Tuesday, July 24, 2018

အ​နော်​ရထာဆိုတာ...၂

,
စွန်​ညာသရမ်းခြင်းအနုပညာ.....
တွင်းသင်းရာဇ၀င်​သစ်​အလိုအရမြန်​မာသက္ကရာဇ်​၄၂၆(​အေဒီ၁၀၆၄) ကျန်​စစ်​သားမင်းနန်းတက်​ချိန်​မှာသူ့အသက်​က ၃၃နှစ်​ရှိပါပြီ။ဒါ​ကြောင့်အ​နော်​ရထာမင်းနန်းသက်​၁၄နှစ်​​ရောက်​တဲ့သက္ကရာဇ်​၃၉၃ခုနှစ်​မှာ သူ့ကို​မွေးတာပါ။နန်းတက်​ခါစ အစ်​ကိုတစ်​၀မ်းကွဲစုက္က​တေးကိုသတ်​ပြီးလို့​နောင်​တကြီးစွာရတယ်​ဆိုတဲ့အ​နော်​ရထာဟာ နန်းသက်​၁၃နှစ်​အရမှာ...​မြောက်​အရပ်​၌ မင်း​လောင်းပဋိသ​န္ဓေ​နေသည်​.....ဆိုတဲ့ဟူးရား​တွေရဲ့ စကား​ကြောင့် ကိုယ်​၀န်​​ဆောင်​မိခင်​၇၀၀၀ ကိုသတ်​လိုက်​တယ်​။မ​သေ​ချေ​သေး ဖွားပြီလို့ဟူးရား​တွေက ​လျှောက်​ပြန်​တာ​ကြောင့်နို့စို့အရွယ်​က​လေးငယ်​ ၆၀၀၀ ​ကျော်​ကို​နောက်​တစ်​နှစ်​မှာသတ်​လိုက်​တယ်​။မ​သေ​ချေ​သေး နွား​ကျောင်းအရွယ်​​ရောက်​ပြီဆိုလို့ ​နောက်​ထပ်​၁၀နှစ်​ခန့်​အကြာမှာ နွား​ကျောင်းအရွယ်​သူငယ်​၅၀၀၀​ကျော်​ကိုသတ်​လိုက်​တယ်​။ဒီအ​ကြောင်းကိုရာဇ၀င်​ကြီး၃​စောင်​စလုံးမှာ တစ်​ညီတစ်​ညွတ်​တည်း​ဖော်​ပြထားကြတာပါ။တစ်​စုံတစ်​​ယောက်​က ဒါ​တော့ယုတ္တိမရှိဘူး သတ်​တဲ့အ​ရေအတွက်​များလွန်းတယ်​လို့​ပြောလာရင်​လည်းငြင်းစရာမရှိဘူး။ဘာလို့ဆို​တော့ပုဂံရာဇ၀င်​မှာ ဘာမဆိုအ​ရေအတွက်​ပိုလျှံ​နေတာ​လေ့လာရင်​သိကြမှာပါ။ဒါ​ကြောင့်လည်း အ​နောက်​တိုင်း သမိုင်းဆရာ​တွေက မြန်​မာရာဇ၀င်​ဆရာ​တွေကို သုံးည တစ်​လုံး ပို၍​ရေးတတ်​သည်​လို့သ​ရော်​ခဲ့ဖူးတာ Final Part2 ​ကျောင်းသားဘ၀ကတည်းကကြားဖူးထားတယ်​။ဒါ​ပေမဲ့ အဲဒီလိုလူမဆန်​တဲ့ ရက်​စက်​ကြမ်းကြုတ်​တဲ့ လုပ်​ရပ်​မျိုး အ​နော်​ရထာလို သာသနာပြု မင်းက လုပ်​မှာမဟုတ်​ဘူးလို့​ပြောဖို့ဘာအ​ထောက်​ထားမှရှာမရ​သေးလို့ ဒီအတိုင်းပဲလက်​ခံထားရမှာပါ။အာဏာရှင်​ဆိုတာ အစုလိုက်​အပြုံလိုက်​သတ်​ရဲတယ်​ဆိုတဲ့ ဒီလူမျိုး ဒီဘာသာဝင်​ထဲကပဲဖြစ်​တဲ့ လတ်​တ​လော အ​ထောက်​ထားကြီးတစ်​ချို့က​တော့ ငုပ်​တုတ်​ အသက်​ရှင်​လျက်​ကျန်​​နေဆဲဆိုတာခင်​ဗျားတို့မြင်​ကြမယ်​ထင်​ပါတယ်​။ဒါ​ကြောင့် အ​နော်​ရထာဟာ ဟစ်​တလာတို့ ပို​ပေါ့တို့​လောက်​က ​ဟျောင့်​ဒွေ မင်းတို့​လောက်​က ငါသနားတယ်​လို့​ပြောရ​လောက်​​အောင်​ ထူးချွန်​ခဲ့သူဖြစ်​တယ်​လို့ခံယူပြီး ဂုဏ်​ယူကြပါလို့ ဦးစွာ​တိုက်​တွန်း​ပြောကြားလိုပါတယ်​။

ပြော​နေတဲ့အ​ကြောင်းကိုဆက်​ရရင်​ ​နော်​ရထာ့အ​ဖေ
ရဟန်း ကွမ်း​ဆော်​မင်းရဲ့ လမ်းညွှန်​ချက်​ကို မဟာရာဇ၀င်​ကြီး​တွေမှာ​ဖော်​ပြထားတာက
.......ပုပ္ပါးအရပ်​၌ အလုံးအရင်းများ​အောင်​ ဆည်းပူး​လေ။အင်​အားနဲ့ပြည့်စုံမှအ​မောင့်​နောင်​​တော်​ကို လုပ်​ကြံ​လေ....လို့ဆိုတယ်​။တစ်​စုံတစ်​​ယောက်​က ဒါ​တော့မဖြစ်​နိုင်​ဘူး။ရဟန်းတစ်​ပါးအ​နေနဲ့လူသတ်​လုပ်​ကြံမှုကိုအား​ပေးမယ်​မထင်​ဘူးလို့ဆိုလာရင်​မျက်​​မှောက်​​ခေတ်​၀ီရသူတို့၊ ​ကျေးကုလား​တွေကိုသတ်​ခွင့်ရှိ​ကြောင်း​ဟောခဲ့တဲ့မဟာပညာရှိကတုံး​တွေကိုလက်​ညိုးထိုးပြလိုက်​ရုံပဲ။သမိုင်းဆိုတာ ​မော်​ကွန်းဖြစ်​သွားပြီဖြစ်​တဲ့နိုင်​ငံ​ရေးပါ။သမိုင်းဟာ ဘယ်​ကလာပြီး ဘယ်​ကိုသွားမယ်​ဆိုတာကိုညွှန်​ပြတတ်​တယ်​။လက်​နက်​ကိုင်​သင့်ရင်​လည်​ကိုင်​ရမယ်​လို့ အတိအလင်း​ပြောကြားတဲ့သံဃာ​တွေယ​နေ့ကျ​နော်​တို့နိုင်​ငံမှာအများကြီးပါ။အဲ​တော့ာဒီလူမျိုးထဲကပဲဖြစ်​တဲ့ ဒီအရပ်​​ဒေသထွက်​လူသား​တွေပဲဖြစ်​တဲ့ လွန်​ခဲ့တဲ့ နှစ်​ပေါင်း၁၀၀၀​လောက်​က ကွမ်း​ဆော်​မင်း ဒီပုံစံကျင့်သုံးမယ်​ဆိုတာသံသယ၀င်​စရာမရှိ​လောက်​​အောင်​ယုတ္တိရှိ​နေပါတယ်​။မှတ်​ထား သမိုင်းဆိုတာဒီလို​ရေးရတယ်​။နောက်​တစ်​ချက်​က အ​ဖေရဟန်းကိုယ်​တိုင်​အဲဒီလိုလမ်းညွှန်​လိုက်​လို့ ​ကျေးဇူးသိတတ်​တဲ့သားအ​နော်​ရထာအာဏာရသွားပြီးတဲ့အခါ သူ့အ​ဖေကွမ်း​ဆော်​မင်းကို ​ကျောင်းသင်္ခမ်းမှာ မယား​တွေနဲ့ပြည့်စုံစွာထား​ကြောင်းမဟာရာဇ၀င်​မှာ​ဖော်​ပြထားတယ်​။

သာသနာကိုသန့်​စင်​တဲ့သာသနာပြုမင်းက သူ့အ​ဖေကတုံးကို မယား​တွေနဲ့​ကျောင်းသင်္ခမ်းမှာထား​နေတာပါ။ဘယ်​လိုသာသနာကိုသန့်​စင်​တယ်​​တော့မသိဘူး။ဗမာ​တွေပါးစပ်​ထဲမှာ​တော့ အ​နော်​ရထာမရှိရင်​သာသနာမရှိဘူးလို့ဆို​နေ​တော့တာပဲ။သမိုင်းအ​ထောက်​ထားအရ အ​နော်​ရထာရဲ့ သာသနာသန့်​စင်​​ရေး​ဆောင်​ရွက်​ချက်​ဆိုတာ ​လေဖမ်းဒန်းစီး​နေတာထက်​မပိုဘူး။တကယ်​တမ်းလက်​ဆုတ်​လက်​ကိုင်​ပြနိုင်​တဲ့သာသနာ​ရေးသန့်စင်​​ရေး​ဆောင်​ရွက်​ချက်​ဆိုတာ ဓမ္မ​စေတီမင်းရဲ့ ​ဆောင်​ရွက်​ချက်​ပဲရှိတယ်​။

အဲ​တော့​ ပုဂံ​နေပြည်​​တော်​ရဲ့ အ​ရှေ့​တောင်​ဘက်​နားကပ်​ပြီးတည်​ရှိ​နေတဲ့ပုပ္ပါး​တောင်​ရဲ့ အ​နောက်​​ဘက်ေ​တာင်​​ခြေအထိဆိုရင်​ ​ကျေးရွာ​တွေ လယ်​ကွင်း​တွေနဲ့လွင်​ပြင်​ကြီးဖြစ်​​နေ
ပြီးကီလိုမီတာ ၄၀​လောက်​သွားရုံနဲ့​ရောက်​ပါတယ်​။အ​ထွေ​ထွေလမ်းခရီးဆိုင်​ရာအခက်​ခဲနဲ့အတားအဆီးကိုထည့်စဉ်းစားပြီးတွက်​ရင်​ တစ်​နာရီ၆ကီလိုမီတာနှုန်းနဲ့ ခရီးရှည်​ချီ ​ခြေလျင်​စစ်​သည်​အဖို့ ​နေ့တစ်​၀က်​ခရီးပဲရှိမယ်​။အဲ​တော့ ဗျတ္တ လို မာရသွန်​ချန်​ပီယံဆိုရင်​ ပုဂံ-ပုပ္ပါးအသွားအပြန်​ တစ်​​ခေါက်​ဆိုတာ​ပြောပ​လောက်​တဲ့ခရီးမဟုတ်​​ကြောင်းအတည်​ပြု လို့ရပြီ။ဘာမှသိပ်​အံ့သြစရာမရှိဘူး။ဒါ​ပေမဲ့ ရာဇ၀င်​ကြီးမှာပါသလို တစ်​​နေ့ဆယ်​​ခေါက်​​ရောက်​တယ်​ဆိုတာက​တော့ဗျတ္တကို ​ဇော်​ဂျီဖိုဝင်​သားစားမိတဲ့ တန်​ခိုးရှင်​ စွမ်းအားရှင်​အဖြစ်​မြင်​​စေချင်​လို့ ပုဂံရာဇ၀င်​​ဟောင်းမှာအမွှန်းတင်​ထားတာသာဖြစ်​​ကြောင်းသိသာ​နေပါတယ်​။

တကယ်​​တော့ပုပ္ပါး​တောင်​ဆိုတာ ပဲခူးရိုးမနဲ့တစ်​ဆက်​တည်းရှိ​နေတဲ့​မြောက်​ဖျားက​တောင်​ထိပ်​တစ်​ခုပါ။ဒါ​ပေမဲ့ ပဲခူးရိုးမရဲ့ ​ကျောရိုး တစ်​​လျှောက်​ ​တောင်​ထွတ်​​တွေရဲ့ ပျဉ်းမျှအမြင့်နဲ့ယှဉ်​ရင်​ ပင်​လယ်​​ရေမျက်​နှာပြင်​အထက်​ မီတာ၁၅၀၀(​ပေ၅၀၀၀ခန့်​)ထိုးတက်​​နေတဲ့မီး​တောင်​​ဟောင်းကြီးရဲ့ ထိပ်​ဖျားပိုင်းဖြစ်​တယ်​။တောင်​ထိပ်​ဖျားကိုအဲဒီအမြင့်​ရောက်​​အောင်​တွန်းတင်​​ပေးဖို့ ​ပေါက်​ကွဲချိန်​မှာကြွတက်​လာတဲ့မီး​တောင်​ရဲ့ ​အောက်​​ခြေ​ကျောက်​သားဟာ အ​နောက်​ဘက်​မှာမဟုတ်​ဘဲအ​ရှေ့ ဘက်​မှာထုနဲ့ထည်​နဲ့ရှိ​နေတာပါ။ပုပ္ပါးအ​ရှေ့ ဘက်​​တောင်​​ခြေဆိုတာ မိတ္ထီလာကန်​ကြီး​ရောက်​လုနီးနီးအထိပါပဲ။ဟိုဘက်​​ခေတ်​တုန်းက အဲဒီပုပ္ပါးရဲ့ ​အ​ရှေ့ ဘက်​ နယ်​​မြေကြီးမှာ နှစ်​​ပေါင်း​သောင်းချီပြီးသက်​တမ်းရှိတဲ့သဘာဝ​တောအုပ်​ကြီးဖုံး​နေမှာ​သေချာတယ်​။အဲ​တော့ အ​နော်​ရထာလူပျို​ပေါက်​နဲ့​နောက်​ပါတစ်​သိုက်​ဟာ ပုပ္ပါးကို​မြောက်​ဘက်​ကပန်းပြီး အ​ရှေ့ ထဲအထိအ​ရောက်​သွားခဲ့ကြပါလိမ့်မယ်​။

အ​ရှေ့ ဘက်​​တောင်​​ခြေ​တောနက်​ကြီးရဲ့ အကာအကွယ်​​အောက်​မှာအ​ခြေချပြီးမိတ္ထီလာ၊သာစည်​၊​ညောင်​ရမ်း(မှတ်​ချက်​။ဟို​ခေတ်​က ဘာမြို့မှမရှိ​သေးဘူး။)၀န်းကျင်​တစ်​၀ိုက်​မှာစတင်​စည်းရုံးလှုပ်​ရှားခဲ့ကြတယ်​ဆိုရင်​ အဖြစ်​မှန်​နဲ့အနီးစပ်​ဆုံးပဲ။အဲဒီအချိန်​ ​(​အေဒီ၁၀၂၅၀န်းကျင်​)က စတွက်​ရင်​ လွန်​ခဲ့တဲ့နှစ်​​ပေါင်း၁၆၀​ကျော်​ကတည်းကပျဉ်​ပြားမင်းစတင်​တည်​​ထောင်​လို့ စုက္က​တေးလက်​ထက်​မင်း၈ဆက်​​ရောက်​​နေပြီဖြစ်​တဲ့ပုဂံနိုင်​ငံငယ်​ဟာ မန္တ​လေးတိုင်းတစ်​ခွင်​နဲ့ဧရာဝတီ-ချင်းတွင်းမြစ်​ဆုံရဲ့ ​မြောက်​ဘက်​ စစ်​ကိုင်း၊မုံရွာဝန်းကျင်​​လောက်​အထိ​တော့ပြိုင်​ဘက်​မရှိသြဇာသက်​​ရောက်​စိုးမိုးထားနိုင်​မှာပါ။ဒါ​ပေမဲ့ ​နေပြည်​​တော်​တည်​​နေရာဟာဧရာဝတီမြစ်​ကမ်းနဖူးဖြစ်​​နေတဲ့အ​ကြောင်းအရင်းကိုက ဆက်​သွယ်​​ရေးအတွက်​ သဘာဝအ​ဝေး​ပြေးလမ်းမကြီးဧရာဝတီမြစ်​ကိုသာ အဓိကအားပြုခဲ့ရ​ကြောင်းခိုင်​လုံတဲ့အ​ထောက်​ထားဖြစ်​​နေပါပြီ။မြန်​မာ့သမိုင်းမှာ အင်္ဂလိပ်​၀င်​မလာခင်​အချိန်​ထိ အ​ဝေး​ပြေးလမ်း​ဖောက်​ရမယ့်အသိတရားမရှိခဲ့လို့ ​ခေတ်​အဆက်​ဆက်​ သဘာဝဟိုက်​​ဝေးလမ်းမကြီး​တွေဖြစ်​တဲ့ ​မြစ်​ကြီး​တွေကိုပဲအားပြု ခဲ့ကြရတာမဟုတ်​လား။ဒါတင်​မက​သေးဘူး ​ရှေးဗမာမင်းအဆက်​ဆက်​လက်​ထက်​က ကိုယ့်တိုင်းပြည်​အကျယ်​အ၀န်းသိခဲ့တာမဟုတ်​ဘူး။ဧရိယာကိုသိဖို့မ​ပြောနဲ့ ​နေပြည်​​တော်​နဲ့အခြားအ​ရေးပါတဲ့
 မြို့ပြအသီးသီးရဲ့ အကွာအ​ဝေး၊အတိုင်းအတာ​ဖော်​ပြထားတာ ဘယ်​​ခေတ်​ကမှတ်​တမ်းမှာမှ မရှိခဲ့ဖူးဘူး။ဒါ​ပေမဲ့ အားလုံးက​​ရော​ယောင်​ပြီးဒီပ​ဒေသရာဇ်​​ခေတ်​ကိုလွမ်း​နေကြတုန်းပဲ။

အ​ကြောင်းတိုက်​ဆိုင်​လို့ ပုဂံရာဇ၀င်​ရဲ့ အားနည်းချက်​ကိုအနည်းငယ်​တင်​ပြပါရ​စေ။အလွန်​တရာယုတ္တိမတန်​​အောင်​ချီးပင့်ကြတဲ့​နေရာမှာ​ရှေးမြန်​မာ​တွေသိပ်​အားသန်​တာ​တွေ့ရတယ်​။အ​နော်​ရထာကို သိကြားမင်းဆက်​တဲ့လက်​နက်​နဲ့ဘုန်းရှင်​ဖြစ်​​ကြောင်း ​ပေါ်လွင်​​အောင်​ချီးပင့်ဖို့လိုတဲ့အတွက်​ သူ့​လှေတပ်​မှာ ကတ္တူ၊လွန်းကြင်​၄သိန်း၊​လှော်​ကား​ကြော့​လှေ၎သိန်းရှိ​ကြောင်း၊ကုန်း​ဘောင်​ရာဇ၀င်​က အ​နော်​ရထာမှာဆင်​ဖြူ  ၃၇စီး၊ဆင်​မည်း၈သိန်း၊​လှေ၈သိန်း၊မြင်း၈သန်း​၊​ခြေသည်​၁၈ကု​ဋေ အင်​အားပိုင်​ဆိုင်​​ကြောင်း ဦးကုလားမှာပါတဲ့အတိုင်းကူးတာပဲ။ဦးကုလားကလည်း ​ရှေး​ရေးပုဂံရာဇ၀င်​စာအုပ်​​တွေကအတိုင်း မပြုပြင်​ဘဲကူးတယ်​။မပြုပြင်​ဘူးဆိုကတည်းက အဲဒီအ​ရေအတွက်​ကို ပထ၀ီအ​ပေါ်ချကြည့်​ပြီး သချာင်္နည်းနဲ့စီစစ်​တာမျိုးမလုပ်​ဘူးဆိုတာ ထင်​ရှား​နေတာပါပဲ။အဲဒီထက်​ဆိုးတာက သချင်္ာနဲ့ပထ၀ီကို မသိဘူး မတတ်​ဘူးဆိုတာလည်း ​ပေါ်လွင်​​နေတယ်​။ဒီ​နေ့​ခေတ်​အထိ ဒါလည်း နှိုင်းယှဉ်​ကြည့်လို့ရ​နေဆဲပါ။လူတစ်​​ယောက်​ကိုတစ်​ချိန်​တည်းမှာ ဘာသာ​ရေး​ခေါင်း​ဆောင်​၊နိုင်​ငံ​ရေး​ခေါင်း​ဆောင်​၊လူမှု​ရေး​ခေါင်း​ဆောင်​၊ဘ၀ရှင်​၊​ရေ​မြေ့ ရှင်​၊လုပ်​တာအားမရလို့ တန်​ခိုးရှင်​အထိ ဆွဲယူခဲ့ကြတာပါ။

ဒီလုပ်​ရပ်​ကအတိတ်​မှာကျန်​ခဲ့ပြီဆို​ပေမဲ့ အဲဒီပ​ဒေသရာဇ်​​တွေနဲ့ ဘမျိုးဘိုးတူစစ်​အာဏာရှင်​​တွေက ပြန်​ယူလာတာ​ကြောင့်၂၁ရာစု​ရောက်​တဲ့အထိ ပ​ဒေသရာဇ်​ကို မဟာကယ်​တင်​ရှင်​များအဖြစ်​ ဘွဲ့ရ​ရောဘွဲ့မရ​တဲ့လူထု​ရောအားလုံးထင်​မှတ်​မှား​နေကြတာဖြစ်​တယ်​။ပ​ဒေသရာဇ်​ဆိုတဲ့​ဝေါဟာရကိုယ်​၌ကရှင်းတယ်​။ပ​ဒေသရာဇ်​မှာ အမျိုးသားစိတ်​မရှိဘူး။သူ့စည်းစိမ်​ကိုကာကွယ်​မယ်​ ​စောင့်​ရှောက်​မယ်​ဆိုရင်​ ဘယ်​လူမျိုး ဘယ်​ဘာသာဝင်​ပဲဖြစ်​ဖြစ်​ သူချီးမြင့်​မြှောက်​စားတယ်​။ဒါ​ပေမဲ့ သူ့စည်းစိမ်​ကိုလုပြီးလို့ထင်​ရရင်​​တော့ သား​တောင်​မချန်​ဘူးသတ်​​တော့တာပဲ။ဒါပ​ဒေသရာဇ်​ဆိုတဲ့​ဝေါဟာရရဲ့ ခက်ဆစ်​ပဲ။ဥပမာပြရရင်​ ပုဂံရာဇ၀င်​မှာ မင်း​လောင်း​ပေါ်တယ်​ဆိုလို့ က​လေးဘယ်​နှစ်​​ယောက်​ကိုသတ်​လိုက်​​ကြောင်း ​ဖော်​ပြထားတယ်​။သာမ​ဏေကျန်​စစ်​ကိုမင်း​လောင်းမှန်းသိသွားတဲ့အခါ ဟူးရား​တွေက...... အရှင်​မင်းကြီး ​နောက်​တစ်​ဆက်​လွန်​မှဖြစ်​မယ့်သူပါ .....လို့ ​လျှောက်​​တော့ ဗမာတို့ရဲ့ သာသနာပြု မင်းမြတ်​အ​ကောင်းစားကြီး၊ပ​ဒေသရာဇ်​ကြီး အ​နော်​ရထာ​ပြောတဲ့စကား​လေး ဦးကုလားမှာ
......သင်​တို့ငါ့အားခုမှ​လျှောက်​​လေသည်​။များစွာ​သောသတ္တ၀ါတို့ကိုသတ်​မိပြီ။ငါ့​နောက်​တစ်​ဆက်​လွန်​မှကို​ခွေးပင်​ပြုလိုပြု ၀က်​ပင်​ပြုလိုပြု .........ဆိုတဲ့စကားလုံးအတိုင်းပါပဲ။
ငါ့​နောက်​မှာ​ခွေးလုပ်​လုပ်​၀က်​လုပ်​လုပ်​ငါ့​​သောက်​လုပ်​မဟုတ်​။အဓိကငါ့စည်းစိမ်​ဟာ အသက်​နဲ့တကွမြဲ​နေဖို့သာလိုတယ်​ လို့ခပ်​ရှင်းရှင်း​ပြော​နေတာပါပဲ။ပ​ဒေသရာဇ်​​ကြေငြာစာတမ်းဆိုတာ ဒါပဲ။

ဆက်​ပါဦးမည်​။



https://m.facebook.com/story.php?story_fbid=145334499679365&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အ​နော်​ရထာဆိုတာ...၂”

Post a Comment

Related Posts Plugin for WordPress, Blogger...