Wednesday, December 25, 2013

ဦးလေးတော်စပ်သူအား သေဒဏ်အမိန့် ထုတ်ပြန်ချိန်တွင် ကင်ဂျုံအွန် အရက် မူးလွန်နေခဲ့ဟုဆို

,
ပြုံယမ်း ဒီဇင်ဘာ ၂၅

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်း၏ ဦးလေးတော်စပ်သူ ဂျန်ဆောင်သက်ခ်နှင့် ၎င်း၏လက်ထောက်နှစ်ဦးကို သေဒဏ်ချမှတ်ရန် အမိန့်ထုတ်ပြန် ချိန်တွင် အရက်မူးလွန်နေ ခဲ့ကြောင်း ဂျပန်သတင်း ဌာနတစ်ခု၏ ထုတ်ဖော် ပြောကြား ချက်များအရ သိရသည်။

အဆိုပါ လက်ထောက်နှစ်ဦးသည် ကင်ဂျုံအွန်၏ ဦးလေးတော်စပ်သူ ဂျန်ဆောင်သက်ခ်နှင့် ပတ်သက်မှုရှိနေ သည်ဟု သတင်းရရှိခဲ့ပြီး ၎င်းတို့သည် စီးပွားရေးလုပ် ငန်းများကို စစ်တပ်သို့ လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့သည့် အပြင် မြောက်ကိုရီးယား အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ဟူသော စွဲချက်ဖြင့် ၎င်းတို့အား သေဒဏ်ချမှတ်ရန် ခေါင်းဆောင်ကင်က အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းတို့နှစ်ဦးသည် သေဒဏ်ချ မှတ်ခံရမည့် ဂျန်၏လက်ထောက် ရှစ်ဦးအနက် နှစ်ဦးဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါ ဂျပန် သတင်းဌာနက ဆက်လက်ဖော်ပြခဲ့သည်။ 
 မြ၀တီ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးလေးတော်စပ်သူအား သေဒဏ်အမိန့် ထုတ်ပြန်ချိန်တွင် ကင်ဂျုံအွန် အရက် မူးလွန်နေခဲ့ဟုဆို ”

Post a Comment

Related Posts Plugin for WordPress, Blogger...