Tuesday, February 13, 2018

ဦးဝီရသူကိုတောင်းပန်ပါက အမှုရုပ်သိမ်းပေးမည်ဟု ကိုကျော်မျိုးရွှေဆို

,
“ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ဖို့ မရှိပါဘူး။ ဒီကိစ္စဟာ စဖြစ်တည်းက လူအဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အမှားတစ်ခုကို သတင်းမီဒီယာသမားအနေနဲ့ သတင်းရေးသား ထုတ်ဝေတယ်။ ဒီလိုလုပ်ရင်းနဲ့မှ ဖြစ်ပေါ်လာတယ်။ တကယ့်အမှားတစ်ခုဟာ ဘယ်လိုပဲဖြစ်ဖြစ် မှန်တယ်ဆိုပြီး လုပ်လို့မရပါဘူး။ လူသတ်တာကို ထောက်ခံတယ်ဆိုတာ အခုလည်း မှားမှာပဲ၊ နောင်လည်းမှားမှာပဲ"

-----------------------------------------------------------------

ဦးဝီရသူကို တောင်းပန်ပါက အမှုရုပ်သိမ်းပေးမည်ဟု ဆို

ဖေဖော်ဝါရီ(၁၃)၊၂၀၁၈၊မန္တလေး
The Nyang News

ဦးဝီရသူကို ပြန်တောင်းပန်ပါက မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် စွဲဆိုထားသောအမှုကို ရုပ်သိမ်းပေးမည်ဟု တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေက တရားရုံးက အထွက်ပြောဆိုခဲ့သည်။

“ဦးဝီရသူရဲ့ ခြေဖမိုးကို နဖူးနဲ့တိုက်ပြီး တောင်းပန်ပါ။ ဒီအမှုကို ကျုပ်တရားလို လုပ်ထားတာ။ ကျုပ် ရုပ်သိမ်းပေးမယ်” ဟု ကိုကျော်မျိုးရွှေ က ပြောသည်။

ဦးကိုနီလုပ်ကြံခံရသည့်ကိစ္စတွင် လူသတ်သမားကို ကျေးဇူးတင်သည့် စကားများ ပြောဆိုခဲ့သည့်အတွက် ပါရာဇိက ကျသည်ဟု ဆရာတော်တစ်ပါး၏ မိန့်ကြားချက်ကို သတင်းရေးသားဖော်ပြခဲ့ပြီး သတင်းကို ကိုဆွေဝင်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ခဲ့သည့်အတွက် ကိုကျော်မျိုးရွှေက ကိုဆွေဝင်းကို ဦးဝီရသူ၏ ခိုင်းစေချက်အရ ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဟာအောင်မြေမြို့နယ် တရားရုံးတွင် အမှုဖွင့်ခဲ့သည်။

“ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ဖို့ မရှိပါဘူး။ ဒီကိစ္စဟာ စဖြစ်တည်းက လူအဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အမှားတစ်ခုကို သတင်းမီဒီယာသမားအနေနဲ့ သတင်းရေးသား ထုတ်ဝေတယ်။ ဒီလိုလုပ်ရင်းနဲ့မှ ဖြစ်ပေါ်လာတယ်။ တကယ့်အမှားတစ်ခုဟာ ဘယ်လိုပဲဖြစ်ဖြစ် မှန်တယ်ဆိုပြီး လုပ်လို့မရပါဘူး။ လူသတ်တာကို ထောက်ခံတယ်ဆိုတာ အခုလည်း မှားမှာပဲ၊ နောင်လည်းမှားမှာပဲ။ ဒါကြောင့် ဒါဟာ ဘယ်သောအခါမှ မပြော သင့်တာမျိုးပါ။ ပိုပြီးဆိုးတာက ရဟန်းတစ်ပါးအနေနဲ့ ဗုဒ္ဓရဲ့ အခြေခံအဆုံးမတွေနဲ့လည်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တယ်။ လူ့ယဉ်ကျေးမှုနဲ့လည်း ဆန့်ကျင်တယ်။ ခုအချိန်ထိ ဒီအမူအရာတွေ၊ ဒီအမူအကျင့်တွေ၊ စရိုက်ဆိုးတွေကို ဆက်လက်ပြီး လုပ်ဆောင်နေတယ်။ ပိုပြီးတော့တောင် တောင်းပန်ဖို့ရာ အစီအစဉ်မရှိဘူး” ဟု တရားစွဲခံထားရသူ
ကိုဆွေဝင်း က ပြောသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံး (၁၈) ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုဖြစ်သူ ကိုကျော်မျိုးရွှေကို စစ်ဆေးခဲ့ပြီး တရားရုံးက အထွက်တွင် တောင်းပန်ရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စူးရှ
ဓာတ်ပုံ - ငြမ်း

(၁၈) ကြိမ်မြောက် ရုံးချိန်းတွင် တရားလို ကိုကျော်မျိုးရွှေ ကိုတွေ့ရစဉ်

https://m.facebook.com/story.php?story_fbid=2056271227964261&id=1867433203514732

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးဝီရသူကိုတောင်းပန်ပါက အမှုရုပ်သိမ်းပေးမည်ဟု ကိုကျော်မျိုးရွှေဆို ”

Post a Comment

Related Posts Plugin for WordPress, Blogger...