Friday, March 9, 2018

ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော် (သမီးတော်ရာဇ၀င် - ၁၄)

,
တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ အသုံးပြုပြီး ဆက်လက် အသုံးပြုလို့ မရ
တဲ့ မော်တော်ယာဉ်အဟောင်းအပျက်တွေကို မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပင်မ
မော်တော်ယာဉ်တပ်ထဲမှာ လေလံပစ်လေ့ရှိပါတယ် ။ ဒီလေလံပွဲကို တပ်မ
တော်က တွဲဖက်စစ်ထောက်ချုပ် ဦးဆောင်တဲ့အဖွဲ့က မောင်းလေးတစ်လုံး
နဲ့ ရောက်လာပြီး ကျင်းပပြုလုပ်ပါတယ်။

ဒီလေလံပွဲကို အဲဒီ့ခေတ်က နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ ကြေးမုံ ၊ မြန်မာ့
အလင်း၊ မြ၀တီ သတင်းစာ တွေကနေ ကြော်ငြာလေ့ရှိပါတယ်။လေလံပွဲကို
မည်သူမဆို ၀င်ရောက်လေလံဆွဲခွင့်ရှိပြီး ဈေးအများဆုံးပေးတဲ့သူက ရလေ့
ရှိပါတယ်။  လေလံဝင်ပြိုင်လိုသူတွေဟာ သတ်မှတ်ထားတဲ့ အာမခံကြေးကို
ဘဏ်မှာသွင်းပြီး မှတ်ပုံတင်ရပါတယ်။ ပြီးရင် ဘဏ်ချလံနဲ့အတူ လေလံဝင်
ဆွဲခွင့် ပုံစံ ဖြည့်ကြရပါတယ် ။ ပြီးရင်တော့ သတ်မှတ်ရက်မှာ ကုန်းမြင့်လေး
ပေါ်က ပင်မယာဉ် သိုလှောင်ရေး တပ်ခန်းမမှာ လေလံပွဲ ကျင်းပပါတယ် ။
တစ်ခါတလေတော့ မိတ္ထီလာမှာ တစ်ခါတလေ မန္တလေးမှာ တစ်ခါတလေ
လားရှိုးမှာ စသဖြင့် ကားတွေ စုပုံထားတဲ့ နေရာတွေမှာလည်း လေလံပွဲတွေ
လုပ်လေ့ရှိပါတယ် ။

တစ်ခါတုန်းကတော့ တပ်မတော်မှာ ယာဉ်အို ယာဉ်ဟောင်းတွေ ဖြစ်တဲ့
လင့်ရိုဘာကားအစီး ၁၀၀ကျော်ကိုလေလံပစ်ဖို့ သတင်းစာ အသီးသီးက
နေ ကြော်ငြာခဲ့ပါတယ် ။  ဒီကြော်ငြာကို ဖတ်ရတဲ့ တပ်မတော် (လေ)က
အရာရှိ တစ်ယောက်နဲ့ တပ်မတော်(ကြည်း)က အရာရှိသုံးယောက် ပေါင်း
ပြီး လင့်ရိုဘာ ကားတစ်စီးကို ၀င်ရောက်လေလံဆွဲဖို့ စီစဉ်ပါတော့တယ်။

အဲဒီခေတ်က ကားတင်သွင်းခွင့်တွေ ပိတ်ထားတဲ့အတွက် ကားပါမစ်က
ဈေးအရမ်းကြီးပြီး လေလံဆွဲတဲ့ ကားတွေ ၀ပ်ရှော့မှာ စိတ်တိုင်းကျပြင်ပြီး
ပြန်ရောင်းရင်တောင် ပိုက်ဆံ အဆမတန် မြတ်တဲ့ ခေတ် ဖြစ်ပါတယ်။ လေ
လံကားတောင် ကျပ်သိန်း ၁၀၀အထက် ပေးပြီး ဆွဲရတဲ့ ၂,၀၀၀ ပြည့်နှစ်
နောက်ပိုင်းကာလလည်းဖြစ်ပါတယ်။လူပျိုတွေဖြစ်တဲ့ဒီအရာရှိလေးယောက်
ကတော့  လင့်ရိုဘာ ကားလေးကို လေလံဆွဲပြီး ၀ပ်ရှော့မှာ စိတ်တိုင်းကျ
ပြင်မယ်လို့ စိတ်ကူးထားပါတယ် ။ ပြီးတော့မှ ပြင်ထားတဲ့ လင့်ရိုဘာကားကို
အရာရှိ ယူနီဖောင်း အပြည့်အစုံဝတ်ပြီး တပ်မမှူး ၊ ဗျူဟာမှူးရဲ့ သမီးတွေ
ရှေ့မှာ အပြတ်ဂိုက်ပေးကြမ်းဖို့ စိတ်ကူးတွေလည်း ယဉ်လျက်ရှိပါတယ်။

အားလုံးမျှော်လင့်ထားတဲ့ အတိုင်း တစ်နေ့မှာတော့ မင်္ဂလာဒုံ မြို့နယ်မှာရှိ
တဲ့ ပင်မ မော်တော်ယာဉ်တပ်မှာ တွဲဖက်စစ်ထောက်ချုပ်က တပ်မတော်မှာ
ရှိတဲ့ လင့်ရိုဘာကားတွေ လေလံပစ်ပါတယ် ။  လေလံပွဲတိုင်း မပါမဖြစ်တဲ့
တရုတ် သူဌေးတွေရော၊ကုလား သူဌေးတွေပါ မကျန် လာရောက်ကြသလို
လင့်ရိုဘာကားကို လေလံ ဆွဲချင်တဲ့ စစ်ဗိုလ်လေးယောက်လည်း ရောက်
လာကြပါတယ်။

လေလံပစ်ခါနီးမှာတော့ မျက်နှာပျက်နေတဲ့ တွဲဖက်စစ်ထောက်ချုပ်က လေ
လံပစ်တဲ့အထဲမှာ လင့်ရိုဘာ ကားတွေမပါဘဲ  တခြားယာဉ်အိုယာဉ်ဟောင်း
တွေကိုပဲ လေလံပစ်ဖို့ ကြေညာခဲ့ပါတယ်။ အားလုံးက လင့်ရိုဘာကားတွေ
မပါလို့ စုံစမ်းမေးမြန်းတဲ့ အခါကျမှ လင့်ရိုဘာကားအားလုံးကို ခေါင်းဆောင်
ကြီးရဲ့ သမီးတော်တစ်ယောက်က အားလုံး လေလံဆွဲသွားကြောင်း အသိ
ပေးခဲ့ပါတယ်။ဒီသတင်းကို ကြားရတဲ့ အရာရှိစစ်ဗိုလ် လေးယောက်လည်း
ပက်လက်လန် သွားတာပေါ့။ နောက်မှ တိုးတိုးတိတ်တိတ် ကြားသိရတာက
လင့်ရိုဘာ ကားတွေကို ဈေးပြိုင်ပေးမယ့်သူ မရှိဘဲ တစ်စင်းကို မြန်မာငွေ
ကျပ် ၄,၀၀၀တည်းနဲ့ လေလံပစ်မယ့် Lot တစ်ခုလုံး တစ်ဦးတည်း ရယူသွား
တယ်လို့ သိခဲ့ရတာပါပဲ။

တပ်မတော်က သမီးတော် တစ်ဦးတည်း လေလံဆွဲသွားတဲ့ လင့်ရိုဘာကား
အစီးရေဟာ ၁၀၀ကျော် ရှိပါတယ်။ ဒီကားတွေဟာ မောင်းလို့ မရအောင်
ပျက်စီး ဟောင်းနွမ်းနေပေမယ့် လေလံ ကားနံပါတ်ကတော့ အရမ်းတန်ဖိုး
ရှိပါတယ်။ဒါကိုသိတဲ့ သမီးတော်က ဖခင်ဖြစ်သူရဲ့သြဇာအာဏာကို ကောင်း
ကောင်း အသုံးချလိုက်တာပဲ ဖြစ်ပါတယ် ။ အဲဒီနောက် လင်ရိုဗာ မိုဒယ်မြင့်
ကားတွေကို နိုင်ငံခြားက သင်္ဘောနဲ့မှာယူတင်သွင်းလိုက်ပြီး လင့်ရိုဘာကား
အစုတ်တွေက လေလံ နံပါတ်နဲ့တွဲပြီး တစ်စီးကို သိန်း၂,၀၀၀ကျော်နဲ့ရောင်း
လိုက်တာ ကားရှားနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ၀ယ်သူတွေ အလု
အယက် မြင်မကောင်းအောင် ဖြစ်ခဲ့ပါတယ်။

သမီးတော်အတွက်လည်း လက်ကျန်မရှိ ရောင်းချလိုက်ရသလို မျက်နှာ
လည်း အလွန်ပွင့်ခဲ့ပါတယ်။လင့်ရိုဘာကားတစ်စီးကို မြန်မာငွေကျပ် ၄,၀၀၀
နဲ့ ရင်းလိုက်ရပြီး ကျပ်သိန်း ၂,၀၀၀နဲ့ ပြန်ရောင်းတဲ့ အတွက် ကားတစ်စီးကို
အမြတ်ငွေ ၁၉၉၉သိန်း ၉ သောင်း ၆ ထောင် မြတ်ပါတယ်။ ကားအစီး ၁၀၀
ဆိုတော့ အမြတ်ငွေ သိန်းဘယ်လောက်ရမလဲဆိုတာ တွက်သာ ကြည့်ကြ
ပါတော့ ။ အဲဒီ့ခေတ်က နိုင်သူ အကုန်ယူစတမ်း(Winner Take All)ဆိုတဲ့
ဒဿနအတိုင်း အာဏာရှိသူက အကုန် စားသွားတာပါပဲ ။

ဒီကားတွေကို ရောင်းရတဲ့အတွက် တိုင်းပြည်ကလည်း အခွန် ဘဏ္ဍာတွေ
ရလား၊မရလား ဘယ်သူမှ မေးခွန်းမထုတ်ရဲခဲ့ပါဘူး။အစောကတင်ပြခဲ့သလို
လင့်ရိုဘာ ကားစီးပြီး ဂိုက်ပေးကြမ်းမယ်လို့ စိတ်ကူးယဉ်ခဲ့တဲ့ စစ်ဗိုလ်လေး
တွေလည်း စိတ်ကူးယဉ်အိပ်မက် ပျက်ခဲ့ပါတယ် ။ အခုတော့ ကြည်းတပ်က
စစ်ဗိုလ်လေးတွေလည်း အရာရှိကြီးတွေဖြစ်ပြီး နောက်ဆုံးပေါ်မော်ဒယ်ကား
တွေ စီးနိုင်နေပါပြီ။

ဒါပေမဲ့ သူတို့အချင်းချင်းပြန်ဆုံတိုင်း လူပျိုစစ်ဗိုလ်ဘ၀က သမီးတော်
ကြောင့် လေလံဆွဲခွင့်မရခဲ့တဲ့ လင့်ရိုဘာကားလေးတွေကို လွမ်းမိကြောင်း
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတိုင်း စားမြုံ ပြန်နေလေရဲ့။

လက်စောင်းထက်

Tomorrow မှ ကူးယူ ဖော်ပြပါသည် ။

ပြန်လည် မျှဝေပေးပါသည် ။

ငွေစိုး

https://m.facebook.com/story.php?story_fbid=271081693429571&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော် (သမီးတော်ရာဇ၀င် - ၁၄)”

Post a Comment

Related Posts Plugin for WordPress, Blogger...