Friday, May 10, 2019

မြန်​မာ့ဒုတိယအင်​ပါယာ. . .၁

,
ဒီအင်​ပါယာအ​ကြောင်းအများကြီး​ရေးဖူးတယ်​။
တကယ်​လည်း မြန်​မာ့သမိုင်းမှာအကြီးဆုံးအင်​ပါယာ
ဆိုပြီးအ​ထောက်​ထားလည်းရှိပါတယ်​။အချိန်​က
၁၅ရာစုကုန်​ဆုံးချိန်​က​နေ ၁၆ရာစုကုန်​ဆုံးချိန်​အထိ
စုစု​ပေါင်းသက်​တမ်းအားဖြင့်နှစ်​၁၀၀ခန့်​ရှိပါတယ်​။
ဒါ​ပေမဲ့ နှစ်​၁၀၀ အင်​ပါယာတည်​မြဲတယ်​လို့အလွယ်
တကူမယူဆမိပါ​​​စေနဲ့။အင်​ပါယာဖြစ်​ပြီးတည်​မြဲတဲ့
သက်​တမ်းဟာ ၃၅နှစ်​ပဲရှိလို့ ကမ္ဘာ့ သက်​တမ်းအတို
ဆုံးအင်​ပါယာလို့ သမိုင်း​ပါ​မောက္ခ နီးလ်​ဖာဂူဆန်
သတ်​မှတ်​တဲ့ ဟစ်​တလာ့နာဇီအင်​ပါယာ(၁၂နှစ်​)ပြီး
ရင်​ ကမ္ဘာ့ ဒုတိယသက်​တမ်းအတိုဆုံးအင်​ပါယာဆိုတာ
အခု​ပြောမယ့်ဒုတိယမြန်​မာနိုင်​ငံ​တော်​ဆိုတာပါပဲ။
(Ref:The Rise and Fall of The World Empires
By Nail Ferguson Prof. of Harvest University
And The Chancellor of Hoover Institution)

အဲ​တော့ ဒီအင်​ပါယာရဲ့ သက်​တမ်းအစဘယ်​ကလဲ?
လေ့လာကြည့်ရ​အောင်​။

ဟံသာဝတီ(ပဲခူး)က​နေ အင်​အားအလုံးအရင်းနဲ့
ဘုရင်​တပင်​​ရွှေထီးကိုယ်​တိုင်​ ဦးစီးချီတက်​တိုက်​ခိုက်​ပြီး
မုတ္တမကိုသိမ်းပိုက်​လိုက်​တဲ့ ​အေဒီ၁၅၄၀ဟာ ဒီအင်​ပါယာ
ရဲ့ သက်​တမ်းအစလို့ယူဆရမှာပါ။အဲဒီအချိန်​ ယိုးဒယား
ကိုမသိမ်းရ​သေးသလို ​လော၊က​မ္ဘောဒီယားနဲ့ဗီယက်​နမ်
နယ်​စပ်​အထိလည်းမ​ရောက်​​သေးဘူး။အေဒီ၁၅၃၅ မှာ
အသက်​၁၅နှစ်​နဲ့ တပင်​​ရွှေထီးနန်းတက်​ပြီး ၁၉နှစ်​နဲ့
၆လ​ကျော်​နန်းစံခါ ​အေဒီ၁၅၅၅ ​မေလမှာလုပ်​ကြံခံရ
လို့​သေတယ်​။အေဒီ၁၅၂၀မှာတပင်​​ရွှေထီး​မွေးတယ်​။

ဒုတိယမြန်​မာနိုင်​ငံ​တော်​မ​ပေါ်ခင်​အ​ခြေ​နေကိုတစ်​ချက်
ပြန်​ကြည့်ရ​အောင်​။

ကိုယ့်အတွင်းပြို ကွဲမှုနဲ့လုံးခြာလည်​​နေစဉ်​ တရုတ်​လက်
ချက်​ကို အပိုဆုအဖြစ်​လက်​ခံရယူလိုက်​ရပြီး ကိုယ်​တိုင်
တက်​မယူလိုက်​ရတဲ့တရုတ်​​ပြေးမင်းဘွဲ့နဲ့နရပ​တေ့နိဂုံး
ချုပ်​ပြီး အင်​ပါယာပျက်​သုဉ်းသွားပြီး​နောက်​ မြို့ပြနိုင်​ငံ
အဆင့်ပုဂံမြို့ကပုဂံ​နောက်​ဆုံးရှင်​ဘုရင်​ ​ကျော်​စွာ​ခေါင်း
ပြတ်​သွားတဲ့ ​အေဒီ၁၂၉၈(၁၃ရာစုအကုန်​)ကစပြီး ပုဂံ
ဆိုတဲ့နိုင်​ငံ​တော်​ဇတ်​သိမ်းသွားတာပါပဲ။ပုဂံဇတ်​သိမ်း​တော့
အသီးသီးလွတ်​လပ်​​ရေးရသွားတယ်​။ယ​နေ့မြန်​မာပြည်
တောင်​ပိုင်း ရာမည​မြေလို့​ပြောတဲ့ အင်​ပါယာ​ဒေသကြီးဖြစ်​တဲ့
ယ​နေ့ ရန်​ကုန်​တိုင်း၊ဧရာဝတီတိုင်း၊ပဲခူတိုင်း​တောင်​ပိုင်း၊
ကရင်​ပြည်​နယ်​​တောင်​ပိုင်း၊မွန်​ပြည်​နယ်​တစ်​ခုလုံးနဲ့
တနသာင်္ရီတိုင်းအနားထိ​ရောက်​တဲ့ ရာမညနိုင်​ငံဟာ
ပုဂံပျက်​ပြီးနှစ်​​ပေါင်း၂၄၀​ကျော်​မှာ သီးခြားပြည်​​ထောင်
ငယ်​မြို့ပြနိုင်​ငံများအဖြစ်​အသီးသီးရပ်​တည်​ခဲ့ကြတယ်​။
အေဒီ၁၃၀၀ က​နေ ​အေဒီ၁၅၄၀ အထိစုစု​ပေါင်းနှစ်​က
၂၄၀ကြာပါတယ်​။အဲဒီကာလမှာ အဲဒီမြို့ပြနိုင်​ငံ​တွေကို
စုစည်းပြီးအင်​ပါယာတစ်​ခုမှ​ပေါ်ထွက်​မလာခဲ့ဘူး။ဒါကို
ခေတ်​ပျက်​ကာလအင်​ပါယာမဲ့ကာလ လို့သတ်​မှတ်​ရမှာပါ။
အဲဒီအထက်​​ဖော်​ပြပါ ရာမညတိုင်းကြီးတစ်​တိုင်းလုံးကို
တပင်​​ရွှေထီးတိုက်​ခိုက်​သိမ်းပိုက်​ပြီး​မြောက်​သွားတာဟာ 
အေဒီ၁၅၄၀ခုနှစ်​ပါပဲ။ရာမညတိုင်းဆိုတာ မြန်​မာ့သမိုင်းမှာ
ယဉ်​​ကျေးမှုအစဉ်​အလာအရထိပ်​ဆုံးကရှိခဲ့တဲ့အရပ်​​ဒေ
သကြီးဖြစ်​ပါတယ်​။

(မှတ်​ချက်​။သေချာဖတ်​ပါ။စစ်​တိုက်​သိမ်းရင်​တိုက်​ခိုက်
သိမ်းပိုက်​တယ်​လို့သုံးပါ့မယ်​။စာချုပ်​စာတန်း သို့မဟုတ်
အ​ပေးအယူလုပ်​ပြီးသိမ်းရင်​ စုစည်းသိမ်းသွင်းသည်​လို့
သုံးပါ့မယ်​။အားလုံးကို စုစည်းသိမ်းသွင်းသည်​ဆိုပြီး
စစ်​တိုက်​​ချေမှုန်းပြီးသိမ်းတဲ့နယ်​ချဲ့လုပ်​ရပ်​ကို မြန်​မာ
လူမျိုးသမိုင်းဆရာ​တွေ​ဖေး​ဖေးမမ စကားလုံးနဲ့ကာ​ပေး
လာတဲ့သက်​တမ်းကြာလာလို့ ​ရော​ထွေးသွားတာ
ကြောင့်အခုလိုသတိ​ပေးလိုက်​တာပါ။)

မုတ္တမစစ်​ပွဲ​အောင်​မြင်​ပြီးဟံသာဝတီကိုပြန်​​ရောက်​တာနဲ့
ချက်​ခြင်းယာယီအိမ်​​တော်​​ဆောက်​ပြီး တပင်​​ရွှေထီး
ရာဇဘိ​သေက ခံတာလည်း အဲဒီနှစ်​ပဲဖြစ်​လို့ ​အေဒီ၁၅၄၀
ကို ဒုတိယအင်​ပါယာရဲ့ အစလို့သတ်​မှတ်​တာ ​သဘာဝ
ကျမယ်​လို့ထင်​ပါတယ်​။

အဲဒီအချိန်​တုန်းက မုတ္တမင်း ​စောဗညားဆိုတာ ကွယ်
လွန်​သွားပြီဖြစ်​တဲ့ ဟံသာဝတီရှင်​ဘုရင်​သုရှင်​တကာ
ရွတ်​ပိ ရဲ့ နှမအကြီးကိုယူထားတဲ့​ယောက်​ဖ​တော်​ဖြစ်​တယ်​။
မုတ္တမနယ်​ဟာ ဆင်​မြင်း လူသူလက်​နက်​ အင်​အားအပြည့်
အစုံနဲ့ ​စောဗညားကိုယ်​တိုင်​ စွမ်းရည်​သတ္တိသာမက
သေနင်္ဂဗျူ  ဟာမှာလည်း ကြံရည်​ဖန်​ရည်​ပြည့်တဲ့စစ်
ခေါင်း​ဆောင်​ဖြစ်​ပါတယ်​။ဆုံးဖြတ်​ချက်​မပြတ်​သားတဲ့
ခပ်​​ပျော့​ပျော့​ယောက်​ဖ​တော်​ ဟံသာဝတီဘုရင်​ သုရှင်
တကာရွတ်​ပိကွယ်​လွန်​ပြီဆိုကတည်းကရာမညတိုင်း
တစ်​ခွင်​ကို ပိုင်​စိုးထိုက်​သူဟာ ငါမှတပါး အခြားမရှိလို့
စောဗညားစွဲမြဲယူဆထားမှာ​သေချာတယ်​လို့​ပြောရင်
ဒါဟာအထူးအဆန်း​တော့မဟုတ်​ဘူး။ဘာလို့ဆို​တော့
သူနဲ့ခိုင်းနှိုင်း​ပြောရ​လောက်​​အောင်​ အရည်​အ​သွေးစံ
ချိန်​မမီသူ​တောင်​ အဲအချိန်​သူ့​နေရာ​ရောက်​​နေရင်
ဒီလို​တွေးပြီး ဒီလိုအိမ်​မက်​မက်​မှာပါပဲ။မြန်​မာနဲ့ဒီ​မြေ
ဒီ​ရေ​ပေါက်​ တိုင်းရင်းသားအုပ်​စုကြီးများရဲ့ သမိုင်း
မှာ ထီးဖြူဆိုလို့ မှိုပွင့်သာသာ​လောက်​ထီးဖြူကို​ဆောင်း
ရတဲ့င​မျောက်​င​ခြောက်​​တွေ​တောင် ဒီလိုစိတ်​ကူးယဉ်
အိမ်​မက်​မက်​ကြပြီး ထကြံစည်​ကြတဲ့သမိုင်းကလည်း
ခေတ်​တိုင်းမှာရှိတယ်​။မှိုပွင့်သာသာ​လောက်​ရှိတဲ့
ထီးဖြူ​လေးတစ်​လက်​​ဆောင်းလိုက်​ရတာနဲ့သူတို့ကိုယ်
သူတို့စကြ၀​တေးမင်းဖြစ်​ပြီလို့ ဘယ်​သူ​ပြောလို့
ဘယ်​လိုစိတ်​စွဲသွားတယ်​​တော့မသိဘူး။အဲအတိုင်း
ယုံကြည်​ယူဆ လုပ်​ကိုင်​ကြ​တော့တာပါပဲ။အဲဒီရှင်​ဘုရင်
ဆောင်းတဲ့ထီးဖြူ  ကို ကိုးကွယ်​ရာမြတ်​ဗုဒ္ဓရုပ်​ပွား​တော်
မှာထည့်လိုက်​တာလည်း ဒီကလာတာပဲ။ယ​နေ့ လမ်း
တကာမှာ ကျင်းပ​နေတဲ့တရားပွဲ​တွေကို​လေ့လာကြည့်ရင်
မြင်​ရမှာ မြတ်​ဗုဒ္ဓရုပ်​ပွား​တော်​မှာထီးဖြူ​ဆောင်းထားတာ
တွေ့ရမယ်​။ဒါဟာ မြန်​မာပ​ဒေသရာဇ်​အစဉ်​အလာတစ်​ခု
ဖြစ်​ပြီး အာဏာနဲ့ဘာသာ​ရေးကိုပူးပူးကပ်​ကပ်​တည်
ဆောက်​ထားတဲ့သာဓကပဲ။ဒါ​ကြောင့်ရှင်​ဘုရင်​မရှိရင်
ဗုဒ္ဓသာသနာလည်းမရှိနိုင်​​တော့ဘူး။အဲဒီအလိုက်​နဲ့
အဲဒီစိတ်​အခံကိုယူပြီး အမျိုး ဘာသာ သာသနာကို
ချီးမြင့်​မယ့်စစ်​အာဏာရှင်​​တွေကိုပဲမဲ​ပေးကြ​ပေါ့။တကယ်
တော့ သာသနာ​ပျောက်​မှာ​ကြောက်​​နေကြသူ​တွေရဲ့ ရင်​ထဲမှာသာသနာမရှိ​နေဘဲ ​ဗုဒ္ဓသာသနာဟာ အခြားဘာသာ
တွေကိုနှိပ်​ကွပ်​ပြီးလူမိုက်​လုပ်​​ပေးမယ့်အာဏာရှင်​တစ်
ယောက်​ရှိ​နေမှတိုးတယ်​မယ်​လို့အဓိပ္ပါယ်​ထွက်​​နေတာပါပဲ။
သေချာတာက ​ဂေါ်သမ်​ဗုဒရ်​လို့​ခေါ်တဲ့ အိန္ဒိယသားကုလားလူမျိုး ဆိဒ်​ဟဒ်​​တောင်​သူ့သက်​တမ်းမှာ ထီးဖြူ ​ဆောင်းခဲ့
ရတဲ့သမိုင်းမရှိမှာ​သေချာတယ်​။

(မှတ်​ချက်​။စာ​ရေးသူဟာ မူရင်းအမည်​၊မူရင်းဌာ​နေ၊
မူရင်းအ​ခေါ်အ​ဝေါ်ကိုသာအမှန်​လို့ယူတယ်​။အိန္ဒိယ
အမည်​ကို မြန်​မာအက္ခရာနဲ့ ​ရေးတဲ့ကုလားစကား
ပါဠိ(Pali)အသုံး ​ဂေါတမတို့၊အာ​သောကတို့စသဖြင့်
က​ပေါက်​တိက​ပေါက်​ချာလမ်း​ကြောင်းလွဲ​စေမယ့်
အသုံးမျိုးကို အမှန်​လို့မယူပါ။အကယ်​၍ ဗုဓ်​ဒရ်​ဟာ
ပုဂံမှာပွင့်ခဲ့ပြီး ​မောင်​မှတ်​၊​မောင်​​အောင်​​ဇေယျ၊
နော်​ရထာ​စော၊​မောင်​​လောက်​၊​မောင်​​ကောင်း၊​မောင်​၀ိုင်း
စသဖြင့်မှည့်​​ခေါ်ခဲ့ဖူးရင်​​တော့​ သုံးပါ့မယ်​။ကိုယ့်ဟာ
ကိုယ်​စိတ်​ကူးယဉ်​ပြီး ​ခေါ်ချင်​တာ​ခေါ်မယ်​ဆိုရင်
ကိုယ့်အိမ်​မှာကိုယ်​လုပ်​ပါ။ပြင်​ပ​လောကမှာဟားတိုက်​မခံ
ရ​အောင်​​သတိ​ပေးတာပါ။)

အဲ​တော့ အခု​စောဗညားလည်း ဒီအတိုင်းစိတ်​ကူးယဉ်
တာပါပဲ။ဒါ​ပေမဲ့သူဟာအစွမ်းအစရှိသူဖြစ်​ပါတယ်​။
လောကမှာ ​ကောင်းတာဖြစ်​ဖြစ်​ဆိုးတာဖြစ်​ဖြစ်​ အစွမ်း
အစရှိသူ​တွေဆိုတာရှိတတ်​ပါတယ်​။ဥပမာ ဟစ်​တလာ
ဆိုးသွမ်းတယ်​ရက်​စက်​တယ်​ ဆိုတာမှန်​​ပေမယ့်
စကား​ပြောစွမ်းရည်​၊ယုံကြည်​ချက်​စွမ်းရည်​၊လုပ်​ရဲ
ကိုင်​ရဲတဲ့စွမ်းရည်​၊တိုက်​ရဲခိုက်​ရဲတဲ့သတ္တိရှိတဲ့အစွမ်းအစ
ရှိသူတစ်​​ယောက်​ဖြစ်​တယ်​ဆိုတာကို​တော့ဘယ်​သူမှငြင်း
မှာမဟုတ်​ဘူး။ကမ္ဘာ့ သမိုင်းမှာသူလိုမျိုး၁နှစ်​​ကျော်
ကျော်​ အချိန်​​လေးအတွင်းမှာ စစ်​နဲ့နပမ်းလုံးပြီး
ရာစုနှစ်​​ပေါင်းများစွာစစ်​မက်​ပြိုင်​ဆိုင်​တိုက်​ခိုက်​လာတဲ့
ဥ​ရောပနိုင်​ငံ ၁ဒါဇင်​​ကျော်​ကိုသိမ်းနိုင်​ခဲ့သူပြစရာကို
ယ​နေ့အထိမရှိ​သေးဘူး။စစ်​ဘုရင်​နပိုလီယံတို့ဆိုတာ
စစ်​ပွဲကိုဦးစီးချီတက်​တိုက်​ကြသူ​တွေဖြစ်​ပါတယ်​ဆိုရင်
လည်း ဟစ်​တလာဟာစစ်​ပွဲထဲကို​ခြေမချခဲ့တာကလွဲပြီး
အဲဒီ​ခေတ်က အဖဂျာမနီနိုင်​ငံ​တော်​ရဲ့ အဓိပတိကြီး
ဖြစ်​သလို တစ်​ဖက်​မှာလည်း ဂျာမန်​စစ်​ဦးစီးဌာနချုပ်
ရဲ့ စစ်​​သေနာပတိချုပ်​ဟာလည်း တရားဝင်​ဟစ်​တလာပါ
ပဲ။ဟစ်​တလာဟာစားပွဲ​ပေါ်မှာထိုင်​ပြီး စစ်​ပွဲGame ကို
ကစားခဲ့တာပါ။တကယ်​လည်း War Game ကို 
မြေပြင်​​ပေါ်မှာ၅နှစ်​​ကျော်​ ကစားပြသွားတာပဲ​လေ။
အဲ​တော့ အခု​စောဗညားကလည်း ဒီသ​ဘောပါပဲ။

နှိုင်းယှဉ်​စရာ သူ့​ယောက်​ဖ​တော်​ တစ်​ဖြစ်​လဲ သူ့မယား
ရဲ့ အကို ဟံသာဝတီရှင်​ဘုရင်​ သုရှင်​တကာရွတ်​ပိကို
ကြည့်ပါ။တပင်​​ရွှေထီးချီလာ​တော့ ဟံသာဝတီက​နေ
မခုခံဘဲ မဟာမိတ်​ပြည်​​ထောင်​​တွေရှိရာဧရာဝတီအလယ်
ပိုင်းကိုဆုတ်​ခွာဖို့ဆုံးဖြတ်​လိုက်​တဲ့အတွက်​ ​ထီးနန်းနဲ့
နေပြည်​​တော်​လည်းဆုံး၊​နောက်​ပါတပ်​​တွေအားလုံးပျက်​ပြီး
နောက်​ဆုံးသူကိုယ်​တိုင်​ပါ ဇိဝိန်​​ကြွေခဲ့ရတယ်​။စစ်​ဆိုတာ
No Risk No Gameပဲ။စိတ်​ကူးယဉ်​လို့ရတဲ့အရာမဟုတ်
ဘူး။တုန်​လှုပ်​​နေပြီဖြစ်​တဲ့သုရှင်​တကာရွတ်​ပိဟာ မြန်​မာ
တပ်​ကို ဆုတ်​ဆုတ်​ပြီး ရင်​ဆိုင်​တာ ​နောက်​ဆုံးအင်္ဂပူအထိ
ဆုတ်​သွားရပြီး ​သွေးပျက်​သွားတယ်​။အဲဒီလိုအင်​ပါယာ
ရှင်​ဘုရင်​လည်းဖြစ်​ စစ်​ဦးစီးချုပ်​လည်းဖြစ်​တဲ့ သူကိုယ်
တိုင်​​သွေးပျက်​​နေတဲ့ဂယက်​ဟာ တပ်​မှူးအဆင့်ဆင့်ကို
ဖြတ်​သန်းပြီးတပ်ကြပ်​ တပ်​သားအဆင့်ဆင်​တွေအထိ
ရိုက်​ခတ်​​တော့မှာပါ။ဘယ်​​လောက်​အင်​အား​ကောင်းတဲ့
စစ်​တပ်​ဖြစ်​ပါ​စေ။ရန်​သူနဲ့စစ်​​မြေပြင်​သတ်​ကွင်း​ပေါ်မှာ
ရင်​ဆိုင်​မိပြီဆိုတာနဲ့ မဟာဗျူဟာကို​နောက်​ထား၊တပ်​သား
တွေဟာ တပ်​မှူးရဲ့ မျက်​နှာကိုအရင်​ကြည့်ကြ​တော့မှာပါ။
တပ်​မှူးကလည်း စစ်​ဦးစီးရဲ့ မျက်​နှာ စစ်​ဦးစီးကလည်း
ရှင်​ဘုရင့်မျက်​နှာစသဖြင့် အဆင့်ဆင့်ကြည့်ကြ​တော့မှာ
ပါပဲ။

ရှင်​ဘုရင်​ကိုယ်​တိုင်​က​သွေးပျက်​​နေပြီဆိုမှာ​တော့
အဲဒီအတိုင်းဆင်းလာမှာဖြစ်​လို့ တုန်​လှုပ်​​နေတဲ့တပ်​မှူး
ရဲ့ မျက်​နှာကိုမြင်​ပြီးတပ်​သား​တွေဆက်​တိုက်​ကြမယ်
ဆိုတာဖြစ်​ကိုမဖြစ်​နိုင်​ဘူး။တပ်​မပျက်​ရင်​ကံ​ကောင်းပဲ။
ရဲရဲတက်​ရဲရဲတိုက်​ရဲရဲ​ချေမုန်းတို့၊စွန့်​ဝံ့သူသာ​အောင်
ကြောင်းဖြာတို့၊အချစ်​​ရေးထက်​စစ်​​သွေးဆူကာ​ဝေတို့ဆို
တာ ​ကြေး​စေးတမန်​စစ်​သီချင်းထဲမှာပဲရှိတာပါ။ပြင်​ပ
ကမ္ဘာမှာတကယ်​ရှိတဲ့အရာမဟုတ်​ဘူး။နော်​မန်​ဒီခံစစ်
ကြောင်း​ပေါ်ကကမ်းစပ်​​ရေပြင်​မှာ မိုးသီးမိုး​ပေါက်​လို
အဆက်​မပြတ်​ကျည်​ဆံမိုး​တွေရွာ​နေတဲ့အချိန်​ တကယ့်
စစ်ပွဲကြီးကိုရင်​ဆိုင်​​နေတဲ့စစ်​သား​တွေထိုင်​ငို​နေတာ၊
လည်​ပင်းမှာအ​ဆောင်​အဖြစ်​ချိတ်​ဆွဲထားတဲ့ Cross​လေး
ကို ကိုင်​နမ်းပြီး အဖဘုရားသခင်​ကယ်​​တော်​မူပါလို့
တောင့်တ​နေတဲ့စစ်​သည်​​တွေအများကြီးပါ။နောက်​ဥပမာ
တစ်​ခုက ကိုးရီးယားစစ်​သမိုင်းမှာရှိပါ​သေးတယ်​။အဲ​တော့
ပြည်​တွင်းစစ်​​လောက်​တိုက်​ပြီး ပစ်​​ပြေး​တွေကိုရင်​ဆိုင်​ပြီး
ထောင်ထားတဲ့ ​​သောက်​ကြီး​သောက်​ကျယ်​ဆိုင်းပုဒ်​​တွေကို
သွားယုံမိလို့က​တော့ ငါပါးတင်​မဟုတ်​ဘူးသံဃာစင်​ပါ​မှောက်​လိမ့်မယ်​။
လူဖြစ်​ရင်​လူလို​တွေးမယ်​ လူလိုခံစားမယ်​ လူလိုနာကျင်​မယ်​ဆိုတာ​လေး
လောက်​သ​ဘော​ပေါက်​ရင်​ဆက်​​တွေးလို့
ရပြီ။စစ်​သ​ဘောတရား​တွေခင်​ဗျားကျ​နော်​​လေ့လာဖို့ကမ္ဘာ
စစ်​သင်​ခန်းစာ​တွေအများကြီးပါ။အလ်​အာလာမိန်းမှာ
လောင်​စာအခက်​ခဲဖြစ်​ပြီး ဒုတိယကမ္ဘာစစ်​ကြီးရဲ့ 
အာဖရိကစစ်​​မြေပြင်​နဲ့သူ့ရဲ့ စစ်​သမိုင်းမှာ ပထမဆုံး
ရှုံးပွဲလို့​ပြောရမယ့် စစ်​ပွဲကိုရှုံးနိမ့်​နေစဉ်​မှာလည်းပဲ
ဖီးလ်​မာရှယ်​အာဝင်​ရွမ်​မဲလ်​ မျက်​နှာမပျက်​သွားဘူး။
ဆုတ်​မိန့်​ရလို့ ​မြေထဲပင်​လယ်​ကိုဖြတ်​ပြီးဆုတ်​​နေတဲ့
ဂျာမန်​တပ်​မ​တော်​ကြီးကို ​အေး​အေးလူလူပြန်​လည်
ဆုတ်​ခွာနိုင်​​အောင်​သူစွမ်း​ဆောင်​ခဲ့တယ်​။အလ်​အာလာ
မိန်းမှာ ဂျာမန်​စစ်​သား​သောင်းနဲ့ချီပြီး ကျဆုံးခဲ့တာပါ။

ပြောချင်​တာက တပ်​မှူး၊စစ်​ဦးစီးချုပ်​ရဲ့ အုပ်​ချုပ်​စီမံမှု
အတတ်​ပညာနဲ့ အီမိုးရှင်းပဲ။ဒါကလည်း သိပ်​ကိုစကား
ပြောပါတယ်​။စစ်​ပွဲ​လို အသက်​နဲ့ရင်းရတဲ့ကိစ္စမ​ပြောနဲ့
သာမန်​ကိုယ့်​ငွေနဲ့မဟုတ်​တဲ့ ကုမ္ပဏီလုပ်​ငန်းတစ်​ခုမှာ
တောင်​ ​ခေါင်း​ဆောင်​လုပ်​သူရဲ့ Skill of Administrative
ရဲ့ အခန်းကဏ္ဍဟာ အ​ရေးပါတယ်​ဆိုတာ က​လေး ကအစ 
ခွေးအထိသိလို့ ဒီလိုအသက်​နဲ့ရင်းတဲ့စစ်​ပွဲဆိုရင်​ဘယ်​​လို​နေ
မလဲစဉ်းစားလို့ရပြီ​ပေါ့။

သုရှင်​တကာရွတ်​ပိ​နောက်​ဆုံး​သွေးပျက်​ပြီး​သေ​တော့
(ရာဇ၀င်​မှာ ​တောတွင်း၌ နတ်​သမီးအ၀တ်​မကပ်​နှင့်​​တွေ့
....အနိစ္စ​ရောက်​​တော်​မူသည်​ ....တဲ့။ဘယ်​မလဲနတ်​သမီး
နတ်​သမီးဆင်းလာတယ်​ပဲထားဦး ဒီနတ်​သမီးက အ၀တ်
အစားအဲ​လောက်​ရှားရသလား၊ဒါမှမဟုတ်​ ဘာလဲ
သုရှင်​တကာရွတ်​ပိရဲ့ကြံခိုင်​ဖွံ့ထားတဲ့ ​ရွေကျင်​​ချောင်းကို
သ​ဘောကျလို့လား၊ ဘာလဲ ဘယ်​လိုမှအဆက်
စပ်​မရှိတဲ့ပုံပြင်​​တွေ​ရေးပြီးသုရှင်​တကာ​သေတယ်​ဆိုတာ
ကိုရိုးရိုးမ​ပြောတဲ့ နတ်​သမီး​လည်းမ​နေရ၊အလကား​နေ
နတ်​သမီးကိုပါ ကာမဆာ​လောင်​သူဖြစ်​​သ​ယောင်
ယောင်​ ထင်​​ယောင်​ထင်​မှားဖြစ်​​အောင်​​ရေးသားလိုက်​ပါ
သေးတယ်​။)အဖြစ်​မှန်​က​တော့ တပင်​​ရွှေထီးလိုငယ်​ရွယ်
တဲ့ ပ​ဒေသရာဇ်​ပျိုရဲ့ တပ်​နဲ့ထိုးစစ်​အားကိုမြင်​ပြီး
မကြာခင်​ရင်​ဆိုင်​ရ​တော့မယ့်အနာဂတ်​ရဲ့ ပုံ​ပေါ်လာပြီး
သွေး​တွေတိုးကာဦး​နှောက်​​သွေး​ကြောပြတ်​ပြီး
ရုတ်​တရက်​​ရှောသွားတာပါပဲ။)

သူ​သေ​တော့ သူ့လက်​​အောက်​ခံမြို့ရွာနယ်​ပယ်​အားလုံး
ဗဟိုချုပ်​ကိုင်​မှုမဲ့ပြီး​ရေနည်းငါး​တွေဖြစ်​ကုန်​တာပါပဲ။အဲ
ဒါ​ကြောင့် တပင်​​ရွှေထီးဆီခိုဝင်​ပြီး ကျွန်​​တော်​ခံကြတယ်
လို့ ရာဇ၀င်​ကြီးအသီးသီးက​ရေး​ပေမယ့် အ​ရှေ့ ဘက်​နီး
စပ်​သမျှဟာ မုတ္တမဘက်​ကူးပြီး​စောဗညားဆီခိုလှုံသွားတာ
လည်း ရှိကိုရှိမှာပါ။ဒါ့အပြင်​ ဟံသာဝတီဘုရင်​ကိုယ်​ရည်
ကိုယ်​​သွေးညံ့ဖျင်းတာ၊​သွေးနည်းတာ​တွေအားလုံးကို
လူတိုင်းသိပြီးဖြစ်​မှာပါ။

(မှတ်​ချက်​။ကျွန်​​တော်​ခံကြသည်​ဆိုလို့ ယ​နေ့​ခေတ်​အမြင်
နဲ့ ယဉ်​​ကျေးမှုအရ မမိုက်​ဘူး တစ်​မျိုးကြီးဖြစ်​သလို
ခင်​ဗျားတို့ခံစားကြရမှာဖြစ်​​ပေမယ့် အဲဒီ​ခေတ်​က
သခင်​ဆိုတဲ့အရှင်​သခင်​ဘုရင်​​တွေကြီးစိုးတဲ့​ခေတ်​၊
ပ​ဒေသရာဇ်​​ခေတ်​ဖြစ်​လို့ သခင့်အလိုကျနွား​တွေလိုပဲ
ကောက်​ရိုးနဲ့မြတ်​နုကိုစားပြီး နို့​တွေနဲ့စားနပ်​ရိက္ခာ​တွေ
ထုတ်​လုပ်​​ပေးရတာကို ပ​ဒေသရာဇ်​​လောကအမြင်
အရ ကျွန်​ဖြစ်​ရတာရှက်​စရာမဟုတ်​ခဲ့ဘူး။ဘယ်​အထိ
လဲဆိုရင်​ ယ​နေ့အထိ အဲဒီသခင်​ကြီး​တွေကိုမြန်​မာပြည်​သား
သန်း၅၀​လောက်​က တမ်းတ​နေဆဲပါပဲ။
အဲ​တော့ ယ​နေ့အထိ မြန်​မာပြည်​သား​တွေဟာ ကျွန်​ဖြစ်
ရတာ ရှက်​ရ​ကောင်းမှန်းမသိ​သေးဘူးဆိုတာကိုမြင်​သာ
ပြီထင်​ပါတယ်​။ဒါ​ပေမဲ့ ကျွန်​ဖြစ်​ရတာ ကို မပျက်​မကွက်
ရှက်​ပြတဲ့​ခေတ်​တစ်​​ခေတ်​​တော့ရှိဖူးတယ်​။ကိုလိုနီ​ခေတ်။
အမျိုးသားအစိုးရက နှစ်​​ပေါင်း၈၄၀​ကျော်​(၁၀၄၄-၁၈၈၅)
တစ်​မျိုးသားလုံးကိုကျွန်​လုပ်​ခဲ့တာကိုသိသိကြီးနဲ့ လူမျိုး
ခြားကျွန်​လုပ်​တဲ့အခါမ​တော့ ဖင်​​ခေါင်းကထပွ​တော့တာပဲ။
အဲ​တော့မှကျွန်​ဖြစ်​ရတာရှက်​ရ​ကောင်းမှန်းသိလာပြီး
တုတ်​ ဓားထကိုင်​ကာ ဗမာ့ဓားထက်​တယ်​တို့၊ဗမာဆိုတာ
ဘာတို့ညာတို့ အားမရ​သေးလို့ သခင်​မျိုးဆိုပြီးပွလိုက်
သေးတယ်​။တကယ်​က အ​နော်​ရထာအရင်​ကရှင်​ဘုရင်
ဘယ်​နှစ်​ဆက်​ရှိခဲ့ရှိခဲ့ မြန်​မာလူမျိုးရဲ့ သမိုင်းဟာ ဂျူး​တွေ
Prophet ​မော်​​ရှေနဲ့အတူ နိုင်းမြစ်​၀ှမ်းကိုဖြတ်​​ပြေး​နေ
ရတဲ့ BC ရာစုကတည်းကစတယ်​ဆိုရင်​လည်းပဲ အဲဒီ
ခေတ်​ကတည်းကမြန်​မာတစ်​မျိုးသားလုံးရှင်​ဘုရင်
ဖြစ်​သူတစ်​​ယောက်​ကလွဲပြီး အကြီး အလတ်​ အ​သေး
အားလုံး ကျွန်​​တွေချည်းပဲဆိုတာဘယ်​သူမှငြင်းမယ်
မထင်​ဘူး။ကိုယ့်ထီး ကိုယ့်နန်း ရှိလို့သခင်​မျိုးဖြစ်​တယ်
လို့ အဘယ်​ပညာရှိက၀ိက ​မြောက်​​ပေးလိုက်​တယ်
မသိဘူး ဒါကိုမစဉ်းစားမဆင်​ခြင်​ဘဲ အဆို​တော်​မာမာ​အေး
ကအစ မဏ္ဍုပ်​တိုင်​တပ်ပြ​​တော့တာပါပဲ။)

တကယ်​​တော့ တပင်​​ရွေထီိးဟာ သူ့အ​ဖေမင်း​ခေါင်​လက်
ထက်​​အေဒီ၁၅၃၂ခုနှစ်​ကတည်းက မင်းပျို မင်းလွင်​ပီပီ 
သွက်​လက်​ရဲတင်းလွန်းတဲ့အ​လျောက်​ ဟံသာဝတီကို
တစ်​နှစ်​ခြားတစ်​ခါ၊နှစ်​နှစ်​ခြားတစ်​ခါဆိုသလို ကိုယ်​တိုင်
ချီတက်​အားစမ်း​နေရုံသာမက ၁၅၃၆ကို​ရောက်​​တော့
ယခုဗမာ​တွေ​ကြီးစိုး​နေတဲ့ တစ်​ချိန်​ကမွန်​တိုင်းပြည်​ကြီး
ပုသိမ်းဆိပ်​ကမ်းမြို့၊​မြောင်းမြတို့အပါအ၀င်​ အ​နောက်
ဘက်​တစ်​လွှားအထိ ဖြန့်​ကြက်​ပြီးစစ်​ဆင်​​တော့တာပါပဲ။
သူနဲ့​ခေတ်​ပြိုင်​ရန်​သူရှင်​ဘုရင်​သုရှင်​တကာရွတ်​ပိက
တော့ ကိုယ်​တိုင်​ထွက်​ပြီးတစ်​ခါမှရင်​မဆိုင်​ခဲ့ပါဘူး။

ဆက်​ပါဦးမည်​။
(မှတ်​ချက်​။နည်းနည်းကြမ်းရှသလိုဖြစ်​​နေမှာပါ။၂၀၀၀
ခုနှစ်​အထိ လက်​တစ်​ဆုတ်​အိမ်​ကလွဲပြီး အိမ်​​တွေ​ပေါ်
TV မ​ရောက်​​သေးတဲ့၊၂၀၁၀အထိ ရန်​ကုန်​ကလွဲပြီး
အခြားမြို့​တွေမှာ ကားဆိုတာမမြင်​ဖူး​သေးတဲ့၊ရန်​ကုန်
မှာ​တောင်​ဂျပန်​ကျ​လောက်​ကို လက်​ပူတိုက်​စီး​နေရတဲ့၊
၂၀၁၉အထိလျှပ်​စစ်​မရ​သေးတဲ့၊အဲဒီအ​ခြေ​နေနဲ့မြန်​မာ့
ခေတ်​ပြိုင်​ကမ္ဘာ့ နိုင်​ငံ​တွေမှာဘာ​တွေဖြစ်​​ပေါ်​နေတယ်​ဆိုတဲ့
နှိုင်းယှဉ်​မှု၊ကမ္ဘာ့ တယ်​လီဖုန်း​လောကကို ဆယ်​လူလာက
နေတစ်​ဆင့် အဆင့်ဆင့်ဖြတ်​သန်းပြီး နိုကီရာက ကမ္ဘာ့ 
ဖုန်းဘုရင်​အဖြစ်​သရဖူ​ဆောင်း​နေစဉ်​ မြန်​မာ​တွေဖွားဖက်
တော်​​တောင်​ အနိုင်​နိုင်​ဖုံး​နေရတဲ့မြန်​မာ့လူ့​​ဘောင်​ရဲ့ 
ဖြစ်စဉ်​​တွေကို စာဖတ်​နိုင်​စွမ်းရှိတဲ့ပညာရှိသူမည်​သူမဆို
ခေါင်း​ဖော်​ဖို့မ​ပြောနဲ့ စိုက်​ထားတဲ့​ခေါင်းညွှန့်​ရင်းညွှန့်​ရင်း
ကျိုးသွားတာပဲဖြစ်​ပါလိမ့်​မယ်​လို့​တောင်​​ပြောရဲတယ်​။
အဲ​တော့ အဲလိုလူမှုအဆင့်အတန်းနဲ့ ဘယ်​မင်းတက်​တက်
ငါလုပ်​မှငါစားရတာဆိုတဲ့ ​ခေတ်​​နောက်​ကျလွန်းတဲ့အ​တွေး
အ​ခေါ်အဆင့်အတန်းရှိမြန်​မာနိုင်ငံသားကို စကားကြီး
စကားကျယ်​ အလကာင်္ ရသ​တွေချီ​ပြောရင်​လည်းပဲ
နွားကိုပလာတာသွား​ကျွေးသလိုပဲဖြစ်​မှာမို့ ဒီလိုကြမ်းရှရှ
လေးကပဲ နှလုံးအိမ်​ကိုခပ်​ကြမ်းကြမ်းထိုးခွဲသွားမယ်
လို့ ကိုယ့်အ​တွေးနဲ့ကိုယ်​ယူဆမိတယ်​။)

https://m.facebook.com/story.php?story_fbid=133372591138281&id=100033966230641


0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့ဒုတိယအင်​ပါယာ. . .၁”

Post a Comment

Related Posts Plugin for WordPress, Blogger...