Tuesday, December 25, 2018

ကာလီမာ မယ်တော် မဟုတ်သော်လည်း-

,
ဌေးလွင်ဦး ဆိုတာ လူသား တစ်ယောက်ပါ။ ကာလီမာ မယ်တော်လို လက် အများကြီး ရှိသူလည်း မဟုတ်ပါ။

ဂျင်နိုဆိုက် ရာဇ၀တ်ကောင်တွေကို အရေးယူမှု Process ကြီး တစ်ခုလုံးကို ဌေးလွင်ဦး ဆိုတဲ့ ကျွန်တော် တစ်ယောက်တည်းက လုပ်ခဲ့ပါတယ်၊ လုပ်နေပါတယ်လို့ ဘယ်စဉ်ကမှ မပြောခဲ့ဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ပြောရလောက်အောင်လည်း မရူးသွပ်ပေဘူး။

ကျွန်တော်တို့ ဘာလုပ်နေတယ် ဆိုတာ - လူထု သိအောင်တော့ အဖွဲ့ အစည်းတိုင်း လူပုဂ္ဂိုလ်တိုင်းက လူထုကို အသိပေးရပါမယ်။

တံတားဆောက်နေတဲ့ ဌာန တစ်ခုက တံတား တစ်စင်းကို ဘယ်နေ့မှာ ပြီးမယ် ဆိုတဲ့ ကတိကိုပဲ ပေးလိမ့်မယ်။ ဘယ်သူ့ကို ပန်းရံ၊ ဘယ်သူ့ကို လက်သမား၊ ဘယ်သူ့ကို သဲ သယ်၊ အုတ်ဖုတ် ဆိုတဲ့ အသေးစိတ်ကို ကတိပေးမှာ မဟုတ်ဘူး။ လိုလည်း မလိုအပ်ဘူး။

ရာဇ၀တ်ကောင်တွေကို ICC ကို ပို့မယ် ဆိုတဲ့ အလုပ်တစ်ခုပဲ ကျွန်တော်လုပ်တယ်။ ဒီ လုပ်ငန်းမှာ လုပ်နိုင်တဲ့ Advocacy ကြီးတွေ Policy Makers ကြီးတွေနဲ့ပဲ ကျွန်တော်တွဲလုပ်တယ်။ အလုပ်လုပ်နိုင်အား ရှိသူတွေနဲ့ တွဲလုပ်ရပါတယ်။ ကျွန်တော်သည်လည်း အုတ်တစ်ချပ် သဲ တစ်ပွင့် မျှပါ။

အခြား မည်သူ မည်ဝါတွေက ဘာမှ မလုပ်ဘူး။ ဘာလုပ်တယ် လို့ ကျွန်တော် တစ်ခါတစ်လေတောင်မျှ ယောင်လို့တောင် မပြောခဲ့ပါ။ လူတိုင်းက သူ့ကဏ္ဍနဲ့သူ လုပ်နေသူများ ဖြစ်ပါလိမ့်မယ်။ (ကိုယ့် အကြောင်း ကိုယ်ပဲ သိကြမှာပါ။)

သို့သော် - ကျွန်တော်နဲ့ ပတ်သက်ပြီး ဂျင်နိုဆိုက် ကျူးလွန်သူများဘက်က ပုတ်ခတ်စွပ်စွဲမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း မိတ်ဆွေများကိုယ်တိုင် သိနေခဲ့ပါတယ်။ ဒီ အတွက် ကျွန်တော်က "၂၀၁၈ ICC နှစ်" လို့ ကတိပေးခဲ့ပါတယ်။ သာမန် ဟန်ပြ ရေးခဲ့ခြင်း မဟုတ်ပါ။ ကျွန်တော် ကတိပေးနိုင်တယ် ဆိုတာ - တကယ် အလုပ်လုပ်သူများနဲ့ အလုပ်လုပ်နေတယ် ဆိုတာကို သက်သေပြခြင်းပါပဲ။ ဂျင်နိုဆိုက် တရားခံများကို တရားစွဲထားခြင်း အမှုကို ICC က (2018 ဧပြီလ ၉ ရက်နေ့ ကတည်းက) အမှုဖွင့်ထားပါပြီ။ မနာလိုသူတွေလား အစိုးရ အ၀ယ်ခံတွေလား - သူတို့ကတော့ ICC ဘာမှ မဖြစ်သေးဘူး လို့ လူထုကို ထပ် ဂျင်းထည့်ပါဦးမယ်။

ထပ်ပြောပါမယ်။ (ကတိပေးပါမယ်) ၂၀၁၉ နှစ်မှာ ကျွန်တော်တို့ လုပ်ငန်းစဉ် ၉၀% ပြီးစီးမယ်။ (၀ရမ်းထုတ်ခြင်း၊ Ad Hoc ခုံရုံးဖွဲ့ခြင်း၊ ဂျင်နိုဆိုက် ပြတိုက် လုပ်ငန်းစတင်ခြင်း --- -- မြန်မာဘက်က ထောက်ခံနေတဲ့ မြန်မာနဲ့ အနီးအနား နိုင်ငံတွေမှာ ဂျင်နိုဆိုက် ဆိုင်ရာ အထူးအစည်းအဝေးများ ဆောင်ရွက်ခြင်း-- စတာတွေပါဝင်ပါတယ်။)

ဌေးလွင်ဦး ကာလီမာ မယ်တော် မဟုတ်ပါ။ သို့သော် လူခွဲလုပ်ခြင်း အတတ်ကို ကျွမ်းကျင်ပါတယ်။ CRM ထဲက အမာခံတွေ အလုပ်လုပ်နေ ပါတယ်။ ဒါကြောင့်လဲ ကတိ ပေးနိုင်တာပါ။ (မယုံရင် စောင့်ကြည့်လိုက်ပါ။)

ပေါ်ပြူလာ ဖြစ်ချင်ပြီး Proposal နောက်ကို လိုက်တဲ့ ကောင်တွေ အတွက် ဟင်းစားလောက်တော့ ပေးနိုင်ပါမယ်။ ကွန်ချက် ပြပေးဘို့ မဖြစ်နိုင်ပါ။

မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Right Movement



https://m.facebook.com/story.php?story_fbid=2214300715501232&id=100007639748892

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကာလီမာ မယ်တော် မဟုတ်သော်လည်း-”

Post a Comment

Related Posts Plugin for WordPress, Blogger...