Thursday, July 26, 2018

၁၉၈၂နိုင်ငံသားဥပဒေ

,
၁၉၈၂နိုင်ငံသားဥပဒေသည်ဗိုလ်ချုပ်ကြီးနေ၀င်း၏လူမျိုးခြားမုန်းရောဂါမှဆင်းသက်လာဟု လူ့အခွင့်အရေးလှုပ်ရှားသူ ဥပဒေပညာရှင်ဝေဖန်

ရွှေနွယ်ရိုး
ဇူလိုင် ၂၆၊ ၂၀၁၆
Myanmar Muslim Media

၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေသည်တရုတ်သွေးစပ်ဗိုလ်ချုပ်ကြီးဦးနေ၀င်း(ခ) ဦးရှုမောင်၏တရုတ်လူမျိုးနှင့်ကုလားလူမျိုးကိုမုန်းသည့်အခြေခံမှပေါ်ပေါက်လာသောဥပဒေ ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားလိုက်သည်။

“အဲဒီ့ ၁၉ ၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကရေးသားထားတာဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ Xenophobic နိုင်ငံခြားသားမုန်းတဲ့ အထူးသဖြင့် တရုတ်၊ ကုလားမုန်းတဲ့ အခြေခံကနေပေါ်ပေါက်လာတဲ့ ဥပဒေဖြစ်တယ်” ဟု ဦးသိန်းသန်းဦးက ဆိုသည်။

အဆိုပါဥပဒေအတိုင်း လက်ရှိကျင့်သုံးဆောင်ရွက်နေသည့်အတွက် လတ်တလောပြင်ဆင်ရန်မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝင်ကြီးဦးသိန်းဆွေက ဇူလိုင် ၂၁ ရက်တွင်ပြောကြားထားသည်။

“လက်ရှိ လ၀က ၀န်ကြီးဆိုတာကလည်း ထိပ်တန်းကြံ့ခိုင်ရေးခေါင်းဆောင်ပဲ။ စစ်တပ်ကလာတာ။ သူ့မှာ အဲ့ဒီ့အတွေးအခေါ်ရှိပြီးသားပဲ။ Discriminate (ခွဲခြားဆက်ဆံသော) အတွေးအခေါ်သူတို့မှာရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့ရဲ့ဗိုလ်ချုပ်ကြီးနေ၀င်းကထားခဲ့တဲ့ဟာကို အမွန်အမြတ်ထားတာပေါ့”ဟု အထက်မြန်မာပြည်ရှေ့နေများကွန်ရက်ဥက္ကဋ္ဌ ဦးသိန်းသန်းဦးက သုံးသပ်သည်။

၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေသည် ဥပဒေအမြင်အရ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် မကိုက်ညီကြောင်း၊ တမင်ခွဲခြားဆက်ဆံရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သည့်အတွက် အဆိုပါဥပဒေသည် ပြင်ချိန်တန်ပြီဟု ထင်ကြောင်း ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားသည်။

“သောက်သောက်လဲမွေးတဲ့ လူမျိုးတစ်မျိုးသည် ဒီမှာနိုင်ငံသားဖြစ်သွားရင် မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ Identity ပျောက်သွားမှာစိုးရတယ်” ဟု ရိုဟင်ဂျာများကို ရည်ညွှန်းပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယမန်နေ့ကကျင်းပသည့်  ၁၉ ၈၂ နိုင်ငံသားဥပဒေလုပ်ငန်းအကောင်အထည်ဖေါ်မှုအပေါ် ရခိုင်အမျိုးသားပါတီ၏ သဘောထားအမြင် ရှင်းလင်းခြင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောသည်။

ကိုးကား Myanmar Post ဂျာနယ် အတွဲ၈ အမှတ် ၂၈

ဓာတ်ပုံ Jonah M. KesselGlobalPost



https://m.facebook.com/MyanmarMuslimMedia2/photos/a.990031314370666.1073741828.990010991039365/1268196519887476/?type=3

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၁၉၈၂နိုင်ငံသားဥပဒေ”

Post a Comment

Related Posts Plugin for WordPress, Blogger...