Wednesday, February 7, 2018

“ထမင်းဝအောင်စားထား” ဟုဆိုသူများကို ဖမ်းဝရမ်းထုတ်ပြီ

,
ရန်ကုန် (Myanmar Now) — လွန်ခဲ့သည့်သီတင်းပတ်က အင်းစိန်မြို.နယ် မြောက်ပိုင်းခရိုင်ရုံးတွင် တရားလွှတ်တော်ရှေ.နေ ဦးကိုနီလုပ်ကြံခံရမှုကြားနာစဉ် “မင်းတို့ထမင်းဝအောင်စားထား” ဟူသောစာသားများပါသည့် တီရှပ်များဝတ်ဆင်လာပြီး လူသတ်တရားခံကြည်လင်းကို လာရောက်အားပေးခဲ့သူများကို ယမန်နေ့က အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ထားပြီဖြစ်ကြောင်းသိရှိရသည်။

ထိုကဲ့သို့ တရားခွင်အား လာရောက်ခြိမ်းခြောက်ခဲ့သူများအား အရေးယူပေးရန် အင်းစိန်မြို.နယ် အထွေအထွအုပ်ချုပ်ရေးမှုးက တရားလိုလုပ်၍ အင်းစိန်မြို.နယ် တရားရုံးကိုဦးတိုက်လျှောက်ရာ တရားသူကြီးက အများပြည်သူကိုထိတ်လန့်စေမှုနှင့် သက်ဆိုင်သော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နှင့် ပြည်သူ့ဝန်ထမ်းကို နစ်နာစေရန်ခြိမ်းခြောက်မှု ရာဇသတ်ကြီး ပုဒ်မ ၁၈၉ တို့ဖြင့် ပုဒ်မတပ်ပြီး လူ ၄ ဦးအားဖမ်းဝရမ်းထုတ်ခဲ့ကြောင်း တရားရုံးသတင်းရပ်ကွက်မှ သိရှိရသည်။

၎င်းတို့ ၄ ဦးကို ဖမ်းဆီးမှုအခြေအနေနှင့်ပတ်သက်၍ အင်းစိန်မြို.နယ်ရဲတပ်ဖွဲ.မှ ဒုရဲမှုးကိုကိုထွေးအား  ဖုံးဖြင့်ဆက်သွယ် မေးမြန်းရာ ၄င်းက “ဒါနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရသေးဘူး” ဟုပြောဆိုပြီး ဖုံးချသွားခဲ့သည်။

ဘုရားဆင်းတုတော်များခိုးယူမှုဖြင့် ယခင်ကနှစ်ရှည် ထောင်ဒဏ်ကျခဲ့ပြီး ထောင်မှလွတ်မြောက်လာပြီးနောက် ဦးကိုနီအားလုပ်ကြံခဲ့သူ ကြည်လင်းအား တရားရုံးတွင် လာရောက်ထောက်ခံသူ ၄ ဦးအနက်  မြတ်ဘုန်းမိုရ် နှင့် တင်ဌေးအောင်တို့နှစ်ဦးသည် လွန်ခဲ့သည့်နှစ်က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို.နယ်တွင် ဘာသာရေးအသွင်ယူပြီး အကြမ်းဖက်မှုများဖြစ်ရန် လှုံ.ဆော်အားပေးခဲ့သူများဖြစ်သည်။

မင်းတို့ထမင်းဝအောင်စားထားဟူသော စကားရပ်မှာ လူသတ်ရန်ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ထိုကဲ့သို့တရားရုံးတွင်ပြောင်ပြောင်တင်းလာရောက်ခြိမ်းခြောက်မှုသည် တရားရေးမဏ္ဍိုင်တစ်ခုလုံးကို စိန်ခေါ်မှုဖြစ်သောကြောင့် အကြမ်းဖက်မှုကိုအားပေးလှုံ.ဆော်သူများကို ဖမ်းဆီးအရေးယူရန် ရှေ.နေအဖွဲ.အစည်းခြောက်ဖွဲ.က အစိုးရထံ ဖေဖော်ဝါရီ ၄ ရက်နေ့က ကြေညာချက်ထုတ်တောင်းဆိုထားသည်။

https://m.facebook.com/story.php?story_fbid=1014851721995899&id=518067831674293

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ “ထမင်းဝအောင်စားထား” ဟုဆိုသူများကို ဖမ်းဝရမ်းထုတ်ပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...