Thursday, December 26, 2013

ကျောင်းသားများနှင့် လိင်မှုပြုခဲ့သော ဆရာမအား ထောင်(၅)နှစ်ချ

,
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် အထက်တန်းကျောင်းတွင် ၂၀၁၁ ခုနှစ်က ကျောင်းသားများနှင့် မိမိ၏နေအိမ်တွင် အုပ်စုလိုက် လိင်မှုပြုခဲ့သော ဆရာမအား တရားသူကြီးက ထောင်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆရာမက ၂၀၁၁ခုနှစ်တွင် နှစ်လတာကာလအတွင်း သူမယောက်ျားစစ်မှုထမ်းနေစဉ် သူမ၏နေအိမ်၌ ထိုအချိန်က(၁၈)နှစ်အရွယ် ကျောင်းသားငါးယောက်ကိုခေါ်၍ အုပ်စုလိုက် လိင်အမှုပြုခဲ့တာဖြစ်ကြောင်း သိရသည်။
ကျောင်းသားများက သူတို့ဆရာမကို ဒုက္ခမရောက်စေလို၍ နှုတ်ဆိတ်နေရန် ဆုံးဖြတ်ထားခဲ့ပေမယ့် လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်ထားခဲ့သည့် ဗွီဒီယိုဖိုင်မှုတဆင့် အများ သိသွားခဲ့ရတာဖြစ်ကြောင်း သိရသည်။
ကလေးသုံးယောက်အမေဖြစ်သည့် အသက်(၂၈)နှစ်အရွယ် ဇနီးဖြစ်သူ၏ ယင်းလုပ်ရပ်အတွက် ခင်ပွန်းဖြစ်သူက ဒေါသဖြစ် ၊ နာကျင်ခံစားခဲ့ရပေမယ့် ဒီ့မတိုင်မီက ၎င်းတို့ဇနီးမောင်နှံနှစ်ဦးဟာ အုပ်စုလိုက် လိင်အမှုပြုခြင်းကို နှစ်ဦးသဘောတူ လုပ်ခဲ့ကြဖူးတယ်လို့လည်း ခင်ပွန်းက ပြောခဲ့ပါတယ်။
ဇနီးသည် ထိုသို့ပြုမူခဲ့ပေမယ့် ဇနီးမောင်နှံအဖြစ် ဆက်လက်တည်ရှိသွားမယ့် ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို အရူးတစ်ယောက်လို ရှုမြင်ကြသူတွေဟာ ၎င်းကို နားမလည်နိုင်ကြတာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Source : Fox News
ပုံရိပ်(burmesehearts.com)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျောင်းသားများနှင့် လိင်မှုပြုခဲ့သော ဆရာမအား ထောင်(၅)နှစ်ချ”

Post a Comment

Related Posts Plugin for WordPress, Blogger...