Monday, January 15, 2018

တပ်ထောက်က ရဲဘော်တစ်ဦး ပေးပို့လာတဲ့သူခိုးကြီးသတင်း

,
တပ်မတော်ကို စာရင်းစစ်ခွင့် မရသရွေ့တော့ ခုလို လုပ်စားနေသူတွေ အကြိုက်တွေ့နေဦးမှာပါပဲ ....

ဘုရင့်နောင်ကုန်စည်ဒိုင် မှာ ဘီလီယံချီ၍ ဆုံးရှုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ဝယ်…

ရန်ကုန် ဘုရင့်နောင် ဆန်စပါး ဈေးကွက်အတွင်း လိမ်လည်မှု ပြသာနာများဖြစ်ပွားရခြင်း အကျိုးဆက်များမှာ…

မြန်မာ့တပ်မတော်အတွက် ရိက္ခာ ဆန်/စပါး
ဝယ်ယူရေး/ပေးသွင်းရာတွင်မှာလဲ တပ်မတော်သို့ပေးသွင်းရမည့် ဆန်/စပါးများဟာ  တိုင်းဒေသကြီးအသီးသီးတွင် ကြိုတင်ဝယ်ယူထားပြီးဖြစ်ကြောင်းသိရှိရသည်။

၎င်းဝယ်ယူထားသောစပါးများမှာလဲ သတ်မှတ်ထားသော သိုလှောင်ရုံများတွင်လုံးဝ မရှိကြောင်းဖြစ်ပေါ်နေပါသည်။

ထို့ကြောင့် တပ်မတော်ရိက္ခာများနှင့်MEC သင်္ဘောတင်ဆန်များ မရှိသည့်အတွက် ရန်ကုန် ဆန်ကုန်စည်ဒိုင်များမှပေါက်ဈေးကျော်လွန်ပြီးဝယ်သွင်းနေရကြောင်း တွေ့ရှိနေရသည်။

ထိုသို့ ဝယ်သွင်းနေသည့်အတွက် ဆန်ဈေးနှုန်းများကြီးမားလာပြီး ကုန်စည်ဒိုင်တွင် ရောင်းခြင်းဝယ်ခြင်း ပုံမှန်မဖြစ်ကြောင်းသိရသည်။

သို့အတွက်ကြောင့် မြန်မာ့တပ်မတော်အတွက်ရိက္ခာ ဆန်/စပါးများဟာ နည်းမှန်လမ်းမှန် ရှိနေသင့်ကြောင်း
တစ်ချို့ တစ်ချို့ သော ပုဂ္ဂိုလ်များ၏ လောဘ တရားများကြောင့်  ဆန်/စပါး ဈေးကွက် ပျက်ဆီးနေရပြီး တပ်မတော်ရိက္ခာအတွက် ထိခိုက်နစ်နာမှု များ ရှိလာနိုင်ပြီး အထူး
ကြပ်မတ် သင့်ကြောင်း
တပ်မတော်ရိက္ခာ ပေးသွင်းရာတွင်လဲ ဘုရင့်နောင်ဆန်ဈေးကွက်မှ ဆန်များ ဝယ်ယူပေးသွင်းနေခြင်းဟာ လဲ ဆန်/စပါးဈေးကွက်ကို  ထိခိုက်လျှက်ရှိကြောင်း
အရည်အသွေး မပြည့်ဝသော ထုတ်ကုန်များပါလာရင်လဲ တပ်မတော်အတွက် နစ်နာကြောင်း
စီးပွားရေးလောကတွင်ပြောဆိုလျှက်ရှိသည်။

နိုင်ငံတော်အနေဖြင့်လဲ တပ်မတော်ရိက္ခာ သည် ပြည်သူ့ဘဏ္ဏာ ငွေ ဖြစ်သောကြောင့်
ပြည်သူ့အတွက် အမှန်တစ်ကယ်လိုအပ်ချက်များ လစ်ဟဆုံးရှုံးနေမည်ကို အထူးပင် ဂရုပြုသင့်ပါကြောင်း

#တပ်ထောက်ရဲဘော်တစ်ဦး

ZN.H

https://m.facebook.com/story.php?story_fbid=379637629148411&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တပ်ထောက်က ရဲဘော်တစ်ဦး ပေးပို့လာတဲ့သူခိုးကြီးသတင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...