Wednesday, January 31, 2018

ကုလ လူ့အခွင့်အရေးကောင်စီမှ ဆော်ဒီအာရေးဗီးယားကို ထုတ်ဖို့ ကြိုးပမ်းမည်

,
လူ ၆၁ ယောက်ကို ဖမ်းဆီးထားတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်က ယာယီရပ်ဆိုင်းဖို့ ဗြိတိသျှလူ့အခွင့်အရေးရှေ့နေ ၂ ယောက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီညနေ တောင်းဆိုမယ်လို့ သိရပါတယ်။

အဲဒီလူ ၆၁ ယောက်ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံထဲမှာ ၂၀၁၇ စက်တင်ဘာလထဲက ထိန်းသိမ်းခံနေရတာနဲ့ တချို့ကတော့ ပျောက်ဆုံးနေသူတွေဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ပြောခွင့်ရသူ ရောလန်ဒို - ဂိုးမက်ဇ် Rolando Gomez ကတော့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမဆို UNHRC အဖွဲ့ဝင်အဖြစ်က ယာယီရပ်ဆိုင်းဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံ ၃ ပုံ ၂ ပုံ ပါဝင်တဲ့ အထွေထွေညီလာခံကျင်းပပြီး မဲခွဲဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထွေထွေညီလာခံကနေ မဲခွဲဆုံးဖြတ်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်က ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ တခုတည်းသောနိုင်ငံကတော့ လစ်ဗျားဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က လစ်ဗျား ခေါင်းဆောင် ဂဒါဖီရဲ့ အစိုးရဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့မှုအတွက် အဲဒီလို UNHRC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရတာဖြစ်ပါတယ်။

Photo: AFP


https://m.facebook.com/story.php?story_fbid=10157263222218128&id=39218993127

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကုလ လူ့အခွင့်အရေးကောင်စီမှ ဆော်ဒီအာရေးဗီးယားကို ထုတ်ဖို့ ကြိုးပမ်းမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...