# ၁၉၄၉ ခုနှစ်မြန်မာနိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက် ဥပဒေနှင့်၁၉၅၁ ခုနှစ် နည်းဥပဒေ တို့သည်ယနေ့တိုင်ရုပ်သိမ်းခြင်းမရှိသေးပဲအတည်ဖြစ်လျက်ရှိပါသည်။
# ယင်းဥပဒေ၊နည်းဥပဒေတို့အရပြုလုပ် ၊ထုတ်ပေးသည့်အမျိုးသား
မှတ်ပုံတင်သက်သေခံကတ်ပြားများ သည်လည်းယနေ့တိုင်အတည်ဖြစ်လျက်ရှိပါသည်။
#၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့် ၁၉၈၃ ခုနှစ် လုပ်ထုံးလုပ်နည်းများ (နည်းဥပဒေမပြဌာန်း)ပြဌာန်းပြီး၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း ၃၀
ကျော်ထိအမျိုးသားမှတ်ပုံတင်များထုတ်ပေးခဲ့ပါသည်။
# အမျိုးသားမှတ်ပုံတင်များစတင်ထုတ်ပေးသည့်အချိန်မှစပြီး၁၉၈၈
ခုနှစ်အထိနိုင်ငံခြားသားများသည်နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် (FRC)များကိုင်ဆောင်ထားကြပြီး
ကျန်နိုင်ငံသားများသည် အ မ တ
(NRC)များကိုင်ဆောင်ထားကြကာရွေးကောက်ပွဲများတွင်မဲဆန္ဒပေးခြင်း၊ရွေးကောက်တင်မြှောက်ခံရခြင်း၊လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခြင်း၊သမ္မတအထိအစိုးရရာထူးအဆင့်ဆင့်တာဝန်ထမ်းဆောင်ခြင်း၊
ပြည်သူ့ဝန်ထမ်းရာထူးအဆင့်ဆင့်
တာဝန်ထမ်းဆောင်ခြင်း၊တက္ကသိုလ်
အားလုံးတက်ရောက်ခွင့်ရှိခြင်း၊အသက်မွေးဝမ်းကြောင်းဘွဲ့ရရှိခြင်း၊
ရှေ့နေလိုင်စင်ရရှိခြင်း၊စစ်မှုထမ်း
ရာထူးအဆင့်မြင့်ထမ်းဆောင်ခွင့်ရရှိခြင်း၊ဘဏ်စာရင်းဖွင့်ခြင်း၊နိုင်ငံကူး
လက်မှတ်(PP)ပြုလုပ်နိုင်ခြင်း၊ဥပဒေပါစီးပွါးရေးလုပ်ငန်းစုံလုပ်ကိုင်ခွင့်ရှိခြင်းစသည့်နိုင်ငံသားတာဝန်နှင့်အခွင့်အရေးအပြည့်ရရှိခဲ့ကြပါသည်။
# အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားသူလူမျိုး၊ဘာသာဝင်အားလုံး
၁၉၇၄၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေများအတည် ပြုရန်မဲဆန္ဒပေးခြင်း၊
၂၀၁၂ ခုနှစ်ထိရွေးကောက်ပွဲများ၌
ယာယီသက်သေခံလက်မှတ်ဖြင့်ပင်
ဆန္ဒမဲပေးခွင့်ရရှိခဲ့ကြပါသည်။
# ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားတာဝန်နှင့်အခွင့်အရေးရရှိ
ပြီးဆန္ဒမဲပေးခွင့်ရရှိခြင်းသည်နိုင်ငံသားဖြစ်ကြောင်းအလျဉ်းသက်သေခံချက်ပင်ဖြစ်ပါသည်။ဆန္ဒမဲပေးခြင်းနှင့်နိုင်ငံသားဖြစ်ခြင်းသည်တိုက်ရိုက်စပ်ဆိုင်ပါသည်။
# ၁၉၄၈ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ
ပုဒ်မ-၄(၂)ပြဌာန်းချက်နှင့်ညီညွတ်အကျုံးဝင်သူများသည်ပြည်ထောင်စုနိုင်ငံသား
ဖြစ်သည်ဟုမှတ်ယူခြင်းခံရပြီးသူများဖြစ်ပါသည်။ယင်း ပြဌာန်း ချက်အရအမျိုးသားမှတ်ပုံတင်ရရှိကိုင်ဆောင်ခဲ့ကြသူများ၊ကိုင်ဆောင်ထားကြသူများသည်နိုင်ငံသားအရည်အချင်းရှိသည့်နိုင်ငံသားဖြစ်ပြီးသူများဖြစ်ကြပါသည်။နိုင်ငံသားမဟုတ်ဟုလုံးဝငြင်းဆိုခွင့်မရှိပါ။
ထိုသူများသည်၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ အရအကျုံးဝင်သောဥပဒေအရနိုင်ငံသားများဖြစ်ကြ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားရပိုင်ခွင့်ရှိသူများဖြစ်ကြပါသည်။
# ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ/ကော်
မရှင်ဥပဒေအရ(အ မ တ)NRCကိုင်
ဆောင်ထားသူများဆန္ဒမဲပေးခွင့်မရရှိတော့ပါ။ယခု၂၀၂၀ ရွေးကောက် ပွဲတွင်လည်းမဲပေးခွင့်မရရှိတော့ပါ။
ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများ
ဖြစ်ပါလျက်နိုင်ငံသားအခွင့်အရေး
ဆုံးရှုံးခြင်းပင်ဖြစ်ပါသည်။
# ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူမိဘ ၂ ပါးကမွေးဖွားသည့်သား သမီးများသည်လည်းနိုင်ငံသားဖြစ်၍မြန်မာနိုင်ငံအတွင်းတရားဝင်နေထိုင်လျက်ရှိသူဖြစ်ပါကအသက်
၁၈ နှစ်ပြည့်လျှင်ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည်ဖြစ်ပါသည်။
# နိုင်ငံသားဖြစ်နေပါလျက်
နိုင်/ကတ် မရှိခြင်းသည် တာဝန်ရှိသူများကနည်းအမျိုးမျိုးဖြင့်ငြင်းဆို
မပြုလုပ်ပေးခြင်းကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။အကြောင်းကြောင်းကြောင့်
မလျောက်ရသေးခြင်းကြောင့်လည်းရှိနိုင်ပါသည်။
# ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများနှင့်၎င်းတို့မှမွေးဖွားသည့်သားသမီးများသည် နိုင်/ကတ်မရှိ၍
ဆန္ဒမဲပေးခွင့်မရှိဆိုခြင်းမှာဥပဒေအရနိုင်ငံသားအခွင့်အရေးဆုံးရှုံခြင်း ပင်ဖြစ်ပါသည်။
# ထိုသူများကိုနိုင်ငံသားအမြန်စိစစ်ပေးပြီး နိုင်/ကတ်အမြန်ပြုလုပ်ပေးကာ မဲ ပေးခွင့်ရရှိရေးဆောင်ရွက်
ပေးပါရန် နိုင်ငံတော်သမ္မတကြီး၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂ်ုလ်ကြီး၊
(လ ဝ က )ပြည်ထောင်စုဝန်ကြီး နှင့်
တာဝန်ရှိသူများကအလေးအနက်ထားစဉ်းစား၍အမြန်ဆောင်ရွက်ပေးကြပါရန်အကြံပြုတိုက်တွန်းတောင်းဆိုအပ်ပါသည်။
#နိုင်ငံသားအရည်အချင်းမရှိသူ (တစ်နည်းအားဖြင့်) နိုင်ငံခြားသားတစ်ဦးနိုင်ငံသားဖြစ်သွားခြင်းနှင့်နိုင်ငံသားအရည်အချင်းရှိသူတစ်ဦးနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးကိုအလေးထားသင့်ပါသည်။
#နိုင်ငံသားအရည်အချင်းရှိပြီး၊နိုင်ငံခြားသားမဟုတ်သည့် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများသည်နိုင်/ကတ်လျောက်ကြရန်တိုက်တွန်းအပ်ပါသည်။
credit:# Ohn Maung.
https://www.facebook.com/100011122213454/posts/1176916562689073/

