Sunday, June 24, 2018

နိုင်ငံေ၇း ယုံကြည်ချက် ရှိဖို့အရေးမကြီးဘူးလား

,
မြန်မာ နိုင်ငံမှာ  တဖြည်းဖြည်း
နဲ့ လူ အများ စုဟာ ရှင်သန်ရပ်တည်ရေး က ပထမ နေရာ
ကို ယူလာပြီးနိုင်ငံရေး ယုံကြည်မှုက ဒုတိယနေရာ
ကို ရောက်လာတာတွေ့နေရတယ်။

#ဒီမိုကရေစီ လိုလားသူ မဟာမိတ် အချင်းချင်း
 ရင်းနှီးကြဖို့ ထက် စစ်တပ်နဲ့ ရင်းနှီးဖို့  က
 ပို အရေးပါတဲ့ သဘောထားတွေ တွေ့နေရတယ်။
K N U ကရင် ခေါင်းဆောင် တဦး က
သမ္မတကြီး ဦးသိန်းစိန် ကို ဖက်လှဲတကင်း နှုတ်ဆက်ပြီး ၂၀၁၅ မှာ ထပ်ပြီး သမ္မတ အရွေးခံဖို့  တိုက်တွန်း သွားဘူးတယ် ။

#ရဲဘော် ရဲဘက် အချင်းချင်း  ရိုင်းပင်း ကူညီဖို့ ထက် အစိုးရ ဆီမှာ လခစားဝင်လုပ်ပြီး ပုဂ္ဂိုရေး အရ အရေးပါကြောင်းပြဖို့ က ပို ခေတ်စားနေပါတယ်။
ယခင်က ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်း
တောခို ကျောင်းသားအများစု ဟာ ထိုင်းနိုင်ငံ နယ်စပ် မှာ
တော်လှန်ရေးလုပ်ရင်း ဒုက္ခသည် စခန်းတွေမှာဆင်းရဲ မှုကို
ိကြံ့ကြံ့ခံကာ စစ်အစိုးရကို အရှုံး မပေး ဘဲ တိုက်ပွဲ ၀င်ခဲ့သူ
တွေပါ။ တချို့ လည်း ဒုက္ခသည်စခန်းမှတဆင့် အခြားသော နိုင်ငံများကိုရောက်ရှိကာ ဆင်းရဲလှစွာ ပညာ
သင်ကြားကာ အဆင့်မြင့်တဲ့ ဘွဲ့ တွေ ရရှိ ခဲ့ပါတယ်။

ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်နဲ့ အခု ဒီချုပ်အစိုးရလက်ထက်ရောက်တော့ ပြည်ပ နိုင်ငံသားခံယူ
ထားသူတွေကို ၀င်ခွင့်ပြု ခဲ့ပါ တယ်။    ဒီ အချိန်မှာ ဒီမိုကရေစီ အရေးကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ သူ များထဲမှ
အဆင့်မြင့် ပညာ သင်ကြားလာသူအချို့ ဟာ အစိုးရနဲ့  ပူး ပေါင်းကာ မိမိတို့ ရဲ့ အရေးပါမှုကို ပြသကာ အစိုးရအဖွဲ့မှာ အကြံပေး အဖွဲ့ဝင် လို ရာထူးနဲ့ငွေ ရယူပြီး မျက်နှာလို အားရ လုပ်နေတာ တွေ့နိုင်ပါတယ်။
ဒါဟာလည်း ရဲဘော်ရဲဘက်မူ မဟာမိတ်မူ တွေထက် အဆင်ပြေစွာ ဘ၀ နေထိုင်ရေးကို ဦးစားပေးလာတဲ့
ဘဘော လား လို့ တွေး မိပါတယ်။
ကျန်တဲ့ရဲဘော်တွေဆင်းရဲချို့တဲ့နေတာတွေကိုမေ့သွားကြပါတယ်။

#၂၀၁၂ မတိုင်ခင် ဒေါ်စု ကိုတပ်ပေါင်းစု ခေါင်းဆောင် အဖြစ်
 တင်ပြီး တိုက်ပွဲ ၀င်ခဲ့ ကြသူတွေမှာ အခု ဒီတပ်ပေါင်းစုကြီး မရှိတော့ပါဘူး။စစ်အာဏာရှင် စနစ်နဲ့ မတရားမှုကိုဦး
တည်တိုက်ခိုက်ခဲ့ တဲ့ လမ်းကြောင်းမှ လွဲချော်ကာ အချင်းချင်း ပြန်တိုက်နေကြပါပြီ။အာဏာရခေါင်းဆောင်တွေကိုယ်တိုင်
ရန်သူဖြစ်ခဲ့သူတွေနဲ့ ရင်ကြားစေ့ရေးမူဝါဒကို ကျင့်သုံးနေကြပါပြီ။

#၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆုံးဖြတ်ချက်များကြောင့်  N L Dပါတီမှ ဒေါက်တာသန်းဝင်း  ဦးခင်မောင်ဆွေ နှင့် ဦးသိန်းညွန့် တို့ ခွဲထွက်ကာ  N D F ပါတီကို ထူထောင်ပြီးရွေးကောက်ပွဲ ၀င်ကြပါတယ်။
ပါတီရဲ့တံဆိပ်ကိုလည်း ၉၀ ရွေးကောက်ပွဲ
မှာ သုံးတဲ့ ခမောက်ကို သုံးပါတယ်။
နောက် ဦး သိန်းညွန့် က ထပ်မံ ခွဲထွက် ပါတယ်။

အခု ဆိုရင် N L D မှ ခွဲထွက်သွားတဲ့ ဒီပါတီတွေဟာ
 ကြံ့ ဖွတ် နဲ့ ပေါင်းရင်းလမ်းတူသွားကြပါပြီ။ ၂၀၁၅ မှာ N L D က အပြတ်အသတ် နိုင်မယ် ဆိုတာ သိတော့ N D F မှ
ဒေါ်ခင်ဝ်ုင်းကြည် ကိုယ်တိုင်  P R -Propotional Rep-
sentation စနစ် ကို လွှတ်တေိာမှာ တင်သွင်းခဲ့ပါတယ်။
၂၀၁၅ မှာ  ဒါတွေကိုကျော်လွှားပြီး ပြည်သူ့မဲနဲ့တက်လာတဲ့
ဒီချုပ်အစိုးရကလည်း လွှတ်တော့်အတွင်းကို
ရောက်သွားပေမယ့် ၂၀၀၈ ခြေဥကို
ိုပြင်ဖို့အသံတိတ်နေခဲ့ပါတယ်။

#အခြေခံ ဥပဒေပြင်ဖို့ စည်းရုံးလှုံဆော်တဲ့အဖွဲ့တွေ ပူး
ပေါင်းတဲ့ ပွဲတွေကိုလည်း ထောက်ခံမယ့် အစား ဝေဖန်ကန့် ကွက်မှုတွေလုပ်နေပါတယ်။အာဏာရ အစိုးရပေးတဲ့ အခွင့်
အလမ်းတွေယူ ပြီး နိုင်ငံရေးယုံကြည်ချက်ထက် မိမိ တကိုယ်စာ ရှင်သန်နေထိုင်မှု အဆင်ပြေရေးကို သိက္ခာ
မဲ့စွာ ဖန်တီး လာပါတယ်။အခုဆိုရင် မူလက အာဏာရှင်ဆန့်ကျင်ရေးအတွက် အတူပေါင်းစည်းခဲ့တဲ့ ၈၈ ငြိမ်းပွင့်အဖွဲ့တွေကလည်း ပါတီတစ်ခု
တည်ထောင်လာကြပါတယ်။အမည်ကို၈လေးလုံး
ပါတီလို့ ပေးမိရာကအစ ကော်မရှင်မှာ
ကန့်ကွက်သူတွေကြောင့် အဆင်မပြေဖြစ်နေရပါတယ်။

#၈၈၈၈ အရေးတေိာပုံ ပြီး ၂၉ နှစ် အကြာ
ဒီမိုကရေစီ ခယောင်းတောကြီးကို ဖြတ်သန်း လာခဲ့ ရတဲ့ လမ်းမှာ ထောင်ကျတဲ့သူ  တောတွင်းမှာ သေ
သူသေ ပျောက်သူပျောက်  ဒုက္ခ ရောက် ခဲ့ ရသူတွေ ထောင်က လွတ်ပြီး ဘ၀ပျက်နေရသူတွေ အား လုံးရဲ့
တိကျတဲ့ နိင်ငံရေး ယုံကြည်ချက် ဟာ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး နဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်
ဆောက်ရေး ဖြစ်ပါတယ်။ မိမိရှင်သန်နေထိုင်မှုနဲ့ဘဝချမ်းသာမှူ အဆင်ပြေရေးကို ရွေးချယ်ရာမှာ ယုံကြည်ချက်ကို ကို စွန့် လွှတ်ကာ စီးပွားဖြစ်ဖို့ ကို ရွေးချယ်ခဲ့ ရင် အမျိုးသားသစ္စာဖေါက် ဖြစ်သွားမှာပါ။

စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်
နေကြသူများ ပူးပေါင်းကာနိုင်ငံရေး ယုံကြည်ချက်တွေကို ရင်ထဲမှာပိုက်ရင်း ဒီနေ့အထိ အာဏာရှင်တော်လှန်ရေးလုပ်နေသူများကိုဒီစာစုနဲ့ အလေးအမြတ်ထားပြီးဦးညွတ်လိုက်ပါတယ်။

အမျိုးသားသစ္စာဖောက်တွေမဖြစ်ကြပါစေနဲ့။
အောက်ခြေပြည်သူနဲ့အတူရပ်တည်နိုင်ကြပါစေ။

ချဉ်ပေါင်ရွက်သည်ဒေါ်မိုး


https://m.facebook.com/story.php?story_fbid=628790857454887&id=100009719354955

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နိုင်ငံေ၇း ယုံကြည်ချက် ရှိဖို့အရေးမကြီးဘူးလား”

Post a Comment

Related Posts Plugin for WordPress, Blogger...