Monday, February 12, 2018

ချစ်ကြပြီပေါ့အမျိုးဘာသာ

,
ဒီနေ့အလုပ်အားနေတာနဲ့တွက်ကြည့်လိုက်တာ..တစ်ဘီလျံဆိုတာ သန်းတစ်ထောင်.
ဒေါ်လာတစ်သန်းကိုတောင်
မြန်မာငွေ သိန်းပေါင်း(၁,၃၀၀,၀၀၀,၀၀၀)
သိန်းပေါင်းတစ်သောင်းသုံးထောင်ကျော်ရှိတယ်.. တစ်ဘီလျံမှာဒေါ်လာ သန်းတစ်ထောင် ရှိတယ်ဆိုတော့
သိန်းပေါင်း တစ်သောင်းသုံးထောင်ကို
တစ်ထောင်နဲ့ ထပ်မြောက်ကြည့်လိုက်..
၁,၃၀၀,၀၀၀,၀၀၀×၁၀၀၀=၁,၃၀၀,၀၀၀,၀၀၀,၀၀၀
ထွက်လာတဲ့ကိန်းဂဏန်းတွေက ကြောက်စရာ..ဖုံးတောင်ဟန်းသွားတယ်
Restartချ Boosterတွေဘာတွေ လုပ်ပြီး ဆက်မြောက်ကြည့်လိုက်တယ်..
အားလုံးပေါင်းကဒေါ်လာ၁၅၀ဘီလျံဆိုတော့
၁,၃၀၀,၀၀၀,၀၀၀,၀၀၀ ကို ၁၅၀နဲ့ ထပ်မြောက်လိုက်ရော... ကိန်းဂဏန်းတွေ အရမ်းများသွားလို့ထင်တယ်
အမျိုးဘာသာဆိုတဲ့ အဖြေပဲ ထွက်လာတော့တယ်..

ကြောက်ခမန်းလိလိ ခိုးထားကြတဲ့ငွေတွေ
ဒီနိုင်ငံသားတွေကို သိန်းတစ်ရာတန် တိုက်ခန်းပေါင်း ၁၉ သန်းခွဲ ဆောက်ပေးလို့ ရတဲ့ငွေပမာဏ..
တစ်မိသားစုကိုလူလေးယောက်နဲ့တွက်ရင်
လူပေါင်း(ရ၈)သန်းကို
နေစရာတိုက်ခန်းပေးနိုင်တဲ့ပမာဏ..
သူတို့အခုလက်ညိုးထိုးနေကြတဲ့အနောက်တံခါးကို ပုရွက်ဆိတ်တောင် ဖြတ်ကူးလို့ မရအောင် ဆောက်နိုင်တဲ့ပမာဏ..
သူတို့အခုသိပ်ချစ်ပြနေတဲ့ ရခိုင်တွေကို
တစ်ယောက်ကို အိမ်တစ်လုံး ကားတစ်စီး
ပေးနိုင်တဲ့ပမာဏ..
Mig29တိုက်လေယာဉ်အစီးငါးထောင် ဝယ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့မလေးရှားကို အသံမထွက်ရဲအောင်လုပ်နိုင်တဲ့ပမာဏ..

ဒီလောက်များပြားတဲ့ပမာဏကို
လက်တစ်ဆုပ်စာလူတွေကပဲ
အာဏာအလွဲသုံးစားလုပ်ပြီး ခိုးဝှက်သွားကြတယ်..

အင်းပေါ့လေ ဒီလောက်တောင်ခိုးဝှက်ပြီးမှတော့
ဒီစည်းစိမ်တွေတည်မြဲဖို့အတွက်
အမျိုးဘာသာကိုချစ်ပြရတော့မယ်..
ဒီစည်းစိမ်တွေတည်မြဲဖို့အတွက်
တိုင်းပြည်မတည်ငြိမ်အောင်လုပ်ရတော့မယ်..
ဒီစည်းစိမ်တွေတည်မြဲဖို့အတွက်
တရားဥပဒေမဖြောင့်မတ်အောင်လုပ်ရတော့မယ်..
တရားဥပဒေဖြောင့်မတ်လာရင်
သူတို့ခိုးခဲ့တာတွေကရှော့ရှိနိုင်တယ်လေ..
တိုင်းပြည်မတည်ငြိမ်လေ
သူတို့စီးပွားတွေကတည်ငြိမ်လေပဲ..

တိုင်းပြည်မတည်ငြိမ်ဖို့အတွက်ကလည်း
လွယ်လွယ်လေးပါ..
(၁)အမျိုးဘာသာအော်ပြပြီးကုလားကိုလက်ညိုးထိုး
(၂)တရားဥပဒေနဲ့ပက်သက်တဲ့အဖွဲ့တွေမှာ
 စိတ်ကြိုက်လူတွေခန့်ထားလို့ရအောင်လုပ်..
အားလုံးအေးဆေး..

သူတို့အမျိုးဘာသာအော်ပြရုံနဲ့
စဉ်းစားဥာဏ်မရှိထောက်ခံနေကြမယ့်
နွားတစ်သိုက်ရှိနေတာသူတို့သိပြီးသား..
ဆွမ်းကပ်ပြရုံနဲ့
အမျိုးဘာသာသူရဲကောင်းထင်ကြမယ့်
နွားတစ်သိုက်ရှိနေတာသူတို့သိပြီးသား..

ဒီလိုတွေဖြစ်လာစေဖို့အတွက်
ဒါကျက်ဒါဖြေပညာရေးကို
နှစ်၂၀ကျော်အသက်သွင်းပြီးနွားမွေးတယ်..
ပြီးတော့ကုလားမွေးတယ်..

သူတို့ရဲ့နွားမွေးမြူ ရေးနဲ့ကုလားမွေးမြူ ရေးက အောင်မြင်တယ်
နွားနဲ့ ကုလားကို ရန်တိုက်ပေးထားတော့
သူတို့ရဲ့သားတော်မြေးတော်တွေကို
လုပ်ငန်းတွေ ချဲ့ထွင်ပေးဖို့
စိတ်အေးလက်အေး စဉ်းစားလို့ရတာပေါ့..
😊😊😊
         N Kham Aung

https://m.facebook.com/groups/1469898766620657?view=permalink&id=2206359189641274

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ချစ်ကြပြီပေါ့အမျိုးဘာသာ”

Post a Comment

Related Posts Plugin for WordPress, Blogger...