Friday, July 27, 2018

''ပြည်သူ တာဝန်ပေးအပ်လာရင် အမျိုးဇာတ်အလွယ်တကူ ပျက်ယွင်းမရတဲ့ဥပဒေကို ချက်ချင်းပြဋ္ဌာန်းသွားမယ်​'' ဟု ဦးသန်းဌေးပြော

,
နေပြည်​​တော်​၊ ဇူလိုင်​ ၂၆

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပြုလုပ်​သည့်​ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်း အမှတ်​စဉ်​ (၅)
သင်​တန်းဆင်းပွဲအခမ်းအနားကို ယ​နေ့ နံနက်​ ၉နာရီခွဲ အချိန်​ခန့်​က နေပြည်တော်ရှိ ​ပြည်ခိုင်ဖြိုးဌာနချုပ်​ခန်းမတွင် ပြုလုပ်​ခဲ့ရာ ပါတီဥက္ကဌဦးသန်းဌေးမှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင်

"ပြည်ခိုင်ဖြိုးပါတီကို ပြည်သူက တာဝန်ပေးအပ်လာရင် အမျိုးဇာတ် အလွယ်တကူ ပျက်ယွင်းမရတဲ့ဥပဒေကိုချက်ချင်းပြဋ္ဌာန်းသွားမယ်​ ။
ပြည်သူတွေအပေါ် မတရားဖိနှိပ် ကောက်ခံနေတဲ့အခွန်အခတွေကို ပြန်လည်သုံးသပ်သွားမယ်။ မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတဲ့
အဖွဲ့အစည်းများနှင့်ပူးပေါင်းလှုပ်ရှားမှုတွေ အခြေစိုက်လှုပ်ရှားခွင့်ပေးထားတာတွေကို ပြန်လည်သုံးသပ်သွားမည် " ဟု ထည့်သွင်းပြောကြားသွားခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ၏​ပြောကြားချက်​ အ​ပေါ် ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦးကထပ်​ဆင့်​၍ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ ဆိုတာ{ Caste Disabilities Removal Act 1850 }အက်ဥပဒေကို ပြင်ဆင်တဲ့ ၊ ဥပဒေကို ၂၀၁၈ခုနှစ် ဧပြီ ၅ရက်နေ့ သမ္မတသစ်ဖြစ်ပြီး တစ်ပတ်အတွင်း ပြည်သူတွေ အမှုမဲ့ အမှတ်ဖြစ်တဲ့အချိန်မှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့တာပါ။
ဒီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ယခင်အစိုးရကာလက ပြဌာန်းပေးခဲ့သောမျိုးစောင့်ဥပဒေများကို လွှမ်းမိုးကျော်လွှားနိုင်တဲ့ ၊ ဥပဒေအာနိသင်ရှိကြောင်း ဝေဖန်မှုများ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့တဲ့အတွက် ပြည်သူတွေစိတ်မချမ်းမသာဖြစ်ကြရတယ်။
ဒါ့ကြောင့် ပြည်ခိုင်ဖြိုးပါတီကို ပြည်သူကတာဝန်ပေးအပ်လာရင် အမျိုးဇာတ် အလွယ်တကူ ပျက်ယွင်းမရတဲ့ဥပဒေကို ချက်ချင်းပြဋ္ဌာန်းသွားမယ်​လို့ ပြောတာပါ " ဟု MUNA သို့ ပြောသည်​။

ပြည်​ခိုင်​ဖြိုးပါတီအ​နေဖြင့်​ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုသင်​တန်းများ စဉ်​ဆက်​မပြတ်​ဖွင့်​လှစ်​​နေခြင်းနှင့်​စပ်​လျင်း၍ အနာဂတ်​မျိုးဆက်​သစ်​လူငယ် များနိုင်​ငံတာဝန်​ကိုပြည်​သူကအလှည့်ပေး၍ ထမ်း​ဆောင်​သည့်​အချိန်တွင်​ မျိုးချစ်စိတ်အပြည့်ဖြင့် ဆောင်ရွက်တတ်စေရန်နှင့် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်တတ်၊​ စနစ်​တကျ​ပြောဆိုတတ်​​စေရန်​ ရည်​ရွယ်​​၍ဖွင့်​လှစ်​ရ​ကြောင်း ဦးသိန်းထွန်းဦး​က ဆက်လက်ပြောသည်။

By - မြတ်​ဟိန်း​ကျော်​(​ကော့မှူး)
MUNA
https://m.facebook.com/story.php?story_fbid=2255607134481504&id=1024691730906390

0 ယောက်မှတ်ချက်ပြုခဲ့သည် to “''ပြည်သူ တာဝန်ပေးအပ်လာရင် အမျိုးဇာတ်အလွယ်တကူ ပျက်ယွင်းမရတဲ့ဥပဒေကို ချက်ချင်းပြဋ္ဌာန်းသွားမယ်​'' ဟု ဦးသန်းဌေးပြော ”

Post a Comment

Related Posts Plugin for WordPress, Blogger...