Thursday, December 28, 2017

ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုဖွဲ့စည်း

,
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် ရန် ၈၈ ငြိမ်းပွင့် အဖွဲ့ဝင်ဟောင်းဦးမြအေးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုကို ဒီဇင်ဘာ ၂၁ ရက်က စတင်ဖွဲ့စည်း သည်။

ဖက်ဒရယ်ဒီမိုကရက်တစ် အင်အားစုသည် ဖက်ဒရယ်ဒီမိုက ရက်တစ် လူမှုအဆောက်အအုံ အင်စတီကျူးရှင်းများ အားကောင်းခြင်းဖြင့် ငြိမ်းချမ်းပျော်ရွှင်ပြီး ရေ ရှည်ဖွံ့ဖြိုးတိုးတက်သည့် ပြည် ထောင်စုတစ်ရပ် ပေါ်ထွန်းရေး ရည်ရွယ်ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ သဘောထားတူ စိတ်တူတဲ့ သူတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ကျွန်တော် တို့က ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ခေါင်းဆောင်ဆိုတာ မရှိပါဘူး’’ဟု ယင်းအင်အားစုအဖွဲ့ ၀င် ဦးမြအေးက ပြောသည်။

အဆိုပါအင်အားစုကို ၈၈ ရဲ ဘော်များ၊ ၉၆ ရဲဘော်များအပါ အ၀င် စိတ်တူကိုယ်တူရဲဘော်များ ဖြင့် ပူးပေါင်းဖွဲ့စည်းထားကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး ဦးစိုးထွန်းက ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်နိုင်မှသာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်ပြီး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နေထိုင်နိုင်ရန်လည်းကောင်း၊ တရား မျှတလွတ်လပ်၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ ချစ် ကြည်ရင်းနှီးပြီး သဟဇာတဖြစ် သော လူ့အသိုက်အ၀န်းတစ်ရပ် ပေါ်ထွန်းစေရန်လည်းကောင်း၊ အခြေခံပြည်သူလူထု၏ စားဝတ်
နေရေးပြေလည်ရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုအပြည့်အ၀ရ ရှိရေး၊ လူတန်းစေ့အသက်ရှင်ရပ် တည်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာ ဟမှုနည်းပါးရေးနှင့် ကျေးလက် မြို့ပြတစ်ပြေးညီဖွံ့ဖြိုးတိုးတက် ရေးတို့သည် ဦးစားပေးဆောင် ရွက်ရမည့်
အခြေခံကဏ္ဍဖြစ်ရ မည်ဟုလည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုမှ မူဝါဒ များချမှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၌်ထင်ရှားသောခေါင်းဆောင်များ အနက် လက်ရှိတွင် ဦးမင်းကိုနိုင်၊ ဦးဂျင်မီတို့သာကျန်ရှိပြီး ဦးကိုကို ကြီး၊ ဦးမင်းဇေယျ၊ ဦးမာကီးတို့က ရှစ်လေးလုံးပါတီတည်ထောင်နိုင်ရေးဆောင်ရွက်နေသည်။

ထို့အပြင် နိုင်ငံရေးအင်အားစုတစ်စုဖြစ်သည့် တိုးတက်သောဒီ မိုကရစ်တစ်အင်အားစုကိုလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကိုကိုး ကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုး သမီးအဖွဲ့ဟူ၍ အဖွဲ့ ၂၄ ဖွဲ့ ဖွဲ့စည်းကာ လယ်သမားအရေး၊
အလုပ်သမားအရေး၊ ကျောင်းသား အရေး၊ အမျိုးသမီးအရေးစသည် တို့ကို အင်အားစုအနေဖြင့်ဖြေရှင်းပေးခြင်းပူးပေါင်း
ဆောင်ရွက်ခြင်း တို့ ဆောင်ရွက်ဖွဲ့စည်းခဲ့သည်။

7Day News Journal

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုဖွဲ့စည်း”

Post a Comment

Related Posts Plugin for WordPress, Blogger...