Thursday, May 17, 2018

"တိုင်းလုံးကျော် သမီးတော်များ"

,
တခါက သန်းရွှေသမီးတွေ ငွေဆောင်ကို သွားတယ် ။ သောင်ပြင်မှာ အရာရှိ
တွေက စက်ဘီးတွေ နင်းရတယ်။ သူတို့က နောက်ကနေ စီးတယ် ။ ဗိုလ်သင်
တန်းဆင်းပွဲတိုင်းမှာ ဗိုလ်လောင်းတွေရွေးလေ့ရှိတယ် ။ သူ့သမီးတွေအတွက်
ဗိုလ်လောင်းလေးတွေကိုလိုက်ကြည့်တာလို့ စစ်တပ်အသိုင်းဝိုင်းက ဆိုတယ် ။
သူတို့လုပ်တိုင်းမခံတဲ့ စစ်ဗိုလ်တယောက် ပေါ်ဘူးတယ်။ ဒီစစ်ဗိုလ်ကို သူ့သမီး
တယောက်က ကြိုက်တယ်။ စစ်ဗိုလ်က မကြိုက်ဘူး။ ဒါကြောင့် နယ်ကို အပို့ခံ
ရတယ်။ အချုပ်ချ ခံရတယ်။

တခါက ဟင်္သာတက သာသနာ့ဗိမ္မာန်ဖွင့်ပွဲကို သန်းရွှေ၊ ကြိုင်ကြိုင်နဲ့ တိုင်းလုံး
ကျော်မတွေ သွားကြတယ် ။ တိုင်းမှူးက သန်းရွှေနဲ့ ကြိုင်ကြိုင်ကို အနီးကပ်
စောင့်ရှောက်နေရတဲ့ အချိန်မှာ တိုင်းမှူးကတော်နဲ့ ဗိုလ်မှူး ကတော်တွေက
သန်းရွှေ သမီးတွေကို ပြုစုရဖို့ အမိန့် ကျလာတယ် ။ တိုင်းမှူးကတော်က ဗိုလ်
ကတော်တွေကို အစည်းအဝေးခေါ်တယ်။အစည်းအဝေးဆိုတာက သမီးတော်
တွေအတွက် ပြုစုနည်းကို တိုင်းမှူးကတော် ကိုယ်တိုင်က ဦးဆောင်ပြီး သင်
တန်း ပေးမယ်လို့ ဆိုတယ် ။ အားလုံးသင်တန်း တက်ကြရတယ်။ သင်တန်း
ကာလ ၃ ရက်ကြာတယ် ။ သင်တန်းထဲမှာ ပါတာတွေကတော့ ………

၁- ခေါ်မှသွားရမယ်။
၂- မလှမ်းမကမ်းမှာ ရပ်နေရမယ်။
၃- ဖြတ်သွားရင် ခေါင်းငုံ့ ထားရမယ်။ (လက်မပိုက်ထားရဘူး။ လက်အုပ်
ချီစရာမလိုဘူး။)
၎- သောက်ရေတွေ၊ဘာတွေ ကပ်ရရင် လက်ကိုပြောင်နေအောင် ဆေးကြော
ရမယ်။
၅-တစ်ရှူးပေပါနဲ့ အဖုံးကို ကိုင်ပြီးဖွင့်ရမယ်။ တစ်ရှူးပေပါနဲ့ ပုလင်းကို ကိုင်ရ
မယ်။ တစ်ရှူးပေပါနဲ့ ဖန်ခွက်ကို ကိုင်ရမယ်။
၆- လက်နှစ်ဖက်နဲ့ ပေးရမယ်။
၇- သမီးတော်တွေရဲ့ခန္ဓာကိုယ်ကို ဖက်လှဲတကင်း မလုပ်ရ။
၈- လက်ဆွဲ မနှုတ်ဆက်ရ ။စတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်တွေ
ပါတယ်။ တိုင်းမှူးကတော်က သင်တန်းဆင်းမိန့်ခွန်းမှာ အစွမ်းကုန် ပြုစု စောင့်
ရှောက်ကြဖို့နဲ့ ကိုယ့်ယောက်ျား ကိုယ်ပိုင်နံပါတ် အမေးခံရရင်တော့ သတိသာ
ထား ကြပေရော့ ကောင်မတို့လို့ မိန့်ကြားခဲ့တယ်။

ရှောင်ရှားနိုင်ဖို့က ဘယ်သမီးက စိတ်ဆတ်တော်မူတယ် ။ ဘယ်သမီးက ထ
တယ် ။ ဘယ်သမီးက သောက်စားကြီးတယ် ။ ဘာကြိုက်တယ် စတာ တွေကို
ကြိုတင် တစ်ကြိုမေးခွန်း ပေးထားတယ် ။ သူ့သမီးတွေထဲမှာ မပေါက် ဆိုတာ
က အော်ကြောလန် လို့သိရတယ် ။ တိုင်းမှူးကတော်တိုင်းက လက်လန်ကြ
တယ် ။ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကို ဆေးလိပ်ခွက်နဲ့ ပေါက်ဖူးတာ
လည်း သူပဲလို့ ဆိုတယ် ။ သူက တိုက်တန်းနစ် ရုပ်ရှင်ထဲက ကိတ်ဝင်းစလက်
နဲ့တူတယ်လို့ပြောရင် သိပ်သဘောကျတယ်လို့ ဆိုတယ်။တိုင်းမှူး၊ဗိုလ်မှူးကြီး၊
ဗိုလ်မှူးကတော်တို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေကိုလည်း အမျိုးသားညီလာခံ
ကွန်စီတီကျူးရှင်းလို အစည်းအဝေးမှာ စနစ်တကျ ခွဲထားတယ်လို့ သိရတယ်။

၁- တိုင်းမှူးကတော်တာဝန်မှာ ဒေါ်ကြိုင်ကြိုင် ကားပေါ်မှ ဆင်းလာတာနဲ့ ထီး
နဲ့ ပြေးပြီး ကြိုရန်
၂- ဗိုလ်မှူးကတော်များရဲ့တာဝန်မှာ သန်းရွှေသမီးတော်များ ကားပေါ်မှ ဆင်း
တာနဲ့ ထီးနဲ့ ပြေးကြိုရန်၊
၃- ဗိုလ်ကြီးကတော်များမှ တိုင်းလုံးကျော်မများရဲ့ အထုတ်အပိုးများကို ဆွဲပေး
ရန်နှင့် တန်းစီနေရာယူ ရပ်နေရန်။ လိုတာကို အကုန်လုပ်ပေးရန်။
၎- ဗိုလ်ကတော်များရဲ့ တာဝန်မှာ ထမိန်ခေါက် (အဝတ်အစားများ လျော်ဖွတ်၊
မီးပူတိုက်ရန်) အိုးခွက်၊ ပန်းကန် နှင့် အိပ်ခန်း၊ အိမ်သာ၊ ရေချိုးခန်းများအား
အသုံးပြုပြီးတိုင်း ဆေးကြောသန့်ရှင်းပေးထားရန်နှင့် ခိုင်းသမျှ အောက်ခြေ
သိမ်း ကိစ္စအဝဝ (အညောင်းအညာပြေ နှိပ်နယ် ပေးခြင်း အပါအဝင်) ကို
ချက်ချင်း ဆောင်ရွက် ပေးကြရန်တို့ ဖြစ်ပါတယ်။
ဒီခရီးစဉ်ထဲက တိုင်းလုံးကျော်မတွေ ဗိုလ်ကတော်လေးတွေကို အနိုင်ကျင့်နှိပ်
စက်ခဲ့ပုံ တခုကို ပြောချင်ပါတယ် ။ တိုင်းလုံးကျော်မထဲက တယောက်က သာ
သနာ့ဗိမ္မာန် ဖွင့်ပွဲကြည့်ပြီး အပြန်မှာ တည်းခိုတဲ့ ရိပ်သာခန်းကို သဘောအလို
တော် မကျ ဖြစ်တယ်။ တောဆန်တယ် ။ ဟိုဟာ မရှိဘူးလား ။ ဒီဟာ မရှိဘူး
လား ဖြစ်လာတယ် ။ ပြဿနာရှာ တော့တယ် ။ သူနဲ့ သက်တူရွယ်တူ ဖြစ်တဲ့
ဗိုလ်ကတော်လေးကို မဲတယ်။ပြီးတော့ သူ့ ခြေထောက်ကို ရေဆေးခိုင်းတယ်။
ဗိုလ်ကတော်လေးက ရေဇလုံယူလာပြီး ခြေထောက်ကို ဆေးပေးရတယ်။ရေစို
နေတဲ့ ခြေထောက်ကို သုတ်ခိုင်းတယ်။ ကံမကောင်းချင်တော့ ခြေထောက်ကို
သုတ်စရာ မျက်နှာသုတ်ပုဝါ မရှိဖြစ်တယ်။ စားပွဲပေါ်မှာရှိတဲ့ တစ်ရူးပေပါနဲ့
ခြေထောက်ကို သုတ်ပေးလို့ ဒေါသူပုန် ထတော့တယ် ။ သူမက ဒီလိုခိုင်းစေ
တာတွေကို ပါးစပ်ကနေ ခိုင်းတာမဟုတ်ပဲ Body Language နဲ့ ခိုင်းသွားတာ
ဖြစ်တယ်လို့ ဗိုလ်ကတော်လေးက ဆိုပါတယ်။ဗိုလ်ကတော်လေးရဲ့ယောက်ျား
ကိုယ်ပိုင်နံပါတ်ကို မေးသွားပါတယ်။

နောက် ဖြစ်ရပ်တခုကတော့ သန်းရွှေနဲ့ သမီးတသိုက်က ပဲခူးကို သွားတယ် ။
ပဲခူးကို ရောက်တော့ ညအိပ်မယ် ဆိုတယ် ။ သမီးတွေက ညဝတ်နဲ့ အတွင်းခံ
တွေ ပါမလာဘူးလို့ ပြောတယ်။ တပ်မမှူးကတော်က အလိုက်သိစွာနဲ့ ရန်ကုန်
ကို ဗိုလ်တွေလွှတ်ပြီး ညဝတ်နဲ့အတွင်းခံဘောင်းဘီတွေ ကမန်းကတန်း တက်
ဝယ် ကြရတယ်လို့ ဆိုပါတယ် ။ ပြန်လာတော့ မျက်နှာမရ ခြေထောက်ရကြ
တယ်။ အကောင်းစားတွေ မ၀ယ်လာလို့ ဒေါပွသတဲ့ ။

ဒေ၀ါရွှေ ဆိုတဲ့ အရူးမကလည်း တမှောက်ပါ ။ သူမ ကြည့်လို့မရတဲ့ စစ်ဗိုလ်
ဆိုရင် ၀ရံဒါကနေ ရေနွေးပူနဲ့ လောင်းချသတဲ့ ။ ထမင်းစားရင်း ရန်ကုန်မြို့ကြီး
ကို ပတ်ကြည့်ချင်တော်မူသတဲ့။ဒီတော့ ကားဒရိုင်ဘာလုပ်တဲ့စစ်သားက သမီး
တော်ကို ကားပေါ်တင် ထမင်းပွဲနဲ့ ကားကို ညင်သာစွာ မောင်းပေးခဲ့ရသတဲ့ ။
သန်းရွှေသမီးတွေရဲ့ နောက်ညစ်လုံး တခုကတော့ အင်းလေးကို သွားလည်
ကြတယ်။ညသန်းခေါင်ကြီးကျမှ မုန့် ကျွဲသဲ စားချင်တယ်လို့ သမီးတော်တွေက
ချဉ်ခြင်း တတ်ကြတယ်။ဒီတော့ တိုင်းမှူးကတော်တွေ မျက်လုံးပြုး မျက်ဆံပြူး
ဖြစ်ရတယ် ။ တိုင်းမှူးကတော်တွေ မျက်လုံးပြူးရင် ဗိုလ်ကတော်တွေ ရှိတာ
အကုန်ပြူးရတော့တာပဲ။ညတွင်းချင်း မုန့်ကျွဲသဲ ကျိုကြရသတဲ့။သမီးတော်တွေ
ရဲ့ နောက်စီးပွားရေးတခုကလည်း ရန်ကုန်မြို့ကိုပတ် အကောင်းဆုံး ရတနာ
ဆိုင်တွေကို ရုပ်ဖျက်ပြီး လှည့်ကြည့်လေ့ ရှိတယ်ဆိုတယ်။ ကြိုက်တဲ့ပစ္စည်းကို
မှတ်ထားတယ် ။ ပြီးရင် ဗိုလ်ချုပ်ကတော်၊ ဝန်ကြီးကတော်တွေကို အလှည့်ကျ
ဆင့်ခေါ်ပြီး ၀ယ်ခိုင်းတယ် ။ ဆက်ကြေး သဘောပေါ့။ ၀န်ကြီးကတော်တွေ ခိုး
စားနေကြတာကို သူတို့ သိတယ်လေ။ တနေ့ကြတော့ မြို့ တော်ဝန် ဦးကိုလေး
ရဲ့ဇနီး ဒေါ်ခင်ခင်ကို ဆင့်ခေါ်တယ် ။ ပြီး အက်အမ်အိုင်စင်တာ မှာရှိတဲ့ ပုလဲ
ဆွဲကြိုးကို ၀ယ်ခိုင်းတယ်။ ဒေါ်ခင်ခင်ကလည်း ပုလဲဆွဲကြိုးကို အကြွေးနဲ့ယူပြီး
ဝယ်ပေးလိုက်ရတယ် ။ (ပြီးမှ ဘောက်ချာရှင်းဖို့ ဘယ်သူမဲကျမယ်မသိပါဘူး)။
ဒါက ကျန်တဲ့သူတွေလည်း ခံနေကြရတာလို့ သိရတယ် ။ သူတို့က စိန်နဲ့ ပုလဲ
ကို သိပ်ကြိုက်ကြတယ် ဆိုတယ်။ သူတို့စာနဲ့ လှမ်းခေါ်ရင်တော့ ငွေထုတ်ပိုက်
ပြီးတော့သာ သွားလိုက်ပေတော့လို့ ၀န်ကြီးကတော် လောကမှာ လက်တို့ပြီး
ပြောကြတယ်။

သန်းရွှေမြေးအကြောင်းကလည်း အားလုံးသိပြီးပါပြီ။မသိသေးတဲ့အချက်လေး
တခုကို ထပ်ဖြည့် လိုက်ပါတယ်။ မဟာ တပ်မတော်သားကြီးတွေ သိစေချင်လို့
ပါ။ဒီကောင်လေးကို မျောက်မူးလဲ လို့ နောက်ကွယ်မှာခေါ်ကြတယ် ။ ဒီကောင်
လေးက သူ့နာရီကို ရေထဲမှာ ဖျောက်ခဲ့တယ်။ဒီတော့ ညသန်းခေါင်ကျမှ တိုင်း
မှူးကို နာရီတလုံး ၀ယ်ပေးရမယ်လို့ဆိုတယ် ။ တိုင်းမှူးက ညသန်းခေါင်ကြီး
မျောက်လောင်းလေးကို ခေါ်ပြီး မော်လမြိုင်မြို့ထဲက နာရီရောင်းတဲ့ အိမ်ကို
တံခါးခေါက်ပြီး ရောင်းခိုင်းတယ် ။ ကောင်လေးက သူကြိုက်တဲ့နာရီ တစ်ဒါဇင်
လောက် ပိုက်ဆံမပေးပဲ 'မ' သွားတော်မူတော့တယ်။ နာရီဖိုးကို တိုင်းမှူးက
လည်း မပေးပါဘူး ။ နာရီဆိုင်ကသာ ခံလိုက်ရသတဲ့။

တခါက ပြည်မြို့ကို သူတို့ မိသားစု သွားကြတယ်။ကားတန်းကြီးနဲ့ သွားတယ်။
သွားရင်းနဲ့ ဒုဗိုလ်မှုးကြီး ကတော် တယောက်က အောက်ကျနောက်ကျ ပြုစုမှု
တွေ မလုပ်ပဲ ခပ်မှန်မှန် နေမိတဲ့အတွက် သူမကို ပြည်နဲ့ ရန်ကုန် သွားတဲ့
ကားလမ်းမမှာ တယောက်ထဲ ချန်ထားခဲ့ပါတယ်။

အော်.. ဗမာ့ တပ်မတော်သားတွေရဲ့ ဒို့တာဝန် အရေးသုံးပါး ဆိုတာဒါပါလား။
"ဒေါ်ကြိုင်ကြိုင်သာ အမိ၊ ဦးသန်းရွှေသာ အဖ" "ဦးသန်းရွှေ၏ မိသားစုဝင်များ
သည်သာ တပ်မတော်၏ အရှင်သခင်များ" ဖြစ်ကြလေသတည်း ။ မယ်တော်
ကြီး ဒေါ်ကြိုင်ကြိုင်ရဲ့သား အရာရှိ ၊ အရာခံ အကြပ် လောင်းလေးတွေ သိဖို့ 
တင်ပြလိုက်ရပါတယ် ခင်ဗျား ။

Maung Tun Wai ဖေ့ဘွတ်ခ် မှကူးယူဖော်ပြပါသည်။#BurmaDemocracy

ပြန်လည် မျှဝေပေးပါသည်။

ငွေစိုး

https://m.facebook.com/story.php?story_fbid=283956882142052&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ "တိုင်းလုံးကျော် သမီးတော်များ"”

Post a Comment

Related Posts Plugin for WordPress, Blogger...