Friday, May 11, 2018

ICC တရားစွဲဆိုမှုမှာဒေါ်စုဟာပစ်မှတ်ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေအဆိုပြု

,
မေ ၁၁၊ ၂၀၁၈

လူ့အခွင့်အရေးအဖွဲ့တွေဟာဒီတပတ်နယူးယောက်က ကုလအထွေထွေအတွင်းရေးမှူးရုံးမှာစုဝေးပြီး လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် မြန်မာခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံးတင်ဖို့တောင်းဆိုသွားကြမှာဖြစ်ပါတယ်။စစ်တပ်က ရိုဟင်ဂျာနဲ့တခြားတိုင်းရင်းသားလူမျိုးစုတွေအပေါ်ရက်စက်မှုတွေပြုလုပ်တဲ့ စစ်တပ်ကကျူးလွန်သူတွေအပေါ်မှာ အာရုံစိုက်သွားသင့်တယ်လို့ သူတို့ကဖော်ထုတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အရပ်သားခေါင်းဆောင် အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စုဟာ ဖိနှိပ်မှုတွေအတွက်ပစ်မှတ်ထားခံရနိုင်တယ်လို့ သူတို့ကအကြံပြုခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ်ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေကို ICC တင်ဖို့အလားအလာဟာ ဒီနှစ်အစကတည်းက အရှိန်အဟုန်ကောင်းလာခဲ့တာဖြစ်ပါတယ်။ ဖေဖေါ်ဝါရီမှာ ဗြိတိန်ဥပဒေပြုအမတ်၁၀၀ကျော်က မြန်မာစစ်တပ်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခုံရုံးတင်ဖို့ဗြိတိန်နိုင်ငံခြားရေးအတွင်းရေးမှူး ဘိုရစ်ဂျွန်ဆင်ကိုတောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ICC ရှေ့နေဖာတူလ်ဘန်ဆူဒါက မြန်မာခေါင်းဆောင်တွေဟာ ဥပဒေပုဒ်မ ၇(၁)(d) ကိုချိုးဖောက်ပြီး လူမျိုးစုလိုက်အတင်းအဓ္ဓမရွှေ့ပြောင်းအောင်လုပ်ဆောင်မှု လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုကျူးလွန်မှုအဖြစ် စွဲချက်တင်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ ရက်တစ်ချို့အကြာမှာတော့ ဒေါ်စုရုံးက ဘန်ဆူဒါရဲ့စွပ်စွဲမှုတွေဟာနိုင်ငံအချုပ်အခြာအာဏာစည်းမျဉ်းတွေကိုဘောင်ကျော်နေပြီး မြန်မာဟာ ICC တရားရုံးရဲ့အဖွဲ့ဝင်နိုင်ငံလည်းမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခံရမှုအပေါ်မှာတရားရုံးကတရားစီရင်လို့ရမရဆုံးဖြတ်တာ အကူအညီရဖို့ သုံးသပ်လေ့လာမှုတွေဘင်္ဂလားဒေ့ရှ်ဆီကနေတင်သွင်းလာဖို့ ICC ကတနင်္လာနေ့ကတောင်းဆိုချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် နိုင်ငံတကာရာဇ၀တ်မှုတွေပေါ်မှာတရားရုံးကစီရင်ချချနိုင်တာဖြစ်ပါတယ်။ ICC ပါဝင်လာဖို့လူ့အခွင့်အရေးအဖွဲ့တွေရဲ့တွန်းအားပေးမှုအရ မြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင်တစ်ယောက်တည်း ပစ်မှတ်မဟုတ်ပါဘူး။

“သင့်လျော်တဲ့စုံစမ်းစစ်ဆေးမှုတွေကို အရင်ဆုံးစစ်တပ်ပုဂ္ဂိုလ်တစ်ယောက်ချင်းပေါ်မှာအာရုံစိုက်သွားမှာဖြစ်တယ်”လို့ Fortify Rights CEO မက်သရူးစမစ်က Coconuts သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ဒါပေမယ့်ဒေါ်စုဟာလည်း နိုင်ငံတကာရာဇ၀တ်မှုအတွက်တာဝန်ရှိနိုင်ပါတယ်။ ရိုဟင်ဂျာအရပ်သားတွေကိုတိုက်ခိုက်မှုတွေအပေါ်မှာ သူမရဲ့အခန်းကဏ္ဍကိုလည်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပုံမှန်စစ်ဆေးသွားမှာဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။ စမစ်ဟာ မြန်မာကို ICC တင်ဖို့တနင်္လာနေ့ကတောင်းဆိုခဲ့တဲ့ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်လေးယောက်ထဲမှာတစ်ယောက်အပါဖြစ်ပါတယ်။ “ဒီအဆင့်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စုဟာ ပြသနာရဲ့တစ်စိတ်တစ်ပိုင်းထဲပါဝင်ပါတယ်။ သူမရုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအခိုင်အမာငြင်းဆိုနေခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာအရပ်သားတွေဟာကိုယ့်အိမ်ကိုယ်မီးရှို့ပြီး အဓ္ဓမပြုကျင့်မှုတွေဟာသတင်းမှားတွေလို့ သူမရုံးကစွပ်စွဲထားတာဖြစ်ပါတယ်။ ဒီငြင်းဆိုမှုတွေဟာ စစ်တပ်ကရောအရပ်သားခေါင်းဆောင်တွေဆီကပါ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်ဒေါ်စုဟာလည်းပြသနာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေတယ်”လို့ ကျွန်တော်တို့ကဆိုလိုတာဖြစ်ပါတယ်လို့ စမစ်ကပြောကြားခဲ့ပါတယ်။

“သက်ဆိုင်ရာအာဏာပိုင်တွေအရေးယူဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့နာမည်တွေစုဆောင်းနေပါတယ်။ ဒီနာမည်စာရင်းထဲမှာ မြန်မာစစ်တပ်ပိုင်းဟာထိပ်ဆုံးစာရင်းမှာရှိနေပြီး ဒီအခြေအနေပေါ်မှာနိုင်ငံတကာရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် အရပ်သားခေါင်းဆောင်တွေလည်းပါဝင်ပါတယ်။” လို့သူကဆိုထားပါတယ်။ “နိုင်ငံတကာရာဇ၀တ်မှုတွေအတွက် အရပ်သားခေါင်းဆောင်တွေပါတာဝန်ရှိတယ်ဆိုရင် သူတို့အဲဒီအပေါ်မှာပယ်ဖျက်သွားလို့မရနိုင်ပါဘူး ဒါပေမယ့်သူတို့မှန်ကန်တဲ့အရာကိုစတင်လုပ်ဆောင်နိုင်ပါတယ်” လို့စမစ်က Coconuts သတင်းဌာနကိုပြောကြားထားပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ကုလစုံစမ်းရေးမှူးတွေနဲ့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ပံ့မှုတွေ လိုအပ်နေသူတွေဆီထောက်ပံ့သွားဖို့ ကျူးလွန်သူတွေကိုအရေးယူဆောင်ရွက်သွားဖို့တွေလိုအပ်ပါတယ်။ သူမဟာအခုချိန်မှာအဲဒါတွေတစ်ခုမှလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါဘူး။ သူမသာလူ့အခွင့်အရေးကိုကာကွယ်ပြီး တရားမျှတမှုတွေဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါဟာကျူးလွန်သူတွေကိုပြင်းထန်တဲ့သတိပေးချက်ပေးလိုက်တာပဲဖြစ်မှာပါ” လို့သူကပြောကြားခဲ့ပါတယ်။

Coconuts သတင်းဌာနပါ Jacob Goldberg ရေးသားသည့် “Rights Groups suggest Aung San Suu Kyi could become target of ICC prosecution” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက် ဆီလျော်အောင်ပြန်ဆိုသည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ICC တရားစွဲဆိုမှုမှာဒေါ်စုဟာပစ်မှတ်ဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေအဆိုပြု”

Post a Comment

Related Posts Plugin for WordPress, Blogger...