Saturday, March 10, 2018

** နံရံတွေမှာ နားတွေ ရှိကြတယ် **

,
ဦးကိုနီအားလုပ်ကြံရန်ငွေကျပ် သိန်းတစ်ထောင်ထောက်ပံ့မှုဖြင့် ဖမ်းဆီးခံထားရသည့် ထောက်လှမ်းရေးဗိုလ်ဟောင်း ဇေယျာဖြိုးနှင့် မဘသ ဥက္ကဌ ဆရာတော်တို့၏ ရင်းနှီးသည့်ဆက်ဆံရေးကိုဖေါ်ပြနေသည့် ဓာတ်ပုံသစ်တစ်ပုံထပ်မံထွက်ပေါ်လာသည်။
၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကာလနီးကပ်နေချိန်တွင် အမျိုးဘာသာ သာသနာအဖွဲ့ထံသို့ကြံ့ခိုင်ရေးအမတ် ဦးလင်းဇော်ထွန်းကကျပ်သိန်း ၄၀၀ လှုဒါန်းသည့်နေ့က ဦးလင်းဇော်ထွန်းမိသားစု နှင့်အတူ ဇေယျာဖြိုးက မဘသ ဥက္ကဌဆရာတော်ကြီးအား သီးသန့်ခန်းအတွင်း လက်အုပ်ချီကာ သြ၀ါဒခံနေပုံတစ်ခုထွက်ပေါ်လာခြင်းဖြစ်သည်။
အထက်ပါဓာတ်ပုံရိုက်ကူးသည့်ရက်စွဲမှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၀ ရက်ဖြစ်ခြင်းကြောင့် အဆိုပါတွေ့ဆုံ သြ၀ါဒခံယူမှုပြီးချိန်နောက်မှသာ ဦးကိုနီအားသတ်ဖြတ်ရန် ၂၀၁၆ ခုနှစ် ဇွန်လ တွင်တိုင်ပင်ခဲ့ခြင်းဖြစ်သည်။
သီတဂူဆရာတော်၊မဘသဥက္ကဌဆရာတော်တို့၏အနောက်ဘက်တွင်ဇေယျာဖြိုးလက်အုပ်ချီကာရယ်မောနေသည့် ဓာတ်ပုံတစ်ခုလည်း ယခင်က ပေါ်ထွက်ဖူးသည်။
အစွန်းရောက်ဘာသာရေးလှုပ်ရှားမှုဖြစ်သည့် ၉ ၆၉ လှုပ်ရှားမှုကို အသွင်ပြောင်းထားသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဦးဆောင်ဆရာတော်များနှင့် ဦးကိုနီအားသတ်ဖြတ်ရန်ငွေထုတ်ပေးသူတို့၏ ရင်းနှီးသည့်ဆက်ဆံရေးကြောင့် သတ်ဖြတ်မှုကို မဘသ ဆရာတော်များနှင့်ဆွေးနွေးခဲ့ခြင်းရှိမရှိဟူသော သတင်းထောက် ကိုဆွေဝင်း၏မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီး ဦးကျော်ဆွေက “ဗုဒ္ဓဘာသာဘုန်းကြီးများဖြစ်သဖြင့် လူသတ်ရန်ညွန်ကြားခြင်း မဖြစ်နိုင်”ဟုသာ သဘောထားမှတ်ချက်ဖြင့်ပြန်လည်တုန့်ပြန်ထားသည်။
ဓာတ်ပုံ၊ ဦးကိုနီအားသတ်ဖြတ်ရန် သိန်းတစ်ထောင်ထုတ်ပေးခဲ့သူ ဇေယျာဖြိုး မဘသ ဥက္ကဌဆရာတော်ထံမှ သြ၀ါဒခံနေပုံ။
ဟိန်းအောင်  ကို ခရက်ဒစ်ပေးပါ

ဂိုလ်ရှယ်လေး

K.tw

.

https://m.facebook.com/story.php?story_fbid=417755605350507&id=100013482129790

0 ယောက်မှတ်ချက်ပြုခဲ့သည် to “** နံရံတွေမှာ နားတွေ ရှိကြတယ် ** ”

Post a Comment

Related Posts Plugin for WordPress, Blogger...