Sunday, February 23, 2014

ဦးကိုနီ၏ ဈာပနအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်

,
မန္တလေး၊ ဇန်နဝါရီ ၃ဝ
မြေးချစ်ညို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ ဝင်ြဖစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဈာပနအခမ်းအနားသို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လာရောက် ခဲ့ခြင်းမရှိကြောင်း အဆိုပါနာရေး အခမ်းအနားတွင် လုပ်အားပေးကူညီ နေသည့် မှတ်တမ်းကော်မတီဝင်တစ် ဦးက Friday Times  သို့ ပြောကြားသည်။

''ဒီနာရေးအခမ်းအနားကို အဓိက ဦးဆောင်လုပ်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်တာပါ။ အစ္စလာမ်ဘာသာဝင်တွေက ဝိုင်းဝန်းကူညီခဲ့တာမျိုးပဲ ရှိခဲ့ပါတယ်''ဟု ၄င်း ပြောကြားသည်။

ဇန်နဝါရီ ၃ဝရက် ညနေ၅နာရီ ကရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ စွန္နီမွတ်စလင် ရေးဝေးဥယျာဉ်တော်တွင် ပြုလုပ်သည့် ဦးကိုနီ၏ နာရေးအခမ်းအနား အပြီးတွင် ၄င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကိုနီသည် ၂ဝဝ၈ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအတွင်းမှ ရပိုင် ခွင့်များကို အသုံးပြု၍ ဒေါ်အောင် ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ရာထူးတစ် နေရာရရှိရန်နှင့် နိုင်ငံတော်ကို ဦး ဆောင်နိုင်ရန်အတွက် ပြုလုပ်ပေးခဲ့ သူဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူများက သုံးသပ်ခဲ့ကြသည်။


ဦးကိုနီ နာရေးအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် မလာရောက် ခြင်းအတွက် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးအားဆက်သွယ်မေးမြန်းရာ ဒေါ် အောင်ဆန်းစုကြည်မှာ အခြားအစီ အစဉ်များနှင့် တိုက်ဆိုင်နေသဖြင့် ဦးကိုနီ၏ ဈာပနအခမ်းအနားသို့ မလာရောက်နိုင်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက Friday Times သို့ ပြောကြားခဲ့သည်။

လူပေါင်း နှစ်သောင်းကျော် တက်ရောက်ခဲ့သည့် ဦးကိုနီဈာပန အခမ်းအနားသို့ ပါတီပေါင်းစုံနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံမှ သဝဏ်လွှာများပေးပို့ခြင်း၊ လွမ်းသူ့ပန်းခွေများပေးပို့ခြင်း ပြုလုပ်ခဲ့သော် လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် နိုင်ငံတော်သမ္မတရုံးတို့မှနေ၍ ပေး ပို့သည့်ပန်းခြင်းများမရောက်ရှိခဲ့ကြောင်း ဈာပနအခမ်းအနား ကျင်းပသည့် ကော်မတီဝင်များထံမှ သိရှိရသည်။

https://m.facebook.com/story.php?story_fbid=1862712593974282&id=100007066786660

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုနီ၏ ဈာပနအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်”

Post a Comment

Related Posts Plugin for WordPress, Blogger...