Thursday, October 25, 2018

သေမှာ​ကြောက်​ရင်​သတင်းသမားမလုပ်​နဲ့

,
(အာဆာ ဘယ်​သူလဲ)
======================
ရခိုင်​​ရောက်​​တော့
ေ​မာင်​​တောငန်း​ချောင်းရွာမှာ
သတင်းယူရင်းလိမ်​ထားတာ​တွေ
အများကြီး​တွေ့ ရတယ်​၊​ဆေး​ပေးခန်းအတု
စာအုပ်​မရှိတဲ့စာကြည့်​တိုက်​မျိုး၊အမှန်​က
လူ​တွေကိုပိတ်​​လှောင်​ထားတာ၊
ဒါနဲ့ကိုယ့်​ကိုသတင်း​ပေးတဲ့လူ​တွေကို
နယ်​​မြေခံအဖွဲ့ အစည်းဆိုသူ​တွေက
အမည်​​တွေမှတ်​ပီးခြိမ်း​ခြောက်​ပါ​လေ​ရော
ဒါနဲ့ ကိုယ်​လည်းကား​ပေါ်ကပြန်​ဆင်းပီး
အဲ့ဒီလူ​တွေကို​မေးတယ်​"ခင်​ဗျားတို့ဘယ်
ကလဲ"လုံးဝမ​ဖြေတဲ့အပြင်​၊တ ​ယောက်​က
လွယ်​အိတ်​ထဲကိုလက်​ထည့်​လိုက်​တယ်​၊
ကိုယ်​ကလည်း​ရှေ့ကိုတိုးပီး၊ခင်​ဗျားတို့ 
ကျုပ်​ကိုပါခြိမ်း​ခြောက်​​နေတာလားဆို​တော့
နှစ်​​ယောက်​စလုံး​နောက်​ဆုတ်​ပီး၊ပြန်​မ​ဖြေ
ဘူး၊လက်​​ကို​တော့ထည့်​ထားလျှက်​ပဲ၊
အဲ့ဒီမှာကား​ပေါ်ကပြန်​ကြား​ရေးညွန်​မူး
ရယ်​၊အ​စောင့်​စစ်​သား​တွေ​ပြေးဆင်းလာ
ပီး၊​ဟေ့​ကောင်​​တွေမလုပ်​နဲ့၊ဒါအစိုးရက
စီစဉ်​ထားတဲ့သတင်းမီဒီယာ​တွေကွ လို့ 
အော်​ရင်း၊သူတို့ကို​သေနတ်​နဲ့ပြန်​ချိန်​လိုက်
တယ်​၊ညွန်​ကြား​ရေးမူးကကျွန်​​တော့်​ကို
ကို​ကျော်​​နေမင်း ကား​ပေါ်တက်​ပါ
ခင်​ဗျားအတွက်​အသက်​အန္တရာယ်​ရှိတယ်
သူတို့ပစ်​သတ်​လိမ့်​မယ်​တဲ့၊
ကျွန်​​တော်​ကလည်း၊ကျုပ်​ကိုသတင်း​ပေးတဲ့
လူ​တွေကိုကာကွယ်​ရမယ်​၊သတ်​ရဲရင်​သတ်
လိုက်​ပါ၊ခင်​ဗျားတို့လုပ်​ရပ်​ကမ္ဘာကြီးကသိ
စေရမယ်​၊သတ်​စမ်းပါ၊သတင်း​ထောက်​တယောက်​ကို
ပစ်​သတ်​စမ်းပါ၊ခင်​ဗျားတို့ 
မတရားမူ​တွေအတွက်​အစားခံရမယ်​၊
ကျုပ်​မ​ကြောက်​လို့ဒီ​နေရာလာခဲ့တာလို့
ပြန်​​​အော်​တယ်​၊​နောက်​ဆုံးဟို​ထောက်​လှမ်း
ရေးနှစ်​​ယောက်​က၊ဘာမှ့ မယူ​တော့ပါဘူး
ကျုပ်​တို့ပြန်​ပါမယ်​လို့ ​ပြောပြီး၊ဆိုင်​ကယ်
မောင်းထွက်​သွားတယ်​၊လုံခြုံ​ရေးနှစ်​​ဦး
လည်းကျုပ်​ကိုကား​ပေါ်အတင်းဆွဲတင်​ခဲ့
တယ်​၊ကား​ပေါ်က​နေ သနားစရာမျက်​နှာ
လေး​တွေနဲ့ကျပ်​ကိုကြည့်​​နေတဲ့ငန်း​ချောင်း
ရွာသားအီမာန်​ရှင်​​တွေကို"ခင်​ဗျားတို့ ဘာ
မှ့ မ​ကြောက်​နဲ့ ၊တစုံတခုဆိုရင်​ကျုပ်​ဆီကို
ဖုံးဆက်​ကြ၊ခင်​ဗျားတို့ အကျပ်​အတည်းကို
အလ္လာဟ် သိ​တော်​မူတယ်​၊ရူန်းထွက်​ကြ"
လို့​အော်​​ပြောလိုက်​တယ်​၊သတ္တိရှိတဲ့လူငယ်
တ​ ယောက်​ကကား​ပေါ်ကကျုပ်​ဆီကို​ပြေး
လာပီး၊လက်​ကိုအတင်းဆုပ်​ကိုင်​ထား
တယ်​၊ငို​ကျွေး​နေတဲ့သူ့ မျက်​နှာကိုကျုပ်
မကြည့်​ပဲ့အံ့ကိုကြိတ်​ပီး၊သူ့ လက်​ကိုလွှတ်
လိုက်​တယ်​၊ကားကလည်းတရကြမ်း
မောင်းထွက်​သွားခဲ့တယ်​၊
အဲ့ဒီ​နေ့ ည​နေဖက်
မောင်​​တောခရိုင်​အစည်းအ​ဝေးမှာ
ကျွန်​​တော်​တာဝန်​ရှိသူ​တွေကိုထပ်​​ပြောခဲ့
တယ်​၊ငန်း​ချောင်းရွာအဖြစ်​အပျက်​မှာ၊ရွာ
သား​တွေအ​ပေါ်အ​ရေးယူမူတစုံတရာရှိ
ရင်​ကျုပ်​ကန့်ကွက်​မယ်​၊မီဒီယာနဲ့ခင်​ဗျား
တို့ရင်​ဆိုင်​ရလိမ့်​မယ်​​ပြော​တော့၊ဗိုလ်​မူးက
ခင်​ဗျားကိုARSA​တွေသတ်​မှာစိုးလို့ ပါတဲ့ ၊
ရွာသား​တွေထဲမှာARSA​တွေရှိပါတယ်​တဲ့
သူတို့ခင်​ဗျားကို​ပေးတဲ့သတင်း​တွေမှားရင်
တော့ကျုပ်​တို့အ​ရေးယူရပါမယ်​တဲ့ ပြန်​​ပြော
တယ်​၊ကျုပ်​ကလည်းဘာမှ့ ARSAမဟုတ်
ဘူး၊ခင်​ဗျားတို့နယ်​​မြေကလူ​တွေသတ်​ဖို့
ကြိုးစားတာလို့ပြန်​ပက်​လိုက်​တယ်​၊
သူကအဲ့​တော့မှ့  ခင်​ဗျားအတွက်​ကျုပ်​တို့
တာဝန်​ယူထားရတာ၊ခင်​ဗျားတခုခုဖြစ်​ရင်
ကျုပ်​တို့ အတွက်​ပြသာနာရှိတယ်​၊အဲ့ဒါ
ကြောင့်​နယ်​​မြေခံ​တွေကအနီးကပ်​​စောင့်
ကြည့်​​နေတာပါတဲ့၊လိမ်​တတ်​တဲ့လူ​တွေ။
ဒါ​ကြောင့်​ကျုပ်​တို့ သတင်းသမား​တွေရဲ့
ဘ၀ဟာ​အာဏာရှင်​​တွေရဲ့​သေနတ်​​ပြောင်း
ဝနဲ့ အာ​ချောင်​တဲ့လူတွင်​ကျယ်​တချို့ ရဲ့ ​လေ
သေနတ်​ကြားကဓားစာခံ​တွေပါပဲ။
(ဒါ​ပေမဲ့တစုံတရာအမှန်​တရားအတွက်
ကျုပ်​တို့ ဆက်​လုပ်​​နေရမှာပါပဲ)

https://m.facebook.com/story.php?story_fbid=628658064194798&id=100011518298916

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သေမှာ​ကြောက်​ရင်​သတင်းသမားမလုပ်​နဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...