Wednesday, November 28, 2018

လူနည်းစု ဖြစ်သွားနိုင်ကြောင်းသာသနာရေးဝန်ကြီးလျှောက်ထား

,
လာမည့်နှစ် ၃၀၊၄၀၊ ၅၀ကြာမြင့်သော်  မြန်မာနိုင်ငံတွင်  ဗုဒ္ဓဘာသာ ကိုးကွယ်သူများမှာ လူနည်းစု ဖြစ်သွားနိုင်သည် မှာ သေချာနေကြောင်း(သံဃာငါးသိန်းလူထွက်ကာမိန်းမယူသင့်ကြောင်း)နှင့် တစ်လင်တစ်မယားဥပဒေကို သင့်လျော်သည့် အချိန်တွင် ပြန်လည်ပြင်ဆင်ပေးနိုင်ရန်(ဗုဒ္ဓဘာသာဝင်များမိန်းမများများယူ၍ ကလေးများများမွေးနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသော) သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆရာတော်ကြီးများထံ ယနေ့ လျှောက်ထား ခဲ့ကြောင်းသိရ

ဘားအံ၊နိုဝင်ဘာ ၂၇

တစ်လင်တစ်မယားဥပဒေကို သင့်လျော်သည့် အချိန်တွင်  ပြန်လည်ပြင်ဆင်ပေးနိုင်ရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဆရာတော်ကြီး များထံ ယနေ့ လျှောက်ထားခဲ့သည်ဟု သိရသည်။

တစ်လင်တစ်မယား ဥပဒေမှာ သမ္မတဦးသိန်းစိန်လက်ထက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ  ပြဌာန်းခဲ့သော မျိုးစောင့် ဥပဒေ ၄ခုထဲမှ တစ်ခု ဖြစ်သည်။

ယနေ့ကျင်းပသည့်  မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဘဒ္ဒန္ဇသုဇန ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားတွင် အထက်ပါစကားအား ၀န်ကြီးက  ထည့်သွင်းလျှောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် ဘုရားကြီး လည်း ကြွရောက် ခဲ့သည်ကို တွေ့ရသည်။

ဝန်ကြီးက ဆရာတော်ကြီးများထံ လျှောက်ထားသည်မှာ တစ်လင်တစ်မယား ဥပဒေ ကြောင့် လက်ရှိတွင် အရေးယူခံနေရသူများမှာ ရာပေါင်းများစွာရှိနေပြီး၊ထိုသူများမှာ ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားများသာ ဖြစ်နေကြောင်း၊တစ်ခြားဘာသာဝင်လူမျိုးခြားများ တစ်ဦးတစ်ယောက်မျှ ပါဝင်သည်ကို ၎င်းအနေဖြင့် မကြားရသေးပါကြောင်း၊ဗုဒ္ဓဘာသာဝင်များက သားသမီးတစ်ယောက်၊နှစ်ယောက်ယူနေချိန်တွင် အစွန်းရောက်ဘာသာကြီးတစ်ခုက ဇနီးမယား ၃၊၄ယောက် ယူပြီး သားသမီး ၁၄ယောက်၊၂၀ မွေးဖွားနေကြောင်း၊ လာမည့်နှစ်ပေါင်း ၃၀၊၄၀၊ ၅၀ကြာမြင့်သော်  မြန်မာနိုင်ငံတွင်  ဗုဒ္ဓဘာသာ ကိုးကွယ်သူများမှာ လူနည်းစု ဖြစ်သွားနိုင်သည့်မှာ သေချာနေကြောင်း  လျှောက်ထားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အတွက်ကြောင့်   တစ်လင်တစ်မယား ဥပဒေသင့်လျော်သည့် အချိန်တွင်  ပြန်လည်ပြင်ဆင်ပေးနိုင်ရန် ၀န်ကြီးက ဆရာတော်ကြီးများထံ လျှောက်ထားခဲ့သည်။

ယင်းအပြင် လက်ရှိတွင် ဖြစ်ပွားနေသည့် အနောက်ဘက်တံခါး ပြဿနာကြောင့်  ကမ္ဘာ၏ ပိတ်ဆို့မှုအား မခံရအောင် ကမ္ဘာကြည့်ကြည့်ကာ  အစိုးရက လုပ်ဆောင်နေရကြောင်းဝန်ကြီးက ဆရာတော် သံဃာတော်များကို လျှောက်ထားခဲ့သည်။

အနောက်ဘက် ခြံစည်းရိုး အခြေအနေကြောင့် ကမ္ဘာကုလသမဂ္ဂအပါအ၀င် နိုင်ငံအားလုံးက မြန်မာနိုင်ငံကို အမျိုးမျိုးခြိမ်းခြောက် ပြစ်တင်၊ဆဲဆို၊ဝေဖန် နေကြကြောင်း၊  စီးပွားရေးပိတ်ဆို့မည် တကဲကဲလုပ်နေကြကြောင်း၊စီးပွားရေးပိတ်ဆို့ လိုက်မည်ဆိုပါက အထည်ချုပ်လုပ်သား ၇ သိန်းခန့် အလုပ်လက်မဲ့ဘ၀ ရောက်သွားနိုင်ကြောင်း လည်း ဆရာတော်များထံ အသိပေးလျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံက လက်ရှိတွင် ကမ္ဘာကြည့်ကြည့်ပြီး  ဘာသာပေါင်းစုံ ပူးပေါင်းရေး အဖွဲ့ပေါင်းတစ်ရာကျော်ဖွဲ့ကာ ဘာသာရေးကို အခြေခံသည့် လူမှုရေး ပဋိပက္ခ မဖြစ်အောင်  ကုလသမဂ္ဂနှင့် ကမ္ဘာ အဖွဲ့အစည်းများ၏ ပိတ်ဆို့မှုကို  မခံရအောင် ဆောင်ရွက်နေရကြောင်း နှင့်  အခြားဘာသာများကိုလည်း ပစ်ပယ်ဖို့  မဟုတ်ပါကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက  လျှောက်ထားခဲ့သေးကြောင်း သိရသည်။

ပေါ်ပြူလာသတင်းစာ

PN-051

ပုံစာ။ ။ယနေ့ကျင်းပသည့်  မြိုင်ကြီးငူဆရာတော်ဘုရားကြီး ဘဒ္ဒန္ဇသုဇန ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားတွင်သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မှ ဆရာတော်ကြီး များထံ  လျှောက်ထားနေမှုအား Sky Netရုပ်သံလိုင်း က တိုက်ရိုက် ထုတ်လွှင့်ပြသနေစဉ်။

https://www.facebook.com/287336421282160/posts/2511743958841384/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူနည်းစု ဖြစ်သွားနိုင်ကြောင်းသာသနာရေးဝန်ကြီးလျှောက်ထား”

Post a Comment

Related Posts Plugin for WordPress, Blogger...