Friday, January 12, 2018

အင်းဒင်ရွာလူသတ်ပွဲ စစ်တပ်ဝန်ခံချက် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကန်သံအမတ်ပြောကြား

,
ရန်ကုန်၊ မြန်မာ–စက်တင်ဘာလတုန်းက မြန်မာစစ်တပ်က အင်ဒင်းရွာမှာ ရိုဟင်ဂျာ (၁၀)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံပြောကြားလိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ဒီလို ၀န်ခံမှုမျိုးကနေ ဒီထက်ပိုမိုပြီး ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ခံမှုအထိ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် အစိုးရအနေနဲ့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကပြောကြားလိုက်ပါတယ်။

"ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ဖြတ်ခဲ့မှု့မှာ လုံခြုံရေးတပ်တွေ ကိုယ်တိုင် ပါဝင်ပတ်သတ်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အသိမှတ်ပြုပြောကြားချက်ဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။" လို့ သတင်းစာ သင်တန်း တက်ရောက်နေတဲ့ သတင်းသမားများနဲ့ သတောင်းထောက်တွေကို မီဒီယာလွတ်လပ်ခွင့် ဆွေးနွေးပွဲမှာ အမေရိကန်သံအမတ်ကြီး Scot Marciel က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"အခုလို တာဝန်ယူမှု တာဝန်ခံမှုမျိုးနဲ့ ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ပိုမို ပွင့်လင်းမြင်သာစွာ ဆက်လက်ပြီး လုပ် ဆောင် လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာရဲ့ ကြေနပ်နှစ်သိမ့်မှုကို ရဖို့မဟုတ်ပဲနဲ့ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီကျန်းမာရေး အားကောင်းလာအောင် ဒါကို မဖြစ်မနေလုပ်ဆောင်သင့်တယ်လို့ ကျနော် အလေးနက်ထား ပြောကြားလိုပါတယ်။"

အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဗုဒ္ဓဟူးနေ့က စစ်တပ်ရဲ့ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သတ်ပြီး မေးမြန်းရာမျာတော့ သူက ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ငြင်းပန်းနှိပ်စက်ပါတယ်ဆိုတဲ့ သက်သေအထောက်ထားမပြနိုင်တဲ့ စွပ်စွဲချက်တွေ တော်တော်များများကိုပဲ လက်ခံရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

"ကျနော်တို့က နိုင်ငံတကာက ပြောနေတဲ့ လူ့အခွင့်ရေးချိုးဖောက်ပါတယ်လို့ ပြောဆိုနေတာတွေကို ဘလိုင်းကြီး ဘူးကွယ်ငြင်းနေတာ မဟုတ်ဖူး။"

"ကျွန်တော်တို့ဘက်က လက်တွေ့ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ အထောက်ထားလိုတယ်- ဒါမှ စုံစမ်းလို့ရမှာ၊ ဥပဒေ အတိုင်း အရေးယူလို့ ရမှာလေ" လို့ သူက ပြောကြားခဲ့ပါတယ်။

အီးယူနှင့် နော်ဝေးနိုင်ငံကလည်း ရန်ကုန်မြို့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင်

 "အင်ဒင်းရွာ လူသတ်ပွဲကြီးက တရားလက်လွတ်သတ်ဖြတ်သူများ ကျူးလွန်ခဲ့ကြသည့် ကြမ်းကြုတ်ရက်စက်သော လုပ်ရပ်များ ကျူးလွန်ခဲ့ကြသူများကို တရားစီရင်ခံရခြင်းမှ လွတ်မြောက်မသွားအောင် ကိုယ်လုပ်ဆောင်ခဲ့သမျှကို သေခြာစွာ တာဝန်ခံရန်အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ခဲ့သော အကြမ်းဖက်မှု ဖြစ်ရပ်အားလုံးကို ဖော်ထုတ်ရန် စေ့စေ့စပ်စပ်ဆောင်ရွက်ပြီး ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုကြီးတစ်ရပ် အရေးတစ်ကြီး လိုအပ်နေသည်ကို အတည်ပြုလျက် ရှိပါသည်။"

 ဟု ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

(Photo- An elderly man without carrying any properties but his own children in each of the baskets of the yolk on his shoulder fled the violence from military clearance operation carried-out in Northern Rakhine State to Bangladesh.)

Myanmar admission that soldiers killed Rohingya ‘an important step,’ U.S. envoy says

https://www.japantimes.co.jp/news/2018/01/12/asia-pacific/myanmar-admission-soldiers-killed-rohingya-important-step-u-s-envoy-says/#.Wlg_inmYPIU


https://m.facebook.com/story.php?story_fbid=1257649917702325&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အင်းဒင်ရွာလူသတ်ပွဲ စစ်တပ်ဝန်ခံချက် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကန်သံအမတ်ပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...