Thursday, February 8, 2018

လက္တို႔ၿပီးေတာ့ ေျပာလိုက္ခ်င္ပါတယ္

,
ကိုးကြယ္ယုံၾကည္မႈဆိုင္ရာ ဘာသာတရားနယ္ပယ္ထဲက
ပုဂၢိုလ္တဦးတေယာက္ဟာ လူ႕အဖြဲ႕အစည္းရဲ႕
သာမာန္စံႏႈန္းစံၫႊန္းေတြနဲ႕ေတာင္ မကိုက္ညီေတာ့ရင္ပဲျဖစ္ျဖစ္၊
ဘာသာတရားရဲ႕ ေစာင့္ထိန္းလိုက္နာရမယ့္ က်င့္ဝတ္သိကၡာေတြနဲ႕
မေလ်ာ္ညီေတာ့ရင္ပဲျဖစ္ျဖစ္ လူ႕အဖြဲ႕အစည္းထဲက
လူေတာ္ေတာ္မ်ားမ်ားဟာ သူ႕လမ္းသူသြားလိမ့္မယ္ ဆိုၿပီး
ကိုယ္နဲ႕မဆိုင္သလို မသိခ်င္ေယာင္ေဆာင္တတ္ၾကေလ့ရွိတယ္။
ဒါမွမဟုတ္ ဘယ္သူမေကာင္းေကာင္း ကိုယ္ ေကာင္းေအာင္ေန ဆိုၿပီး
ကိုယ္လြတ္႐ုန္းတတ္ေလ့ရွိၾကတယ္။ အလကားေန ငရဲဝင္မယူနဲ႕ ဆိုၿပီး
ေျခာက္သလိုလိုနဲ႕ လူမိုက္အားေပးလုပ္တတ္ၾကတယ္။ လမ္းမွန္ကမ္းမွန္
ျဖစ္ေစခ်င္တဲ့သူေတြကို အားယုတ္ေစေလ့ရွိၾကတယ္။
တကယ္ေတာ့ ဒါဟာ အေတာ္ေလးကို နားလည္ရခက္တဲ့
ျပႆနာတရပ္လို႔ ဆိုရမွာပါပဲ။ Double Standard ဆန္တဲ့
အယူအဆလို႔လည္း ေျပာလို႔ရတယ္။ လိုသလို ဆြဲယူတဲ့
အေတြးအေခၚမ်ိဳး ဆိုပါေတာ့။ ေသခ်ာစဥ္းစားၾကည့္ရင္
မသိခ်င္ေယာင္ေဆာင္လိုက္တာနဲ႕ ျပႆနာ ေျပလည္မသြားမွန္း သိသာပါတယ္။
အဲဒီလို မသိခ်င္ေယာင္ေဆာင္လို႔ပဲ အားလုံးကို ေပါင္းစုၿပီး
လက္ညွိုးထိုးလာတဲ့အခါ Collective Resposiblity ဆိုတဲ့
အစုအဖြဲ႕ဆိုင္ရာ ဝတၱရားကို မေစာင့္ထိန္းခဲ့နိုင္တာ၊
ကိုယ့္လူကိုယ္ မထိန္းနိုင္ေတာ့ တေလွလုံးပုပ္ျဖစ္ရတာေတြကေန
ေရွာင္လႊဲမရျဖစ္ကုန္တာပါပဲ။ ဒီလိုေျပာလို႔ ဘုန္းေတာ္ႀကီးေတြကိုပဲ ေ႐ြးေျပာတယ္
မထင္ေစလိုပါ။ Religion Institution တိုင္းကို ဆိုလိုပါတယ္။
ကိုအာရမ္က်မ္းစာထဲက ကိုယ္လိုတဲ့ က်မ္းပိုဒ္ေလးေတြေလာက္ကို
လိုရာဆြဲေဟာရင္း နိုင္ငံေရးၾသဇာထူေထာင္တဲ့ ဘာသာေရးဆရာေတြ၊
ကတ္သလစ္ဘုန္ေတာ္ႀကီးတခ်ိဳ႕က ကေလးသူငယ္ေတြကို
လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈမွာ ဝိုင္းဖုံးတာ ဖာတာေတြ
အားလုံး အက်ဳံးဝင္ပါတယ္။ ေသခ်ာတာကေတာ့
ကိုယ့္အဖြဲ႕အစည္းထဲေေ ဖာက္ျပန္က်ဴးလြန္သူကို
ကိုယ္ေတြ အေရးတယူမျပဳရင္
ကိုယ့္ဂုဏ္သိကၡာ အနည္းနဲ႕အမ်ား ထိခိုက္သလို
သူမ်ားေထာက္ျပရင္၊ သူတပါးက ဝင္အေရးယူရရင္
ပိုၿပီးေတာင္ မ်က္ႏွာပူစရာ၊ အရွက္ရစရာ ျဖစ္ပါလိမ့္မယ္။
အဲဒါေၾကာင့္ မသိခ်င္ေယာင္ေဆာင္တတ္တဲ့၊
ကိုယ္လြတ္႐ုန္းတတ္တဲ့၊ လမ္းမွန္ကမ္းမွန္ လုပ္ကိုင္လိုသူကို
အားယုတ္ေစတဲ့ အျပဳအမူ အေျပာအဆို အက်င့္အႀကံေတြကို
ေျပာင္းလဲသင့္ၿပီျဖစ္ေၾကာင္း လက္တို႔ၿပီးေတာ့ ေျပာလိုက္ခ်င္ပါတယ္။

#NyiNaung

ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားနယ်ပယ်ထဲက
ပုဂ္ဂိုလ်တဦးတယောက်ဟာ လူ့အဖွဲ့အစည်းရဲ့
သာမာန်စံနှုန်းစံညွှန်းတွေနဲ့တောင် မကိုက်ညီတော့ရင်ပဲဖြစ်ဖြစ်၊
ဘာသာတရားရဲ့ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်သိက္ခာတွေနဲ့
မလျော်ညီတော့ရင်ပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းထဲက
လူတော်တော်များများဟာ သူ့လမ်းသူသွားလိမ့်မယ် ဆိုပြီး
ကိုယ်နဲ့မဆိုင်သလို
မသိချင်ယောင်ဆောင်တတ်ကြလေ့ရှိတယ်။
ဒါမှမဟုတ် ဘယ်သူမကောင်းကောင်း ကိုယ် ကောင်းအောင်နေ ဆိုပြီး
ကိုယ်လွတ်ရုန်းတတ်လေ့ရှိကြတယ်။ အလကားနေ ငရဲဝင်မယူနဲ့ ဆိုပြီး
ခြောက်သလိုလိုနဲ့ လူမိုက်အားပေးလုပ်တတ်ကြတယ်။ လမ်းမှန်ကမ်းမှန်
ဖြစ်စေချင်တဲ့သူတွေကို အားယုတ်စေလေ့ရှိကြတယ်။
တကယ်တော့ ဒါဟာ အတော်လေးကို နားလည်ရခက်တဲ့
ပြဿနာတရပ်လို့ ဆိုရမှာပါပဲ။ Double Standard ဆန်တဲ့
အယူအဆလို့လည်း ပြောလို့ရတယ်။ လိုသလို ဆွဲယူတဲ့
အတွေးအခေါ်မျိုး ဆိုပါတော့။ သေချာစဉ်းစားကြည့်ရင်
မသိချင်ယောင်ဆောင်လိုက်တာနဲ့ ပြဿနာ ပြေလည်မသွားမှန်း သိသာပါတယ်။
အဲဒီလို မသိချင်ယောင်ဆောင်လို့ပဲ အားလုံးကို ပေါင်းစုပြီး
လက်ညှိုးထိုးလာတဲ့အခါ Collective Resposiblity ဆိုတဲ့
အစုအဖွဲ့ဆိုင်ရာ ဝတ္တရားကို မစောင့်ထိန်းခဲ့နိုင်တာ၊
ကိုယ့်လူကိုယ် မထိန်းနိုင်တော့ တလှေလုံးပုပ်ဖြစ်ရတာတွေကနေ ရှောင်လွှဲမရဖြစ်ကုန်တာပါပဲ။ ဒီလိုပြောလို့ ဘုန်းတော်ကြီးတွေကိုပဲ ရွေးပြောတယ် မထင်စေလိုပါ။
Religion Institution တိုင်းကို ဆိုလိုပါတယ်။
ကိုအာရမ်ကျမ်းစာထဲက ကိုယ်လိုတဲ့ ကျမ်းပိုဒ်လေးတွေလောက်ကို
လိုရာဆွဲဟောရင်းနိုင်ငံရေးသြဇာထူထောင်တဲ့ ဘာသာရေးဆရာတွေ၊
ကတ်သလစ်ဘုန်တော်ကြီးတချို့က ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ
ကျူးလွန်မှုမှာ ဝိုင်းဖုံးတာ ဖာတာတွေ အားလုံး အကျုံးဝင်ပါတယ်။
သေချာတာကတော့ ကိုယ့်အဖွဲ့အစည်းထဲက
ဖောက်ပြန်ကျူးလွန်သူကို ကိုယ်တွေ အရေးတယူမပြုရင်
ကိုယ့်ဂုဏ်သိက္ခာ အနည်းနဲ့အများ ထိခိုက်သလို
သူများထောက်ပြရင်၊ သူတပါးက ဝင်အရေးယူရရင်
ပိုပြီးတောင် မျက်နှာပူစရာ၊ အရှက်ရစရာ ဖြစ်ပါလိမ့်မယ်။
အဲဒါကြောင့် မသိချင်ယောင်ဆောင်တတ်တဲ့၊
ကိုယ်လွတ်ရုန်းတတ်တဲ့၊ လမ်းမှန်ကမ်းမှန် လုပ်ကိုင်လိုသူကို
အားယုတ်စေတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေကို
ပြောင်းလဲသင့်ပြီဖြစ်ကြောင်း လက်တို့ပြီးတော့ ပြောလိုက်ချင်ပါတယ်။

#NyiNaung

https://m.facebook.com/story.php?story_fbid=10155955279992348&id=612962347

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “လက္တို႔ၿပီးေတာ့ ေျပာလိုက္ခ်င္ပါတယ္”

Post a Comment

Related Posts Plugin for WordPress, Blogger...