Monday, March 5, 2018

Hot ဖြစ်နေတဲ့ R2P နဲ့ ကျနော့် အမြင် အတွေးဆန္ဒ

,
၂၀၀၈ ခြေလျင်ရင်းမှူး သင်တန်းတက်တုန်းက ကျနော် R2P အကြောင်း ကျောင်းဆင်းစာတမ်းရေးဖို့ လုပ်နေချိန် သင်တန်းမှူးး
ဒုဗိုလ်မှူးကြီး ထွန်းထွန်းနောင်(ယခု ဒုတိယ ဗိုလ်ချုပ်ကြီး)က ကျနော် ရယူထားသော ဘွဲ့နဲ့သက်ဆိုင်တဲ့ စာတမ်းရေးဖို့
အကြံပေးလာပါတယ်

ရာသီဥတုကို အကျိုးရှိရှိ အသုံးချသွားတဲ့ ကမ္ဘာ့သမိုင်းဝင် နော်မန်ဒီ ကမ်းတက်တိုက်ပွဲအကြောင်း စစ်ရေးသုံးသပ်ရေးသား
ဖော်ပြခဲ့ပါတယ်

အဲ့ဒီတုန်းက အီရန် အီရတ် ဘက်ကဒက်ကလည်းသိပ် စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်

စာပေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် နည်းပညာပိုင်းလက်တွေ့လုပ်ဆောင်မှုအပိုင်းပဲ ဖြစ်ဖြစ်ကျနော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး
လေ့လာသူတွေထဲက လေ့လာအားကောင်းပြီး ထိုသူများထံက ကျနော် ပြန်လည်ဗဟုသုရစေသူများကတော့

ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ဒု သမ္မတ ၁)
ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
(ဗိုလ်မှူးကြီး ဝင်းလှိုင် ကကမ)
ဗိုလ်မှူးချုပ် သက်လွင်
ဗိုလ်မှူးကြီး မျိုးနိုင်(ရေး ၃ ရကတ)
ဗိုလ်မှူးကြီး မြင့်နိုင်

ပြည်ပနိုင်ငံမှာ
Gen. Anesta
Bri gen Paligoric
Mr. Bosko
Mr. Tan
Maj gen  Yu
Mr. Eii
Col .Chopra

မိုး/ဇလမှ
DG များဖြစ်ကြတဲ့
Dr. ဦးအုန်းမောင်
Dr. စံလှသော်
Dr. ဦးဌေးအောင်
Dr. ဦးထွန်းလွင်
ဆရာများဖြစ်တဲ့
ဦးပိုက်
ဦးကျော်ဇံ
ဦးရဲမြင့်
ဒေါ်ဖြူဦးခင်
ဦးချစ်ကျော်
ဦးဇင်အောင် တို့ဖြစ်ပါတယ်

R2P ~Responsibility to protectဆိုတာဟာ. . .

နိုင်ငံတစ်နိုင်ငံ၏အစိုးရသည် ပြည်သူများကိုအကာအကွယ်ပေးရန်အဓိကတာဝန်ရှိပြီးယင်းသို့ကာကွယ်ပေးနိုင်ခြင်းမရှိပါက
(သို့မဟုတ်)ကာကွယ်လိုခြင်းမရှိပါကနိုင်ငံတကာတွင်တာဝန်ရှိသည်ဆိုတဲ့အယူအဆဖြစ်ပါတယ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စစ်အင်အားသုံးပြီးနိုင်ငံတစ်နိုင်ငံကို R2P နဲ့အရေးယူလို့ရတာသည်

၁။  လူမျိုးတုံးသတ်ဖြတ်မှု  
၂။   စစ်ရာဇဝတ်မှုများ      
၃။   လူမျိုးစုသန့်စင်မှု      
၎။   လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုများဖြစ်ပါတယ်

R2P  အယူအဆကို ၂၀၀၅ ခုနှစ်မှာအတည်ပြုခဲ့ပြီး ဒီသဘောတူညီချက်အရ စစ်ရေးနဲ့ အရေးယူခဲ့ဖူးတဲ့နိုင်ငံတွေကတော့

၂၀၁၀ ပြည့်နှစ်မှာ ကို့ဒီဗွား နိုင်ငံ
၂၀၁၁ ခုနှစ်မှာ လစ်ဗျားနိုင်ငံ
တောင်ဆူဒန်  နဲ့ ယီမင်နိုင်ငံ
၂၀၁၂ ခုနှစ်မှာ ဆီးရီးယား
၂၀၁၃ ခုနှစ်မှာ စင်ထရယ်
အာဖရိကန် ရီပတ်ဘလစ်တို့ ဖြစ်ပါတယ်

R2P နဲ့ အရေးယူလို့ရနိုင်သည်အထိ အဆင့်သတ်မှတ်ချက်တွေရှိပါတယ်

ဒီလိုအရေးယူဖို့စောင့်ကြည့်တဲ့အဖွဲ့အစည်းသတ်မှတ်တဲ့အဖွဲ့အစည်းသည်အမေရိကန်နိုင်ငံက

Global Center for the Responsibility to Protect ဆိုတဲ့ အဖွဲ့ပဲဖြစ်ပါတယ်

အဆင့်အနေနဲ့ ၃ ဆင့်ရှိပါတယ်

၁။ များစွာစိုးရိမ်မှုရှိခြင်း
     Serious Concern     ( အဝါရောင်အဆင့်)
၂။ အန္တရာယ်ကျရောက်အံ့ ဆဲဆဲ
     Imminent Risk (လိမ္မော်ရောင်အဆင့်)
၃။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ
    ဖြစ်ပွားလျက်ရှိပြီး အရေးပေါ်အရေးယူရန်
   လိုအပ်နေခြင်း Current Crisis
   (အနီရောင်)အဆင့်ဖြစ်ပါတယ်

ကျနော်တို့နိုင်ငံကို R2P အရေးယူမယ်ပြောနေကြတယ်
ကန့်ကွက်သူတွေရှိသလို သဘောကျနေတဲ့ သူတွေရှိနေပါတယ်

ကိုယ့်နိုင်ငံထဲကိုနိုင်ငံတကာစစ်တပ်ဝင်လာခံရတဲ့နိုင်ငံတိုင်း တည်ငြိမ်သွားတဲ့နိုင်ငံအခုချိန်ထိမရှိသေးပါဘူး
ပိုမိုဆိုးဝါးချွတ်ခြုံကျသွားတာပဲရှိပါတယ်

ကျနော်တို့နိုင်ငံသားများအနေနဲ့ သတိပြု ဆင်ခြင်ရပါမယ် R2P ဝင်လာရင် နိုင်ငံအနေနဲ့ Fail State ဖြစ်လာမယ်

Fail State ဖြစ်ရင် လက်နက်ကိုင်တိုင်းရင်းသားတွေ လက်နက်စွန့်စရာမလိုတော့ဘူး

အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ DDR လမ်းစဉ်နဲ့သွားချင်တယ်
လက်နက်ကိုင်တွေဟာ SSR နဲ့သွားချင်တယ်

DDR ဆိုတာ Disarmament လက်နက်ဖြုတ်သိမ်းခြင်း Demobilizationတပ်အင်အားလျော့ချခြင်း(သို့) ဖျက်သိမ်းခြင်း

Reintegration တပ်ဖွဲ့ဝင်ဟောင်းတွေကို လူမှုစီးပွားဘဝပြန်လည်ပေါင်းစည်းစေခြင်းဒါတွေလုပ်ရမယ်

ဒီလိုအချက်တွေကြောင့်ငြိမ်းချမ်းရေးလုပ်ဖို့ ကြန့်ကြာရခြင်းဖြစ်တယ်

လက်နက်မဖြုတ်သိမ်းချင်ဘူး တပ်ကိုမဖျက်ချင်ဘူး ဒီတော့ တပ်ဖျက်စရာမလိုတဲ့ SSRနည်းကိုရွေးချယ်ချင်ပုံရတယ်

SSR က Security Sector Reform လုံခြုံရေးကဏ္ဍကို ပြန်လည်ဖွဲ့စည်းခြင်းမျိုးဖြစ်ပါတယ်

နိုင်ငံတစ်နိုင်ငံမှာ လုံခြုံရေးကျိုးပေါက်သွားပြီး လူမှုရေး စီးပွားရေး ပညာရေး အုပ်ချုပ်ရေးစီမံခန့်ခွဲရေး ကာကွယ်ရေး
အစရှိတာတွေဟာ Nation Security ရဲ့အောက်မှာရှိပါတယ်

ဒါတွေအလုပ်မလုပ်တော့ဘူး လည်ပတ်နေတဲ့ယန္တရားတွေရက်တန့်သွားပြီးနိုင်ငံဟာ Fail Stateဖြစ်သွားတဲ့အခါမှာ
Security Sector Reform လုပ်ရပါတယ်

လူမှုရေး စီးပွားရေး ပညာရေး အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ကာကွယ်ရေး ဒါတွေအားလုံးအသစ်ပြန်လည်ဖွဲ့စည်းပြုပြင်ရပါတယ်

လည်ပတ်နေတဲ့အနေအထားကနေ တစ်က ပြန်စရတာအလွန် ခက်ခဲပါတယ်

ပြည်ပ နိုင်ငံတကာတပ် မပြောပါနဲ့ ကိုယ့်ပြည်တွင်းမငြိမ်း မချမ်းဖြစ်တဲ့နေရာတွေ ကြည့်ပြီးသင်ခန်းစာ ယူသင့်ပါတယ်

ပုံမှန်လည်ပတ်စားသောက်နေရင်းကနေ အကြောင်းတစ်ခုခုကြောင့် ရေ မီး စားသောက်ဖွယ်
လမ်းပန်း ဆက်သွယ်ရေးပြတ်လပ်ကြည့် အားလုံး စိုးရိမ်နေကြတာပါ

ခုချိန်မှာ ဘယ်သူက ဘယ်ပါတီ ဘယ်သူက ဘယ်ကဆိုတဲ့ အယူအဆထက် ကျနော်တို့ လူမျိုးအားလုံး
သွေးစည်း ညီညွှတ်ဖို့လိုပါတယ်

မိသားစုအချင်းချင်းတောင် တစ်ခါ တစ်လေ စိတ်ဝမ်းကွဲနေသေးတာ နိုင်ငံအုပ်ချုပ်
မင်းလုပ်နေသူတွေကိုလည်း တစ်ဦး တစ်ယောက်ချင်းက ကိုယ် ဘာစွမ်းဆောင်နိုင်သလဲဆိုတာမျိုး ဖြစ်စေချင်ပါတယ်

ကျနော်ကတော့ ဒေသ တစ်ခုရဲ့လူနေမှု အခြေတင့်စေဖို့ လက်တွေ့ ကျကျ လုပ်ပြနိုင်ပါတယ်

ကလေးတွေ(မည်သည့် အတန်းမဆို) ပညာရေး တိုးတတ်ဖို့ ဒါသင် ဒါကျက် ဆိုတာထက် Ways of thinking နဲ့
တစ်ထိုင်တည်း စာရအောင် စာမကြောက်အောင်တွေးခေါ်စဉ်းစား ဆင်ခြင်တတ်အောင် လုပ်ပေးနိုင်ပါတယ်

ဘဝ နေနည်းထဲက ရှိတာနဲ့ ချွေတာရောင့်ရဲ့ စနစ်တကျ သုံးစွဲတတ်ဖို့ ကိုယ်တိုင်စိုက် ပျိုးပြီး
ဘဝကို ထိန်းကျောင်းတတ်ဖို့ လက်တွေ့ လုပ်ပြနိုင်ပါတယ်

ပြောမှာပေါ့ မင်းက မြေရှိတာကိုးဆိုတာမျိုး ကြပ်တီးမြေမှာတောင် အိတ်နဲ့ ဖြစ်အောင်စိုက် ဝင်ငွေရအောင် ရှာဖူးပါတယ်

သဘာဝသံယံဇာတ ပေါကြွယ်ဝတဲ့ ကျနော်တို့ မြန်မာနိုင်ငံကို မျက်စိ ကျနေကြမှာပါ
အကျိုးရှိရှိအသုံးချတတ်ဖို့ပဲ လိုပါတယ်  နောက်ဆုံးတော့အားလုံး ထားခဲ့ရမှာပါ

ဖြတ်သန်းစဉ်ကာလများမှာတော့ အမုန်းမပွား ဖြူစင်စိတ်ထားကာ အမြင်ကျဉ်းမှုဖယ်အားလုံး အေးချမ်းသာယာဖို့
တွဲလက်တွေ ရှေ့ဆက်ကြပါစို့လားဗျာ

https://m.facebook.com/story.php?story_fbid=856513934517532&id=100004767999855

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ Hot ဖြစ်နေတဲ့ R2P နဲ့ ကျနော့် အမြင် အတွေးဆန္ဒ”

Post a Comment

Related Posts Plugin for WordPress, Blogger...