳးစားေနသလဲ သိလား။

ကၽြန္မဘာလို႔ အမ်ိဳးသားေရး ၊ အမ်ိဳးသားေရးေအာ္ေနတဲ့ တစ္ဖက္ပိတ္မ်ိဳးခ်စ္ေတြကို ရင္ဆိုင္ေနသလဲ သိလား။

အဲ့ဒိလို ေၾကကြဲစရာ အျဖစ္ကို ရင္ဆိုင္ခဲ့ရလို႔ပါ။
အဲ့လို ကၽြန္မသူငယ္ခ်င္းေတြ ဒုကၡေရာက္ေနစဥ္မွာ ဘာမွ မကူေပးနိုင္ခဲ့လို႔ပါ။ ခုထိလဲ မကူနိုင္ေသးဘူး။
အမ်ိဳးသားေရး စိတ္ဓါတ္လို႔ေအာ္ၿပီး နို႔စို႔ဖက္ ၊ ေက်ာင္းသြားေဖာ္ သုငယ္ခ်င္းေတြကို ဒုကၡသည္စခန္းကေန အိမ္ျပန္လို႔ရေအာင္ မလုပ္ေပးနိုင္ေသးဘူး။ ကၽြန္မဟာ ခုထိ သူငယ္ခ်င္းေကာင္းတစ္ေယာက္ မဟုတ္ေသးဘူး။

ဒီစာကို ရေးသင့် ၊ မရေးသင့် မနက်ကတည်းက စဉ်းစားနေခဲ့တယ်။ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် မှာရှိတဲ့ အ.လ.က (၄) သန်ပန်ချောင်းကျောင်းမှာ ဆရာကန်တော့ပွဲလုပ်တယ်။ သန်ပန်ချောင်းကျောင်းကလေး ဟာ သန်ပန်ချောင်း ရပ်ကွက်မှာရှိတာပါ။ သန်ပန်ချောင်းရပ်ကွက်ဟာ ကျောက်ဖြူ အမှတ် (၁)ဆိပ်နားမှာရှိပါတယ်။ ကျွန်မ ၈ တန်းတက်တဲ့ နှစ်မှာ ကျောက်ဖြူကိုပြောင်းရပါတယ်။ အဲ့ဒီနှစ်မှာပဲ သန်ပန်ချောင်းကျောင်းဟာ မူလတန်းအဆင့်ကနေ အလယ်တန်းအဆင့်ကို တိုးမြင့်ဖွင့်လှစ်တဲ့အတွက် အိမ်နဲ့နီးတဲ့ အဲ့ဒီကျောင်းကလေးမှာ တက်ဖြစ်ခဲ့တယ်။ သန်ပန်ချောင်းကျောင်းလေးရဲ့အရှေ့မှာ အိမ်တန်းလေး ၊ ပြီးရင် ပင်လယ်ကြီး။ အဲဒီအိမ်တန်းလေးမှာ ရခိုင်တွေ ၊ ကမန်တွေ ၊ မူစလင်တွေ ၊ ဗုဒ္ဒဘာသာတွေ အတူယှဉ်တွဲနေထိုင်တယ်။ ဗလီရှိတယ်။ စျေးနီးတယ်။ ဘာသာမတူကြလဲ အတူနေ ၊ အတူစား ၊ အတူကစား ၊ အတူကြီးပြင်းလာခဲ့တယ်။ ဘာပြဿနာမှ ဖြစ်တယ် မကြားမိဘူး။ အစ်နေ့မှာ မူစလင်သူငယ်ချင်းတွေ အိမ်မှာ မုန့်အစ်ဆို မုန့်စားတယ်။ အသားအစ်ဆို အမဲသားနော်လာ ချက်ထားတာ စားတယ်။ အိမ်တွေမှာ ခြံစည်းရိုးလဲ မရှိဘူး။ ဒိုးရိုပေါက် ကူးသန်းသွားလာနေကြတာပဲ။ အလယ်တန်းကျောင်းအဆင့် ကို စတင်တိုးမြင့်တဲ့နှစ်မို့ ဆရာတွေ ဆရာမတွေက သိပ်အောင်ချက်ကောင်းစေချင်တယ်။ ရှစ်တန်းက အစိုးရစစ်မို့ အားထည့်ကြတာလဲပါတယ်။ ပြင်ပကျူရှင်ယူစရာမလိုပါဘူး။ အချိန်ပိုသင်ပေးကြတယ်။ အသားကုန် မောင်းတယ် လို့ပြောပါတော့။ အိမ်မှာနေတဲ့အချိန်ထက်ကျောင်းမှာ နေတဲ့အချိန်က ပိုများပါတယ်။
ဗုဒ္ဒဘာသာ ရခိုင်တွေနဲ့ ၊ မူစလင်ရယ်လို့ မခွဲခြားပဲ ကြီးပြင်းခဲ့ကြတာမို့ တချို့ဆို နို့စို့ဖက်တွေတောင် ဖြစ်ပါတယ်။
အဲ့ဒီအခြေအနေတွေကို လုံးဝကွဲပြားသွားစေတာ ၂၀၁၂ မှာဖြစ်ခဲ့တဲ့ လက်မည်းကြီးများရဲ့စနက် အကြမ်းဖက်မှုပါ။ ကျောက်ဖြူတစ်မြို့လုံးမှာ ရှိသမျှ မူစလင်တွေကို အကုန် မြို့ပြင်မောင်းထုတ်ခဲ့တယ်။ မြို့ပေါ်က တူတူနေထိုင်ကြီးပြင်းလာခဲ့တဲ့ ရခိုင်တွေက လုပ်တာမဟုတ်ဘူး။ တောတွေကနေ ငွေကုန်ကြေးကျခံလူစုလာတဲ့ တုတ်ဓါးတွေကိုင်လာတဲ့ လူအုပ်ကြီးက လုပ်တာပါ။ အဲ့လိုနဲ့ မြို့ပြင်ကျောက်တစ်လုံးဘုရားနားက ဒုက္ခသည်စခန်းမှာ နေရာချထားပေးခဲ့တယ်။ အဲ့မှာသွားရောက်နေထိုင်ကြရတဲ့ မူစလင်တွေမှာ သန်းခေါင်စာရင်း ၊ မှတ်ပုံတင် အပြည့်အစုံရှိတဲ့ နိုင်ငံသားတွေ အများကြီးပါ။ တူတူနေထိုင်ကြီးပြင်းလာကြတဲ့ သူတွေပါ။ အဲ့ဒီဒုက္ခသည်စခန်းထဲမှာ အခုထိနေထိုင်နေရဆဲပါ။ မှတ်ပုံတင်ရှိသူတွေကို တခြားကို ပြောင်းရွှေ့ချင်ရင် ပြောင်းရွှေ့ပါ ထွက်သွားခွင့်ပြုခဲ့ပေမယ့် လေယာဉ်နဲ့သွားမှ ဘေးမသီရန်မခ ရခိုင်ပြည်က ထွက်နိုင်ပါမယ်။ တိုတိုပြောရရင် ငွေကြေးတတ်နိုင်မှဖြစ်ပါမယ်။ အသက်ကို လုပြး ဒုက္ခသည်စခန်းရောက်အောင် ပြေးလာသူများမို့ ငွေကြေးဥစ္စာ အကုန်ဆုံးရှုံးခဲ့ရသူများဟာ ရခိုင်ပြည်ကနေ ထွက်ခွာဖို့ ဘယ်ကငွေရမှာလဲ။ ဘာအလုပ်အကိုင်ကို လုပ်ရမှာလဲ ။ ဒုက္ခသည်စခန်းမှာ နိုင်ငံတကာ အလှူရှင်တွေက ထောက်ပံ့ငွေနဲ့ ယနေ့အထိ မသေရုံရှင်သန်နေကြဆဲပါ။
ဒီနေ့ သန်ပန်ချောင်းကျောင်းမှာ ဆရာကန်တော့ပွဲလုပ်တယ်။ ကျွန်မတို့ကို သင်ခဲ့တဲ့ ဆရာ ၊ ဆရာမများထဲမှာ ရခိုင် ၊ ဗမာ ၊ မူစလင် အစုံပါပါတယ်။ အခု မူစလင်ကင်းမဲ့ဇုန်ဖြစ်သွားတဲ့ အဲ့ဒီကျောင်းကလေး မှာ ကျွန်မတို့ကို သင်ကြားပေးခဲ့တဲ့ မူစလင် ဆရာ ၊ ဆရာမများကို ဆရာကန်တော့ပွဲမှာ မတွေ့ရတော့ဘူး။ ကျွန်မတို့နဲ့ အတူတူ စာသင်ဖက် မူစလင်သူငယ်ချင်းတွေ ဒုက္ခသည်စခန်းမှာ တချို့နဲ့ တချို့လဲ သေ ၊ တချို့လဲ ရခိုင်ပြည်ကနေ ထွက်ခွာခွင့်ရခဲ့တယ်။ အတူတူမရှိနိုင်တော့ဘူး။
ကျွန်မတို့လို တစ်နယ်တစ်ကျေးမှာရောက်နေသူချင်းတူတ မူစလင်သူငယ်ချင်းတွေဟာ အဲ့လို ပြန်လည်ဆုံစည်းရတဲ့ ဆရာကန်တော့ပွဲကို ပြန်လာခွင်   ၊ တက်ရောက်ခွင့် မရနိုင်ဘူး။
ဆရာကန်တော့ပွဲ ဓတ်ပုံတွေကို ကျွန်မက လွမ်းလွမ်းဆွေးဆွေးတင်ပြီး ပွင့်ပွင့်လင်းလင်းသတိရနေစဉ်မှာ တိတ်တဆိတ်စိတ်ထိခိုက်နေရှာမယ့် သူငယ်ချင်းတွေ ရှိတယ်။
ပြန်လာခွင့်မရတဲ့ သူငယ်ချင်းတွေရှိတယ်။ ငွေပုံပေးရင်တောင် ပြန်လာလို့မရတဲ့ သူငယ်ချင်းတွေရှီတယ်။
ကျွန်မ ဘာလို့ သင့်မြတ်ချစ်ကြည်ရေးကို လုပ်နေသလဲ သိလား။
ကျွန်မ ဘာ လို့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို လုပ်နေသလဲ သိလား။
ကျွန်မဘာလို့ အမုန်းစကား တွေကို တားဆီးဖို့ ကြိုးစားနေသလဲ သိလား။

ကျွန်မဘာလို့ အမျိုးသားရေး ၊ အမျိုးသားရေးအော်နေတဲ့ တစ်ဖက်ပိတ်မျိုးချစ်တွေကို ရင်ဆိုင်နေသလဲ သိလား။

အဲ့ဒိလို ကြေကွဲစရာ အဖြစ်ကို ရင်ဆိုင်ခဲ့ရလို့ပါ။
အဲ့လို ကျွန်မသူငယ်ချင်းတွေ ဒုက္ခရောက်နေစဉ်မှာ ဘာမှ မကူပေးနိုင်ခဲ့လို့ပါ။ ခုထိလဲ မကူနိုင်သေးဘူး။
အမျိုးသားရေး စိတ်ဓါတ်လို့အော်ပြီး နို့စို့ဖက် ၊ ကျောင်းသွားဖော် သုငယ်ချင်းတွေကို ဒုက္ခသည်စခန်းကနေ အိမ်ပြန်လို့ရအောင် မလုပ်ပေးနိုင်သေးဘူး။
ကျွန်မဟာ ခုထိ သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်သေးဘူး။

https://m.facebook.com/story.php?story_fbid=1653014928055122&id=100000398916075

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ဒီစာကို ေရးသင့္ ၊ မေရးသင့္ ”

Post a Comment

Related Posts Plugin for WordPress, Blogger...