Monday, February 26, 2018

ဦးကျော်မျိုးရွှေကို မမှန်သက်သေ တင်သွင်းမှုဖြင့် အရေးယူရန် တရားရုံးထံတင်ပြမည်

,
ဆရာတော် ဦးဝီရသူ၏ တပည့် ဖြစ်သူ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) အဖွဲ့ဝင် ဦးကျော်မျိုးရွှေကို မမှန်သက်သေ တင်သွင်းမှုဖြင့် အရေးယူရန် တရားရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်း ၏ ဥပဒေ အကြံပေးက ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေ တရားရုံးတွင် Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားလိုပြုလုပ်ကာ တရားဆွဲဆိုခဲ့သောအမှုကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ က ဆက်လက်စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် တရားလိုမှ တရားရုံးသို့ မမှန်သက်သေ တင်သွင်းခဲ့သဖြင့် အဆိုပါ တင်သွင်းမှုကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ ကိုဆွေဝင်း၏ ဥပဒေအကြံပေးမှ မမှန်သက်သေ တင်သွင်းမှုကို အရေးယူပေးရန် လာမည့်ရုံးချိန်း မတ်လ ၁၂ ရက်နေ့ တွင် တင်ပြလျှောက်ထားသွားမှာဖြစ်ကြောင်းသိရသည်။

သတင်းနှင့် ဓာတ်ပုံ - ဇော်ေ​ဇာ်၊ ဧရာဝတီ

https://m.facebook.com/story.php?story_fbid=2000481753541106&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဦးကျော်မျိုးရွှေကို မမှန်သက်သေ တင်သွင်းမှုဖြင့် အရေးယူရန် တရားရုံးထံတင်ပြမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...