Monday, January 6, 2014

ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ်

,
  • ကလေးပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆက်စကားပြော
ကလေးမြို့သို့ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတစ်သောင်းကျော်ကို ကလေးမြို့၊ ဗိုလ်ချုပ်လမ်းရှိ  ရှင်းဟုန်ဟိုတယ် အပေါ်ထပ်တွင် နှစ်မိနစ်ခန့်နှုတ်ဆက်စကားပြောဆိုသွားသည်ဟု မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။
ဒေသခံများကလည်း “၂ဝ၁၅ အမေစု သမ္မတဖြစ်ပါစေ” ဟူသည့် ဆိုင်းဘုတ်များကိုကိုင်ထားပြီး “အမေစုသမ္မတဖြစ်ပါစေ” ဟု အော်ဟစ်နေကြသည်ဟု မဇ္ဈိမအယ်ဒီတာကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ ကလေးမြို့သို့ ဒီဇင်ဘာ ၁ဝ ရက် နံ နက်ပိုင်း ပြန်လည်ရောက်ရှိ ချိန်တွင် လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်သို့ လေ ကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
  • ဒေါ်အောင်ဆန်းစုကြည် ကလေးမြို့ကိုရောက်ပြီ
ချင်းပြည်နယ်ခရီးစဉ်သို့သွားရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၆ ရက် မွန်းလွှဲ ၂နာရီ ၄၅မိနစ်တွင် စစ်ကိုင်းတိုင်း ကလေးလေဆိပ်သို့ Air KBZ လေကြောင်းလိုင်းဖြင့်ရောက်ရှိနေပြီဟု မဇ္ဈိမအယ်ဒီတာက တယ်လီဖုန်းဖြင့် သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကလေးလေဆိပ်နှင့် တစ်မိုင်ခန့်ဝေးသည့် ရှင်းဟုန်ဟိုတယ်သို့ မော်တော်ယာဉ်ဖြင့်ထွက်ခွာသွားရာ လမ်းဘေးဝဲယာတွင် ကြိုဆိုနေကြသည့်ဒေသခံများပြည့်နှက်နေသည်ဟု မဇ္ဈိမအယ်ဒီတာကပြောသည်။
ကြိုဆိုသူများက “အမေစု သမ္မတဖြစ်ပါစေ” ဟု ကြွေးကြော်သံများကိုလည်း တယ်လီဖုန်းမှတစ်ဆင့်ကြားနေရသည်။
( မဇ္ဈိမ )

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ် ”

Post a Comment

Related Posts Plugin for WordPress, Blogger...