Friday, March 9, 2018

ပြည်​သူ့အစိုးရ အတွက်​အလွန်​စိုးရိမ်​မိတယ်​ ..

,
အန္တရာယ်ဇုံထဲကို ချဉ်းနင်းဝင်ရောက်နေသည့် NLD ပါတီ
=====================================
(၂၀၂၀) ရွေးကောက်ပွဲ နားနီးလာတာနဲ့အမျှ NLD ပါတီဟာအကြီးအကျယ် အလဲလဲအကွဲကွဲတွေနဲ့ အမှားတွေဖြစ်လာပြီး နိုင်ငံရေးအင်အားစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မူတွေလိုမျိုးတွေဖြစ်လာကြုံလာနေရတယ်။ အတိုက်ခိုက်တွေ၊အကျပ်အတည်းတွေ ဆိုက်လာ နေပါတယ်။
ဘာပဲပြောပြော ကျွန်တော်တို့ပြည်သူအများစုရဲ့ ရွေးကောက်တင်မြှောက်ထားတဲ့မျော်လင့်ချက်တွေ အပြည့်ရှိနေကြတဲ့ပါတီမို့ လူထုအတွက်ရော နိုင်ငံအတွက်ပါ အလွန်စိတ်မကောင်းစရာပါပဲ။
တကယ်တော့ ဘယ်သူမပြုမိမိမူလို့ပြောရမှာပါ၊
အခု NLD ရဲ့ဆုံးဖြတ်လုပ်ဆောင်မူတွေ အလွဲတွေအားလုံးဟာ အမှန်တတယ်တော့ ခေါင်းဆောင်တစ်ဦးထဲဆီကသာ ဆင်းသက်လာ ပေါ်ပေါက်လာတာတာပဲဖြစ်မှာအသေအချာပါ။
အဲဒီ့ခေါင်းဆောင်ကို အယုံသွင်းအကြံပေးနေသူကတော့ စစ်အာဏာရှင်ဟောင်းရဲ့ လူယုံတော်တချို့ပါပဲ။
လွန်ခဲ့တဲ့(၈)လ လောက်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို စစ်အာဏာရှင်ဟောင်းတွေဘက်က နိုင်ငံတကာထောက်ခံမူကင်းမဲ့အောင်လုပ်မယ်ဆိုတုံးက ဘယ်လိုမှ မဖြစ်နိုင်လောက်ပါဘူးလို့ ထင်ထားခဲ့ပေမယ့်၊ စစ်အာဏာရှင်ဟာ တဖက်က အာဏာသိမ်းတော့မယ် ဆိုတဲ့ခြောက်လှန့်မူ့နဲ့ ညှပ်ပြီး တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ဆန့်ကျင်လာအောင်၊နောက်ဆုံး အရှက်ရစရာဖြစ်အောင် အထိ အကြီးအကျယ်ကို ထိထိရောက်ရောက်ကို လုပ်ပြသွားနိုင်ခဲ့ပါတယ်။ ဆက်ပြီးတော့ ပြည်တွင်း ဒီမိုကရေစီအင်အားစုများနဲ့ကင်းကွာ ရန်ဖက် အသွင်ဖြစ်ရေး စီမံချက်ကိုဆက်လုပ်လာတာလည်း အတော့်ကိုထိရောက်အောင်မြင်နေပါပြီ။
တနေ့က ငြိမ်းစုစီပွဲမှာတော့ NLD အမတ်အားလုံးကငြိမ်းစုစီကိုပြင်ပြီး နိုင်ငံရေး အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့စည်းတွေနဲ့ ထိပ်တိုက်ပဋိပက္ခ အသွင်ဖြစ်ပြီး (NLD) ဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ဆန့်ကျင်သူအဖြစ် သရုပ်သကန် ဖြစ်လာအောင်တွန်းပို့နိုင်ခဲ့တယ်။ တပြိုက်နက်ထဲမှာပဲ စစ်တပ်နဲ့ ကြံခိုင်ရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ကာကွယ်သူများ အသွင်ကိုပုံဖော် ဖန်တီးပြ ပြီးစည်းရုံးသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့အာဏာရှင်ရဲ့အကြံပေးတွေဟာ သူတို့မွေးထားတဲ့ (မ.ဘ.သ) ကိုခြောက်လုံးတစ်ခုအဖြစ်ထိုးပြပြီး လိုရာချိုးကစားသွားနိုင်ခဲ့တယ်၊ တစ်ချိန်ထဲမှာပဲ
အဲ့အခြေနေကို အမိအရဆုတ်ကိုင်ပြီး စစ်တပ်နဲ့ကြံခိုင်ရေး ဟာ NLD ထက်ဒီမိုကရေစီ၊လူ့အခွင့်ရေးဖက်မှာ ရှိသယောင် သရုပ်ဖော်ပြလိုက်ပြန်တယ်။
NLD ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကနေ ကျောခိုင်းသွားပြီလို့ ဝါဒဖြန့်ချီမူတွေ ဆက်တိုက် လုပ်လာပါပြီ။ ဒါတွေအားလုံးဟာ အကွက်ကျကျ ကစားသွားတဲ့ စစ်အာဏာရှင်ရဲ့ ဗျူဟာချကစားကွက်တွေပါပဲ။
ဒါကို NLD တွေသတိရှိဖို့လိုပါပြီ။
ရှေ့လျှောက်အမြောက်အများ ဒီပုံအတိုင်းပဲ ဆက်လုပ်လာပါတော့မယ်။
NLD ခေါင်းဆောင်နဲ့ပါတီဝင် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး အမှားယွင်းတွေ ထပ်မဖြစ်ဖို့ သတိအရမ်းထား ရပါတော့မယ်။
တကယ်တော့ NLD ရဲ့မူဟာပြည်သူ့ကိုယ်စားပြုတဲ့မူ၊ ပြည်သူ့ဖက်၊ဒီမိုကရေစီဖက်ကပဲရပ်တည်တဲ့မူပဲဖြစ်သင့်ပါတယ်။
စစ်အာဏာရှင်ရဲ့ လှည့်စားဖျောင်းဖြမူ့၊ အကြံပေးမူတွေကို သွယ်ဝိုက်သောနည်းနဲ့ ဆက်ယူနေအုံးမယ်ဆိုရင်တော့ စစ်အာဏာရှင်အကြိုက် သမိုင်းဇတ်အဖြစ်နိဂုံးချုပ်သွားနိုင်မှာကို အလွန်စိုးရိမ်မိလို့ သံယောဇဉ်ကြီးစွာသတိပေးလိုက်ပါတယ်။
စစ်အာဏာရှင်ဟောင်းများ၏ သွယ်ဝိုက်တင်သွင်းနေသော ခြောက်လုံး၊မြှောက်လုံး အကြံပေးမူအလွဲများကို NLD ခေါင်းဆောင်များသတိကြီးစွာရှောင်ရှားပြီး၊ ပြည်သူနဲ့အတူ ရပ်တည်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သံယောဇဉ်ကြီးစွာဖြင့်။

#ဆန်နီ

https://m.facebook.com/story.php?story_fbid=2005998546322760&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ပြည်​သူ့အစိုးရ အတွက်​အလွန်​စိုးရိမ်​မိတယ်​ ..”

Post a Comment

Related Posts Plugin for WordPress, Blogger...