Tuesday, January 9, 2018

ကချင်တိုင်းရင်းသား ခေါင်းဆောင်ရဲ့စကား ...

,
ကချင်လူမျိုးတွေကို ဗမာတွေဖိနှိပ်ထားတယ်လို့ပဲ ထင်နေကြတယ်။ ငါ အများကြီးစဉ်းစားဖူးတယ်။ ဗမာတွေကိုယ်တိုင်လည်း ဖိနှိပ်ခံရတာပဲ။

သေချာလေ့လာကြည့်ရင် ဗမာတွေ ငါတို့ကချင်ဝန်ပေါင်မျိုးနွယ်စုတွေကို ဖိနှိပ်နေတာမဟုတ်ဘူး။ ဗမာတွေမှာလည်း အများစုဖြစ်တဲ့ ဗမာပြည်သူတွေကို အုပ်ချုပ်သူတွေ ဖိနှိပ်တယ်။
ဖိနှိပ်တယ်ဆိုတဲ့နေရာမှာ အစိုးရဝန်ထမ်းထဲမှာလည်း အချင်းချင်းဖိနှိပ်တယ်။
ထိုထက်ပိုပြီး လက်နက်ကိုင်တဲ့စစ်တပ်ဟာ ပြင်းပြင်းထန်ထန် ဖိနှိပ်သူတွေဖြစ်တယ်။ ဗိုလ်မှူးအဆင့်အောက် အများစုဟာ ဖိနှိပ်ခံရသူတွေဖြစ်တယ်။ မတရားကို ဖိနှိပ်တာ။ နဲနဲလေးပဲ ဖိနှိပ်တာ မဟုတ်ဘူး။

ဒါတွေကို သေချာထောက်ပြပေးရင် ဖိနှိပ်ခံချင်းတူတဲ့
ငါတို့ (ဗမာ - ကချင်) ဟာ တစ်စိတ်တစ်သွေးထဲဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ငါတို့ဟာ ဒီသဘောတရားတွေကို နက်နက်နဲနဲမစဉ်းစားပဲ ဗမာကို ငါတို့ရဲ့ရန်သူလို့ ထင်နေကြတယ်။ ဗမာက ငါတို့ (ကချင်တွေ) ရဲ့ ရန်သူမဟုတ်ဘူး။
ဒီလိုပဲ ငါတို့ ဝန်ပေါင်မျိုးနွယ်စုတွေဟာလည်း ဗမာတွေရဲ့ ရန်သူမဟုတ်ဘူး။
ဒါတွေကို ခွဲခြားသိမြင်တတ်ရမယ်။

ဗမာဘုရင်တွေလက်ထက်မှာ အိမ်နီချင်းတိုင်းပြည်တွေနဲ့ အချင်းဖြစ်လာတဲ့အချိန်တွေမှာ
ငါတို့မြောက်ပိုင်းမှာရှိတဲ့မျိုးနွယ်စုတွေ ပါဝင်အားဖြည့်ပြီး အနိုင်ရခဲ့တဲ့သက်သေ သမိုင်းတွေ အများကြီးရှိတယ်။
ဖျောက်ဖျက်လို့မရဘူး။

အင်္ဂလိပ်ဝင်လာတဲ့ အချိန် ဂျပန်ဝင်လာတဲ့အချိန်မှာလည်း တိုက်ထုတ်ခဲ့ကြတယ်။ ငါတို့ ကချင်တွေတိုက်တယ်။ ဗမာတွေတိုက်တယ်။ အတူတိုက်တယ်။
နောက် ကူမင်တန်တရုတ်ဖြူတွေဝင်လာတာကိုလည်း အတူတိုက်ထုတ်ခဲ့တယ်။

ဒါကြောင့်မို့ ငါပြောတယ်။ ဗမာက ငါတို့ကချင်တွေရဲ့ ရန်သူမဟုတ်ဘူး။ ကချင်ဝန်ပေါင်ဟာလည်း ဗမာရဲ့ ရန်သူမဟုတ်ဘူး။
အတူနေ အတူစား အတူသွားလာပြီး လိုအပ်လာရင် တိုင်းပြည်ကို အတူကာကွယ်ကြသူတွေဖြစ်တယ်။
ဒါကြောင့် စည်းရုံးတတ်ရမယ် စည်းလုံးတတ်ရမယ်။

KIO ဥက္ကဌသစ် ဗိုလ်ချုပ်ကြီးအင်ဘန်လအောင်၏ ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့ မိန့်ခွန်းမှ ကောက်နုတ်သည်။

Jan Khone
Via: Wa Than Aung

ZN.H

https://m.facebook.com/story.php?story_fbid=377401989371975&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကချင်တိုင်းရင်းသား ခေါင်းဆောင်ရဲ့စကား ...”

Post a Comment

Related Posts Plugin for WordPress, Blogger...