Friday, May 10, 2019

မြန်​မာ့ဒုတိယအင်​ပါယာ.....၂

,
အဲလို ကိုယ်​ရည်​ကိုယ်​​သွေးညံ့ဖျင်းတဲ့သုရှင်​တကာ
ရွတ်​ပိ လက်​​အောက်​မှာ မြို့ရွာ​တွေအ​နေနဲ့ ကျီးလန့်​စာ
စားဘ၀နဲ့ဘယ်​သူကများစွဲစွဲမြဲမြဲရပ်​တည်​ချင်​မှာတဲ့လဲ။
အေဒီ၁၅၃၂က​နေ ၁၅၃၈အထိစုစု​ပေါင်း၆နှစ်​အဲဒီလို
စစ်​ရိပ်​စစ်​​ငွေ့သမ်း​နေတဲ့မတည်​မငြိမ်​ကာလအတွင်း
စစ်​​တောင်းမြစ်​ကိုဖြတ်​​ကျော်​ပြီးလုံခြုံမယ်​ထင်​တဲ့
အ​ရှေ့ ဘက်​ကို​ပြောင်း​ပြေးသူဘယ်​​လောက်​များသွားမလဲ
ဆိုတာ လက်​ရှိမြန်​မာပြည်​သား​တွေပိုသိသင့်တယ်​ထင်
တာပဲ။ဘာလို့ဆို​တော့ ဒီဖြစ်​စဉ်​မျိုးယ​နေ့အထိအားလုံး
မြင်​ဖူးကြားဖူး​နေကြလို့ပဲ။

ဒါ​ကြောင့် ၁၅၃၈ကို​ရောက်​​တော့ဧကရာဇ်​တပင်​​ရွှေထီးနဲ့
တပ်​မှူး​ကျော်​ထင်​​နော်​ရထာတို့ အင်​အားအလုံးအရင်းနဲ့
ချီလာတဲ့အခါ ခုခံဖို့အတွက်​ ဟံသာဝတီဝန်းကျင်​မှာ
စုစည်းအားဖြည့်စရာ ရိက္ခာ​ရော လူသူပါရှာမ​တွေ့နိုင်​တဲ့
ရွာဆိုးကုန်း​တွေအာများစုကျန်​ရစ်​ခဲ့တာသာဖြစ်​နိုင်​ပါ
တယ်​။ဒါမင်းထင်​မြင်​ချက်​ပါကွာလို့အလွယ်​တကူမ​ဝေ
ဖန်​နဲ့။သမိုင်းမှတ်​တမ်းမရှိတဲ့အ​ခြေ​နေ​တွေမှာ အနီးစပ်
ဆုံး​ခေတ်​ကာလကိုပုံ​ဖော်​ပြီးစရိုက်​၊စနစ်​၊​ခေတ်​ရဲ့ ​ပေး
ထားချက်​အားလုံးကိုဘက်​စုံထည့်သွင်းပြီးပုံ​ပေါ်လာ​အောင်
ဖန်​တီးရတာ သမိုင်းသမားအလုပ်​ပဲ။အဲဒီကိုယ်​ဖန်​တီး
လိုက်​တဲ့ပုံဟာ ယုတ္တိရှိဖို့ လိုက်​ဖက်​ညီဖို့​တော့လိုတယ်​။
ထင်​ရာမြင်​ရာ သို့မဟုတ်​ ဆန္ဒစွဲတစ်​စုံတစ်​ရာနဲ့ကိုလို
ရာဆွဲ​ရေးတဲ့အုပ်​စုထဲကျ​နော်​မပါဘူး။

ဒါ​ကြောင့်လည်း သုရှင်​တကာရွတ်​ပိဟာ ဆုတ်​ဆုတ်​ပြီး
ရင်​ဆိုင်​တာ​ပေါ့။အင်​အားအတွက်​ လူသူလက်​နက်
သူရဲသူခက်​​ကောင်း​တွေရှာမ​တွေ့မှ​တော့ စစ်​ဘယ်​လို
တိုက်​မတုန်း။ချီတက်​လာနဲ့ရန်​သူမြန်​မာတို့ရဲ့ ​ခေါင်း
ဆောင်​ တပင်​​ရွှေထီးရဲ့ အဲဒီအချိန်​က အသက်​ဟာ
၁၈နှစ်​ပဲရှိ​သေးတယ်​။တက်​ကြွရဲရင့်ဖျတ်​လတ်​တဲ့
အသက်​အရွယ်​ဖြစ်​သလို ​ဘေးမှာ​ခေါ်ထားတဲ့ ​ကျော်
ထင်​​နော်​ရထာအ​ဖေ သတိုးဓမ္မာရာဇာဆိုတာ သူ့အ​ဖေမင်း
ခေါင်​လက်​ထက်​ကတည်းကအားကိုးရတဲ့တပ်​မှူး​ကောင်း
တစ်​​ယောက်​ဖြစ်​​ပါတယ်​။စစ်​တိုက်​​ကောင်းတဲ့ဘုရင့်​နောင်
ခေါ် ​ကျော်​ထင်​​နော်​ရထာကိုလည်း ညီမ​ပေးပြီး​ဆွေ​တော်​မျိုး
တော်​စရင်းသွင်းကာဖမ်းစည်းရုံးထားလို့အင်​အားက
ပြောစရာမလို​လောက်​​အောင်​ပြည့်​နေတယ်​။

အဲ​တော့ အခုလိုရွာဆိုးကုန်း​တွေကလူ​တွေဘယ်​​ရောက်
ကုန်​လဲ​မေးရင်​အနီးစပ်​ဆုံးစစ်​​တောင်းကိုဖြတ်​ပြီးမုတ္တမ
ကို​ရောက်​သွားတယ်​ဆိုတာ ရှင်း​နေတာပဲ။အေဒီ၁၅၃၈
မှာ တပင်​​ရွှေထီးက ​ယောက်ဖ​တော်​ ​ကျော်​ထင်​​နော်​ရထာ
ကို ဘုရင့်​နောင်​ဘွဲ့ချီးမြင့်လိုက်​တဲ့ ​နောင်​ရိုး​အောင်​ပွဲ
ဆိုတာ စစ်​​ရေးအမြင်​သက်​သက်​နဲ့​ထောင့်​စေ့​အောင်
ကြည့်ရင်​ ၁၅၄၀မုတ္တမစစ်​ပွဲနဲ့နှိုင်းယှဉ်​​ဖော်​ပြ​လောက်
စရာ ဘာမှမရှိဘူးလို့​တောင်​​ပြောနိုင်​တယ်​။

ချီလာပြီဆိုတဲ့ရန်​သူကိုမျက်​စိနဲ့မမြင်​ရ​သေးခင်​မှာ
အ​ကောင်းဆုံးခံတပ်​မြို့ကြီး(ဟံသာဝတီ)ကိုစွန့်​လွတ်​ပြီး
ပျာပျာသလဲ ဆုတ်​ခွာခဲ့ရလို့ စိတ်​ဓာတ်​ပျက်​ပြား​နေတဲ့
တပ်​ဟာ မထင်​မှတ်​တဲ့​နေရာ(​နောင်​ရိုး)မှာ ရန်​သူ​တွေ
ချောင်းဖြတ်​ကူးလာပြီးရုတ်​တရက်​၀င်​တိုက်​ခံရတာပါ။
ဘယ်​​လောက်​များကစဥ့်ကလျားဖြစ်​သွားမလဲစဉ်းစား
ကြည့်​ပေါ့။လန့်​ဖျတ်​​သွေးပျက်​ပြီး စစ်​သည်​​တွေသာမက
ဆင်​​တွေပါ ဒူး​ပျော့​နေလို့ခံလည်းမတိုက်​နိုင်​၊​ပြေးလည်း
မ​ပြေးနိုင်​လို့သုံ့ပန်းအများအပြားရမိသွားပဲဖြစ်​နိုင်​ပါတယ်​။
ဒါမြန်​မာ့သမိုင်းက အမွှန်းတင်​တဲ့ဘုရင့်​နောင်​​ဖောင်​ဖျက်
ဆိုတဲ့ ​​ချောင်း​လေးဖြတ်​ကူးတိုက်​တဲ့​နောင်​ရိုးဆိုတဲ့
တိုက်​ပွဲရဲ့ ဖြစ်​နိုင်​​ချေပါ။နောင်​ရိုးအ​ကြောင်း ဒီထက်​ပိုပို
သာသာ​ပြောဖို့ဘာအ​ထောက်​ထားမှမရှိဘူး။ပုံပြင်​​တွေ
စိတ်​ကူးယဉ်​​လျှောက်​​ရေးတဲ့စာ​တွေ​တော့ အများကြီး
ရှိပါတယ်​။

ဖက်​ပြိုင်​တယ်​ဆိုကတည်းက ကိုယ်​ရင်​ဆိုင်​ရတဲ့
ရန်​သူရဲ့ အဆင့်အတန်းကဘာလဲဆိုတာစကား​ပြော
လာပြီ။ဆင်​က​ခွေးနဲ့ပြိုင်​ပြီး ငါ​ဟေ့လို့မာန်​တက်​လို့မရဘူး။
နွားကဆိတ်​နဲ့ပြိုင်​ပြီး ငါကွလို့​ကြွေး​ကြော်​ရင်​လူရယ်​စရာ
ဖြစ်​သွားမှာ​ပေါ့။သုံ့ပန်းရမိတိုင်းအထင်​ကြီးရတာမှမ
ဟုတ်​တာ။ဥပမာ အလ်​အာလာမိန်းဦးစီးချုပ်​၂​ယောက်
ဖြစ်​တဲ့ ရွမ်းမဲလ်​နဲ့ဂိုမာရီ။နှစ်​ဦးစလုံးလက်​ရည်​တူအစွမ်း
အစတူတကယ့်စစ်​​မြေပြင်​တပ်​မှူးကြီး(Field Marshall)
တွေဖြစ်​တယ်​။လှုပ်​ရှားစစ်​ကစားတဲ့အတတ်​ပညာကိုပါရဂူ
မြောက်​ကျွမ်းကျင်​တာရွမ်းမဲလ်​။ဒါကိုဘယ်​လိုရင်​ဆိုင်
မလဲလို့စဉ်းစားပြီးတိုက်​ကွက်​​ဖော်​တာဂိုမာရီ။တကယ်
လည်းလက်​ရည်​တူ​နေလို့စစ်​ပွဲရဲ့ အဆုံးအဖြတ်​မှာ
အုပ်​ချုပ်​​ထောက်​ပံ့မှု(Logistic)ကအဆုံးအဖြတ်​ဖြစ်
သွားတာပဲ။အဲ​တော့ ဘုရင့်​နောင်​​တော်​တယ်​ဆိုရင်​သူ့ပြိုင်
ဘက်​ကဘယ်​လိုလူလဲအရင်​ကြည့်။မဟုတ်​ရင်​ဂျင်းထည့်
ခံရလိမ့်မယ်​။

အခု​ပြော​နေတဲ့ ​အေဒီ၁၅၄၀ တပင်​​ရွှေထီးရဲ့ ထိုးစစ်​ကို
ရင်​ဆိုင်​မယ့်မုတ္တမြို့က​တော့ ဟံသာဝတီမကျခင်​အနည်း
ဆုံးအချိန်​၂နှစ်​ကြိုတင်​ပြင်​ဆင်​ထားတဲ့ လူသူ လက်​နက်
ရိက္ခာအားလုံးအလျှံပယ်​ပြည့်စုံပြီးသားဖြစ်​ရုံမကမြို့ကို
နေရာမလပ်​ခိုင်​သထက်​ခိုင်​​အောင်​အားဖြည့်ဖို့လုပ်​အား
ရော အချိန်​ပါ အလုံအ​လောက်​ရခဲ့ပြီးသားဖြစ်​ပါတယ်​။
တပင်​​ရွှေထီးခန့်​အပ်​လိုက်​တဲ့​လှေတပ်​၀န်​ချုပ်​သမိန်​ဖရူး
ရဲ့ စကားအရ ​တောင်​-​မြောက်​ အလျားရှည်​တဲ့မုတ္တမမြို့
ရဲ့ အ​နောက်​ခြမ်းဟာ ​တောင်​ရိုးကုန်းတန်း​ပေါ်မှာရှိ​နေတဲ့
အတွက်​မြို့တံတိုင်းကိုလည်း​တောင်​​ပေါ်မှာတည်​ထားတာ
ဆို​တော့​တောင်​ဟာလည်းမြို့ရိုး​နောက်​တစ်ဆင့်ဖြစ်​​နေ
တယ်​။မြို့ရင်းကိုချဉ်းကပ်​ဖို့မလွယ်​ဘူး။မြို့အ​ရှေ့ ဘက်
ခြမ်းကနိမ့်တာမှန်​​ပေမယ့်မြစ်​နဲ့အပြိုင်​တစ်​တန်းတည်း
ဖြစ်​​နေတယ်​။အဲဒီမုတ္တမကမြစ်​ဆိုတာကလည်း ခပ်​​သေး
သေးမြစ်​မဟုတ်​ဘူး။ရှမ်း​တောင်​တန်း​တွေကိုတိုးတိုက်
ဆင်းလာတဲ့မြစ်​​ကြောင်းဟာ မုတ္တမကို​ရောက်​တဲ့အခါ
ဒေါ်သကြီးပြီးသွန်​ချ​နေသလား​အောင်​​မေ့ရတဲ့မြစ်​မင်း
သံလွင်​ရဲ့ မြစ်​၀ကျယ်​ကြီးပဲ။သံလွင်​​ရေစီးကိုသိချင်​ရင်
မုတ္တမမြစ်​၀ကိုသွားကြည့်ပါ။အဲဒီအချိန်​ကမြန်​မာ၊မွန်​၊
ရခိုင်​စစ်​တပ်​​တွေမှာ​ပေါ်တူဂီ​ကြေးစားတပ်​​တွေဝင်​​ရောက်
နေကြတဲ့ကာလဖြစ်​ပါတယ်​။အဲ​တော့ ​စောဗညားရဲ့ ​ပေါ်တူဂီ
ကြေးစားတပ်​ ရွက်​သ​ဘောင်္၇စီးဟာ အဲဒီမြစ်​ကြီးထဲမှာ
ကျောက်​ချရပ်​နားပြီးတပ်​စွဲထားတယ်​။

ခေတ်​က၁၆ရာစု။အဲဒီ​ခေတ်​ကပင်​လယ်​ပြင်​ကိုရွက်​လွှင့်
ဖြတ်​သန်းနိုင်​တဲ့သစ်​သားရွက်​သ​ဘောင်္ဆိုတာ စွမ်းရည်
အထက်​မြက်​ဆုံးအဓိကစစ်​လက်​နက်​ကြီးဖြစ်​ပါတယ်​။
အဲဒီလိုစစ်​သ​ဘောင်္တစ်​စီးဟာလက်​လှမ်းမမီရာက​နေ
ထု​ထောင်းဖျက်​စီးနိုင်​တဲ့ကျည်​​စေ့ကြီးတစ်​လုံးကိုဖြစ်​​စေ၊
အလုံး​သေးများစွာအစုလိုက်​အပြုံလိုက်​ဖြစ်​​စေ တစ်​မိုင်​ခန့်
ရောက်​​အောင်​ချိန်​ရွယ်​ပစ်​ခတ်​နိုင်​တဲ့အ​မြောက်​အလက်​၂၀ထက်
မနည်းကိုခဲယမ်းမီး​ကျောက်​အပြည့်အစုံနဲ့တကွ
အသင့်တပ်​ဆင်​ထား​လေ့ရှိတယ်​။တစ်​ပြိုင်​နက်​တည်းမှာ
ရာချီတဲ့လက်​နက်​ကိုင်​စစ်​သည်​​တွေကိုပါတင်​​ဆောင်​ပြီး
မြစ်​၀​ရေပြင်​ကျယ်​မှာအလွယ်​တကူ​နေရာ​ပြောင်း လှုပ်
ရှားပစ်​ခတ်​နိုင်​တဲ့​ခေတ်​မီလက်​နက်​ပစ်​စင်​ကြီး​တွေလည်း
ဖြစ်​ပါတယ်​။ဒီ​တော့ ​တောင်​-​မြောက်​အလျားလိုက်​တည်
ရှိ​နေတဲ့မုတ္တမအ​ရှေ့ ဘက်​မြို့ရိုးနဲ့သံလွင်​မြစ်​နဲ့ကြားက
ကမ်း​ခြေကျဉ်းကျဉ်းမှာမြစ်​ကို​ကျော​ပေးပြီးမြို့ရိုးကို
ကျားကုတ်​ကျားခဲတက်​တိုက်​မယ့်တပ်​မှန်​သမျှ က​တော့
သ​ဘောင်္​တွေ​ပေါ်က​ပေါ်တူဂီစစ်​သည်​တို့အတွက်​ ​လေ့ကျင့်
ပစ်​ခတ်​စရာသက်​ရှိပစ်​မှတ်​​တွေဖြစ်​သွားမှာပါ။

ဒါ့အပြင်​မြစ်​ပြင်​ကျယ်​တစ်​ဖက်​ကမ်းမှာ​မော်​လမြိုင်​မြို့
ရှိ​နေတယ်​။မော်​လမြိုင်​နဲ့မုတ္တမကိုသံလွင်​မြစ်​ပြင်​ကျယ်
ကြီးကခြားထားတယ်​။ဒါ​ကြောင့် ယ​နေ့အထိ မုတ္တမ၊
ဘီးလူးကျွန်း​ခေါ်​ချောင်းဆုံမြို့နယ်​ခေါ်တဲ့ရွာ​ပေါင်း၆၄ရွာ၊
တို့ဟာ ​မော်​လမြိုင်​မြို့နဲ့မြစ်​ခြား​နေပြီးအရင်​က ဇတ်
နဲ့ကူးရခါ အခု​တော့ တံတားထိုးပြီးသွားပြီဖြစ်​လို့
အလွယ်​တကူပဲသွားလာနိုင်​ပြီဖြစ်​ပါတယ်​။မြန်​မာပြည်
မှာသံလွင်​မြစ်​ကူးတံတား(​မော်​လမြိုင်​)ဟာအရှည်​ဆုံးပဲ။
အဲ​တော့အဲဒီမုတ္တနဲ့​မော်​လမြိုင်​မြစ်​ကမ်းကပထ၀ီကို
အ​တွေးထဲမြင်​ရ​လောက်​ပြီထင်​ပါတယ်​။ဘာ​ကြောင့်
ဒါ​တွေထည့်​ပြော​နေရတာလည်းဆိုရင်​ သမိုင်းဟာ
တစ်​ခါခါမှာ ပထ၀ီရဲ့ သြဇာကိုတိုက်​ရိုက်​ခံတာမျိုးရှိ
နေလို့ပဲ။အဲ​တော့ ဘယ်​သူကဘယ်​သူ့ကိုနှမ​ပေးထားတယ်
မသိရ​ပေမယ့် ​မော်​လမြိုင်​မြို့စားဗညားဦးဟာလည်း
မုတ္တမ​စောဗညားရဲ့ ​ယောက်​ဖ​တော်​ပါပဲ။ဒါ​ကြောင့်
အ​တော်​အတန်​အင်​အားကြီးတဲ့မုတ္တမရဲ့ အရန်​တပ်
တစ်​ခုဟာ တိုင်​ပွဲဝင်​ရမယ့်အချိန်​ကိုအား​မွေး​စောင့်
ဆိုင်းရင်းသံလွင်​မြစ်​တစ်​ဖက်​ကမ်းမှာ​ဘေးကင်းလုံခြုံ
စွာတပ်​စွဲထားတယ်​လို့ဆိုရပါမယ်​။၁၆ရာစုတုန်းက
မော်​လမြိုင်​ထက်​မုတ္တကပိုပြီးအင်​အားကြီးတယ်​။
မုတ္တမဟိုဘက်​က ​မော်​လမြိုင်​က​နေ တနသာင်္ရီအစွန်း
ကော့​သောင်းအထိ ​တောက်​​လျှောက်​မိုင်​၈၀၀(1600km)
ခန့်​က ယိုးဒယားသြဇာခံလိုက်​မွန်​သြဇာခံလိုက်​သွား​နေ
တာပါ။အခု​တော့မွန်​သြဇာကြီး​နေလို့မွန်​သြဇာခံအင်​ပါ
ယာထဲပါပါ​နေခဲ့တယ်​။မော်​လမြိုင်​က​နေ ​ကော့​သောင်း
အထိ ပထ၀ီဟာ ​တောင်​-​မြောက်​ အလျားသိပ်​ရှည်
လျားလွန်းစွာတည်​ရှိ​နေပြီး အ​ရှေ့ -အ​နောက်​က
ကျဉ်းတယ်​။

အဲ​တော့ ဒီပထ၀ီနဲ့မကြာခင်​စစ်​​မြေပြင်​ဖြစ်​​တော့မယ့်
မုတ္တမ၊​မော်​လမြိုင်​ပတ်​၀န်းကျင်​မှာ အကယ်​၍ မုတ္တမမြို့
မြောက်​ဘက်​ လက်​ယာဘက်​ကမ်းက လိုအပ်​တဲ့တစ်​​နေရာမှာ 
ပေါ်တူဂီစစ်​သ​ဘောင်္​တွေကိုကမ်းစပ်​နဲ့မလှမ်းမကမ်း
အထိ ​ရွှေ့​ပြောင်းပြီးအ​မြောက်​ ​သေနတ်​​တွေနဲ့ပစ်​ခတ်
ရှင်းလင်း​ပေးထားမယ်​ဆိုရင်​​မော်​လမြိုင်​ကစစ်​ကူတပ်
တွေဟာ လက်​၀ဲဘက်​ကမ်း မြစ်​ညာပိုင်းက​နေ ဆင်​ မြင်း
အ​မြောက်​ပါတင်​ထားတဲ့ဝါး​ဖောင်​​တွေနဲ့​မျောဆင်းပြီး
ဖြတ်​ကူးလာနိုင်​မှာပါ။ဒီအတိုင်းသာစီမံရင်​မုတ္တကိုထိုး
စစ်​ဆင်​လာတဲ့ရန်​သူ့စစ်​နံကိုဖြတ်​ပြီးဝင်​​ဆောင့်သလို
ဖြစ်​သွားပြီးစစ်​​ရေးချိန်​ခွင်​လျှာအလှည့်အ​ပြောင်း​တောင်
ဖြစ်​သွားနိုင်​ပါတယ်​။

ဆက်​ပါဦးမည်​။
https://m.facebook.com/story.php?story_fbid=133628357779371&id=100033966230641



0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်​မာ့ဒုတိယအင်​ပါယာ.....၂”

Post a Comment

Related Posts Plugin for WordPress, Blogger...