Thursday, March 8, 2018

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င် - ၁၃)

,
သယံဇာတ ပေါများကြွယ်ဝပြီး ရာသီဥတု ကောင်းမွန်တဲ့ တိုင်းပြည်ကို
အဆင်းရဲဆုံး နွံထဲရောက်အောင် စီမံခန့်ခွဲခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ
အကြောင်းကတော့ တစ်ထောင့်တစ်ညပုံပြင်တွေလို ရေးစရာ တောင်ပုံ
ရာပုံရှိပါတယ် ။ ဒါပေမဲ့ Tomorrowမှာ တစ်ပတ်တစ်လလောက် သမီး
တော် ရာဇ၀င် မပါရင်ဘဲ စာဖတ်သူတွေက ဆူဆူပူပူ၊ ကြော်ငြာရှင်တွေ
က ဆူဆူပူပူ လုပ်ကြတယ်လို့ ဆရာမာဂျေက ဖုန်းဆက်ပြောကြားလာ
ပါတယ် ။ ကျွန်တော်ကလည်း တပ်က အနားယူပြီးတဲ့နောက် ဘ၀မှာ
အေးအေးဆေးဆေးပဲ စာလေးပေလေး ရေးရင်း နေသွားချင်ပါတယ် ။
ငွေကြေး အတွက်လည်း မပူပင်သလို မတော်လောဘစိတ်လည်း မရှိ
တော့ပါဘူး ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မတင့်တယ်တဲ့ ၊ လူကြား
မကောင်းတဲ့ အဖြစ်အပျက်တွေကို နိုင်ငံသား တစ်ယောက် အနေနဲ့
မှတ်တမ်းတင်ထားခဲ့ချင်ပါတယ် ။ အခုလည်း Tomorrow ဒါရိုက်တာ
အဖွဲ့မှ သမီးတော် ရာဇ၀င်ကို ဆက်ရေးပေးရမယ်လို့ ဖိအားပေးလာပါ
တယ်။ သူတို့ကို ခင်မင်လေးစားတာက တစ်ကြောင်း၊ စာဖတ်သူတွေရဲ့
စိတ်ဝင်စားမှုကိုဖြည့်ဆည်းပေးချင်တာက တစ်ကြောင်းစတဲ့အကြောင်း
ကြောင်းတွေကြောင့် အခုတစ်ပတ် သမီးတော်ရာဇ၀င်(၁၃) ကို ရေး
သားလိုက်ရခြင်း ဖြစ်ပါတယ်။

အငြိမ်းစားယူသွားတဲ့ ခေါင်းဆောင်ကြီး ဘုန်းမီးနေလ အတောက်ပဆုံး
အချိန်မှာ မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသမှာ အနားယူအပန်းဖြေစရာ
ကမ်းခြေတွေကို ဖော်ထုတ်ခဲ့ပါတယ်။အရင်က မထင်မရှားရှိခဲ့တဲ့ပုသိမ်
နားက ချောင်းသာကမ်းခြေကို ဖော်ထုတ်ပြီးတဲ့အခါမှာ တစ်နိုင်ငံလုံးက
လာရောက် အပန်းဖြေတာကို တွေ့ရှိရတဲ့အခါ နောက်ထပ် ကမ်းခြေ
အသစ်တွေကို ဖော်ထုတ်ရမယ်လို့ အမိန့်တော်ရှိလာပါတယ်။ဒါကြောင့်
မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ ပြိုင်ဘက်မရှိဘဲ သက်သက်သာ
သာနဲ့ ချမ်းသာလာကြတဲ့ သူဌေးကြီးတွေခမျာ အသစ်ဖော်ထုတ်မယ့်
ကမ်းခြေမှာ ဟိုတယ်ကြီးတွေ တစ်ယောက်တစ်လုံး ခွဲတမ်းကျဆောက်
ကြရပါတယ်။

သူဌေးကြီးတွေအတွက် ဟိုတယ်တစ်လုံးဆောက်တာ အပန်းကြီးလှတဲ့
ကိစ္စတော့မဟုတ်ပါဘူး။အဲဒီတုန်းက စိတ်မပါလက်မပါနဲ့ မြေကွက်တွေ
ယူပြီး ဟိုတယ်ဆောက် ထားမိရင်တောင် အခုရတနာထုပ်ပိုက်မိပြီဆို
ပြီး ၀မ်းသာပီတိ ဖြစ်နေလောက်ပါပြီ။အဲဒီလိုနဲ့နောက်ထပ်ဖော်ထုတ်တဲ့
ငွေဆောင်ကမ်းခြေမှာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးလည်း
ဟိုတယ်တစ်လုံး ဆောက်ပါတယ် ။ တစ်ရက်မှာတော့ခေါင်းဆောင်ကြီး
ရဲ့ သမီးတော်တွေဟာ အသစ် ဖော်ထုတ်လိုက်တဲ့ ပင်လယ်ကမ်းခြေ
ဟာ ပြာသလား၊ ညိုသလား၊ ကြည်သလား၊ နောက်သလား လေ့လာ
ကြည့်ဖို့အတွက်  ဆောက်လုပ် ပြီးစီးကာစ ဟိုတယ်ကို ကြွလာတော်မူ
မယ်လို့ အမိန့်တော် ရှိလိုက်ပါတယ်။

ဒါ့ကြောင့် ပိုင်ရှင်သူဌေးကြီးခမျာ မနေသာတော့ဘဲ အစစအရာရာ ကြို
တင်စီစဉ်ဖို့ အတွက် ဟိုတယ်ကို ကြိုတင်ပြီးကိုယ်တိုင်ဆင်းလာခဲ့ရပါ
တယ် ။ ပြီးတော့ သမီးတော်တွေအတွက် အစစအရာရာ မလစ်ဟာ
အောင် ဂရုတစိုက်စီမံပေးရပါတယ်။အဲဒီ့နောက်မှာတော့ သမီးတော်တို့
မိသားစုလည်း ဟိုတယ်အသစ်ကို ရောက်ရှိလာကြပါတယ်။

ပင်လယ်မှာ ပျော်ရွှင်စွာ ရေကစားကြပါတယ် ။ အဲဒီ့ရက် အတွင်းမှာ
သူတို့ဘာတွေ ရစ်မလဲဆိုပြီး ဟိုတယ်ဝန်ထမ်းတွေ ရင်တထိတ်ထိတ်နဲ့
စောင့်ကြည့်နေကြပေမယ့် ကြီးကြီးမားမား ပြဿနာကတော့မကြုံတွေ့
ခဲ့ရပါဘူး။ သမီးတော်တွေ ရေကစားပြီးလို့ ရေစိုနေတဲ့ အတွင်းခံတွေကို
နာရီဝက်အတွင်း ခြောက်သွေ့တာ လိုချင်တယ်ဆိုတာပဲ တောင်းဆိုခဲ့
ပါတယ် ။ အဲဒါကို အမြန်ဖြည့်ဆည်းနိုင်ဖို့အတွက် ဟိုတယ်အသစ်မှာ
အ၀တ်လျှော်စက် မရှိတဲ့အတွက် ညတွင်းချင်း ရန်ကုန်ကနေ အ၀တ်
လျှော်စက်တွေ ဟိုတယ်ကို မှာယူခဲ့ရတာပဲ ရှိပါတယ် ။ သူတို့တွေ နှစ်
ရက်သုံးရက်လောက် ပျော်ပျော်ရွှင်ရွှင် ရေကစားတာမြင်မှ သူဌေးကြီး
လည်း စိတ်အေးသွားပါတယ် ။ ဒါ့ကြောင့် ပြန်ကာနီး အချိန်ရတုန်း ဟို
တယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ လိုက်လံကြည့်ရှုစစ်
ဆေးပါတယ်။သူဌေးကြီးကို ရှင်းလင်းပြဖို့ အတွက် ဟိုတယ်မန်နေဂျာနဲ့
ဝန်ထမ်းတွေလည်း သူ့နောက်မှာ တသီတတန်းကြီး ပါလာပါတယ် ။
သူတို့သူဌေး နေပူမှာစိုးလို့ ထီးဆောင်းပေးရတဲ့ ၀န်ထမ်းကလည်း ထီး
ဆောင်းပေးနဲ့ပေါ့။

အဲဒီ့မြင်ကွင်းကို အခန်းထဲကနေ ရစ်တဲ့နေရာမှာ နာမည်ကျော်တဲ့သမီး
တော် တစ်ပါးက မြင်သွားပါတယ် ။ ဒါ့ကြောင့် အခန်းထဲကနေ သူဌေး
ကြီးကို လက်ညှိုးလှမ်းထိုးပြီး “ငါးကင် မရသေးဘူးလား”လို့ ပြောလိုက်
ပါတယ်။ရုတ်တရက် သူဌေးလည်း ကြက်သေသေသွားပါတယ်။နောက်
မှ သူ့ကိုရစ်လိုက်မှန်း သဘောပေါက်သွားပါတယ်။ ဟိုတယ်မန်နေဂျာနဲ့
ဝန်ထမ်းတွေကတော့ ပျာပျာသလဲ ဖြစ်သွားပြီး ငါးကင်ကို ချက်ချင်း
ပြုလုပ်ပြီး အခန်းထဲကို ပို့ပေးလိုက်ပါမယ်လို့ သူဌေးကို ပြောပါတယ်။

အဲဒီ့နောက် ဟိုတယ်စားဖိုဆောင်မှာ အကောင်းစား ငါးတစ်ကောင်ကို
အမြန်ကင်ကြပါတယ် ။ ငါးကင်ကျက်တဲ့အခါ စားပွဲထိုးချုပ်က ပန်းကန်
ထဲထည့်ပြီး သမီးတော်ဆီကို သွားပို့ဖို့ ပြင်ပါတယ် ။ ထိုအချိန်မှာပဲ မီးဖို
ခန်းထဲကို သူဌေးကြီးကိုယ်တိုင်ဝင်လာပါတယ်။ပြီးတော့ငါးကင်ပန်းကန်
ကို လှမ်းတောင်းပါတယ်။ဟိုတယ် ၀န်ထမ်းတွေကလည်း ကပျာကယာ
ငြင်းပယ်ပြီး သမီးတော်ရဲ့အခန်းထဲကို သူတို့သွားပို့ပေးမယ့်အကြောင်း
ရှင်းပြပါတယ်။

သူဌေးကြီးက သူ့လူတွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါရမ်း
လိုက်ကာ “ခက်တာပဲ။ မင်းတို့တွေက သဘောမပေါက်ဘူး။ဒီငါးကင်က
ငါကိုယ်တိုင် သွားပို့မှ ငါးကင်စစ်မှာပေါ့”လို့ ပြောပြီး ငါးကင်ပန်းကန်ကို
ယူလိုက်ပါတယ်။ အဲဒီနောက် သမီးတော်ရဲ့ အခန်းကိုသွားပြီး သူကိုယ်
တိုင်ပဲ တံခါးခေါက်ကာ အဲဒီ့ငါးကင်ကို ပို့ပေးခဲ့ပါတယ်။ ဒီလိုပြုလုပ်ပေး
တဲ့ အတွက် သမီးတော်ရဲ့မျက်မာန်တော်ရှခြင်းကနေ သူဌေးကြီးလည်း
ကင်းလွတ်သွားခဲ့ရပါတယ်။

တကယ်တော့ သမီးတော်က ငါးကင်ကို စားချင်တာမဟုတ်ဘဲ နောက်
ပါခြွေရံ သင်းပင်းတွေနဲ့ ဟိုတယ်ရဲ့ လိုအပ်ချက်ကို လိုက်ကြည့်နေတဲ့
သူဌေးကြီးကို ပညာပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် ။ နင့်ဟာနင် ဘယ်
လောက် ချမ်းသာချမ်းသာ ငါတို့ရှေ့မှာတော့ ဂိုက်ပေး မကြမ်းနဲ့လို့
ပညာပေးလိုက်တာလည်း ဖြစ်ပါတယ် ။ နှစ်ကာလတွေကတော့ ကြာခဲ့
ပါပြီ။ဒါပေမဲ့ ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် သမီးတော်ဟာ
သူပိုင်စိုးတဲ့နယ်မြေအတွင်း ဘယ်သူ့ကိုမှ ဗိုလ်မထားဘူးဆိုတာ သိသာ
လှပါတယ်။ အနုပညာအမြင်နဲ့ပြောရရင် ဇာတ်လမ်းတစ်ခုထဲမှာ မင်းသ
မီးနှစ်လက် ဒါမှမဟုတ် ဇာတ်လိုက်နှစ်ယောက် မရှိစေရဘူးဆိုတဲ့ ခံယူ
ချက်ဖြစ်ပါတယ်။သူ့ရဲ့ခံယူချက်ကို နားမလည်သေးတဲ့ လူတွေကတော့
သမီးတော်ရဲ့ လှလှပပ သင်ခန်းစာပေးခြင်းကို ခံခဲ့ကြရပါတယ် ။ ဒီ
အကြောင်းအရာတွေကို နောက်လာမယ့် အပတ်တွေမှာ ရေးသားဖော်
ပြသွားပါမယ်။

လက်စောင်းထက်

Tomorrow မှ ကူးယူ ဖော်ပြပါသည် ။

ပြန်လည် မျှဝေပေးပါသည် ။

(သမီးတော်ရာဇ၀င် - ၁၁/ ၁၂  ပျောက်ဆုံးနေပါသဖြင့် သည်းခံပေးပါရန်)

ငွေစိုး

https://m.facebook.com/story.php?story_fbid=270519710152436&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င် - ၁၃)”

Post a Comment

Related Posts Plugin for WordPress, Blogger...