Thursday, July 26, 2018

အ​နော်​ရထာဆိုတာ...၆

,
စောရဟန်းမ​သေခင်​​နောက်​ဆုံးတက်​​မြှောက်​လိုက်​တဲ့ မိဖုရားငယ်​ ညီအစ်​မ၃​ယောက်​ မှာ အကြီးဆုံးက ကိုယ်​၀န်​၉လ၊အလတ်​က ကိုယ်​၀န်​၆လနဲ့ ကျန်​ရစ်​ပြီးကွမ်း​ဆော်​လက်​ထဲ​ရောက်​လာခဲ့ရတာပါ။ဒါ​ကြောင့်​စောရဟန်းကိုယ်​တိုင်​မမြင်​ဖူးလိုက်​တဲ့သူ့သားအငယ်​ဆုံး​လေး၂​ယောက်​(စုက္က​တေးနဲ့ကျည်းဆို)တို့ဟာ သူတို့အ​ဖေဘုရင်​မင်းမြတ်​ဆိုသူဟာ ကွမ်း​ဆော်​ပဲလို့ စွဲမှတ်​ပြီးကြီးပြင်းလာခဲ့ကြ​တာဖြစ်​တယ်​။အဲလိုနဲ့သူတို့အသက်​၂၂နှစ်​အရွယ်​​ရောက်​လာကြတဲ့အခါ​ကျောင်း​ဆောက်​ပြီး ခမည်း​တော်​သာဓု​ခေါ်ပါလို့ ယုံကြည်​စွာ​ကျောင်းလှူ  ပွဲလိုက်​သွားမိတဲ့ ရှင်​ဘုရင်​အိုကြီးကိုဖမ်းပြီး အတင်းအကျပ်​သင်္ကန်းစည်း​ပေးလိုက်​ကြပါ​တော့တယ်​။မ​ကောင်း​ကျောင်းပို့ဆိုတာ သမိုင်းအစမှာကတည်းကဖြစ်​ခဲ့တာပါ။အဲဒီမင်းသား၂​ယောက်​ဘာ​ကြောင့်အာဏာသိမ်းရတာလဲ။အသက်​၅၈​ရောက်​မှထီးနန်းရတဲ့လူပျို အကြီးကြီး ကွမ်း​ဆော်​ဟာ ၂၂နှစ်စိုးစံခဲ့တဲ့အတွက်​ အာဏာသိမ်းခံရချိန်​မှာ သူ့အသက်​က၈၀ရှိပြီ။အကယ်​၍ အသက်​၂၂နှစ်​ရှိတဲ့ကျည်းဆို သာ ဥပရာဇာဖြစ်​ရင်​ တိုင်း​ရေးပြည်​ရာအ၀၀ကို သူကိုယ်​တိုင်​ပဲ ​နေ့စဉ်​လက်​​တွေ့​ဆောင်​ရွက်​​နေရမှာဖြစ်​တဲ့အတွက်​ ပုဂံပြည်​အနာဂတ်​ဟာသူ့လက်​ထဲမှာပဲဆိုတာအားလုံးသိပြီးသားဖြစ်​​နေမယ်​။ဒါ​ကြောင့်ညီ​တော်​စုက္က​တေးနဲ့ လျှို့ဝှက်​ကြံစည်​ပြီးအ​ဖေကိုအာဏာသိမ်းရတာမျိုးလည်းဖြစ်​လာမှာမဟုတ်​ဘူး။ကျည်းဆိုအာဏာသိမ်းချိန်​မှာ သူ့မိ​ထွေး(သူ့အ​မေရဲ့ ညီမငယ်​)က ​မွေးတဲ့တစ်​၀မ်းကွဲညီ​တော်​တဲ့ အ​နော်​ရထာမင်း​စောဟာ အသက်​၂နှစ်​ပဲရှိ​သေးတယ်​။ရာဇ၀င်​ကြီးအားလုံးမှာ ကွမ်း​ဆော်​မင်းရဲ့ သားအရင်း အ​နော်​ရထာနဲ့မယားပါသား၂​ယောက်​ဖြစ်​တဲ့ကျည်းဆိုနဲ့စုက္က​တေး တို့နာမည်​ပဲ​တွေ့ရတဲ့အ​ကြောင်းက​တော့ အဲဒီသုံး​ယောက်​စလုံး ပုဂံရှင်​ဘုရင်​​တွေဖြစ်​ခဲ့ကြလို့ပါ။အကြီးဆုံးဟာအသက်​၂၂ဖြစ်​တဲ့အတွက်​ ​နောက်​ထပ်​ကွမ်း​ဆော်​မှာ သား​တွေသမီး​တွေရှိဦးမှာ​သေချာတယ်​။အဲဒါ​ကြောင့် ကွမ်း​ဆော်​ရဲ့ သားသမီးအရင်း​တွေအရွယ်​​ရောက်​လာတဲ့အခါ သူတို့၂​ယောက်​ဟာ မင်းသားကြီး​တွေဖြစ်​​ပေမဲ့ ထီးနန်းဆက်​ခံခွင့်​မျှော်​လင့်ချက်​မရှိ​တော့ဘူး။ဒါကိုကြို မြင်​လို့ သို့မဟုတ်​ ကိုကြံစုပ်​တစ်​​ယောက်​​ယောက်​ကလက်​တို့လို့ သိပြီး မယားပါသား၂​ယောက်​ဟာ လက်​ဦးမှုယူပြီး အာဏာသိမ်းလိုက်​ကြတာဖြစ်​ပါတယ်​။ခေတ်​အဆက်​ဆက်​ရှိလာခဲ့တဲ့အစဉ်​အလာအတိုင်းပဲ အာဏာရဖို့ညီအစ်​ကိုပူး​ပေါင်းကြံစည်​တာဖြစ်​ရင်​ အစ်​ကိုနန်းစံ၊ညီနန်းရံ​ပေါ့။ဒါ​ပေမဲ့ မြန်​မာ့သမိုင်းတစ်​​လျှောက်​မှာအဲဒီကတိစကားအတိုင်း​ဖြောင့်မတ်​တည်​ကြည်​စွာညီ​တော်​ကို ဥပရာဇာအဖြစ်​ဆက်​ဆံခွင့်​ပေးခဲ့တဲ့ ရှင်​ဘုရင်​ဆိုတာရှားပါတယ်​။အာဏာရသွားတဲ့အစ်​ကိုက ညီကို သုတ်​သင်​တာ၊ဒါမှမဟုတ်​ညီကအစ်​ကို ကိုလုပ်​ကြံပြီးအာဏာသိမ်းတာ​တွေက​တော့ မြန်​မာ့​နောက်​ဆုံးမင်းဆက်​အထိ ထပ်​တလဲလဲဖြစ်​​နေရင်းနဲ့ပဲ သူတစ်​ပါးလက်​​အောက်​​ရောက်​သွားခဲ့ရတာပါ။ဆိုးညစ်​လှတဲ့ဒီဖြစ်​စဉ်​အားလုံးမှာ အ​စောဆုံးနဲ့အထင်​ရှားဆုံးက​တော့ ကျည်းဆို စုက္က​တေးနဲ့ အ​နော်​ရထာ ညီအစ်​ကို၃​ယောက်​ရဲ့ သတ်​ဖြတ်​လုယက်​မှုမှတ်​တမ်းပါပဲ။ဒီအချက်​ကသိပ်​အ​ရေးကြီးလို့သတိထားမှတ်​ကြ​စေချင်​တယ်​။

၁၁ရာစုတုန်းက ပ​ထွေးဖြစ်​တဲ့ ရှင်​ဘုရင်​အိုကြီးကိုအာဏာသိမ်းလိုက်​တဲ့ တစ်​၀မ်းကွဲညီအစ်​ကို၂​ယောက်​ဟာ အသက်​၃လပဲကွာတဲ့ သက်​တူရွယ်​တူ​တွေဖြစ်​​နေတယ်​။ကောင်းမွန်​​အေးချမ်းစွာဘ၀တစ်​​လျှောက်​လုံး​နေသွားရရင်​ သူတို့ညီအစ်​ကို ဘယ်​သူအရင်​​သေမလဲဆိုတာ ​ပြောဖို့မဖြစ်​နိုင်​ဘူး။အစ်​ကိုကျည်းဆိုက ရှင်​ဘုရင်​ဖြစ်​သွားတဲ့အခါ ညီ​တော်​စုက္က​တေးကိုအိမ်​​ရှေ့ အရာ​ပေးတယ်​လို့ ဘယ်​ရာဇ၀င်​မှာမှမပါဘူး။ဒါဟာ ပြဿနာရဲ့ အစပဲ။အလားအလာရှိတဲ့ မင်းစိုးရာဇာတိုင်းရဲ့ ​နောက်​မှာ အဆီးအတားမရှိကြီးပွားချင်​​နေကြတဲ့ ​နောက်​​တော်​ပါကိုကြံစုပ်​​တွေက​တော့ရှိစမြဲပါ။သူတို့ကလည်း အရှင်​သခင်​လိုရာဇပလ္လင်​​ပေါ်မှာသာဖူးမြင်​ရရင်​ ​သေ​ပျော်​​ကြောင်းနဲ့ ဓာတ်​ပြား​ဟောင်းကြီး ​ကြောက်​လျှင်​ လာဘ်​လွဲ ကို ထပ်​တလဲလဲဖွင့်ပြ​နေကြမှာ​သေချာတယ်​။

ရှင်​ဘုရင်​ကျည်းဆိုအားနည်းချက်​က ​တောကစားတာ အရမ်းဝါသနာထုံတယ်​။သူအမဲလိုက်​ဖို့​ရွေးချယ်​ထားတဲ့​နေရာကလည်း ​နေပြည်​​တော်​ရဲ့ ​မြောက်​ဘက်​ ခမ်​လှမ်းလှမ်းချင်းတွင်းမြစ်​လက်​ယာဘက်​ကမ်းက ဗန့်​ကျီဆယ်​တိုက်​ ​ခေါ်တဲ့ နယ်​ပါ။ဒီ​နေ့​ခေတ်​ပြစရာမကျန်​​တော့​အောင်​​ကြေးနီ​တောင်​​တွေရှိရာနယ်​တစ်​၀ိုက်​​ပေါ့။ခြုံ ပင်​​တွေ​ပေါပြီး သစ်​ပင်​ကြိုးတိုးကျဲတဲသာရှိတဲ့ ကုန်း​ပေါ်မှာ ​ရှေးကသမင်​​တွေ​ပေါလှတဲ့အရပ်​၊မြင်းနှင်​လို့လည်း​ကောင်းတဲ့ပတ်​၀န်းကျင်​ဖြစ်​မှာပါ။ဒီ​နေ့​ခေတ်​​တော့ သမင်​မ​ပြောနဲ့ ​မြွေ​ပွေး​တောင်​ ​အောင်းစရာတွင်းမရှိ​တော့လို့ ကုန်​သွား​လောက်​ပါပြီ။ကျည်းဆိုဟာ ရှင်​ဘုရင်​မဖြစ်​ခင်​မင်းသားဘ၀ကတည်းက ​နောက်​လိုက်​​နောက်​ပါ​တွေနဲ့​တောကစားထွက်​​ချိန်​မှာ(မင်းကြီးလည်း သမင်​​စောင့်ရာသို့​ရောက်​​လေ၍ မင်းကြီးကိုသမင်​မြင်​လျှင်​ လန့်​၍​ပြေး​လေ၏။မုဆိုးလည်းမင်းမှန်းမသိ​သော​ကြောင့် ​လေးနှင့်ပစ်​၍ အနိစ္စ​ရောက်​​တော်​မူ၏။)လို့ မှန်​နန်းကဆိုတယ်​။ဒီ​တော့ဒီအဖြစ်​ပျက်​ကိုဘယ်​သူမြင်​လဲမသိဘူး။အမဲလိုက်​အဖွဲ့ ကမုဆိုးလား၊​တောကမုဆိုးလားမသိဘူး။မုဆိုးထွက်​​ပြေးသွားလားလည်းမသိဘူး။မုဆိုးကိုယ်​တိုင်​သတင်းလာပို့တာလား မုဆိုးကိုဖမ်းလာလား မသိရဘူး။ဘုရင့်အ​လောင်းကိုဘယ်​လိုသဂြိုင်္ဟ်​သလဲမသိဘူး။သက္ကရာဇ်​ကွဲလွဲ​နေ​ပေမယ့် ရာဇ၀င်​အားလုံးမှာတူတာတစ်​ခုက​တော့ (ထိုမင်းညီ​တော်​စုက္က​တေးမင်းဖြစ်​​တော်​မူ၏)လို့​ဖော်​ပြထားတဲ့အတွက်​ ​သေချာ​ပေါက်​သိလိုက်​ရတာက​ ကျည်းဆို​သေ​တော့စုက္က​တေးမင်းဖြစ်​တာပါပဲ။ဒါဖြင့်​ခြောက်​နှစ်​သာ နန်းစံရ​သေးတဲ့ ကျည်းဆိုကို ​သေ​စေချင်​တဲ့သူက စုက္က​တေးကိုယ်​တိုင်​မဟုတ်​ရင်​ဘယ်​သူဖြစ်​မတုန်း။ကျောက်​စာအ​ထောက်​ထားရှိတဲ့ အ​နော်​ရထာမင်းနန်းတက်​ချိန်​​အေဒီ၁၀၄၄ကိုအ​ခြေပြု တွက်​ရင်​ကျည်းဆို​သေလို့စုက္က​တေးနန်းတက်​တာဟာ ​အေဒီ၁၀၁၉ခုနှစ်​ဖြစ်​တယ်​။နောက်​ထပ်​၂၅နှစ်​ကြာ​တော့ အ​နော်​ရထာထီးနန်းရတဲ့အခါ သူ့အသက်​၃၃နှစ်​ရှိပြီ။ဒါ​ကြောင့်စုက္က​တေးနန်းတက်​ချိန်​ အ​နော်​ရထာအသက်​က ၈နှစ်​ပဲရှိ​သေးတယ်​။

စုက္က​တေးကအ​နော်​ရထာကို ညီသား​နောင်​မယ်​ လို့​ခေါ်တာအဓိပ္ပါယ်​နားမလည်​လို့ အ​ဖေကိုသွား​မေး​တော့ မင်းအ​မေကိုသူလိုချင်​လို့ ဆိုတဲ့အခါ
.....အ​နော်​ရထာ​စောလည်းကြီးစွာ​သောအမျက်​သည်​ဖြစ်​၍ ခမည်း​တော်​၀ယ်​သိကြားမင်း​ဆောင်​နှင်း​သော မြင်းအစရှိ​သောလက်​နက်​ကိရိယာတို့ကို​တောင်း​လေ၏.....လို့ ရာဇ၀င်​ကြီးမှာ​ရေးထားတာ ၈နှစ်​သားမဖြစ်​နိုင်​ပါ။အနည်းဆုံး၁၄နှစ်​အရွယ်​မှသာယုတ္တိရှိမှာဖြစ်​ပါတယ်​။သူ့အ​မေကို စုက္က​တေးယူပြီးမိဖုရား​မြှောက်​တယ်​။အဲဒီမှာအ​နော်​ရထာ​တောခို​တော့တာပဲ။

အခု​ပြော​နေတဲ့ပုဂံနိုင်​ငံ​တော်​ဆိုတာရာဇ၀င်​ကြီးအရပဲ
ပျဉ်​ပြားမင်းရဲ့  မြစ်​​တော်​လို့ ဆိုတဲ့ အနိရုဒ္ဓ​ဒေ၀ ​ခေါ် အ​နော်​ရထာမင်း​စော လက်​ထက်​ ​အေဒီ၁၁ရာစုမှာ ဧရာဝတီလွင်​ပြင်​အစအဆုံးကိုသြဇာလွှမ်းမိုးနိုင်​တဲ့ပြည်​​ထောင်​စု ပထမမြန်​မာ​နေပြည်​​တော်​ကြီးဖြစ်​လာခဲ့တယ်​။ငတပါးမင်းကျန်​စစ်​သားရဲ့ မင်းဆက်​အဆုံး တရုတ်​ဖျက်​လို့ပျက်​တဲ့​အေဒီ၁၂၈၄ခုနှစ်​အထိ နှစ်​​ပေါင်း၄၃၅နှစ်​ကြာ​အောင်​ တစ်​ခါမှမ​ရွှေ့ ​ပြောင်းခဲ့ဖူးတဲ့မြန်​မာ့သမိုင်းမှာ အခိုင်​မြဲဆုံး​နေပြည်​​တော်​လည်းဖြစ်​ပါတယ်​။သူ့​ရှေ့ ကပုဂံ​နေပြည်​​တော်​၃​နေရာနဲ့ နဂါးမဥက​ပေါက်​တဲ့ပျူ​စောထီးရဲ့ သားစဉ်​​မြေးဆက်​အများစုဖြစ်​တဲ့၃၃ဆက်​ရယ်​ ပျဉ်​ပြားမင်းကစယူပြီးတွက်​ရင်​၂၂ရယ်​ စုစု​ပေါင်းပုဂံမင်းဆက်​၅၅ဆက်​လို့ဆိုကြရာမှာ ပျူ​စောထီးက​နေ ၃၃ဆက်​ဟာ သမိုင်းပါလို့​ပြောဖို့ ဘာအ​ထောက်​ထားမှမရှိ​နေသလို သမိုင်းအဖြစ်​လက်​ခံဖို့လည်းဘယ်​လိုမှမဖြစ်​နိုင်​တာ​ကြောင့်စရင်းမထည့်​​တော့ဘူး။ဒါ​ကြောင့်ပျဉ်းပြားမင်းနဲ့ပုဂံကို မြန်​မာအစလို့မှတ်​ယူကြရ​အောင်​။အဲဒါဆိုရင်​ အမှတ်​စဉ်​၁ ဖြစ်​တဲ့ ပျဉ်ပြားမင်းက​နေစပြီး အမှတ်​စဉ်​၂၂ ဖြစ်​တဲ့ဒလစား​ကျော်​စွာအထိ ပုဂံမင်း​ပေါင်း၂၂ဆက်​စရင်းထည့်ပါမယ်​။ကျော်​စွာအသတ်​ခံရပြီးတဲ့​နောက်​ ပုဂံမှာသူ့သား၊သူ့​မြေး​တွေရှိ​နေ​သေးတယ်​ဆို​ပေမယ့် ပတ်​၀န်းကျင်​နိုင်​ငံငယ်​​တွေက မင်း​ပေါင်းများစွာလိုပဲ သူတို့ပုဂံလည်း ​ညောင်​ဦး၊ပုပ္ပါးတစ်​၀ိုက်​ကွက်​ကွက်​က​လေးမှာသာ ကိုယ့်ဘာသာကိုယ်​အသိအမှတ်​ပြု ပြီး ပခုံးချင်းယှဉ်​လျက်​ မင်းလုပ်​​နေရသူ​တွေမျိုးဖြစ်​လို့စရင်းမထည့်​တော့ဘူး။ဦးကုလားမဟာရာဇ၀င်​အရ
.........သံလွင်​မြစ်​အ​နောက်​ဘက်​၌ရှိ​သော​စောလုံရှမ်း၉ပြည်​​ထောင်​နှင့်မွန်​၃ရပ်​တွင်​ပုသိမ်​၃၂မြို့၊ရှမ်း၊မြန်​မာပြည်​သာ ​ကျော်​စွာမင်းနိုင်​ငံ​တော်​ဖြစ်​​တော်​မူသည်​...............
လို့ဆိုတဲ့အတွက်​ ​ကျော်​စွာလက်​ထက်​အထိ အ​နော်​ရထာနိုင်​ငံ​တော်​ဟာ အရင်းမပြု တ်​​သေးဘူးလို့မှတ်​ယူရပါမယ်​။

အခု​ပြောတဲ့စရင်းထဲမှာ တရားဝင်​ဘိသိက်​ခံတယ်​ မခံဘူးဆိုတဲ့ရှု​ထောင့်​က​နေမကြည့်ဘဲ ၊တစ်​၀ါမဆိုတာဖြစ်​ဖြစ်​၊တစ်​ရက်​တည်းပဲဖြစ်​ဖြစ်​ ​နေပြည်​​တော်​အတွင်းမှာ ဘယ်​သူမဆိုဒူးတုပ်​ပျဝပ်​ရှီခိုးနာခံရတဲ့သူ၊စင်​ပြိုင်​မရှိသူကို မင်းလို့စရင်းသွင်းထားတာဖြစ်​​ကြောင်းနားလည်​ဖို့လိုတယ်​။အဲ​တော့ ပျဉ်​ပြားမင်းကစတဲ့ ပုဂံမင်း၂၂​ယောက်​ဆိုရာမှာ တစ်​ရက်​ထဲ(အတိအကျက ၁၂နာရီသာသာပဲ)သာရာဇပလ္လင်​​ပေါ်တက်​ထိုင်​လိုက်​ရပြီး dinner စားရင်းအသက်​ထွက်​သွားတဲ့ မင်းရှင်​​စော(အမှတ်​စဉ်​၁၃)တို့၊ပုဂံမှာ၁လ​ကျော်​၂လ​လောက်​စိုးစံသွားတယ်​လို့ယူဆရတဲ့ သီဟသူ(အမှတ်​စဉ်​၂၀)တို့ကိုလည်းစရင်းထည့်ထားပါတယ်​။ပုဂံမင်း​တွေအ​ကြောင်း​ပြောမယ်​ဆိုရင်​ မဟာရာဇ၀င်​ကျမ်း​တွေကလွဲပြီး တခြားပြစရာဘာကျမ်းမှမရှိဘူး။၁၇ရာစုကပြု စုတဲ့ ​ရှေးအကျဆုံးရာဇ၀င်​ကျမ်းကိုပဲအဓိကထားအ​ခြေပြု ကြရတာမဟုတ်​လား။ပျူ​စောထီး​တွေ၊ပျဉ်​ပြားမင်း​တွေမ​ပြောနဲ့ အ​နော်​ရထာမင်း​စောအ​ကြောင်းကို​တောင်​ ဒီ​နေ့​ထိ​ခေတ်​ပြိုင်​မပြနိုင်​​သေးဘူး။ဒါ​ပေမဲ့ အဲဒီအ​နော်​ရထာဆိုတဲ့ရှင်​ဘုရင်​ပ​ဒေသရာဇ်​ရှိခဲ့​ကြောင်း အုပ်​ခွက်​စာ​တွေကအထင်​အရှားကျန်​​နေခဲ့တာ​ကြောင့်ဒီရှင်​ဘုရင်​ဟာ တကယ်​ရှိခဲ့ပါတယ်​လို့ သတ်​မှတ်​နိုင်​တာဖြစ်​​ပေမဲ့ အဲဒီအ​နော်​ရထာ​ခေတ်​ကိုသမိုင်းဆိုတဲ့​ပေတံနဲ့တိုင်းတဲ့အခါ လိုအပ်​တဲ့အ​ထောက်​ထားရှာမရ​သေးလို့ ဒီ​နေ့အထိ ပုဂံကအ​နော်​ရထာအ​ကြောင်း ကို သိပ်​အများကြီး​ပြောလို့မရနိုင်​ဘူးလို့ ​ဆရာ​ဒေါက်​တာသန်းထွန်းကိုယ်​တိုင်​​ရေးသားထားပြီးသားဖြစ်​ပါတယ်​။

ဆို​တော့ အဲဒီမဟာရာဇ၀င်​၃​စောင်​ကိုအ​ခြေခံပြီးပြု စုရင်​ အဲဒီရှင်​ဘုရင်​ ၂၂​ယောက်​ထဲက ပျဉ်​ပြားမင်း(၁)၊ကျန်​စစ်​သား(၁၁)၊နရပတိစည်​သူ(၁၆)၊နား​တောင်းများ(၁၇)၊ဥဇနာ(၂၀)တို့ ၅​ယောက်​ကသာ အာဏာသိမ်းမခံရဘဲ ​နောက်​ဆက်​ခံမယ့်နန်းလျာ​ရွှေးချယ်​ထားခဲ့ပြီး ​အေး​အေးချမ်းချမ်းလူ့သက်​တမ်းပြည့်​နေပြီးကွယ်​လွန်​သွားကြတာဖြစ်​ပါတယ်​။ဒါမြန်​မာ​တွေရဲ့ အစချီနိုင်​ငံ​တော်​အ​ကြောင်းကို​ပြော​နေတာ​နော်​။ကျန်​တဲ့စုစု​ပေါင်းရှင်​ဘုရင်​၁၇​ယောက်​က အာဏာသိမ်းခံရပြီး အဲဒီထဲမှာအသက်​အန္တရယ်​ကလွတ်​​မြောက်​သွားသူကလည်း အ​နော်​ရထာဖခင်​ ကွမ်း​ဆော်​​ကျောင်းဖြူ တစ်​ဦးတည်းသာရှိတယ်​။၁၆​ယောက်​စလုံးအာဏာသိမ်းပြီးသတ်​ဖြတ်​ခံကြရတယ်​။ဒါ​ကြောင့်ဗမာ​တွေရဲ့ အစချီနိုင်​ငံ​တော်​ အင်​မတန်​ဂုဏ်​ထွန်း​ပြောင်​တယ်​ဆိုတဲ့ ပုဂံနိုင်​ငံ​တော်​​ခေတ်​တစ်​​လျှောက်​ လုပ်​ကြံသတ်​ဖြတ်​အာဏာသိမ်းမှုစုစု​ပေါင်း ၇၇.၂၇ရာခိုင်​နှုန်းနဲ့စရင်းပိတ်​ပါတယ်​။ခေတ်​သစ်​သမိုင်းဆရာ​တွေပိုင်းခြားသတ်​မှတ်​တဲ့ပထမမြန်​မာနိုင်​ငံ​တော်​ဆိုတာဒါပဲ။ကျောက်​စာအ​ထောက်​ထားနဲ့ခိုင်​မာတဲ့ကျမ်းကိုးနဲ့စီစဉ်​ရင်​ ၁။ပျဉ်​ပြားမင်း(၈၄၆-၈၇၆)၂။တန်​နက်​မင်း(၈၇၆-၈၉၄)၃။စ​လေမင်း​ခွေး(၈၉၄-၉၂၄)၄။သိန်းခိုမင်း(၉၂၄-၉၄၆)၅။ညောင်​ဦး​စောရဟန်း(၉၄၆-၉၉၁)၆။ကွမ်း​ဆော်​​ကျောင်းဖြူ မင်း(၉၉၁-၁၀၁၃)၇။ကျည်းစိုမင်း(၁၀၁၃-၁၀၁၉)၈။စုက္က​တေးမင်း(၁၀၁၉-၁၀၄၄)၉။အ​နော်​ရထာမင်း​စော(၁၀၄၄-၁၀၇၇)၁၀။စောလူးမင်း(၁၀၇၇-၁၀၈၄)၁၁။ကျန်​စစ်​သား(၁၀၈၄-၁၁၁၃)၁၂။အ​လောင်းစည်​သူမင်း(၁၁၁၃-၁၁၆၀)၁၃။မင်းရှင်​​စော(၁၁၆၀ခုနှစ်​ ၁၂နာရီခန့်​သာ။၂၄နာရီမပြည့်)၁၄။နရသူမင်း(၁၁၆၀-၁၁၆၅)၁၅။နရပတိစည်​သူမင်
း(၁၁၆၅-၁၂၁၁)၁၆။နား​တောင်းများမင်း(၁၂၁၁-၁၂၃၁)၁၇။နရသိင်္ခဥဇနာမင်း(၁၂၃၁-၁၂၃၅)၁၈။ကျစွာမင်း(၁၂၃၅-၁၂၄၉)၁၉။ဥဇနာမင်း(၁၂၄၉-၁၂၅၆)၂၀။နရသီဟပ​တေ့မင်း(၁၂၅၆-၁၂၈၇)၂၁။ကျော်​စွာမင်း(၁၂၈၇-၁၂၉၈)၂၂။စောနစ်​မင်း(၁၂၉၈-၁၃၂၅)လို့ဆိုတာပါပဲ။အ​နော်​ရထာမတိုင်​ခင်​ပုဂံကိုအုပ်​စိုးခဲ့တဲ့မင်း​တွေထဲက ​စောရဟန်းနဲ့​ကျောင်းဖြူ မင်းတို့ဟာ ခိုင်​ခိုင်​လုံလုံသိရတဲ့မင်း​တွေဖြစ်​​ကြောင်း မြန်​မာ့သမိုင်း​ကော်​မရှင်​သု​တေသနကျမ်းပြု အရာရှိဗိုလ်​မှူးဘရှင်​က သူ​ရေးတဲ့အ​နော်​ရထာအရင်​ကမြန်​မာနိုင်​ငံ​တော်​စာအုပ်​မှာ​ရေးသားထားတယ်​။

ပ​ဒေသရာဇ်​​ခေတ်​အဆက်​ဆက်​ ၁၉ရာစုအထိ မြန်​မာပြည်​မှာ အမဲ​ရောင်​ချပ်​ပြား​လေး​ခေါင်း​ပေါ်တင်​ပြီး ၀တ်​ရုံနက်​ကိုယ်​စီခြုံထားသူ​တွေကိုထုတ်​လုပ်​ဖို့ ယူနီဗာစတီစက်​မှုဇုန်​ကြီး​တွေ မထွန်းကား​ခဲ့ဘူး။အဲဒါ​ကြောင့်ပဲ ပညာရှင်​ဆိုတာ နိုင်​ငံ​တော်​ကိုအသက်​​ပေးကာကွယ်​သူ​တွေမဟုတ်​၊စစ်​သည်​​တော်​​လောက်​အဖိုးမတန်​ဘူးဆိုပြီး တိုင်​မရှိဘဲ ပြသာဒ်​တင်​ချင်​တဲ့အ​တွေးအ​ခေါ် မျိုး​တွေထွန်းကားမလာ​သေးဘူး။အဲဒါ​ကြောင့်ပဲ ဘုန်းကြီး​ကျောင်းစက်​မှုဇုန်​ထွက်​ ဒကာ​တော်​​ရေ​မြေ့ရှင်​အ​တော်​များများဟာ ​နေပြည်​​တော်​မ​ရောက်​ဖူးလို့က​လေးငယ်​လက်​ကိုဆွဲပြီး​ယောင်​လည်​​ယောင်​လည်​ဖြစ်​​နေတဲ့ မိန်းမကိုလမ်း​ပေါ်မှာ​တွေ့လို့ မိဖုရား​မြှောက်​တဲ့ရှင်​ဘုရင်​(တစ်​စီးရှင်​သီဟသူ)ရှိသလိုခယ်​မကိုသူ့လင်​မရှိတုန်းအဓမ္မသိမ်းပိုက်​လို့အသတ်​ခံရတဲ့ရှင်​ဘုရင်​(မင်းယဉ်​နရသိင်္ခ)လည်းရှိတယ်​။အဲဒီမင်းယဉ်​နရသိင်္ခဆိုတာ ပုဂံရာဇ၀င်​မှာအင်​မတန်​ယုတ်​နိမ့်တဲ့လုပ်​ရပ်​ဆိုးအမျိုးမျိုးကိုကျူးလွန်​ခဲ့တဲ့နရသူမင်းရဲ့ သားပါ။သူ့အ​ဖေနရသူဆိုတာ ​သေအံ့မူးမူးဖခင် အသက်​၈၀​ကျော်​အရွယ်​ကြီးကို အိပ်​ယာ​ပေါ်ခုတ်​သတ်​ပြီးအားမရလို့အ​ဝေး​ရောက်​​နေတဲ့ သူ့အစ်​ကိုအရင်း​ခေါက်​​ခေါက်​မင်းရှင်​​စောကို ဘုန်းကြီးကတစ်​ဆင့်လိမ်​​ခေါ်ခိုင်းပြီး နန်း​တော်​​ပေါ်​ရောက်​​တော့ ညစာမှာအဆိပ်​​ကျွေးပြီးသတ်​လိုက်​သူပါ။အခု အဲဒီနရသူရဲ့ သား မင်းယဉ်​နရသိင်္ခလည်းဖခင်​လိုပဲ​ကောက်​ကျစ်​သူပါ။သူ့ညီအိမ်​​ရှေ့ မင်း နရပတိစည်​သူရဲ့ မယားကို အမှတ်​တမဲ့မြင်​မိပြီး ​ကောက်​​ကြောင်းကိုခိုက်​သွားလို့ ကာမစိတ်​​တွေတဖွားဖွား​ပေါ်လာတယ်​။ထိန်းချုပ်​မရတဲ့အခါ သူ့မယားလိုချင်​ရင်​သူ့လင်​ကိုလှံနဲ့ထိုးရမယ်​ဆိုတဲ့ ဧရာဝတီလွင်​ပြင်​က အင်​မတန်​ပညာရှိတယ်​​ပြောတဲ့​ရှေးပညာရှိတို့ရဲ့ စကားအတိုင်း သူကလှံနဲ့​တော့မထိုးဘူး။င​ဆောင်းချမ်းအရပ်​ ဗန်​​မော်​ကို ပုန်​ကန်​မှုဖြစ်​​ပေါ်တယ်​ဆိုပြီးစစ်​​ရေးအ​ကြောင်းပြချက်​နဲ့ခပ်​​ဝေး​ဝေးပို့လိုက်​တာပါပဲ။အိမ်​​ရှေ့ စံနရပတိစည်​သူလည်း ဘာမသိညာမသိထွက်​ခွာသွား​တော့ ​ရွှေဘိုအ​ရောက်​မှာ ကြားရတဲ့သတင်း​တွေအရ င​ဆောင်းချမ်းမှာပုန်​ကန်​မှုသတင်းဟာ သတင်းအမှားကြီးဖြစ်​​နေတယ်​ဆိုတာသိရပြီးအစ်​ကိုအ​ကောက်​ကြံပြီးဆိုတာသိရလို့နန်း​တော်​အ​ပြေးပြန်​​တော့ အစ်​ကိုက ညီကိုသတ်​ဖို့ဓားစွမ်းထက်​တဲ့မြင်းဖြူ ရှင်​ငပြည့်ကို လွှတ်​တယ်​။ဒါ​ပေမဲ့ ငပြည့် နရပတိစည်​သူရဲ့ ဓားချက်​​အောက်​မှာအသက်​ထွက်​သွားရတာပါပဲ။ငပြည့်ခန္ဓာကိုယ်​က သူ့​ဖောင်​အ​နောက်​ကလိုက်​​နေလို့ နတ်​စင်​​ဆောက်​ပြီးထားလိုက်​တယ်​။အဲဒီ​နေရာမှာမူးမြစ်​၀မှာရှိပါတယ်​။(V.C.Scott Oconner -Mandalay and Other Cities in Burma -ကိုကို​လေး ဘာသာပြန်​ ယဉ်​မျိုးစာအုပ်​တိုက်​ ၂၀၁၇)အဲဒီက​နေစပြီးမြင်းဖြူ ရှင်​ကိုကိုးကွယ်​ပသတဲ့ဓ​လေ့ဒီ​နေ့အထိရှင်​သန်​​နေခဲ့ရတာပါပဲ။နရပတိစည်​သူက သူ့အစ်​ကိုကိုခုတ်​သတ်​ပြီးနန်းယူလိုက်​​တော့တာပါပဲ။ဒီမျိုးရိုးကပဲလာလို့ သူတစ်​ပါးမယားရဲ့ အ​နောက်​ပိုင်းကိုတပ်​မက်​လွန်းလို့ ကိုယ်​လုပ်​​တော်​မယား၂​ယောက်​​ပေးပြီး လဲယူတဲ့ရှင်​ဘုရင်​ နရပတိစည်​သူလည်း ဒီအချိုးချိုးတာပါပဲ။ဒါ​ကြောင့် မြန်​မာ​တွေထီးနဲ့နန်းနဲ့ ပလ္လင်​နဲ့ဆင်​နဲ့ဖြစ်​လာပြီဆိုတဲ့ပုဂံ​ခေတ်​က​နေ သီ​ပေါနဲ့သူ့မယား နွားလှည်း​ပေါ်ငုပ်​တုတ်​ပါသွားတဲ့ရတနာပုံဇတ်​သိမ်းခန်းအထိ အားလုံးဟာ ​ကိုယ်​ထင်​ရာကိုယ်​လုပ်​ကြတဲ့ ​ပေါက်​လွတ်​ပဲစား​တွေချည်းဖြစ်​​နေတာပါပဲ။အဲဒီလူမျိုးပ​ဒေသရာဇ်​​တွေကိုဆက်​ခံတဲ့​ခေတ်​သစ်​လွတ်​လပ်​ပြီး​ခေတ်​​ရောက်​​တော့ဒါ​တွေ​ပျောက်​သွား​ရောလားလို့​မေးစရာရှိပါတယ်​။ဟုတ်​ကဲ့ ​ပျောက်​မ​ပျောက်​​တော့မ​ပြော​တော့ဘူး။ဘမျိုးဘိုးတူ​တွေရဲ့ နိုင်​ငံ​တော်​ဟာ ဘယ်​​လောက်​ထိလဲဆိုရင်​ မြန်​မာ့​နောက်​ဆုံးပ​ဒေသရာဇ်​ ​နေပြည်​​တော်​ မန္တ​လေးရဲ့ သက်​တမ်း ၂၆နှစ်​ဟာ တိုက်​တိုက်​ဆိုင်​ဆိုင်​ မဆလ ဧကရာဇ်​ရဲ့ သက်​တမ်း၂၆နှစ်​လာတူ​နေတာပါပဲ။ဒါက အ​နော်​ရထာအ​ကြောင်း​ပြော​နေရင်းနဲ့သဏ္ဍန်​တူအစိုးရ​တွေရဲ့ ဖြစ်​စဉ်​ကို Timeline ချတင်​ပြတာပါ။

ပြော​နေရင်းအ​ကြောင်းအရာကဆက်​လာ​တော့ဆက်​​ပြောရပါဦးမယ်​။ပုဂံရာဇ၀င်​မှာအင်​မတန်​ယုတ်​နိမ့်စုတ်​ပဲ့တဲ့ လုပ်​ရပ်​အမျိုးမျိုးကိုကျူးလွန်​ခဲ့တဲ့နရသူဟာ ပုဂံမှာ အကြီးဆုံး​စေတီ ဓမ္မရံကြီး ကိုတည်​ဖြစ်​​အောင်​တည်​သွားပါ​သေးတယ်​။အလားတူ နရသီဟပ​တေ့ အ​နော်​ရထာအားလုံး ကိုယ်​ထင်​ရာကိုယ်​လုပ်​ကြ သတ်​ကြဖြတ်​ကြလုကြပြီးတဲ့​နောက်​ အားလုံးဘုရားတည်​ကြသူ​တွေချည်းပါ။ပုဂံ​ခေတ်​၊အင်းဝ၊ပင်းယ၊စစ်​ကိုင်း၊မြင်​စိုင်း၊​တောင်​ငူ၊​ညောင်​ရမ်း၊ကုန်း​ဘောင်​၊ပထစ၊​မဆလ၊န၀တ၊ဒီမိုက​​ရေစီ ယ​​နေ့​ခေတ်​အထိ ဘုရားတည်​မသွားတဲ့ရှင်​ဘုရင်​တစ်ပါးမှမရှိဘူး။အားလုံး​ခေတ်​သစ်​မှာလည်း ဘွဲ့​တော်​သီရိသုဓမ္မာ ဘာညာသာရကာ ပါကြတာချည်းပဲ။ဒါဟာ ပ​ဒေသရာဇ်​အဆက်​ဆက်​ပိုင်​ဂုဏ်​ဒြပ်​ဖြစ်​တဲ့ မ​ကောင်းတာအကုန်​လုပ်​ပြီးရင်​ ဘုရားအကြီးတည်​၊​ကျောင်းအကြီးကြီး​ဆောက်​၊တန်​ဖိုးအကြီးကြီးဋ္ဌာပနာ၊အချိန်​ရသမျှစစ်​တိုက်​ သို့မဟုတ်​ အချိန်​ရသမျှ လူထုကိုနှိပ်​စက်​ ကြ​တာပါ။ဒါအ​နော်​ရထာက​နေ သူ့နိုင်​ငံ​တော်​ရဲ့ ​အေဒီ၂၀၁၈ခုနှစ်​အထိ ရိုးရာမပျက်​အစဉ်​အလာတစ်​ခုပါပဲ။ဒါ​ကြောင့် ဘယ်​​လောက်​ကြီးကျယ်​ပါတယ်​ဆိုတဲ့ဘယ်​ဧကရာဇ်​ရဲ့ သင်္ချိုင်းမှ ပြစရာမကျန်​ရစ်​သလို ဘယ်​​လောက်​ကြီးကျယ်​ပါတယ်​ဆိုတဲ့ ဧကရာဇ်​ဘုရင်​ရဲ့ ဘုရားမှ ​မြေပြင်​​ပေါ် အ​ကောင်းပကတိ တန်​ခိုးကြီးစွာတည်​မြဲ​နေတယ်​ဆိုတာလည်း မရှိဘူး။ပုဂံဘုရားအားလုံး ​ရွှေစည်းခုံ အာနန္ဒာအပါအ၀င်​ စသည့်အားလုံး ဗိသုကာ နဲ့ ​နေ၀င်​ဆည်းဆာအလှကလွဲပြီး ကိုးကွယ်​သူမဲ့ အညာ​နွေအပူ​ခေါင်​တည့်တည့်မှာ လဲ​လျှောင်း​နေကြရတာ​မလား။နေ၀င်​ဆည်းဆာလှလို့ ဘုရားတန်​ခိုးကြီးတယ်​ဆိုပြီး ​ရောမရိုက်​နဲ့။ဆည်းဆာအလှနဲ့ဘုရားသပ္ပါယ်​တာ ရန်​ကုန်​မှာ​ရေကြီးပြီး ပုဂံမှာ​မြေပြို သလို ပြဿတစ်​လမ်း သံတစ်​လမ်းပါ။အဲဒီဆည်းဆာ​နောက်​ခံ​ပေါ်မှာ သစ်​သားထိုင်​ခုံ​လေး​ပေါ် စုံတွဲတစ်​တွဲ​ကို​ကျောခိုင်း​ပေးထိုင်​​ထားရင်​​တောင်​ မြင်​ကွင်းက အင်​မတန်​ romantic ဆန်​ဆန်​နဲ့လှ​နေမှာပါ။ဘုရားမှမဟုတ်​ဘူး။ဘာအ​ဆောက်​အဦးမဆို သက်​ရှိသက်​မဲ့ ဘယ်​အရာမဆို ​ဆည်းဆာ​နောက်​ခံ​ပေါ်မှာရှိ​နေရင်​အလိုလို လှပပြီး လူကိုဆွဲ​ဆောင်​တာသဘာဝပါ။အလကား​နေ တန်​ခိုးကြီးတယ်​ဆိုပြီး​ယောင်​​နေကြ​သူ​တွေအတွက်​​စေတနာနဲ့ရှင်းပြတာပါ။နောက်​တစ်​ချက်​ အဲဒီဧရာဝတီ​မြေပြင်​​ပေါ်မှာ ဘုရားအဆူ ၁၀၀မှာ ၉၉ဆူကို ဘယ်​ဧကရာဇ်​နဲ့အစိုးရမှ သူ့မိဘဘိုးဘွားပိုင်​​ငွေ​ကြေးနဲ့တည်​​ဆောက်​တာမဟုတ်​ဘူး။အားလုံးလူထုဆီကဆင့်ဆိုပြီး ​ဆောက်​ကြတာပါ။ဒါ​ကြောင့် မသဒ္ဒါ​ရေစာ​တွေကိုလှူ လို့သာ ​ကောင်းမှုဖြစ်​မယ်​ဆိုရင်​သုဂတိမ​ရောက်​ချင်သူတစ်​​ယောက်​မှရှိ​တော့မှာမဟုတ်​ဘူးဆိုတာသိထားဖို့လိုတယ်​။

ဆက်​ပါဦးမည်​။




https://m.facebook.com/story.php?story_fbid=146132402932908&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အ​နော်​ရထာဆိုတာ...၆”

Post a Comment

Related Posts Plugin for WordPress, Blogger...