Wednesday, January 31, 2018

တစ်ကမ္ဘာလုံးနှင့် မြန်မာနိုင်ငံအား ရန်တိုက်ပေးသူမှာ ဒုသမ္မတ ဦးမြင့်ဆွေ ဖြစ်နေကြောင်းပေါ်ပေါက်

,
သမ္မတရုံးခွင့်ပြုမိန့်မှာ သမ္မတဦးထင်ကျော်မဟုတ်ပဲ ဒု-သမ္မတဦးမြင့်ဆွေ ခေတ္တသမ္မတတာဝန်ထမ်းဆောင်ချိန်တွင် တရားစွဲဆိုခွင့်ပြုပေးခဲ့ဟုဆို
========================
ရန်ကုန်၊ ဇန်န၀ါရီ ၂၃
ရိုက်တာသတင်းထောက်နှစ်ဦးကိုနိုင်ငံတော်သမ္မတရုံးခွင့်ပြုချက်နှင့် တရားစွဲဆိုသော်လည်း အမှန်တကယ် သမ္မတရုံး ခွင့်ပြုမိန့်မှာ နိုင်ငံတော် သမ္မတဦးထင်ကျော်မဟုတ်ဘဲဒုတိယသမ္မတ(၁)ဦးမြင့်ဆွေခေတ္တသမ္မတတာဝန် ထမ်းဆောင်ချိန်တွင် တရားစွဲဆိုရန် ခွင့် ပြု ပေးခဲ့ခြင်းဖြစ်ကြောင်းယနေ့(ဇန်နဝါရီ၂၃ရက်)ကမြောက်ပိုင်းခရိုင် တရားရုံးတွင်တရားလိုဘက်မှရှေ့နေကပြောသည်။
သတင်းထောက်နှစ်ဦးကိုဖမ်းဆီးချိန်တွင်သိမ်းဆည်းရမိခဲ့သည့် စာရွက်စာတမ်းအထောက်အထားများကို တရားလို ဖြစ်သူ ဒုတိယရဲမှူးကြီးယုနိုင်ကနိုင်ငံတော်သမ္မတရုံးထံပေးပို့ခဲ့ပြီး သမ္မတရုံးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့၌ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေ (ခေတ္တနိုင်ငံတော်သမ္မတ) ခွင့်ပြုချက်နှင့်  ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဟန်ကလက်မှတ်ရေး ထိုးခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း၎င်းကပြောသည်။
၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှိုးဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)နဲ့ တရားစွဲဆိုခံထားရသည့်  ရိုက်တာသတင်း ဌာနက ကိုသက်ဦးမောင် (ခေါ်)ကိုဝလုံးနှင့်ကိုကျော်စိုးဦး(ခေါ်)ကိုမိုးအောင်တို့နှစ်ဦးအမှုနှင့်ပတ်သက်၍ ယနေ့ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။
ထိုအပြင်ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ် သည့်ကိုသက်ဦးမောင်ခေါ်(ကိုဝလုံး)နှင့် ကိုကျော်စိုးဦးခေါ် (ကိုမိုးအောင်) တို့နှစ်ဦးမှာဥပဒေနှင်အညီလုပ်ဆောင်ခြင်း နှင့်သတင်းသမားများ ကိုဖမ်းဆီးသည့်နေရာလည်းကွဲလွဲချက်များရှိ နေသည်ဟုတရားလိုဘက်မှထွက်ဆိုခဲ့ကြောင်းဖမ်းဆီးခံသတင်း သမားများဘက်မှကူညီဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေဦးသန်းဇော်အောင်က ပြောသည်။
ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောဒေသလုံခြုံရေးတာဝန်ထမ်းဆောင်ပြီးရန်ကုန်မြို့တွင်ပြန်လည်အနားပေးစုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲတပ်ဖွဲ့ကိုချဉ်းကပ်စည်းရုံးဆက်သွယ်ပြီးရခိုင်ဒေသနှင့်ပတ်သက် သည့်သတင်းအချက်အလက် များတပ်ဖွဲ့ နှင့် သက်ဆိုင်သည့်  အရေးကြီးလုံခြုံရေးစာရွက်စာတမ်းအထောက်အထားများကိုပြည်ပ သတင်းဌာနတွေဆီပေးပို့ ရန်တရားမဝင်သတင်းရယူဆောင်ရွက်ခဲ့ သည်ဟုဆိုကာရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနသတင်း ထောက်ကိုဝလုံး(ခေါ်) သက်ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခေါ်)မိုးအောင်တို့နှစ်ဦးကို သက်သေအထောက်အထား စာရွက် စာတမ်းတွေများနှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ထောက်ကြံ့မြို့ နယ်ရဲစခန်းက (ပ)၁၂၉/၂၀၁၇/၁၉၂၃ခုနှစ်၊မြန်မာနိုင်ငံအစိုးရ လျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မ၃(၁)(ဂ)တို့ ဖြင့် အမှု ဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – မြတ်သူကျော်
စံတော်ချိန်သတင်း


https://m.facebook.com/story.php?story_fbid=557660834612929&id=447706048941742

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ တစ်ကမ္ဘာလုံးနှင့် မြန်မာနိုင်ငံအား ရန်တိုက်ပေးသူမှာ ဒုသမ္မတ ဦးမြင့်ဆွေ ဖြစ်နေကြောင်းပေါ်ပေါက်”

Post a Comment

Related Posts Plugin for WordPress, Blogger...