Sunday, July 15, 2018

အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်

,
ယနေ့(၁၅-၇-၂၀၁၈) ကြေးမူံသတင်းစာပါ ဆောင်းပါး
==========================
အသိအမြင်များ နိုးကြားလာစေရန်မျိုးစေ့ချပေးခဲ့သည့်အပြင်ပါဠိစာပေထွန်းကား ပြန့်ပွားရေးအတွက်လည်းဆောင်ရွက်ခဲ့သည့်
အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်
==========================

-
သတင်းဆောက်းပါး - သီသီမင်း
-

သူများကျောင်းက ICS  တစ်ယောက်ထွက်ရင် ငါ့ကျောင်းက ဗြိတိသျှအစိုးရကို ပုန်ကန်မယ့် သူပုန် ဆယ်ယောက်ထွက်ရမယ်}}ဟု ရဲရဲတောက်ြွေကးကြော်ခဲ့သူကား အခြားသူမဟုတ်။ မြန်မာတစ်မျိုးသားလုံးကို သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အသက်နှင့်
ရင်းကာ လွတ်လပ်ရေးမုခ်ဦးဝသို့ ပို့ဆောင်ပေးခဲ့သူ အာဇာနည်ကိုးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သည့် ဆရာကြီးဦးရာဇတ်ပင် ဖြစ်သည်။
ဦးရာဇတ်သည် မိတ္ထီလာမြို့ ရဲဝန်ထမ်းတိုက်ပိုင် အင်စပတ်တော် မစ္စတာအေရာမန်နှင့် ဒေါ်ငြိမ်းလှတို့၏ သားဖြစ်ပြီး မွေးချင်း ၁၃ ယောက်တွင် တတိယမြောက် သားဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီ ယောကျာ်းကလေးကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝတွင် တက္ကသိုလ်သပိတ်ကြီး၌ ပါဝင်ခဲ့သည်။
လူငယ်၊ မောင်မယ်များအား အမျိုးသားရေးစိတ်ဓာတ်များ သွတ်သွင်းပေးလိုသည့် စိတ်ဖြင့် ၁၉၂၁ ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းကြီးကို ဖွင့်လှစ်ခဲ့ကာ ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သူ့ကျောင်းမှာ ကျောင်းတက်တာနဲ့ ဘုရားဝတ်ပြု ရတယ်၊ ကျောင်းခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်အလံ ကို အလေးပြုရတယ်၊ အဖေက ဘုရားမရှိခိုးတဲ့သူဆို ဆုံးမလေ့ရှိတယ်၊ အဲဒီလိုအဖေက ဗုဒ္ဓဘာသာကိုလေးစားတာ ဟု သားကြီးဖြစ်သူ ဦးတင်မြင့်က
ပြောသည်။
ထိုသို့ မန္တလေးဗဟိုအမျိုးသားကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်စဉ် မြန်မာလူငယ်များ စစ်ပညာအခြေခံ တတ်ပါစေဟူသော စေတနာဖြင့် ရဲညွန့်တပ်ဖွဲ့စည်းပြီး မက်ဆိုပိုတေးမီးယားပြန် ဆာဦးဘတင် (ဗိုလ်ဘကို ကျောင်းသားလူငယ်များအား စစ်ပညာသင်ကြားစေခဲ့သည်။ သူကိုယ်တိုင် ဗဟိုအမျိုးသားကျောင်းရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။
အဖေ့ရဲ့ အမျိုးသားကျောင်းကနေ မျိုးချစ် တော်လှန်ရေးသမားတွေ၊ တပ်မတော်ပိုင်းမှာဆိုလည်း ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောအစိုးရအဖွဲ့တွင် ဦးရာဇတ်သည် ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် ပါဝင်ခဲ့သည်။
ဦးရာဇတ်သည် မိတ္တီလာမြို့ ရဲဝန်ထမ်းတိုက်ပိုင်အင်စပတ်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှ တို့၏ သားဖြစ်သည်။ ဖခင်မှာ အစ္စလာမ် ဘာသာဝင်၊ မိခင်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်၍ မွေးချင်း ၁၃ ယောက်တွင် တတိယမြောက်ဖြစ်သည်။ မွေးနေ့သက္ကရာဇ်မှာ
၁၈၉၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် (ကြာသပတေးနေ့) ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီ ယောကျာ်းကလေးကျောင်းမှတက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်တက္ကသိုလ်ကျောင်းသားဘဝတွင်
တက္ကသိုလ်သပိတ်ကြီး၌ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီး ကို ဖွင့်လှစ်ခဲ့၏။
၁၉၂၂ ခုနှစ်တွင် အမျိုးသားပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍ အေ၊ ရာဇတ်ဘီအေ (နေရှင်နယ်)အမည်ခံခဲ့သည်။ မန္တလေး ဗဟိုအမျိုးသားကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ်များကို စစ်ပညာသင်ကြားပေးခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် ဆရာကြီးအဖြစ် ထမ်းရွက်
ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ (၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်းဖြစ်သည်
ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်(စနေနေ့) နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက်ဆုံးရှုံးခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်နှင့် သား မောင်တင်မြင့်၊ သမီး ခင်ခင်စိန်၊ သား မောင်လှကြည် တို့ ကျန်ရစ်သည်။
ထိပ်ပိုင်းခေါင်းဆောင်တွေ အများကြီးထွက်တယ်၊ နိုင်ငံရေး နယ်ပယ်မှာရော၊ အားကစားဘက်မှာရော ထူးချွန် ထက်မြက်တဲ့သူတွေ ထွက်တယ်ဟု ဦးတင်မြင့်က ပြောသည်။
ဆရာကြီးဦးရာဇတ်သည် ဖခင် အစ္စလာမ်ဘာသာဝင်၊ မိခင် ဗုဒ္ဓဘာသာမှ မွေးဖွားလာသူဖြစ်သော်လည်း အလွန်
မြန်မာဆန်သူဖြစ်သည့်အပြင် ပါဠိစာပေအလွန်တော်သူ ဖစ်ပြီး အင်္ဂလိပ်စာအသင်အပြလည်း အလွန်ကောင်းသူ
ဖြစ်သည်။ စစ်ပြေးတဲ့အခါကျတော့ မင်းကွန်းမှာ ကိုရင်လေးတွေကို အဖေက ပါဠိသင်ပေးတယ်၊ အင်္ဂလိပ်စာလည်း
သင်ပေးတယ်၊ ပါဠိဆို အဓိပ္ပာယ်ပါ သင်ပေးတာ၊ သင်ပေးတဲ့ ကိုရင်တွေထဲက တချို့ဆို ကျောင်းထိုင်ဆရာ
တော်ကြီးတွေတောင် ဖြစ်ကုန်တယ်။ အဖေက သံဃာတော်တွေကို အင်မတန်ကြည်ညို တာ၊ ဘာသာအယူဝါဒ ကွဲပြားတာနဲ့ပတ်သက်လို့ ကျွန်တော်တို့မိသားစုမှာ ဘာခံစားချက်မှ မရှိပါဘူးဟု ဦးတင်မြင့်က ပြောသည်။

ဆရာကြီးဦးရာဇတ်သည် ၁၉၂၂ ခုနှစ်တွင် အမျိုးသားပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍ အေ၊ ရာဇတ် - ဘီအေ(နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသားအထက် တန်းကျောင်းတွင် ဆရာကြီးအဖြစ် တာဝန်ထမ်းရွက်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့်လက်ထပ်ခဲ့ရာ သားသမီးသုံးဦး ထွန်းကားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် ခေါင်းဆောင်များနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် (စနေနေ့) နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။
မြို့မကျောင်းက တနင်္ဂနွေနဲ့ ဥပုသ်ပဲပိတ်တာ၊ အဲဒီနေ့က ကျောင်းမပိတ်ဘူး၊ အိမ်စောစောပြန်ရမယ်ဆိုလို့ ပျော်နေတာ၊ အိမ်ရောက်တော့ အမေက ငိုနေတယ်ဟု ဖခင်ဆုံးသည့်နေ့က တွေ့ကြုံရသည့် မြင်ကွင်းကို ဦးတင်မြင့်က ပြောပြသည်။၎င်းအနေဖြင့် ဖခင်ဆုံးပါးသည်ကို မန္တလေးမှ ဆွေမျိုးများဆီသို့ ဖုန်းဆက်ပြောနေသည်ကို ကြားသော်လည်း ကောင်းစွာမသိတတ်သေးသည့် ခြောက်နှစ်အရွယ် ကလေးငယ်သာဖြစ်၍ ခံစားမှုပြင်းထန်မှုမရှိခဲ့ကြောင်း ဦးတင်မြင့်က ဆိုသည်။
ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ဂျူဗလီဟောသို့ ပြောင်းရွှေ့သယ်ယူ ဂါရဝပြုခံခဲ့ရာ ဦးရာဇတ်နှင့်ရဲဘော်ကိုထွေးတို့ ရုပ်အလောင်း နှစ်လောင်းကို ဂျူဗလီဟောမှ တာမွေ ကင်းဘဲလမ်း ယခု ငါးထပ်ကြီးဘုရားလမ်း)ရှိ မွတ်စလင်သုသာန်သို့ သယ်ဆောင်သွားပြီး အစ္စလာမ်ဘာသာအရ မြှုပ်နှံသင်္ဂြိုဟ်
ခဲ့သည်။ အာဇာနည်ကုန်းမှာ ရှိတယ်၊ တာမွေမှာ ရှိတယ်၊ တာမွေမှာလည်း ဘာသာတရားအရ လုပ်စရာရှိတာ လုပ်ရ
တာပေါ့၊ ကိုးကွယ်တဲ့ ဘာသာအရကတော့ ၂၄ နာရီ အတွင်း အသုဘချရမယ်ဆိုတဲ့ဟာက ရှိနေတာကိုးဟု ဖခင်နာရေးနှင့်ပတ်သက်၍ ဦးတင်မြင့်က ပြောပြခဲ့သည်။
အာဇာနည်ခေါင်းဆောင်များ ကျဆုံးသွားပြီးနောက် ထိုခေတ်ထိုအခါက အစိုးရက အာဇာနည်ခေါင်းဆောင်ကြီး များ၏ ကျန်ရစ်သူမိသားစုတစ်စုလျှင် နစ်နာကြေးငွေကျပ်တစ်သိန်းစီပေးအပ်ခဲ့ရာ ဦးရာဇတ်၏ဇနီးမှာ လေးသောင်း ရရှိပြီး အရွယ်မရောက်သေးသည့် သားသမီးတစ်ဦးလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် သုံးယောက်စာ ခြောက်သောင်းကို မြန်မာ့အလင်းဦးတင်က ထိန်းသိမ်းစောင့်ရှောက်ပေးပြီး ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဦးတင်မြင့်ထံမှ သိရသည်။
ကင်းဘဲလမ်းက အိမ်ကိုပေးတာ အမေက မယူ ချင်တာနဲ့ မြို့မကျောင်းလမ်းမှာ အစိုးရဆီက မြေရတယ်၊ အဲဒီမှာ ခြောက်သောင်းနဲ့ အိမ်ဆောက်တာပါ၊ အဲဒီ တုန်းက ခြောက်သောင်းကလည်း မနည်းဘူးဟု ဦးတင်မြင့်က ပြောသည်။
ခေတ်အဆက်ဆက် အာဇာနည်နေ့ အခမ်းအနား
ကျင်းပပုံနှင့်ပတ်သက်၍ ]]အာဇာနည်နေ့အခမ်းအနားက
လွတ်လပ်ရေးရပြီးနောက် မှတ်မှတ်ရရ သမ္မတကြီး
မန်းဝင်းမောင်လက်ထက်မှာ ကျကျနနလုပ်တာ၊ အဲဒီက
စလို့ သမ္မတအဆက်ဆက်လုပ်ခဲ့ပြီး နောက်ပိုင်းတော့
လည်း မြို့တော်ဝန်တက်ရောက်တာတို့ ဘာတို့အထိ
ရှိခဲ့ပါတယ်}}ဟု ゞင်းက ပြောပြသည်။
ဒီမိုကရေစီအစိုးရတက်လာပြီးနောက် အာဇာနည်
နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင်
နိုင်ငံတော်အကြီးအကဲများနှင့် အာဇာနည်မိသားစုဝင်များ
တက်ရောက်ဂါရဝပြုကြပြီး နိုင်ငံတစ်ဝန်းတွင်လည်း
အာဇာနည်နေ့အခမ်းအနားကို စည်ကားစွာ ကျင်းပ
လာသည်ကိုတွေ့မြင်ရမည် ဖြစ်သည်။
]]အာဇာနည်နေ့အခမ်းအနားကို နှစ်တိုင်း တက်
ဖြစ်တယ်၊ အာဇာနည်နေ့ရောက်တိုင်း အဖေ့အတွက်
ရည်စူးပြီး မိဘမဲ့ကလေးတွေ ကျွေးမွေးလှူဒါန်း
ဖြစ်တယ်၊ ဒီနှစ်လည်း အဲဒီလိုပဲ လုပ်ဖြစ်မှာပါ}}ဟု
ဦးတင်မြင့်က ပြောသည်။
ဆရာကြီးဦးရာဇတ်အား အမှတ်ရသည့်အနေဖြင့်
မန္တလေးဗဟို အမျိုးသားအထက်တန်းကျောင်းမှ
ကျောင်းသားဟောင်းများက ဆရာကြီးကြေးရုပ်တုကို
ကျောင်းတွင် ထားလိုသော်လည်း ထိုခေတ်ထိုအခါက
မဝံ့မရဲဖြစ်နေသည့်အတွက် အာဏာပိုင်များ လာရောက်
သည့်အခါတွင် ဝှက်ထားရကြောင်းနှင့် တစ်နေ့တွင်
ကျောင်းသားဟောင်းထဲမှ အစိုးရထိပ်တန်းခေါင်းဆောင်
တစ်ဦး လာရောက်သည့်နေ့တွင် တင်ပြရာမှ ]]ဒီမှာထား}}
ဟုဆိုပြီး နေရာ သတ်မှတ်ပေးခဲ့၍သာ ကြေးရုပ်တုကို
ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ထားခွင့်
ရခဲ့ကြောင်း လွန်ခဲ့သော ဆယ်စုနှစ်များဆီက
အတိတ်ကို ဦးတင်မြင့်က ပြန်ပြောင်းပြောပြသည်။
]
]အဖေတည်ထောင်ခဲ့တဲ့ ကျောင်းဆိုတော့
အမြဲတမ်း စာကြည့်တိုက်အတွက် စာအုပ်စာတမ်းတွေ
လှူဖြစ်တယ်၊ အခုထိလိုအပ်တာတွေရှိရင် တတ်နိုင်သမျှ
လုပ်ပေးဖြစ်တယ်}}ဟု ဦးတင်မြင့်က ပြောသည်။
ဆရာကြီးဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်း၏
အစိုးရအဖွဲ့တွင် ဝန်ကြီးဖြစ်လာပြီးနောက် ရန်ကုန်
တက္ကသိုလ်နှင့်အပြိုင် မန္တလေးဒီဂရီကောလိပ်အား
ဖွင့်လှစ်ရန် ဗိုလ်ချုပ်အား တင်ပြတောင်းဆိုရာတွင်
ထိုစဉ်အခါက ရန်ကုန်တွင် တက္ကသိုလ်တစ်ခုရှိသည့်
အတွက် မန္တလေးတွင် တက္ကသိုလ်နောက်ထပ်တစ်ခု
ဖွင့်လှစ်ရန် သင့်၏၊ မသင့်၏ကို အချက်ကျကျ
စာမျက်နှာ ၆ မှ စာမျက်နှာ ၆ မှ အကျိုးသင့် အကြောင်းသင့် တင်ပြတောင်းခံခဲ့ရာ
နောက်ဆုံး မန္တလေးဒီဂရီကောလိပ်အား ဖွင့်ခွင့်ရခဲ့ကြောင်း
သိရသည်။
]]အဲဒီခေတ်က အထက်အောက် ဆက်ဆံရေးက
တစ်ယောက်နဲ့ တစ်ယောက်က လေးစားတယ်၊ ပြောရဲဆိုရဲ
ရှိတယ်၊ ဒီလိုဖြစ်ပါ့မလားဆိုတာနဲ့ ဟုတ်ကဲ့ပါဗျာဆိုပြီး
ရပ်နေတာမဟုတ်ဘူး၊ အကျိုးအကြောင်း ပြန်ပြောတယ်၊
ဒါမှလည်း အထက်လူကြီးက မှန်၊ မမှန် စဉ်းစားလို့ရမှာပေါ့၊
လူကြီးပြောတိုင်း မှန်တယ်ဆိုတာ မဟုတ်သေးဘူး}}ဟု
ဦးတင်မြင့်က ၄င်း၏ အမြင်နှင့်ယှဉ်ကာ သုံးသပ်ပြသည်။
မန္တလေးဒီဂရီကောလိပ်အား ဖွင့်လှစ်ရန် မန္တလေး
ဥပစာကောလိပ်ကျောင်းသားဟောင်း ဘိလပ်ပြန်
ဦးကိုလေးအား တာဝန်ပေးခဲ့ရာ ကျောင်းအုပ်ကြီး
ဦးကိုလေးက အရင်ဆုံးပြီးစီးခဲ့သည့် အဆောက်အအုံကို
ရာဇတ်ခန်းမဟု အမည်ပေးခဲ့သည်။ ထိုမှတစ်ဖန် တက္ကသိုလ်
ကျောင်းသားဟောင်းများက ဆရာကြီး ဦးရာဇတ်
ကြေးရုပ်တုကို ထားချင်ခဲ့သော်လည်း လွန်ခဲ့သည့်
နှစ်နှစ်ခန့်ကမှစ၍ ရာဇတ်ခန်းမရှေ့တွင် ဦးရာဇတ်၏
ကြေးရုပ်တုကို ထားခွင့်ရခဲ့ကြောင်း သိရသည်။
]]အဖေက မန္တလေးတက္ကသိုလ်ကိုတင် မဟုတ်ဘူး၊
ဒါပြီးရင် ပါဠိတက္ကသိုလ်ကိုပါ သူလုပ်ချင်တာ၊
သူကွယ်လွန်သွားလို့သာ}}ဟု ဖခင်ဖြစ်သူ၏ ဆန္ဒမပြည့်ဝ
လိုက်ခြင်းအပေါ် ဦးတင်မြင့်က မချင့်မရဲ ပြောသည်။
မြန်မာ့လွတ်လပ်ရေးရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ရုံ
သာမက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသည့်
အမျိုးသားကျောင်းများ ပေါ်ထွန်းလာစေရန်နှင့်
ပညာရေး၊ စစ်ရေး၊ နိုင်ငံရေးအသိအမြင်များ နိုးကြား
လာစေရန် မျိုးစေ့ချပေးခဲ့သည့်အပြင် ပါဠိစာပေထွန်းကား
ပြန့်ပွားရေးအတွက်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည့်
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်နှင့်ပတ်သက်၍
သားဖြစ်သူ ဦးတင်မြင့်က ]]အဖေက ဘာသာအယူဝါဒ
တွေကို သိပ်ဂရုမစိုက်ဘူး၊ တိုင်းပြည်အတွက် ဘာတွေ
လိုသလဲ၊ ဖြည့်ဆည်းပေးချင်တာပဲရှိတယ်၊ လွတ်လပ်ရေး
ရပြီးလို့ အားလုံး အနည်ကျသွားရင် သူ့ကျောင်းပြန်ပြီး
ကျောင်းဆရာလုပ်မှာ သေချာတယ်}}ဟု သူ့ဖခင်၏
စိတ်ဆန္ဒကို တွေးတွေးဆဆပြောပြခဲ့လေသည်။ ။

-----
ဦးရာဇတ်
( ၂၀ ဇန်န၀ါရီ ၊ ၁၈၉၈ - ၁၉ ဇူလိုင်၊ ၁၉၄၇)
-
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော
အစိုးရအဖွဲ့တွင် ဦးရာဇတ်သည် ပညာရေးနှင့်
အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် ပါဝင်ခဲ့သည်။
ဦးရာဇတ်သည် မိတ္တီလာမြို့ ရဲဝန်ထမ်းတိုက်ပိုင်
အင်စပတ်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှ
တို့၏ သားဖြစ်သည်။ ဖခင်မှာ အစ္စလာမ် ဘာသာဝင်၊
မိခင်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်၍ မွေးချင်း ၁၃ ယောက်
တွင် တတိယမြောက်ဖြစ်သည်။ မွေးနေ့သက္ကရာဇ်မှာ
၁၈၉၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် (ကြာသပတေးနေ့)
ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီ
ယောကျာ်းကလေးကျောင်းမှ တက္ကသိုလ်ဝင်တန်း
အောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင်
တက္ကသိုလ်သပိတ်ကြီး၌ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်
တွင် မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီး
ကို ဖွင့်လှစ်ခဲ့၏။
၁၉၂၂ ခုနှစ်တွင် အမျိုးသားပညာရေးအဖွဲ့ကြီး
၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍ အေ၊ ရာဇတ်ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။
မန္တလေး ဗဟိုအမျိုးသားကျောင်းအုပ်ကြီးအဖြစ်
ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား
လူငယ်များကို စစ်ပညာသင်ကြားပေးခဲ့သည်။
၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား
အထက်တန်းကျောင်းတွင် ဆရာကြီးအဖြစ် ထမ်းရွက်
ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်
သည်။ (၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား
ခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်
ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး
ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်)
ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏
လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်
(စနေနေ့) နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံ
ခံရပြီး အသက်ဆုံးရှုံးခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်နှင့် သား
မောင်တင်မြင့်၊ သမီး ခင်ခင်စိန်၊ သား မောင်လှကြည်
တို့ ကျန်ရစ်သည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်”

Post a Comment

Related Posts Plugin for WordPress, Blogger...