Friday, December 22, 2017

ဓာတ်ပြားဟောင်းကြီးနဲ့ဘက်လဘိုင်နိုင်ငံတော်

,
တစ်ခါလာလည်းပြည်တွင်းရေးနဲ့အချုပ်အခြာအာဏာ
တစ်ခြားစကားလုံးပြောင်းသုံးစရာ
မရှိတော့ဘူးလားမသိဘူး..

အိုဘားမားရဲ့ရန်ကုန်ခရီးစဉ်မှာ
(မရိမ်း)စစ်သားတစ်ထောင်လောက်ခေါ်လာတယ်
လေယာဉ်တင်သင်္ဘောကြီးတစ်စီးပါခေါ်လာတယ်
ဘယ်ပါးစပ်ကမှအချုပ်အခြာအာဏာမအော်တဲ့အပြင်
နေပြည်တော်ကိုလာမတွေ့နိုင်ပါဘူးဆိုလို့
ရန်ကုန်ကိုဆင်းတွေ့ပေးခဲ့ကြသေးတယ်..

၂၀၁၃မှာအိန္ဒိယစစ်တပ်ကမြန်မာ့နယ်မြေထဲကို
သတိပေးထားတဲ့ကြားထဲကဒဲ့ကျူးကျော်ဝင်ရောက်ပြီး
စစ်ဆင်ရေးလုပ်သွားတယ်..
လေထီးနဲ့ဆင်းပြီးတော့ကိုဝင်ဗျင်းသွားတယ်
ဘယ်ပါးစပ်ကမှအချုပ်အခြာအာဏာမအော်ဘူး..

၂၀၁၄မှာတရုတ်ကမင်းတို့မြန်မာနိုင်ငံကို
သတိပေးတာလို့ပေါ်တင်ခြိမ်းခြောက်ပြီးမှ
စစ်အင်အားအကြီးအကျယ်နဲ့နယ်စပ်မှာ
ရက်အကန့်အသက်မရှိစစ်ရေးလေ့ကျင့်တယ်
ဘယ်ပါးစပ်ပေါက်မှအချုပ်အခြာအာဏာလို့မအော်ဘူး..

မုံးကိုးမှာတပ်မတော်ကF-7တိုက်လေယာဉ်ကို
FN6လေယာဉ်ပစ်ဒုံးနဲ့ပစ်ချတယ်..
FN6ဆိုတာတရုတ်ထုတ်လက်နက်..
တရုတ်ကပစ်ချတာမဟုတ်ရင်တောင်
ကိုယ့်နိုင်ငံကသောင်းကျန်းသူတွေကိုလူပါးဝစွာနဲ့
မဟာဗျူ ဟာလက်နက်တွေရောင်းပေးနေတဲ့ကိစ္စကို
ဘယ်ပါးစပ်ပေါက်ကမှ
အချုပ်အခြာအာဏာလို့မအော်ဘူး..

ကိုးကိုးကျွန်းမှာရေတပ်စစ်ရေးလေ့ကျင့်ခန်းလုပ်တုန်းက
တပ်ချုပ်ကိုယ်တိုင်လိုက်ပါကြည့်ရှုနေချိန်မှာ
အိန္ဒိယတိုက်လေယာဉ်သုံးစီးက
ကိုယ်တွေရေပိုင်နက်ထဲဒဲ့ဝင်လာပြီး
ကာချုပ်ခေါင်းပေါ်မှာပမာမခန့်ဝဲပြသွားတယ်
ဘယ်ပါးစပ်ကမှအချုပ်အခြာအာဏာလို့မအော်ဘူး..

ရခိုင်ကနေသွယ်တန်းထားတဲ့တရုတ်ဓာတ်ငွေ့ပိုက်
လိုင်းတစ်လျောက်ကမြေတွေကို
ငှါးထားတာတောင်မဟုတ်ပဲအပြီးရောင်းထားတယ်
ဘယ်ပါးစပ်ကမှ
အချုပ်အခြာအာဏာလို့မအော်ဘူး..

၂၀၁၂မှာရခိုင်ကမ်းလွန်ကရေနံတူးစင်ကို
ဘင်္ဂလားဒေ့ရှ်ရေတပ်က
စစ်သင်္ဘောတွေနဲ့လာပြီးမောင်းထုတ်တယ်၊
ဘယ်ပါးစပ်ပေါက်ကမှ
အချုပ်အခြာအာဏာလို့မအော်ဘူး..
ကိုယ့်ရေပိုင်နက်ထဲကိုယ်ရေနံတူးနေတာကို
သူများကစစ်အင်အားနဲ့လာဖြဲပြီး
ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို
တိုက်ရိုက်ထိပါးစော်ကားတဲ့ကိစ္စကိုကျတော့
ပြည်တွင်းရေးပါဆိုပြီးထိပ်တိုက်မရင်ဆိုင်ပဲ
ဥရောပရှေ့နေတွေကိုဒေါ်လာသန်းချီးပေးငှါးပြီး
ကုလမှာသွားဖြေရှင်းတယ်..
ကုလကရေပိုင်နက်ခွဲပေးတာကိုလက်ခံလိုက်တယ်
ကိုယ့်စီကရေပိုင်နက်အချို့
ဘင်္ဂလားဒေ့ရှ်ကိုပေးလိုက်ရတယ်..

ဘင်ဂါလီကနိုင်ငံတကာအားကိုးနဲ့
ပလီပလာလုပ်ပြီးမိုက်ကြေးခွဲပြနေတဲ့ကိစ္စကို
နိုင်ငံတကာကယုံကြည်လေးစားရသူတွေနဲ့
ပြန်ဖြေရှင်းနေတဲ့ကိစ္စမှာတော့
ပါးစပ်ပေါက်ကြီးတွေက
အချုပ်အခြာအာဏာဆိုတဲ့အသံထွက်လာကြပြီ..

တစ်လျောက်လုံးဒင်းတို့ရဲ့
ဓာတ်ပြားဟောင်းကြီးတွေဖွင့်ပြီး
ပြည်တွင်းရေးအော်ရင်း
အချုပ်အခြာအာဏာအော်နေရင်းနဲ့ပဲ
အာရှနိုင်ငံတွေကိုသိမ်းပြီးအင်ပါယာထူထောင်ခဲ့တဲ့
သာကီမျိုးတို့ရဲ့တိုင်းပြည်ကလည်း
လူမလေးခွေးမခန့်နဲ့
စာရွက်ပေါ်မှာပဲအချုပ်အခြာအာဏာရှိတဲ့
ဘက်လဘိုင်နိုင်ငံတော်ဘဝ
ရောက်ခဲ့ရပြီးပြီ..

N Kham Aung

https://m.facebook.com/story.php?story_fbid=370818590030315&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဓာတ်ပြားဟောင်းကြီးနဲ့ဘက်လဘိုင်နိုင်ငံတော်”

Post a Comment

Related Posts Plugin for WordPress, Blogger...