Friday, January 12, 2018

မြန်​မာ့တပ်​မ​တော်​ရဲ့ စွမ်း​ဆောင်​ချက်​များ

,
ပင်​လုံနီးတာနဲ့ တိုင်းရင်းသား​ဒေသ​တွေ
မှာထိုးစစ်အကြီးအကျယ်​ဆင်​လာ​တာ
လွှတ်​​တော်​မှာ တရားဥပ​ဒေစိုးမိုး​ရေးအဆိုကို
တစ်​​ယောက်​မကျန်​ မတ်​တတ်​ထကန့်​ကွက်​ကြတာ
ဗိုလ်​ချုပ်​ပုံနဲ့​ငွေစက္ကူထုတ်​မယ့်​ကိစ္စကို
တစ်​​ယောက်​မကျန်​ မတ်​တတ်​ထကန့်​ကွက်​တာ
မူးယစ်​​ဆေးအချီကြီးမိတဲ့ကိစ္စ​တော်​​တော်​များ​တွေမှာ
တပ်​ဘက်​က ဗိုလ်​​တွေပါဝင်​ပတ်​သက်​​နေတာ
ဦးကိုနီကို လုပ်​ကြံသတ်​ဖြတ်​ဖို့ ခိုင်း​စေသူ​တွေထဲမှာ တပ်​မ​တော်​သားများ
ပါဝင်​နေတာ
တပ်​ချုပ်​ကြီးကိုယ်​တိုင်​သည်​ပင်​ သက်​ပြည့်​ပင်​စင်​လုံးဝမယူတာ
သ​ရော်​စာ​ရေးတဲ့စာ​ရေးဆရာ​တွေ ငြိမ်းချမ်း​ရေးပြဇာတ်​ကတဲ့​ကျောင်းသား​တွေကို တရားစွဲ ​ထောင်​ချပစ်​ဖို့ကြိုးစားတာ
ဘင်္ဂလီ​တွေကို ပိုက်​ဆံယူပြီး မြို့ထဲ ကြိုပို့​ပေးတာ
သတင်း​ထောက်​ကိုပါကြီးကိုသတ်​ပစ်​​ပေမယ့်​ ဘယ်​စစ်​သားမှ အ​ရေးယူမခံရတာ
လယ်​သမား​တွေကို သူတို့ပိုင်​လယ်​ထဲက​နေ ​မောင်းထုတ်​ပြီး တပ်​ပိုင်​ဆိုင်းဘုတ်​ လိုက်​စိုက်​​နေတာ​တွေရယ်ဆိုပြီး
တပ်​မ​တော်​ရဲ့အံ့မခန်းစွမ်း​ဆောင်​ချက်​​တွေကို​တွေ့ကြရမှာဖြစ်​ပါတယ်

ဟိုဘက်​နှစ်​ပိုင်း​တွေအတွင်း
မြန်​မာ့တပ်​မ​တော်​ရဲ့ စွမ်း​ဆောင်​ချက်
တွေနဲ့ပတ်​သက်​လို့ လူ​တွေ
မှတ်​မှတ်​ရရရှိကြတာ​လေး​တွေက​​တော့

၈၈အ​ရေးအခင်းမှာ ရဟန်းရှင်​လူ​ကျောင်းသားပြည်​သူ ​ထောင်​ဂဏန်း​လောက်​ကို ပစ်​ခတ်​သတ်​ဖြတ်​ခဲ့တာ
၉၀​ရွေး​ကောက်​ပွဲမှာ အနိုင်​ရခဲ့တဲ့
NLDကို အာဏာလွဲမ​ပေးဘဲ
မလိမ့်​တပတ်​လုပ်​ အာဏာကို ​ဗြောင်​ကျကျ ဆုပ်​လို့ အရှက်​နည်းစွာ ကိုယ်​ကျိုးရှာအလွဲသုံးစားလုပ်​ခဲ့ကြတာ

ဒီပဲယင်းအ​ရေးအခင်းမှာ စစ်​ဗိုလ်​ချုပ်​​တွေရဲ့အကြံနဲ့
ဒေါ်​အောင်​ဆန်းစုကြည်​ယာဉ်​တန်းကို လုပ်​ကြံတိုက်​ခိုက်​ပြီးလူ​ပေါင်းရာချီ​သေ​စေခဲ့တာ
ဒေါ်​အောင်​ဆန်းစုကြည်​ကို နှစ်​ရှည်​လများ​နေအိမ်​အကျယ်​ချုပ်​ချခဲ့တာ
၂၀၀၇မှာသံဃာ​တွေကို 
နံပါတ်​တုတ်​​တွေနဲ့ရိုက်​ စစ်​ဖိနပ်​​တွေနဲ့​ဆောင့်​ကန်​ပြီး ရက်​ရက်​စက်​စက်​ထောင်​သွင်းအကျဉ်းချခဲ့ကြတာ
တိုင်းပြည်​ကို ကမ္ဘာ့အဆင်းရဲဆုံးစာရင်းသွင်းပြီး သူတို့ကျ​တော့အချမ်းသာဆုံးစာရင်းဝင်​ ခဲ့ကြတာ
တွေရယ်​ဆိုပြီး ​ပြောင်​​မြောက်​လှ​သော
တပ်​မ​တော်​ရဲ့စွမ်း​ဆောင်​ချက်​​ပေါင်း
အ​မြောက်​အမြားကို အံ့သြဘနန်း တွေ့ကြရမှာဖြစ်​ပါတယ်

လာမယ့်​နှစ်​​တွေအတွင်း
မြန်​မာ့တပ်​မ​တော်​ရဲ့ စွမ်း​ဆောင်​မယ့်
ကိစ္စတွေနဲ့ပတ်​သက်​လို့ လူ​တွေ
ခန့်​မှန်းမိကြသ​လောက်​က​​တော့

လူထုလက်​မခံတဲ့
၂၀၀၈​ခြေဥကို အသက်​ထက်​ဆုံး ကာကွယ်​သွားကြမှာ
ဘယ်​သူကြိုက်​ကြိုက်​ မကြိုက်​ကြိုက်​လွှတ်​​တော်​မှာ ထိုင်​ပြီးငိုက်​မြဲငိုက်​​နေကြဦးမှာ
လူထုအကျိုးပြုမယ့်​အဆိုမှန်​သမျှ
ကန့်​လန့်​တိုက်​​မြဲတိုက်​​နေကြဦးမှာ
စစ်​တိုက်​လိုက်​ ဘတ်​ဂျက်​တိုးခိုးလိုက်​နဲ့
မဆုံး​သောပြည်​တွင်းစစ်​ကို ဖန်​တီး​နေကြဦးမှာ
မြန်​မာ့တပ်​မ​တော်​ထုံးစံအတိုင်း
ခိုးမြဲ
ဆိုးမြဲ
ယုတ်​မြဲ
ရမ်းမြဲ ကန်းမြဲ ကန်း​နေကြဦးမှာ​စသည်​ဖြင့်
ခန့်​မှန်းရပါတယ်

ဒီလိုလုပ်​ပါလား

ဒီ​လောက်​ သမိုင်းလှတဲ့တပ်​မ​တော်
အတိတ်​ အနာဂတ်​ ပစ္စုပ္ပန်​သုံးခုစလုံးမှာ ဒီ​လောက်​ လက်​သံ​ပြောင်​တဲ့တပ်​မ​တော်​ အဲဒီတပ်​မ​တော်​ရဲ့တံဆိပ်​ ကြယ်​ပွင့်​​နေရာမှာ
အရိုးစု​ခေါင်းတစ်​လုံး တပ်​​ပေးလိုက်​ကြပါလား

မြန်​မာ့စွယ်​စုံကျမ်းမှာလည်း
တပ်​မ​တော်​ရဲ့အနက်​အဓိပ္ပာယ်​ကို
"မြို့တွင်း​နေ လိုင်​စင်​ရ ဓားပြအကြီးစားများအဖွဲ့"ဆိုပြီး ပြင်​ဆင်​ဖြည့်​စွက်​လိုက်​ကြ​ပေါ့​နော့

အိမ်း..စ်​!

Soe Paing Oo

https://m.facebook.com/story.php?story_fbid=378509295927911&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့တပ်​မ​တော်​ရဲ့ စွမ်း​ဆောင်​ချက်​များ”

Post a Comment

Related Posts Plugin for WordPress, Blogger...