Monday, December 17, 2018

ကမ္ဘောဒီးယားဂျီနိုဆိုက်

,
Cambodian genocide of 1975_1979...2
~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘောဒီးယားပြည်သူလူထုကတော့ သူတို့အစိုးရသစ်
လက်အောက်မှာ ငြိမ်းချမ်းစွာနေကြရလိမ့်မယ်လို့
ယုံကြည်နေကြတယ်။သို့သော် ဖနွမ်းပင်ကို သူတို့
သိမ်းပိုက်ပြီးမကြာခင် ခမာနီစစ်သားတွေဟာ
လေထဲမှာ​သေနတ်​တွေပစ်ဖောက်ပြီးမြို့ ကိုစွန့်ခွာ
ထွက်သွားကြဖို့အချက်ပေးပါတော့တယ်။ခမာနီတွေ
ဟာ စစ်ကာလဒုက္ခသည်၁သန်းအပါဝင် ဖနွမ်းပင်မြို့
နေလူထု၂သန်းခန့်ကို ကျေးလက်ဒေသတွေကို
အတင်းအကြပ်ပြောင်းရွှေ့ပစ်ခဲ့တယ်။မြို့မှာနေထိုင်
ခွင့်ရဖို့အတွက် ဘာအကြောင်းပြချက်မှမပေးဘူး။
ဆေးရုံတွေကလူနာတွေနတ္ထိ။ထောင်ပေါင်းများစွာ
သောမြို့ကိုစွန့်ခွာလာကြသူတွေထဲမှာ ငယ်ရွယ်တဲ့
ကလေးငယ်တွေ၊အိုမင်းရင့်ရော်နေတဲ့သက်ကြီးပိုင်းတွေ၊
နဲ့ နားမကျန်းဖြစ်နေသူတွေဟာလမ်းမှာတင်အသက်
ထွက်ကုန်ကြတယ်။ကိုယ်ဝန်ဆောင်မိခင်အများပြား
ဟာလည်း လမ်းမှာတင်မွေးဖွားကြရပြီးဆေးမရှိဝါးမရှိ
အသက်ဆုံးကြရကုန်တယ်။ကလေးမြောက်များစွာဟာ
မိတကွဲဖတကွဲဘ၀ဆိုက်ပါတော့တယ်။ခမာနီတွေဟာ
သူတို့ဘာကြောင့်မြို့ကြီးကိုပြောင်သလင်းခါအောင်
ဗလာကျင်းခဲ့ရတာလဲ ဆိုတာနဲ့ပက်သက်ပြီး
ဆင်ခြေတွေသောက်သောက်လဲပေးခဲ့ကြတယ်။

လူတွေကိုနှင်ထုတ်နေစဉ်အတွင်း
"ဖနွမ်းပင်ကိုအမေရိကန်တွေဗုံးကြဲတော့မယ်။
ကိုယ်အိမ်တွေကိုသော့ခတ်ထားရန်မလို
၂ရက် ၃ရက်အတွင်းပြန်လာနိုင်လိမ့်မယ်။"
ဆိုပြီး ခပ်​တည်​တည်​ပဲဖြီး​ခဲ့တယ်​။

သမိုင်းပညာရှင်တွေအနေနဲ့ ခမာနီတွေဟာ ကမ္ဘောဒီးယား
နိုင်ငံကို အဂတိလိုက်စားမှု၊မြေရှင်ပဒေသရာဇ်စနစ်နဲ့
အရင်းရှင်စနစ်တို့ကိုအမြစ်ပြတ်ဖယ်ရှင်းပြီး
အလုပ်သမားနိုင်ငံတော်အဖြစ်ပြောင်းလဲပစ်ဖို့
ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့အချက်ကိုသဘောတူခဲ့ကြတယ်။
ခမာနီတွေရဲ့ နယ်နှင်ပွဲကြီးပြီးဆုံးတဲ့နောက် ဖနွမ်းပင်မှာ
လူဦးရေ၄သောင်းနီးပါးသာကျန်ပြီးတိတ်ဆိတ်ခြောက်
ကပ်နေတဲ့တစ္ဆေမြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပါတော့တယ်။

ကျန်နေတဲ့သူတွေဟာလည်း အရပ်သားတွေမဟုတ်ဘဲ
အုပ်ချုပ်ရေးဆိုင်ရာ၊ပါတီဆိုင်ရာနဲ့စစ်တပ်ဆိုင်ရာ
လူသားတွေပဲဖြစ်ပါတယ်။အဲဒီနောက်ခမာနီတွေဟာ
နိုင်ငံကိုပြင်ပကမ္ဘာနဲ့အဆက်ဖြတ်လိုက်ပါတော့တယ်။
မည်သည့်နိုင်ငံခြားသားတစ်ဦးတစ်ယောက်မှ
နိုင်ငံအတွင်းဝင်လာခွင့်မရှိသလို မည်သည့်ကမ္ဘောဒီးယား
လူမျိုးတစ်ဦးတစ်ယောက်မှ နိုင်ငံခြားသို့ထွက်ခွာသွား
ရန်အခွင့်မရှိ​တော့ဘူး။တံခါးပိတ်​လိုက်​တယ်​။

၁၉၇၅ စက်တင်ဘာလမှာ ပိုပေါ့၊နုယန်ချီယာ၊ဆိုဖင်း၊
ဆလင်ဆာရီ၊ဆွန်ဆင်၊တာမော့နဲ့ဗွန်ဗက်တို့ပါဝင်တဲ့
ကမ်ပူးချားကွန်မြူနစ်ပါတီဗဟိုကော်မတီကိုဖွဲ့စည်းခဲ့
တယ်။၁၉၇၅ ခုနှစ် ဇွန်လမှာ မြောက်ကိုးရီးယား
နိုင်ငံပြုံယမ်းကိုပြည်ပြေးအဖြစ်ရောက်နေတဲ့
မင်းသားကြီးသီဟာနုကို ကမ္ဘောဒီးယားကို ပြန်လာဖို့
ခမာနီတွေကဖိတ်ကြားခဲ့တယ်။အဲဒီနောက်သီဟာနု
ပြန်လာခဲ့တယ်။မကြာခင်အစိုးရအဖွဲ့ကတ်ဘိနက်
အစည်းအဝေးတစ်ခုကျင်းပရာ သဘာပတိအဖြစ်
ဆောင်ရွက်ရပေမယ့်လည်း စကားပြောခွင့်မရဘူး။
တကယ်တော့ ကွန်မြူနစ်အစိုးရဟာ သီဟာနုကို
အမည်ခံနိုင်ငံတော်အကြီးအကဲရာထူးပေးထားပြီး
ဘာလုပ်ပိုင်ခွင့်အာဏာတစ်ခုကိုမှပေးအပ်မထားဘူး
ဆိုတာ သီဟာနုသဘောပေါက်လာခဲ့ပါတော့တယ်။

နိုင်ငံအတွင်းသီဟာနုကိုထောက်ခံသူပေါင်းများစွာဟာ
လည်း အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားကြ
တယ်။သီဟာနုရဲ့ မိသားစုအယောက်၂၀နီးပါး သေဆုံး
ခဲ့ပြီဖြစ်သလို အခြားတော်ဝင်မိသားစုတွေလည်း
သတ်ဖြတ်ကွပ်မျက်ခံခဲ့ကြရတယ်။

၁၉၇၅ ဒီဇင်ဘာ ၁၅ရက်နေ့ကနေ ၁၉ရက်နေ့အထိ
ကျင်းပတဲ့အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကိုအတည်ပြုခဲ့ကြပြီး ၁၉၇၆ ဇန်န၀ါရီလ ၅ရက်နေ့မှာ
ထုတ်ပြန်ကြေငြာပြဌာန်းပါတယ်။နိုင်ငံအမည်ကို
ဒီမိုကရက်တစ်ကမ်ပူးချား Democratic Kampuchea
ဆိုပြီးတရားဝင်အမည်ပေးခဲ့တယ်။
နိုင်ငံ​တော်အလံသစ်ကိုအလယ်ဗဟိုမှာ မျှော်စဉ်၃ခုပါ
တဲ့အ၀ါရောင်အန်ကာဝပ်ဘုရားကျောင်းပုံ ထည့်သွင်း
ထားပြီး အနီရောင်အလံကိုသတ်မှတ်ခဲ့တယ်။
၁၉၇၆ခုနှစ်မတ်လ ၁ရက်နေ့မှာ မင်းသားကြီးသီဟာနု
က နိုင်ငံတော်အကြီးအကဲအဖြစ်ကနှုတ်ထွက်လိုက်ပါ
တော့တယ်။ကွန်မြူ နစ်တွေက နှုတ်ထွက်စာကို
လက်ခံပြီး မင်းသားကြီးအနေနဲ့ပြည်ပကိုထွက်ခွာခွင့်မရှိ၊
နိုင်ငံခြားသံတမန်တွေနဲ့တွေ့ဆုံခွင့် စကားပြောခွင့်မရှိ
လို့ ဆုံးဖြတ်တားဆီးလိုက်​တယ်​။အဲဒါကြောင့်နှစ်ပေါင်း
၂ထောင်နီးပါးရှည်ကြာခဲ့တဲ့ ဘုရင်စနစ်အဆုံးသတ်သွား
ခဲ့ပါတော့တယ်။သီဟာနုကိုပင်စင်ထောက်ပံ့ငွေ
တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈၀၀၀ချီးမြင့်ဖို့
သဘောတူခဲ့ကြတယ်။အဲလိုနဲ့ သီဟာနုနဲ့သူ့ရဲ့ 
မိသားစုဟာ တော်ဝင်နန်းတော်ကြီးရဲ့ ဝင်းထဲမှာ
အိမ်ငယ်တစ်လုံးမှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့နေရ
ပြီးအဲဒီအခြေနေမျိုးနဲ့ ၁၉၇၉ခုနှစ် ဇန်န၀ါရီလ
ဒီမိုကရက်တစ်ကမ်ပူးချားနိုင်ငံပြိုကွဲပျက်သုဉ်း
မသွားမှီအချိန်အထိနေခဲ့ရပါတယ်။

အဲလိုနဲ့ပိုပေါ့ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့အစိုးရ
အဖွဲ့ဟာ ကမ္ဘောဒီးယားကို ဆက်လက်အုပ်​ချုပ်
လာခဲ့ပါတယ်။

ပိုပေါ့ ဘယ်သူလဲ
ပိုပေါ့ ကို ကမ်ပွန်သွမ်ပြည်နယ်မှာ ၁၉၂၅ခုနှစ်မှာမွေးဖွား
ခဲ့တယ်။သူ့အဖေဟာ ကြွယ်ဝချမ်းသာတဲ့မြေပိုင်ရှင်ဖြစ်
ပါတယ်။၁၉၄၉ခုနှစ် မှာ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ
ပညာသင်ယူဖို့ စကောလားရှစ်ရခဲ့တယ်။သို့သော်
ဘွဲ့မရခဲ့ဘဲ ပဲရစ်ကွန်မြူနစ်ပါတီဝင်တစ်ယောက်
ဖြစ်လာပြီးသူ့ဘ၀ကိုနိုင်ငံရေးမှာပုံအောလိုက်ပါတယ်။၁၉၇၆ခုနှစ်မှာ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်​။

အလွန်ရက်စက်ကြမ်းကြုတ်သူတစ်ဦးလည်းဖြစ်သလို
ကွန်မြူနစ်ဝါဒကိုအပြင်းအထန်သက်ဝင်ယုံကြည်သူ
တစ်ယောက်လည်းဖြစ်ပါတယ်။

သူဟာ မြို့ကလူတွေကို တောထဲပို့ခဲ့တယ်။
လုပ်ငန်းတွေမှာ ဒေသအလိုက်ဖွဲ့စည်းပေးထားတဲ့
အကြီးအကဲတွေက တာဝန်ယူပြီးအကောင်အထည်
ဖော်ပေးရတယ်။ပိုပေါ့ ဟာဈေးတွေကိုဖျက်သိမ်းပစ်ဖို့
အမိန့်ထုတ်ပြီးဘုန်းကြီးကျောင်းတွေ၊ခရစ်ယာန်ချခ့်ျ
တွေနဲ့ ဗလီဝတ်​​ကျောင်း​တော်​​တွေအားလုံးကို
ဖျက်သိမ်းပစ်ခဲ့တယ်။ပိုပေါ့ဟာ ချမ်းသာကြွယ်ဝ
တဲ့မိသားစုကပေါက်ဖွားခဲ့သူဖြစ်ပြီးသူကိုယ်တိုင်
အခွင့်ထူးခံလူတန်းစား ဖြစ်တယ်ဆိုတာကို
ပါရီမှာစကောလားရှစ်ရခဲ့တဲ့အချက်က
သက်သေထူနေပါတယ်။မည်သို့ပင်ဆိုစေ
အခွင့်ထူးခံတစ်ယောက်ဖြစ်ခဲ့တဲ့ပိုပေါ့ဟာ
ပညာတတ်လူတန်းစားတွေအပေါ် မုန်းတီးခဲ့တယ်။
ဆရာ ဆရာမအားလုံး၊တက္ကသိုလ်ကနေမူကြိုအဆင့်
ဆရာ ဆရာမအားလုံးကို သတ်ပစ်ခိုင်းခဲ့တယ်။

ပထမဆုံးပိုပေါ့ ဟာ အစိုးရအဖွဲ့ဝင်အဟောင်းတွေနဲ့
အရာရှိတွေကိုသတ်ပစ်ခဲ့တယ်။အဲဒီနောက်စစ်အရာ
ရှိတွေကိုသတ်တယ်။အဲဒီအလောင်းတွေကို
တွင်းတစ်တွင်းထဲစုပြုံထည့်ပြီးအစုလိုက်အပြုံ
လိုက်​မြုပ်တယ်။အဲဒီနောက်ဆရာဝန်တွေကိုသတ်ခိုင်း
တယ်။ဆရာဝန်တွေကလည်းပညာတတ်တွေဖြစ်တဲ့
အတွက်မသတ်လို့မဖြစ်ဘူးလို့ သတ်မှတ်တယ်။
ဘာသာရေးဆိုင်ရာ ဦးစီးဦးဆောင်အဖွဲ့ဝင်တွေဟာ
တစ်ချိန်ချိန်မှာ ဖောက်ပြန်ရေးသမားတွေဖြစ်လာနိုင်
တယ်ဆိုပြီး အားလုံးကိုသတ်ပြန်တယ်။ပိုပေါ့ ရဲ့ 
အမြစ်ပြတ်သုတ်သင်ရှင်းလင်းရေးပေါလစီ ရဲ့ 
ဆောင်ပုဒ်ကတော့
" အများမြင်ကွင်းထဲမှဖယ်ရှားပစ်" ဆိုတဲ့စာသားပါပဲ။
တကယ်တော့ဒီပေါ်လစီရဲ့ အဓိပ္ပါယ်ကတော့
ထောင်ပေါင်းများစွာ သောလူများ၏သေခြင်း ဆိုတဲ့
သဘောပဲဖြစ်ပါတယ်။သူဟာ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်းတွေကို မြင့်မြတ်တဲ့
နေရာကနေ ယုတ်နိမ့်နေရာကိုပို့လိုက်​တယ်​။
ကျောင်းတွေကို သူ့ခမာနီတပ်ဖွဲ့ဝင်တွေပျော်ပါးရေး
အတွက် ပြည့်တန်ဆာအိမ်အဖြစ်ပြောင်းလဲ
တင်ဆက်လိုက်တယ်။အချို့သော ဘာသာရေး
အဆောက်အအုံတွေကို သားသတ်ရုံအဖြစ်ပြောင်း
လဲလိုက်တယ်။

ယခင်က ကမ္ဘောဒီးယားနိုင်ငံမှာ ရဟန်းသံဃာပေါင်း
၆သောင်းကျော်ရှိခဲ့ပြီးပိုပေါ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု
ဒဏ်ကိုခံကြရပြီးနောက်ပိုင်းထွက်ပြေးတိမ်းရှောင်
သွားကြပြီး​နောက်ပိုင်းရဟန်းသံဃာအရေအတွက်ဟာ
၃သောင်းပဲကျန်​ခဲ့တယ်​။အဲလိုနဲ့ကျောင်းဆရာ၊
ဘာသာရေးဆရာ၊ရဟန်းသံဃာ ၊တက္ကသိုလ်ပညာ
တတ်စတဲ့လူထောင်ပေါင်းများစွာဟာ ပိုပေါ့ ရဲ့ 
ဒီမိုကရက်တစ်ကမ်ပူးချားအစိုးရခေတ်မှာ ရက်စက်စွာ
အသတ်ခံကြရပါတော့တယ်။အင်ဂျင်နီယာ
တစ်ယောက်ဖြစ်သူ ပင်ယက်ဟေး က
ခမာနီခေတ်သူ့ဘ၀အတွေ့ကြုံကို သူရေးသားတဲ့
" အသက်ရှင်အောင်နေပါ ငါ့သား"
(Stay Alive ,My Son)ဆိုတဲ့ စာအုပ်မှာ
အောက်ပါအတိုင်းရေးသားထားပါတယ်။

** တနေ့ပေါ့်ဗျာ။ပါဆတ်ပြည်နယ်က ဗီးလ်ဗွန်
သစ်တောထဲမှာပေါ့။ရွှာလူကြီးက လုပ်ရိုးလုပ်စဉ်
မဟုတ်တဲ့ အစည်းဝေးပွဲတစ်ခုကိုထလုပ်တယ်။
ခြောက်ကပ်ကပ် ဆွေးမြေ့ပုပ်သိုးနေတဲ့
နိုင်ငံရေးအစည်းအဝေးတစ်ခုဆိုပါတော့။
အဲဒီမှာ သူက၀ါဒဖြန့်တော့တာပါပဲ။
သူပြောတာက
မင်းသားကြီးသီဟာနုနိုင်ငံပြန်ရောက်လာပြီး
အစိုးရသစ်ဖွဲ့ဖို့ပြင်ဆင်နေတယ်။ဒါကြောင့်
ကျွမ်းကျင်သူတွေ၊ပညာရှင်တွေ၊စစ်သားဟောင်းတွေ၊ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ၊ကျောင်းသားတွေကို
သီးသန့်စရင်းနဲ့မှတ်ပုံတင်ဖို့ မေတ္တာရပ်ခံလာ
တယ်တဲ့ဗျာ။
ဒီမှာတင်ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်။
ဘာအလုပ်လုပ်ခဲ့တယ် ဆိုတာလူမသိအောင်
အကြာကြီးဖုံးကွယ်ထားခဲ့တဲ့ စစ်သားဟောင်းအပါဝင်လူ
၄၀လောက်က သူတို့လက်တွေကိုမြောက်
ပြကြတော့တာပါပဲ။အဲဒီနောက်ပိုင်းသူတို့
သတင်းကိုကျနော်တို့အစအနတောင်မကြား
ရတော့ဘူး။ရွားသားတွေတစ်ယောက်နဲ့တစ်ယောက်
တီးတိုးပြောနေတာကတော့ အဲဒီလူတွေအားလုံးကို
ခမာနီတွေက အားလုံးသတ်ပစ်လိုက်ကြပြီးဆိုတာပါပဲ**

ထို့အတူ ခမာနီကေဒါအများအပြားဟာလည်း
တော်လှန်ရေးကိုသစ္စာဖောက်သူ၊ဗီယက်နမ်တွေနဲ့
အဆက်အသွယ်ရှိသူအဖြစ် စွပ်စွဲခံကြရတယ်။
မသိနားမလည်တဲ့ရိုးသားတဲ့နိုင်ငံသားတွေဟာလည်း
မဆိုစလောက်အမှားအယွင်းလေးလုပ်မိရုံနဲ့ တော်လှန်
ရေးသစ္စာဖောက်လို့မကြာခဏစွပ်စွဲခံကြရတယ်။
မိမိတို့ရဲ့ ခံစားချက်ဟူဟူသမျှကိုမည်သည့်အကြောင်း
ပြချက်နဲ့မှ ထုတ်ဖော်ပြသခွင့်မရှိဘူး။
အလုပ်ပင်ပန်းမှု​ကြောင့်ဖြစ်စေ၊အဟာရချို့ တဲ့မှု​ကြောင့်
ဖြစ်စေ၊နေမကောင်းဖြစ်နေသူတွေကို ငပျင်းများ၊
ရေသာခိုအချောင်သမားများဆိုပြီးသတ်မှတ်ကြတယ်။
အဲဒီလူတွေဟာလည်း အစအနမကြားရဘဲ
ပျောက်ကွယ်သွားကြတယ်။ခမာနီတွေရဲ့ 
လက်သုံးစကားကတော့
" မင်းတို့လုပ်ဖို့အထက်က အမိန့်ပေးသမျှလုပ်။
အထက်အမိန့်ပေးသမျှ လုပ်ဖို့ကမင်းတို့တာဝန်။
ဘာမှလာပြီးဈေးမဆစ်နဲ့"
ဆိုတဲ့စကားပဲ။

ကမ္ဘောဒီးယားမှာ
၁။ကုန်းမြေမြင့်ကတိုင်းရင်းသားတွေ
၂။ဗီယက်နမ်လူမျိုးတွေ
၃။ကမ္ဘောဒီးယားတိုင်းရင်းသား ချမ် Cham လူမျိုးစု
မွစ်စလင်တွေ
၎။တရုတ်နွယ်ဖွားတွေ
၅။ပညာတတ်လူတန်းစားတွေ နဲ့
ကုန်ကုန်ပြောရရင် ကမ္ဘောဒီးယားလူမျိုးအားလုံးနီးပါး
ခမာနီတို့ရဲ့ ရက်စက်မှုဒဏ်ကိုခံကြရတယ်။

ကုန်းမြေမြင့်က တိုင်းရင်းသားတွေကိုလည်း
အတင်းအဓမ္မနေရာပြောင်းရွှေ့ခဲ့ကြတယ်။
မ၀ရေစာကျွေးပြီး အားပါတရခိုင်းစေခဲ့ကြတယ်။
ဒီကြားထဲဖမ်းဆီးသတ်ဖြတ်တာတွေပါ ရောရှက်နေ
ပါတော့တယ်။များသောအားဖြင့် စီးပွားရေးလုပ်ငန်း
ရှင်တွေဖြစ်နေတတ်တဲ့ တရုတ်နွယ်ဖွားလူ့
အဖွဲ့စည်းဝင်တွေဟာလည်း လယ်ယာလုပ်ငန်းခွင်
တွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ အတင်းအကျပ်
ရွှေ့ပြောင်းခံကြရတဲ့အထဲပါဝင်ခဲ့တယ်။
သူတို့အနေနဲ့အလုပ်ကြမ်းမလုပ်နိုင်တဲ့အခါ
အခြားသူတွေနည်းတူ ပြင်းထန်ဆိုးဝါးတဲ့
ရက်စက်မှု​တွေကိုခံကြရတယ်။သို့သော်
ထူးခြားချက်တစ်ခုကတော့ တရုတ်မျိုးနွယ်စုတွေ
အနေနဲ့ ရွှေးထုတ်သတ်ဖြတ်တာကိုမခံကြရဘူး။

ပိုပေါ့ ပေါ်လစီအရ အထူးသဖြင့် အပြင်းထန်ဆုံးခံကြ
ရသူတွေကတော့ ချမ် တိုင်းရင်းသား (Cham people)
တွေပဲဖြစ်ပါတယ်။ခမာနီတွေဟာ ချမ်လူမျိုးစုတိုင်းရင်း
သားပြည်သူတွေကို ခမာမျိုးနွယ်တွေအကြား
တကွဲတပြားနေထိုင်ဖို့ ဇွတ်အတင်းမောင်းထုတ်ခဲ့တယ်။
ချမ်တွေဟာ အစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်တဲ့
လူမျိုးစုတွေဖြစ်ပါတယ်။မိမိတို့ဘာသာရေးအရ
ဝတ်ပြုခွင့်၊စကားပြောခွင့်မရသလို ၀တ်ပြုကိုးကွယ်မှု
ဟူဟူသမျှကိုလည်းပိတ်ပင်ခဲ့ကြတယ်။ခမာနီတွေဟာ
ချမ်လူမျိုးစုခေါင်းဆောင်တွေနဲ့ အစိုးရမူဝါဒကို
ခုခံမယ်လို့ မသင်္ကာသူမည်သူ့ကိုမဆို သတ်ဖြတ်
ပစ်ခဲ့ကြတယ်။ချမ်လူမျိုးစုတွေဟာ ကမ္ဘောဒီးယားနိုင်ငံ
မြစ်ကြောင်းတစ်လျှောက်အခြေချကာနေထိုင်လုပ်ကိုင်
စားသောက်နေကြတာဖြစ်ပါတယ်။အစၥလာမ္ဘာသာ
ဝင်တွေဖြစ်တဲ့ချမ်တွေဟာ သူတို့ဘာသာအယူဝါဒကို
အလွယ် တကူစွန့်ပစ်လေ့ရှိသူတွေမဟုတ်ဘူး။
ပိုပေါ့ ရဲ့ မူဝါဒဟာ ချမ်တွေအပေါ် ပြင်းထန်စွာ
ကျရောက်လာတယ်။ခမာနီအယူသီးသမားတွေဟာ
ချမ်တွေကို ရက်စက်ကြမ်းကြုတ်စွာနှိပ်စက်ခြင်း၊
သတ်ဖြတ်ခြင်း စတာတွေကိုလုပ်ခဲ့တဲ့နောက်
ချမ်လူမျိုးစုတွေထဲက လူပေါင်းသိန်းနဲ့ချီ
အသတ်ခံကြရပါတော့တယ်။အစ္စလာမ်ဘာသာရေး
အရပိတ်ပင်ထားတဲ့ ၀က်သားကို ချမ်လူမျိုးတွေကို
အတင်းအကျပ် စားခိုင်းခဲ့ကြတယ်။ဒီဖြစ်​စဉ်​မျိုး
တရုတ်​ပြည်​မှာ ​မော်​စီတုံး​ခေတ်​၊ယ​နေ့ဝီဂါ​တွေအ​ပေါ်
တရုတ်​​တွေရက်​စက်​စွာကျူးလွန်​​နေတာ​တွေနဲ့
နှိုင်းယှဉ်​လို့ရပါ​တယ်​။ယ​နေ့မြန်​မာပြည်​မှာအစ္စလာမ်
တွေကို မြန်​မာအစိုးရကိုင်​တွယ်​​နေတဲ့ပုံစံဟာ
တရုတ်​အစိုးရ၀ီဂါ​တွေအ​ပေါ်ကိုင်​တွယ်​​နေတဲ့ပုံစံနဲ့
အ​တော်​များများတူညီတာ​တွေရတယ်​။ရခိုင်​က​တော့
GENOCIDE အစစ်​ဖြစ်​ပါတယ်​။အခုမှ ရိုဟင်​ဂျာ
တွေကို G လုပ်​တာမဟုတ်​ဘူး။၁၉၇၂ နဂါးမင်းစစ်
ဆင်း​ရေးစကတည်းက မြန်​မာအစိုးရဦး​နေ၀င်း
ရိုဟင်​ဂျာ​တွေကို Genocide စလုပ်​ခဲ့တာဖြစ်​ပါတယ်​။
(Ref.သက်​​သေခံအသံများ -ငါတို့စာ​ပေ စာအုပ်
တိုက်​-၂၀၁၆ခုနှစ်​ထုတ်​)ရိုဟင်​ဂျာအသံကြားရင်
ဖင်​ကြိမ်းတတ်​ကြသူ​တွေအတွက်​​တော့လည်းမတတ်
နိုင်​ဘူး။မြန်​မာအစိုးရ​တွေမှာအဆိုးအနည်းဆုံးလို့​ပြော
ရမယ့်ပါလီမန်​အစိုးရကိုယ်​တိုင်​ဒီအမည်​ကိုအသိအမှတ်​ပြု
ခဲ့တာဖြစ်​တာရယ်​ ဒီအမည်​နဲ့​ဒေါ်စုကိုယ်​တိုင်​ NLD
ပါတီဝင်​ကဒ်​ပြားထုတ်​​ပေးပြီးလက်​မှတ်​ထိုး​ပေးခဲ့တာ
ရယ်​ က ဒီအမည်​ကို​ခေါ်ဖို့လုံ​လောက်​တယ်​။ရိုဟင်ဂျာ
တွေ မိန်းမကိုထုတ်​ထားလို့ ပ၀ါ​ဆောင်းထားလို့
နင်​ဂျာ​တွေဖြစ်​​နေလို့ စတဲ့​ပေါ​တော​တော​တွေ​နဲ့
အ​ကြောင်းပြပြီး လူ​တွေသတ်​ခွင့်လိုင်​စင်​​တော့မရဘူး
ဆိုတာသ​ဘော​ပေါက်​မယ်​ထင်​ပါတယ်​။
(၀ီဂါ သမိုင်း​ကြောင်းက When China Rule Influence by the World by M.Jacquesစာ
အုပ်​ကို​လေ့လာပါ။တရုတ်​ပြည်​သမိုင်းကို ​ရှေး​ခေတ်
က​နေစပြီးအစုံအလင်​တင်​ပြထားတယ်​။)

ဗီယက်နမ်လူမျိုးတွေဟာလည်း ၁၉၇၅မှာ
ကမ္ဘောဒီးယားကနေ အစုလိုက်အပြုံလိုက်နှင်ထုတ်ခံ
ကြရတယ်။ကမ္ဘောဒီးယားလူမျိုးတွေနဲ့လက်ထပ်ထား
သူအနည်းအကျဉ်းသာကျန်ရစ်ခဲ့တယ်။
၁၉၇၇ကနေ ၁၉၇၈အတွင်း အစိုးရဟာ
လက်ကျန်လူနည်းစုဗီယက်နမ်တွေကို
စနစ်တကျအကွက်ချပြီးသုတ်သင်သတ်ဖြတ်လာခဲ့တာ
အဲဒီထဲကလက်ချိုးရည်တွက်၍ရလောက်တဲ့
အရေအတွက်သာအသက်ရှင်ကျန်ခဲ့တယ်။
သူတို့ဟာ ဗီယက်နမ်လူမျိုးဖြစ်နေခြင်း
အကြောင်းအချက်တစ်ခုတည်းကြောင့်
အဲဒီလိုနှင်ထုတ်၊သတ်ဖြတ်ခံကြရတာပဲဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ကိုးကား။History of democratic Kampuchea
မောင်ထွန်းသူ...ပိုပေါ့
ခမာနီတို့၏ အစုအပြုံလိုက်သတ်ဖြတ်မှုများ
When China Rule Influence by the World
By M.Jacques
သက်​​သေခံအသံများ-ငါတို့စာ​ပေစာအုပ်​တိုက်

လူသတ်တရားခံပိုပေါ့ပုံ

https://www.facebook.com/100022300364681/posts/373188346767841/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကမ္ဘောဒီးယားဂျီနိုဆိုက်”

Post a Comment

Related Posts Plugin for WordPress, Blogger...