Tuesday, January 16, 2018

"ထမင်းဝ​အောင်​စားထား"ဆိုသည့်​ စကားလုံးမှာ ခြိမ်း​ခြောက်​မှု ​မမြောက်​​ဟုဆိုသောတရားသူကြီး

,
"ထမင်းဝ​အောင်​စားထား"ဆိုသည့်​ စကားလုံးမှာ ခြိမ်း​ခြောက်​မှု ​မမြောက်​​ကြောင်း ​ရောဘတ်​စန်း​အောင်​ကို တရားသူကြီးက ​ဖြေရှင်း​ပေးခဲ့ရ။

ဦးကိုနီ လုပ်​ကြံခံရမှုနှင့်​ အငှားယာဉ်​​မောင်းဦး​နေဝင်း ​သေဆုံးခြင်းများအတွက်​ တရားရုံးတွင်​ အမှုရင်​ဆိုင်​​နေရကာ ရုံးချိန်း​ပေါင်း ၄၀​ကျော်​ တက်​​ရောက်​​နေရသည့်​ ဦးကြည်​လင်း၊ ​အောင်​ဝင်းခိုင်​နှင့်​ ​ဇေယျာဖြိုးတို့သည်​ ဇန်​နဝါရီလ ၁၂ရက်​​နေ့ တရားရုံးထုတ်​စစ်​​ဆေးမှု တရားခွင်​မှ ပြန်​လည်​ထွက်​ခွာချိန်​တွင်​ သတင်း​ထောက်​များနှင့်​ ​ရှေ့​နေ​များအား "ငါတို့ကို ဒုက္ခ​ပေး​နေတဲ့ မင်းတို့ ထမင်းဝ​အောင်​စားထား" ဟု ကြိမ်းဝါးမှု ပြုလုပ်​ခဲ့ကြ​ကြောင်းကို တရားလို ​ရှေ့​နေတစ်​ဦးဖြစ်​သည့်​ ဦး​ရောဘတ်​စန်း​အောင်​က ​၄င်းစကားလုံးကို  ခြိမ်း​ခြောက်​မှု အဖြစ်​ နောက်​တစ်​ဖန်​ တရားခွင်​တွင် ထပ်​တိုးအမှုတွဲ တင်​ပြရာ တရားသူကြီးက ငြင်းပယ်​ခဲ့​ကြောင်း သိရသည်​။ အပြည့်​အစုံမှာ

"အဲ့ဒီစကားလုံးက ခြိမ်း​ခြောက်​မှုလို့ ​ပြောလို့ မရဘူး၊  ထမင်းဆိုတာ လူတိုင်း စားကြတာပဲ။ လူတိုင်းစားတဲ့ ထမင်းကို ဝ​အောင်​စားထားလို့ ​ပြောရုံ​နဲ့ ဘယ်​လို ခြိမ်း​ခြောက်​မှု ​မြောက်​မလဲ​လေ။ ​ရောဘတ်​စန်း​အောင်​က ထမင်းစားတဲ့လူ မဟုတ်​ဘူးလား။ သူ့အ​နေနဲ့  စားချင်​လည်းစား​။ မစားချင်​လည်း မစားနဲ့​ပေါ့။ ကြည်​လင်း ပြောတဲ့အတိုင်း ဝ​အောင်​စားမယ်​ဆိုလည်း ဗိုက်​ပြည့်​တာ​ပေါ့ဗျာ..၊ ​ရောဘတ်​စန်း​အောင်​က ထမင်းမစားဘဲ တစ်​ခြား ဘာစား​နေလို့ ဒီစကားလုံးကို ခြိမ်း​ခြောက်​မှုလို့ ယူဆသလဲ​တော့ မ​ပြောတတ်​ဘူး..၊ ကြည်​လင်းတို့ ​ဇေယျာဖြိုးတို့ ​အောင်​ဝင်း​ဇော်​တို့ ​ပြောတဲ့ စကားလုံးထဲမှာ သတ်​မယ်​ ဖြတ်​မယ်​ ဘာမယ်​ ညာမယ်​ တစ်​လုံးမှ ပါတာ မ​တွေ့ရဘူး..၊ ထမင်းစားဖို့ တိုက်​တွန်းတာကို ဘယ်​လိုထင်​လို့လဲ​တော့ မသိဘူး​ပေါ့..၊ တရားဥပ​ဒေမှာ စိတ်​ထဲထင်​ရာ ပြစ်​မှု တပ်​လို့ မရဘူး​လေ ထုံးစံမရှိဘူး၊ ထမင်းဝ​အောင်​ စားထားဆိုတာ ထမင်းဝ​အောင်​စားခို​င်းတာပဲ ဒီလိုပဲ ယူဆလို့ရတယ်​၊ ဒါတရားခွင်​ရဲ့ ပကတိအမြင်​ပဲ၊ ကျန်​တာ​တွေ ​လျှောက်​​တွေးပြီး ဖွင့်​လို့မရဘူး၊ ဥပ​ဒေပညာသင်​ဖူးရင်​ ဒါ​တော့ သိရမှာ​ပေါ့"

ဟု ​ဖြေကြားခဲ့သည်​။

source  - တိ​လောကဂျာနယ်

https://m.facebook.com/story.php?story_fbid=948730718608914&id=100004159845469

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ထမင်းဝ​အောင်​စားထား"ဆိုသည့်​ စကားလုံးမှာ ခြိမ်း​ခြောက်​မှု ​မမြောက်​​ဟုဆိုသောတရားသူကြီး”

Post a Comment

Related Posts Plugin for WordPress, Blogger...