Tuesday, January 23, 2018

သရုပ်ဆောင် ရဲတိုက် ဒိုင်ယာစီ ပင်အလုံး ၄ဝ သောက်ခဲ့ခြင်း မရှိ ကြောင်း ဒါရိုက်တာရီဇော်ပြော

,
မန္တလေး၊ ဇန်နဝါရီ ၂၃
နေမျိုးနွယ်

ဒိုင်ယာစီပင် အလုံး၎ဝခန့် သောက်သုံးခဲ့မှုကြောင့် သတိလစ်မေ့မျောပြီး ဆေးကုသမှုခံယူနေသည့်ကိစ္စကို ဒါရိုက်တာရီဇော်က ငြင်းဆိုခဲ့ပြီး အစာအဆိပ်သင့်မှုကြောင့်သာ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

'' အမှန်တကယ် ရဲတိုက်အစာအိမ်ရောင်နေတာက တစ်ပတ်၊ ၁ဝ ရက်ရှိနေပါပြီ၊ အပြန်လမ်းမှာ တွေ့ကရာ အစားအစာတွေ ကိုလျှောက်စားတယ်။ အရက်သောက်လိုက်တာလည်း များသွားတယ်။ ပြီးတော့ သူ့အတွက် စိတ်ကျန်းမာရေးဆရာဝန် ပေးထားတဲ့ဆေးတွေကိုသောက်လိုက် တော့ အစာအဆိပ်သင့်သလိုဖြစ်သွားတာပါ'' ဟုဒါရိုက်တာရီဇော်က ပြောကြားသည်။

ဇန်နဝါရီ ၂၃ရက်နေ့၊ မနက်ပိုင်းက ရဲတိုက်ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ဆာတိုရီရုပ်ရှင်ထုတ်လုပ် ရေးမှ ဒါရိုက်တာရီဇော်ကို ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရဲတိုက်မှာ ဇန်နဝါရီ ၂၁ရက်နေ့က သရုပ်ဆောင်ဝတ်မှုံရွှေရည်နှင့်အ တူ ကြော်ငြာရိုက်ကူးပြီး အပြန် ယခုကဲ့ သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

ဒါရိုက်တာရီဇော်က ရဲတိုက်ဖြစ် စဉ်မှာ အစာအဆိပ်သင့်မှုကြောင့်ဖြစ် သည်ဟုဆိုသော်လည်း ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် ကနဦး စစ်ဆေးချက်အရ ဒိုင်ယာစီပင်ဆေး ပြား အလုံး ၄ဝခန့်သောက်သုံးမှု ကြောင့် သတိမေ့မျောသွားပြီး မွေးစား ဖခင်ဦးမျိုးဇော် (ဒါရိုက်တာ ရီဇော်)က စံပြဆေးရုံ ကြီးသို့ပို့ဆောင်ပေးခဲ့ သဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ဆေးရုံတွင် စစ်ဆေးကုသမှု ခံယူခဲ့ကာ  ယင်းနေ့ ညနေ ၅နာရီခွဲခန့် အချိန်၌ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံ သစ်ကြီး (ဂျပန်ဆေးရုံ) သို့ပို့ဆောင် ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

https://m.facebook.com/story.php?story_fbid=1515881655193553&id=714912165290510

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သရုပ်ဆောင် ရဲတိုက် ဒိုင်ယာစီ ပင်အလုံး ၄ဝ သောက်ခဲ့ခြင်း မရှိ ကြောင်း ဒါရိုက်တာရီဇော်ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...